ပိတောက် ဖက်ရှင်

ဆူးApril 28, 20111min14914


မနက် အိပ်ယာနိးတော့ အိမ်ရှေ့ထွက်ကြည့်တော့ ပိတောက်ပင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နေကြပြီ။ ရွှေတိဂုံဘုရားဘက်ကို ကားလေးနဲ့ မောင်းပြီး ဘုရားခြေရင်းမှာ လမ်းလျှောက်ရင်း.. တလမ်းလုံး ပိတောက်ပင်ကြီးတွေ သစ်ရွက်စိမ်းစိမ်း မမြင်ရအောင် ဝင်းဝါပြီး ဝါထိန်နေအောင်ပွင့်နေကြပြီ။
ဘုရားခြေရင်းက လမ်းလျှောက်တဲ့ သိင်္ဂုတ္တရ ဥယျာဉ် အတွင်းမှာလည်း နှစ်ချို့ ပိတောက်ပင်ကြီးများ.. တစ်ပင်နှင့် တစ်ပင် အပြိုင်အဆိုင် ပွင့်နေကြရင်း လမ်းလျှောက်သူများ လက်လှမ်းမီသလောက် လှမ်းခူးတဲ့ သူနှင့်.. လမ်းလျှောက်ရင်း ပိတောက်ပန်းကို ကိုင်လျှောက်တဲ့ သူနှင့် ပိတောက်ပန်းများ စီးပွားဖြစ် ပြန်ရောင်းရန် ကြိုးစားပြီး ခူးနေသူများနှင့် ကားရပ်ပြီး ၂၀ဝ ဖိုးပေးပါ ၅၀ဝ ဖိုးပေးပါ ၁၀၀ဝဖိုး ပေးပါဆိုပြီး လှမ်းမေးပြီး ဝယ်နေတာတွေကလည်း အမြင်တမျိုးပေါ့.. ဒီလိုနဲ့ဘုရား ခြေရင်း လမ်းလျှောက်ရင်း အပြန် အထွက်မှာတော့ အလာတုန်းက မရှိသေးတဲ့ ပိတောက်ပန်း ရောင်းတဲ့ ဈေးသည်များ အစုအဖွဲ့လိုက် တန်းစီပြီး ရောင်းနေကြပါပြီ။
မနက်ခင်း ဈေးရောင်း ဈေးဝယ်နေကြတဲ့ ဈေးမှာလည်း ပိတောက် ရနံ့များ လှိုင်လှိုင်ဖြစ်နေပါပြီ။ တမြို့လုံး လှိုင်လှိုင်ပွင့်နေတဲ့ ပိတောက်များကို ဈေးသည်များ က လည်း လုံ့လ ကြီးကြီးနဲ့ ခူးပြီး ရောင်းနေတဲ့ ပန်းများ ဈေးလာသူတိုင်း ဝယ်ကြသလို ဈေးထဲမှ ဈေးသည်များ အသားသည် ငါးသည် ပန်းသည် အသီးအရွက်သည် ကုန်စုံသည် စသဖြင့် ပန်းမပန်သည့် ဈေးသည် တော်တော် ရှားပါးပါသည်။ ဈေးသည်တိုင်းရဲ့ ခေါင်းပေါ်တိုင်း နီးပါးကို ပိတောက်ပန်းများ ရောက်ရှိနေပါပြီ။
မနက်ခင်းဈေးဝယ်သူများ ကလည်း အိမ်တွေက ကိုးကွယ်တဲ့ ဘုရားဆီကို သယ်ဆောင်သွားပြန်ပါပြီ။
ဒီလိုနဲ့.. ထိုင်ကြည့်နေရင်း အလုပ်သွားကြတဲ့ အလုပ်သမား များကလည်း လုပ်ငန်းခွင် မဝင်ခင်မှာ အပင်ပေါ်တက်ခူးလာသလားတော့ မသိပါဘူး.. လက်ထဲမှာ တပွေ့တပိုက်ကြီးနဲ့ လုပ်ငန်းခွင်ထဲက ကောင်မလေးများကို ပျော်ရွင်စေဖို့ ပေးကြတဲ့ မြင်ကွင်းနဲ့ ကောင်မလေးများကလည်း ဖြစ်သလို ပန်းအခက်အလက်များ ချိုးပြီး ခေါင်းပေါ်တင်ပန် တဲ့ သူများနှင့်.. ဝန်ထမ်း အမျိုးသမီးများ အရှေ့က ဖြတ်သွားပြန်တော့လည်း ဟန်တလုံးပန်တလုံး ရှိုးမပျက်ရလေအောင် ပိတောက်မပန်ပေမဲ့ ပိတောက်နဲ့တော့ မခွဲပါဘူး။ ပိတောက် ပန်းတွေ ခြင်းတောင်းထဲမှာ ထည့်ပြီး အလုပ်ကို သွားနေတာလည်း အမြင်တမျိုး အဖြစ်နဲ့ ဖက်ရှင်တခုလိုပါပဲ… လမ်းမှာ မြင်တဲ့ ကွမ်းယာဆိုင်က အစ ပိတောက်ပန်းကို အလှဆင်တဲ့ သဘောမျိုးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ချိတ်ဆွဲ အလှဆင်တဲ့ အပြင် သောက်ရေသန့် တွန်းလှဲက အစ ပိတောက်ပန်းတွေ စုပြီး ချည်နှောင်ပြီး အလှဆင်ပြီး တွန်းနေကြပြန်တယ်။ ဆိုက်ကားသမားက အစ ဆိုက်ကား လက်ကိုင် တန်းရဲ့ အလယ်မှာ ပိတောက်ပန်းတွေ စုထိုးပြီး လုပ်ငန်းခွင် ဝင်ကြပြန်တယ်။ မျက်စိရှေ့မှာ ဖြတ်သွားတဲ့ စက်ဘီးကလေး စီးသွားတဲ့ သူငယ်လေးများကလည်း ထိုနည်းတူပါဘဲ ပိတောက်ပန်း ကို စက်ဘီး မှာ ထိုးပြီးတော့ စီးသွားလေရဲ့.. ဟိုကြည့် ဒီကြည့် ကားတစီး ဖြတ်သွားတာ ကားထဲ ကြည့်မိတော့လည်း ကားထဲမှာ ပိတောင်ကိုင်းတွေ အပြည့်ပါဘဲလား။
ပိတောက် ဖက်ရှင် လူမှန်သမျှ ပိတောက်နဲ့ ဖြစ်နေပါပကောလား။ ဒီအရပ်ဒေသက လူများ ပိတောက် ပန်းနဲ့ မကင်းတဲ့ မြင်ကွင်းကလည်း တကယ်ထူးခြားတဲ့ ဖက်ရှင် တမျိုးဖြစ်နေပါတော့တယ်။

14 comments

  • weiwei

    April 28, 2011 at 5:01 am

    ကင်မရာပါရင် ရိုက်ပြပြီး တင်ချင်စိတ်တောင်ပေါက်မိတယ် … တော်တော်များများပွင့်နေတာ ဝါထိန်နေတာပဲ … ပိတောက်တွေကို ကြည့်ရင်း အံ့ဩနေမိတယ် … တစ်မြို့လုံးကအပင်တွေ တစ်ချိန်ထဲပွင့်တာ ထူးဆန်းတယ်နော် … ဘယ်လိုများတိုင်ပင်ထားကြပါလိမ့်လို့ 😛

  • ဆူး

    April 28, 2011 at 5:26 am

    ခေတ်နဲ့ အညီ မြင်မိတာလေး နောက်မကျရလေအောင် ချက်ချင်း စာရေးပြီး ပိုစ်တင်လိုက်တာ..

  • cobra

    April 28, 2011 at 7:48 am

    သူများကတင်မလို့စဉ်းစားနေတုန်းရှိသေးတယ်မြန်ပါပေ့မမဆူးရယ်…………………..။

  • Shwe Tike Soe

    April 28, 2011 at 8:33 am

    အဲဒါ မန္တလေးမှာဆို ဝယ်စရာမလိုဘူးဗျ ဝင်တောင်းရင်ရတယ် ရောင်းပါလားလို.ပြောရင်စိတ်တောင်ဆိုးသေး
    အရမ်းပျော်စရာကောင်းတာဗျ

  • etone

    April 28, 2011 at 9:00 am

    etone လည်း မနက်က အလုပ်သွားတော့ လမ်းထိပ်ကသစ်ပင်မှာ ပွင့်နေတာကို ဆိုက်ကားသမားတွေ ဆိုက်ကားပေါ် တက်ပြီး တချူနဲ့ ခူးတာ မြင်လို့ ရိုက်ထားသေးတယ်….။ ကော်နက်ရှင် မကောင်းတာနဲ့ ဘယ်လိုမှ တင်မရဘူး ။
    အစ်မနော် ဘုရားအတူသွားပါမယ်ဆိုမှ … တယောက်ထဲလစ်တယ် 😛

    • ဆူး

      April 28, 2011 at 10:20 am

      အမက ဘုရားကို မနက် လမ်းထလျှောက်တာ ညီမ ရဲ့.. တယောက်တည်းတော့ မဟုတ်ဘူး မိသားစု နဲ့ လျှောက်တာ..

      • etone

        April 29, 2011 at 10:11 am

        အလကားပြောတာပါ အစ်မရေ … အစ်မတို့ လမ်းလျှောက်တဲ့ အချိန်ကတည်းက ညီမကရုံးသွားဖို့ ပြင်ဆင်ပြီး ခြောက်ခွဲလောက်ဆိုတာနဲ့ အိမ်က ထွက်ရပြီ … ။ အိပ်မက်ထဲမှာပဲ လမ်းလျှောက်နိုင်တော့တယ် အဟီး 😛 😛

  • juttue.gyi

    April 28, 2011 at 11:57 am

    ဟုတ်တယ်ဗျာ ကျတော်တို့မြို့လည်း ပိတောက်ပန်းတွေပွင့်အုန်းပြီး

  • MaMa

    April 28, 2011 at 12:45 pm

    မြန်မာရယ်၊ သင်္ကြန်ရယ်၊ ပိတောက်ရယ် ခွဲမရဘူး ထင်တယ်။ တစ်နှစ်တစ်ခါ ပိတောက်ပန်းလေးမှ မမြင်ရရင်၊ မရလိုက်ရင်၊ မပန်ရရင် လုံးဝမကျေနပ်ဘူး။ ဒီနှစ်တော့ စိတ်တိုင်းကျ ပိတောက်တွေ အများကြီးရလို့ အလုပ်လုပ်တဲ့ အခန်းမှာ အပြည့်လိုက်ထိုးထားတာ သူများတွေက ခုမှ သင်္ကြန်မဏ္ဍပ် လုပ်နေတယ်လို့တောင် အပြောခံရတယ်။

    • ဆူး

      April 28, 2011 at 12:49 pm

      ပိတောက် ဖက်ရှင် ထဲမှာ မမ လည်း အပါအဝင်ပေါ့။

  • eros

    April 28, 2011 at 1:16 pm

    ချစ်တဲ့ပန်းတယ်မှာတော့ ပိတောက်ပန်းကို ချစ်တယ်။ ငုဝါ နဲ့ စိန်ပန်းလည်းကြိုက်ပေမယ့် ငုဝါ နဲ့ စိန်ပန်း က အနံ့ မရှိဘူး

  • nature

    April 28, 2011 at 2:15 pm

    ထူးထူးခြားခြားမနှစ်ကပိတောက်မပွင့်ဘူးနော်။

  • kyawmonkhant

    April 29, 2011 at 2:59 am

    ပိတောက်တွေနဲ့ မဆူးကချောတယ်နော်

  • kai

    April 29, 2011 at 10:07 am

    ဂျပန်မှာ ဒီရာသီဆို ချယ်ရီ(ဆကုရာ)တွေပွင့်ပြီ…။
    သူတို့က.. ဂျပန်မြေပုံကို တီဗီမှာပြ… ပွင့်တဲ့ အချိန်အလိုက်..ဒေသအလိုက်ကို .. မိုးလေဝသကြော်ငြာသလိုပြတာ..။
    ဆိုတော့…
    ဂျပန်တွေဘာလုပ်သလဲဆိုတော့.. ဟနမိ (ပန်းကြည့်)ပွဲလုပ်တယ်..။ (Hanami (花見?, lit. “flower viewing”))
    ချယ်ရီပင်တွေအောက် ဖျာလေးတွေခင်း.. မိသားစုတွေ..ချစ်သူတွေ..မိတ်ဆွေတွေ.. ပျော်ပွဲစားထွက်.. ထိုင်ကြတယ်ပေါ့..။
    ညဆို .. ဘီယာသောက်. အသားကင်စား.. .သီချင်းဆိုနဲ့.. လရောင်နဲ့..အေးအေးချမ်းချမ်းပါပဲ..။
    ချယ်ရီပန်းတွေကို အပင်ပေါ်က ဆွဲချဖို့..ဘယ်သူမှယောင်လို့တောင်စိတ်ကူးကြပုံမပေါ်ဘူး..။ အများပိုင်တဲ့ပန်း.. အပင်ပေါ်မှာဆို အများစိတ်ချမ်းသာရတယ်မဟုတ်လား..။

    မြန်မာတွေများ.. ပိတောက်နဲ့.. ပန်းကြည့်ပွဲများလုပ်မယ်စိတ်မကူးကြဘူးလားမသိ…။
    နေ့ပွင့်တဲ့ ပိတောက်ပန်း.. ညဆို ပိတောက်တွေကြွေပြီလေ..။
    အပင်အောက်ထိုင်ပြီး.. ပျော်ပွဲစားထွက်ကြမကောင်းလား…။
    ပန်းပွင့်တယ်ဆိုတာ.. လေထုစိုထိုင်းဆ..။ အပူချိန် တွေနဲ့ ညှိပွင့်ကြတာ…။ ရုက္ခဗေဒနားလည်သူတွေ.. ပိုသိမှာပဲ..။
    စာရင်းဇယားလေးနဲ့ လူတွေပျော်ရအောင်.. လုပ်ကြမယ်များလည်း စိတ်ကူးမိကြရဲ့လားမသိ..။
    အပင်တွေပေါ်က ပန်းကို ..တဖြောင်းဖြောင်းချိုး… ။.ကိုယ်ပိုင်လုပ်..။ အင်မတန်အတ္တကြီးကြတယ်..။
    ဝမ်းနည်းစရာ…။

    http://www.japan-guide.com/e/e2011.html
    Location Opening Estimated Best Viewing
    Tokyo Opened March 28 April 5 to 14
    Kyoto Opened March 28 April 6 to 14
    Kagoshima Opened March 23 April 1 to 11
    Kumamoto Opened March 21 March 30 to April 10
    Fukuoka Opened March 22 April 2 to 11
    Hiroshima Opened April 1 April 6 to 14
    Osaka Opened March 31 April 6 to 14
    Nara Opened March 31 April 7 to 14
    Yoshino Opened April 6 April 11 to 21
    Nagoya Opened March 27 April 6 to 13
    Yokohama Opened March 30 April 7 to 14
    Kanazawa Opened April 7 April 13 to 20
    Matsumoto Opened April 11 April 16 to 22
    Sendai Opened April 12 April 17 to 24
    Kakunodate April 29 May 2 to 10
    Hirosaki Opened April 26 April 30 to May 7
    Hakodate April 30 May 4 to 11
    Sapporo May 4 May 7 to 14

Leave a Reply