ဗစ်တာစိုးမိုး (m) နဲ့စကားစမြီ……

naywoon niApril 28, 20111min1149

အွန်လိုင်းပေါ်ရောက်တာက 16 လလောက်တော့ရှိပြီ။ အပြင်မှာ ဝါသနာတူ စိတ်တူ ကိုယ်တူ ပေါင်းလို့ သင်းလို့ ပြောလို့ ဆိုလို့ရတာဆိုလို့ သူငယ်ချင်းဗစ်တာစိုးမိုး (m)တစ်ယောက်ရယ်..။။ ငယ်သူငယ်ချင်းလဲဖြစ်တော့ အကြောင်းသိ..။ စာရေးတာ စာဖတ်တာ အကြိုက်တူ ။ အတွေးအခေါ်ချင်းကလည်း တစ်ခေတ်ထဲဖြတ်သန်းလာရသူချင်း ဝန်ထမ်းဘဝမှာ ကျင်လည်ခဲ့ရသူချင်း ဆိုတော့ အတော်များများမှာ တူတယ်..။ မတူတာလည်း ရှိတာပေါ့လေ..။ အွန်လိုင်းပေါ်က အကြောင်းကိုလည်း သူနဲ့ပဲပြောလို့ရတယ်..။ ကျန်တဲ့သူတွေက ချက်တင်လောက် ထိုင်တာဆိုတော့ အမြင်ချင်းမတူချင်ဘူး..။ သူတို့နဲ့ပြောရင် ကောင်မလေးတွေ အကြောင်းလောက်ပဲပြောလို့ရတာ..။ စာအကြောင်း ပေအကြောင်း ဝက်ဆိုဒ်တွေ အကြောင်း ပြောလို့ရတာမဟုတ်ဘူး..။ တစ်ချို့တစ်လေကျတော့လည်း ဝက်ဆိုဒ်တွေထဲတော့ ဝင်ပါရဲ့..။ ဒါပေမဲ့ သူတို့ဝင်ကြည့်တဲ့ ဝက်ဆိုဒ်တွေက ဟိုလိုလို ဒီလိုလို ဖွယ်ဖွယ်ရာရာမျိုးတွေ ဟုတ်ဟုတ်ဟတ်ဟတ် လူကြားသူကြားထဲ ပြောလို့ရတဲ့ အကြောင်းအရာတွေ မဟုတ်ရှာဘူး..။ နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ်တိတ် ပြောရမဲ့ ဝက်ဆိုဒ်တွေဆိုတော့….။
တစ်ကယ်တော့ အွန်လိုင်းပေါ်ကို (m) က အရင်ရောက်တာပါ.။ ကျွန်တော့ထက် တစ်နှစ်လောက်တော့ စောလိမ့်မယ်..။ အဲဒိအချိန်က သူတို့တွေ အချိန်ပြည့်နီးပါးလောက် နက်ဆိုင်ကို တစ်စွပ်စွပ် ဝင်လိုက်ထွက်လိုက်နဲ့ မျက်စေ့နောက်အောင်လုပ်နေကြတာပါ..။ သူရဲ့ စာအုပ်အငှားဆိုင်လေးနဲ့ နက်ဆိုင်ကလည်း နီးနေတော့ သူ့ဆီသွားရင် သူနဲ့မတွေ့ရပဲ သူ့စာအုပ်ဆိုင်ထိုင်ပေးနေရတာကများတယ်..။ ဒါနဲ့နေဝန်းနီ ဆိုတဲ့ အကောင်ကလည်း သူတောင်ရသေးတာပဲ ငါလည်းဖြစ်ရမယ်ပေါ့လို့ စိတ်မျိုးပေါ်လာတဲ့ အချိန် အွန်လိုင်းပေါ်က ကျွန်တော်စိတ်ဝင်စားမဲ့ အကြောင်းအရာမျိုးတွေ ရွေး ပြီး ပြောပြတယ်… ။ ကွန်ပြူတာကို နဲနဲပါးပါး တီးမိခေါက်မိရှိတဲ့ ကျွန်တော်..။ ဝန်းထမ်းဖြစ်ခဲ့တုန်းကလည်း လက်နှိပ်စက် ရိုက်လာခဲ့တာသူသိလေတော့ ဇော်ဂျီဖွန့် ဆိုတာ လက်နှိပ်စက်လက်ကွက်နဲ့ဆင်တယ် ဆိုပြီး သူ့ကွန်ပြူတာကိုပေးကိုင်တယ်..။ ကံ အကြောင်းမလှ တုန်းက ကျွန်တော်ရောက်သွားတဲ့ အဖွဲ့အစည်း တစ်ခုမှာ သင်တန်းတက်ရတုန်းက ကျွန်တော် သင်ခဲ့ရတာက ဝင်ဒိုး 95 ပါ..။ အခုလက်ရှိ အခြေအနေနဲ့ အကွားကြီး ကွာနေပြီး နေညက်ပိုင်းထိတွေ့မှု မရှိတာကလည်း ဧရာမ အခက်အခဲကြီးတစ်ခုပါပဲ..။ ဒါကို သူက ကျော်ဖြတ်စေခဲ့တယ်..။ အွန်လိုင်း တိုင်ပင်ဖော်ရအောင် အမှုတွဲခဲ့တာလည်းဖြစ်တယ်..။ အဲဒိအချန်တုန်းက (m) လည်း ချက်တင်ပဲ အားပြုထိုင်တာပါ..။ ဒါနဲ့ နေဝန်းနီလည်း ချက်တင်နဲ့ပဲ စာရိုက်တာလေ့ကျင့်ခဲ့ရတာပေါ့…….။ 😛 တစ်လနှစ်လလောက် ကြာလာတော့ ချက်တင်နဲ့ အားမရတော့ဘူး ။ စာရိုက်တာလည်း နဲနဲ ရလာပြီ ဆိုတော့ တွေ့သမျှ ဝက်ဆိုဒ် ဝင်မွှေတော့တာပဲ..။ m ကဝက်ဆိုဒ်တစ်ခုကို မှတ်ပုံတင်လုပ်ပေးဖူးတာမှတ်ထားပြီးတော့ တွေ့သမျှ ဝက်ဆိုဒ်မှာ ဆိုင်းအပ် ဆိုတဲ့နေရာ ဒါမှမဟုတ်ရင် ရီ ဂျစ်စတာ ဆိုတဲ့ နေရာ ရှာပြီး ဝင်တော့တာပဲ..။ အဲဒိလိုနဲ့ ဝက်ဆိုဒ် တော်တော်များများ ကို နေဝန်းနီဆိုတဲ့ နာမယ်ရောက်သွားတာပဲ..။ မေးလ်တွေလည်ရှုပ်ပွ ကုန်ပေါ့..။ ဒါနဲ့ ဝက်ဆိုဒ်တွေက စာပို့တာမလာအောင်လုပ်လို့ရတယ်ဆိုတာနဲ့ လိုက်လုပ်..။ ဒီလိုနဲ့ ဝင်ကြည့်စရာ စိတ်ဝင်စားစရာ ဝက်ဆိုဒ်က ကုန်သလောက်ဖြစ်သွားချိန်မှာ buzz က ကိုဇော်ရဲ့ မာတီပလိုင်းဆိုဒ်ရောက်သွားခဲ့တယ်..။ အဲဒိမှာလည်း ထုံးစံအတိုင်းပဲ ဆိုင်းအပ်လုပ်တာပေါ့..။ ဘယ်နေလိမ့်မလဲ..။ ဒါနဲ့ပဲ ဘုမသိ ဘမသိနဲ့ နေဝန်းနီမှာ မာတီပလိုင်းဆိုဒ် စာမျက်နှာတစ်ခုပွင့်လာပါလေရော………။ အဲဒါလေးကို ဆော့စရာရတဲ့ကလေး တစ်ယောက်လို ဟိုလိုလုပ်ကြည့် ဒီလိုလုပ်ကြည့်နဲ့ ဒီကနေ မြင်နေရတဲ့ပုံစံလေးဖြစ်လာရော… ။ ဒီလိုနဲ့ ဒီအကြောင်းကို သိသွားတဲ့ နက်ဆိုင်ပိုင်ရှင်က သူကြည့်နေတဲ့ ဆိုဒ်တွေလင်ပို့ပေးပါတယ်..။ ခေတ်လူငယ်ရယ် မန်းဂဇက်တက်ရယ်..။ နောက်တော်တော်များတယ်။ မမှတ်မိတော့ဘူး..။ ဟိုဆိုဒ်တွေက ဆိုင်းအပ်လုပ်တာ အဆင်မပြေတာနဲ့ ..မရလို့ မန်းဂဇက်တက်မှာပဲ ဆိုင်းအပ်လုပ်ပြီးနေ့စဉ် ဝင်ဖတ်ဖြစ်တော့တယ်..။ အဲ…ဖတ်ရတာများလာတော့ စာရေးချင်တဲ့ပိုးက ပြန်ကြွလာပြန်ရော.. ဒီတော့ ဗစ်တာစိုးမိုး (m) နဲ့ပြန်တိုင်မင်တယ်..။ စာပြန်ရေးမယ်ပေါ့..။ အရင်က ရေးထားတဲ့စားတွေ အပ်ဒိတ် ပြန်လုပ် အက်ဒစ်လုပ်မယ်
ပေါ့..။ အဲဒိအချိန်မှာ ဝက်ဆိုဒ် အဝင်ကောင်းတာနဲ့ မာတီပလိုင်းနဲ့ ဂရု မှာ ဆိုင်းအပ်လုပ်ထားပြီး နေဝန်းနီ ဆိုဒ်နှစ်ခုဖြစ်နေပြီ…။ ဂရုဆိုဒ်က ကြီးလည်း ကြီး ကျယ်လည်း ကျယ်ပြီး မင်ဘာတွေဘာတွေလက်ခံလို့ရတယ်..။ မာတီမှာ က တစ်ယောက်ထဲလုပ်ရတာဆိုတော့ မာတီက ိုစကိုင် လေ့လာစရာရှိတာ ဖတ်စရာရှိတာတွေလိုက်ဖတ်ရင်းး နဲ့စမ်းရေးကြည့် ဖြစ်ပြီ OK ပြီပေါ့…။ m ကလည်း သူလည်းလုပ်မယ် ချက်တင်မထိုင်တော့ဘူးဆိုပြီး လင့်တွေ ယူပြီး ဝင်တယ်..။ m ကတော့ ဒီနေ့အထိ ဘာမှရေးမတင်ဖြစ်သေးပဲ မာတီနဲ့ ဂဇက်တက်ကို စွဲမြဲစာ ဝင်နေတုန်း ဖတ်နေတုန်း ကွန်မန့်တွေ ပေးနေတုန်း သူနဲ့သိတဲ့သူတွေကိုလည်း ညွှန်ပြနေတုန်းပဲ..။ ချက်တင်လည်း လက်မလွှတ်နိုင်သေးဘူးပဲကို ..။ သူ့စာအုပ်အငှားဆိုင်လေးကလည်း နေရာနဲနဲရွှေ့သွား အနားက အင်တာနက်ဆိုင်က တော်တော်ဝေးဝေးရောက်အောင် ရွှေ့သွားရှာလေတော့ သူ့ မှာအွန်လိုင်းပေါ်တက်ခွင့်ကလည်း သိ်ပ်မရ..။ သူအကြောင်း သိသွားတဲ့ သူ့ အပျိုဆင်ကလည်း နဲနဲ တင်းကြပ်ဆိုတော့ သူ့ ခများလည်း မလှုပ်ရဲ လှုပ်မရ ရှာဘူးလေ.. ။နေဝန်းနီကတော့ m လို့ ကြောက်စရာမရှိရှာလေတော့ အချိန်မှန် အွန်လိုင်းပေါ်တက်ပြီး မှန်တယ် လို့ယူဆတာ ကိုယ်ယုံကြည်ရာတွေ ရေးချနေတုန်းးး…..။
ဒီလိုနဲ့ တစ်နေ့ တစ်နေ့ နှစ်ယောက်သားတွေ့ရင်.. ပြောစရာစကားက မာတီပလိုင်းအကြောင်းနဲ့ ဂဇက်တက်အကြောင်း ပြောမကုန်နိုင်ဘူး ..။
” မင်းလည်း ငါပေးတဲ့ ဆိုဒ်နှစ်ခုနဲ့ အလုပ်ရှုပ်ပြီး ချက်တင်တောင် ဖြောင့်အောင်မထိုင်နိုင်တော့ဘူးမဟုတ်လား? ”
တစ်ည လိုင်းကျသွားလို့ အစောဆင်းလာတဲ့ ည သူ့စာအုပ်အငှားဆိုင်ကိုရောက်ရောက်ချင်း ကျွန်တော်က m ကိုမေးလိုက်တော့……
” အေးကွ..။ အစထိုင်ကာစကတော့ ချက်တင်ထိုင်တယ်ဆိုတာက အထူးအဆန်းကွ..။ ကြာတော့လည်းရိုးသွားတာ..။ တို့ဆီက ချင်တင်က တစ်ဖြေးဖြေးနဲ့ ပျင်းစရာကောင်းလာတယ်ကွ..။ နေကောင်းလား ထမင်းစားပြိးပြီလာ း မတွေ့တာကြာပြီနော် ကနေ မတက်တော့ဘူး..။သံယောဇဉ် အနုအလှလေးတွေနဲ့လည်း ကောင်မလေးတွေကို မသိမ်းသွင်းချင်ပါဘူးကွာ သနားတယ်.ဟ.။ ကလေးလေးဒွေ ကို ”
m ကအဲဒိလိုပြန်ပြောတော့ နေဝန်းနီက
” ဪ…..”
” ဟေ့ ရောင် …နေဝန်းပြာ ငါ့ကိုမလှောင်နဲ့ မင်းလည်း ချက်တင်လုပ်လာတာပဲ..။ ”
m က စိတ်ဆိုးရင် ကျွန်တော့ကို နေဝန်းပြာလို့ခေါ်တယ်..။ သူက ကျွန်တော့ အကြောင်း ဖော်ကောင်လာလုပ်တယ်..။ ဟုတ်တယ်..။ ကျွန်တော်တို့နျစ်ယောက်ကြားမှာ အွန်လိုင်းပေါ်က ကိစ္စ လျှို့ဝှက်ထားတာမရှိဘူး..။ တစ်ယောက်လုပ်ခဲ့တဲ့ ကိစ္စ တစ်ယောက်က ပြန်ပြောနေကြ..။
” ငါလုပ်တာက ပြဿနာမရှိဘူးဟ ။မင်းက မကြာခင် သားနဲ့ အတူ ချက်တင်ထိုင်ရတော့မှာ ခုထဲက လိုင်းပြောင်းထားမှပေါ့..။ မဟုတ်ဘူးလား အဲဒါက ငါနဲ့ယှဉ်လို့ မရဘူးလေ ဟာ..”
ကျွန်တော်က နိုင်ရာကိုင်ပြောလိုက်တယ်..။ ခုတောင်သူ့သားက အဖေနဲ့ ချက်တင်လိုက်ထိုင်ချင်နေပြီ..။ ကျောင်းပိတ်ရက်ကို..။ ထားပါ..။ အဲဒိလိုနဲ့ ဝက်ဆိုဒ်တွေအကြောင်းပြောရင်း ဘယ်သူရေးတာက ဘယ်လို ဘယ်သူကဖြင့် ဘယ်လိုလူမျိုး ဖြစ်နိုင်တယ် ။ ဘယ်သူက ဘယ်လိုရေးလိုက်တာ ဘယ်သူ့ ကိုပြောချင်တာ ..။ ဘယ်သူ ရေးလိုက်တာလေးကြိုက်တယ် .။ မကြိုက်ဘူူး စသည်ဖြင့်ပေါ့..။ အဲဒိညက မီးကလည်းပျက်နေလို့ သူ့ အပျိုဆင်ကလည်း လိုက်မလာတော့ စာအုပ်တွေ အကြောင်းလည်း ဆက်ပြောနေရင်းက ဆရာ ကျော်လှိုင်ဦး ဘာသာပြန်တဲ့..။ ” ဒေါက်တာဂျက်ကီးနဲ့ မစ္စတာ ဟိုက် ” အကြောင်းရောက်သွားတယ်..။ ဖတ်ဖူး ပြီးသားဖြစ်နေမလားတော့မသိဘူး ။ စာအုပ်က ကြာတော့ကြာပြီ..။ နောက်လည်းထပ်ရိုက်သေးတယ်နဲ့တူရဲ့..။
ဒေါက်တာဂျက်ကီး ကဆရာဝန် ..။ သူ့တေသနလုပ်နေတာ..။ သူတို့ဆီက ဆရာဝန်းတွေက ကိုယ်ပိုင် ဓါတ်ခွဲခန်းနဲ့ သုတေသနလုပ်ကြတာများတယ်..။ အဲ… ဒေါက်တာဂျက်ကီးက သာမာန်အားဖြင့် အားနာတတ်တယ်..။ တိရိစ္ဆာန်လေးတွေ ချစ်တတ်တယ်..။ အေးဆေးတယ်..။ သက်ကြီးရွယ်အိုတွေကို ကူညီတတ်တယ်..။ မဟုတ်မမှန်တာကိုလည်း သူကလည်း မလုပ်သလို သူ့လုပ်လာရင်လည်း မကြိုက်ဖူး ..။ အဲဒိလိုနဲ့ သုတေသနလုပ်ရာက သူ့ဟာသူပြန်စမ်းသပ်ရင်းနဲ့ မစ္စတာ ဟိုက် ဖြစ်သွားရရှာတယ် ။ သူ့နဂို မူရင်းစိတ်နဲ့ ပြောင်းပြန်ဖြစ်သွားတာ ။ ဒါကို ပတ်ဝန်းကျင်က မသိဘူး..။ မစ္စတာ ဟိုက် ပေါ်လာလို့ ဒေါက်တာဂက်ကီးက ပိုပြီးထင်ရှားလာတယ်..။ ဒီလျှို့ ဝှက်ချက်ကို အနီးကပ်နေတဲ့ တပြည့်တောင်မသိသေးဘူး..။ သူ့အခန်းထဲဝင်ပြီး သုတေသနလုပ်ရင် ဘယ်သူ့မှ အတွေ့မခံဘူး..။ တံခါးအောက်ခြေက လွတ်နေတဲ့ အကြားလေးထဲက နေပဲ စာနဲ့ ရေးပြီးပြောတယ်..။ တောင်းစရာရှိတာတောင်းတယ်..။ ညအမှောင်ကျမှ မစ္စတာ ဟိုက်
အဖြစ်နဲ့အပြင်ကို ထွက်တယ်..။ ဒေါက်တာဂျက်ကီး ဘဝနဲ့နေရတုန်းက မကြေနပ်တာတွေရဲ့ အငုံ့ စိတ်ကို မစ္စတာ ဟိုက် အဖြစ်နဲ့ ဖြေရှင်းတယ်..။ ရုန့်ရင်ကြမ်းတမ်းစွာ ဆဲဆိုတာတွေ သက်ကြီးရွယ်အိုတွေက တိုက်ခိုက်သွားတာတွေ လုပ်လာတယ်..။ နောက်ဆုံး သုတေသနလုပ်ရင်းက ဆေးတစ်မယ်လိုတာ ဝယ်ခိုင်းရင်းသူ့တပြည့်သိသွားတယ်..။ ဒါပေမဲ့ သူ့မူရင်းဘဝ ကိုပြန်မရောက်တော့ပဲ အဆုံးသတ်သွားရတယ်..။
ဒီလိုပဲ ကျွန်တော်တို့ တစ်တွေဟာ တစ်ခါတစ်လေမှာ တစ်ဘက်မှာလူကောင်းဖြစ်နေပြီး အခြားတစ်နေရာမှာ ဆိုးသွမ်းသူ ဖြစ်နေတတ်ပါတယ်..။ အဲဒိလိုလူတွေအကြောင်းပြောရင်းနဲ့..။ ကျွန်တော်ရေးတင်နေတဲ့ ပို့စ်တွေ အကြောင်းရောက်သွားတယ်..။ မူလက ဓလေ့ ထုံးစံ အစဉ်အလာ တစ်ချို့ကိုမကြိုက်ဖူး ..။ ဖောက်ထွက်ကြည့်တယ်..။ ရတာလည်းရှိ..။ လက်သင့်မခံကြတာလည်းရှိ..။ လက်ညိုးထိုးမေးအငေါ့ခံပေါ့..။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တာ ရှက်စရာမှမဟုတ်..။ လူဂွစာ တစ်ဇောက်ကန်း ဆိုတာထက်မပိုနိုင်ပါဘူး..။ ဒီအကြောင်းတွေကို ကိုယ်နဲ့ စိတ်တူ ကိုယ်တူ ဘယ်နှစ်ယောက်လောက်ရှိမလဲ သိချင်လို့ ပို့စ်အဖြစ် ရေးတင်ပေးတာပဲ..။
ဒီနေရာမှာ …….တစ်ကယ်လို့များပေါ့လေ…။ အားလုံးသေချာ စဉ်းစားကြည့်ကြစေ့ချင်တယ်..။ ကျွန်တော်တို့ဟာ အမှားကင်းစင်ကြသူတွေ မဟုတ်ကြပါဘူး..။ နေ့စဉ် စားဝတ်နေရေး အတွက် လုံးပမ်းနေကြရသူတွေက များမှာပါ..။ အချိန်အားလေးရအောင် ယူပြီး ပို့စ်တွေ ရေး ကော်မန့်တွေပေး နေကြရတာ ။ ကျွန်တော်တို့တွေ ရေးလိုက် ပြောလိုက်လို့ အစဉ်အလာတွေ ပျက်..။ ဓလေ့ ထုံးစံတွေ ဖျက်ပြီး အားလုံးတစ်သားထဲ မလိုတာတွေမလုပ်ဘူူး..။ အပိုတွေနားလို့ များဖြစ်လာခဲ့ရင် (ဖြစ်မှာတော့မဟုတ်ပါဘူး..။ အပိုအလုပ်နဲ့ အချိန်ကုန်နေတဲ့ သူတွေကတော့ သူ့အပိုအရှုပ်တွေ က သူ့အဆင့်အတန်းတွေ ဂုဏ်တွေလို့ သတ်မှတ်ချင်သတ်မှတ်နေမှာ မို့လို့ပါ..။ ) ကျွန်တော်တို့ အခု လက်ရှိလှုပ်ရှားနေသလောက်နဲ့ ဒီနေရာမျိုးမှာ ရပ်တည်နေနိုင်ပါ့မလား? ဆိုတာပါပဲ..။ ပိုပြီး မကြိုးစားရင်..။ နောက်ရောက်သွားမှာအသေအချာပါပဲ..။ ( ဒီတော့ အပိုအလုပ်တွေနဲ့ ရှုပ်နေတဲ့သူတွေ သူ့ဟာသူနေပါစေ ဆိုတဲ့ စိတ်ရိုင်းဝင်မိပြန်ရော..။ )
___——xxxxxxx
တစ်ရက်က (ဆယ်တန်းတွေ စာမေးပွဲ ဖြေတဲ့ရက်ကပါ… ကျွန်တော်တို့ဆီမှာ ဘော်ဒါတွေ ခောတ်စားလာတာ နှစ်ပိုင်းပဲရှိပါသေးတယ်..။ ဒီနှစ်တော့ အပြိုင်အဆိုင် စာမေးပွဲဖြေမဲ့ ကျောင်းသားတွေကို ကားတွေနဲ့ အကြိုအပို့ လုပ်ကြပါတယ်..။ ) ။ စာမေးပွဲသွားပို့ပြီး ပြန်လာတဲ့ ဘော်ဒါဆောင်ကကား က နေဝန်းနီ ထိုင်နေကြ လ္ဘက်ရည်ဆိုင်ရှေ့ ရောက်လာပါတယ်..။ ကားမှာ တပ်ထားတဲ့ ဗီနိုင်းကြော်ငြာကြောင့်သိလိုက်တာပါ..။ အဲဒိမှာ ကျွန်တော်နဲ့ မျက်မှန်းတန်းမိနေတဲ့ ဆရာတစ်ယောက်လည်းပါလာပါတယ်..။ နေဝန်းနီကလည်း
” ဟာ… ဆရာလာ လ္ဘက်ရည်သောက်ရအောင်ပေါ့..။ ”
အရင်ကလည်း ဒီလိုပဲ အချိန်ရရင်ရလို စကားလက်ဆုံကြနေကြ..။ နေဝန်းနီကလည်း လူတစ်မျိုး ..။ သူ့နဲ့ နဲနဲ လေပေး သင့်ရင် တစ်နေကုန်ထိုင်ပြောရတယ်လေ..။ ဒါနဲ့
” ဆရာဆရ… ကျောင်းသားတွေ စာမေးပွဲ ဖြေလို့ လိုက်ပို့တာ ပြန်ကြိုတာကတော့ ဟုတ်ပါပြီ..။ ငွေကုန်ကြေးကျ ခံရတဲ့ ကျောင်းသားမိဘတွေလည်းကျေနပ်မှာပါ..။ ဒါပေမဲ့ သူတို့ မစဉ်းစားမိတာ ရှိတယ်ဗျ သိလား? ”
စကား စလိုက်တော့
” ဟားး ကိုနေ တို့ကတို့လုပ်ပြီ ..။ ဘာလဲဗျ လုပ်စမ်းပါဦး ဘာတွေမစဉ်းစား မိတာလဲ ကျောင်းသားမိဘတွေက ………. ”
” သူတို့ မစဉ်းစားမိတာက ..။သူတို့သားသမီးတွေက အများနည်းတူ ဆယ်တန်းအောင်ချင်ကြတာပဲသိတယ်..။ ဒိတော့ ကျောင်းမှာ ရိုးရိုးတန်းတန်းထားလို့ ကျောင်းကဆရာတွေ စာသင်ပုံနဲ့ မအောင်နိုင်ဘူး အောင်ဖို့ မသေချာဘူး ဒီတော့ ဘောဒါပို့တယ်ဗျာ ..။ ပိုပြီးတတ်နိုင်တဲ့ သူတွေကျတော့ ဆရာတို့ဆီမလာတော့ဘူးဗျ ..။ ပြင်ဦးလွင်လို့ မလှိုင်လို နာမယ်ကြီးမှပို့တော့တာ..။ အဲဒိလောက်ထိက ဟုတ်နိုင်ချေရှိတယ်..။ ကျောင်းတွေက အောင်တဲ့သူတွေက နဲသွားတာကိုးးး ဒီထက်ပိုပြီးမတွေးကြတာဗျ…”
” ကိုနေ ကဘာတွေ စဉ်းစားမိလို့လဲ ဗျ လုပ်စမ်းပါဦး ”
” ဒီလိုဗျ.. .. ဆယ်တန်းအောင်တာကတော့ ဟုတ်ပါပြီ..။ အမှတ်ကောင်းကောင်းနဲ့အောင်ပါ့မလား? အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ရောက်ပါ့မလား? ခုဆရာ လိုက်ပို့တဲ့ ကျောင်းသားတွေ အားလုံး အောင်ပါ့မလား ? အားလုံးအမှတ်ကောင်းပါ့မလား ? အားလုံး အသက်မွေး ဝမ်းကြောင်းချည့်ရောက်သွားပြီထားဗျာ… ။ အဲဒိကဘွဲ့ယူပြီးရင် ဘွဲ့လက်မှတ်ကိုင်ပြီး ထိုင်စားမဲ့သူရယ်..။ လယ်ထွန်မဲ့သူရယ်..။ အိမ်ကအလုပ်ပြန်လုပ်မဲ့သူရယ်..။ ဈေးထဲက ဆိုင်မှာ ဈေးပြန်ရောင်းမဲ့သူရယ်..။ နိုင်ငံခြားသွားဖို့ တန်းစီမဲ့သူရယ်.. နောက်ဘာလုပ်လို့ရသေးလဲ..။ တစ်ယောက်နှစ်ယောက်ကတော့ အကပ်ကောင်းရင် ကုမ္မဏီတို့ ဌာနဆိုင်ရာ တစ်ခုခုမှာ တို့ နေရာလေးတစ်နေရာလောက်တော့ရမှာပေါ့..။ ဒါပဲမြင်နေတယ်..။ ”
” ဟား ဟား ကိုနေ တို့က တော့လုပ်ချလိုက်ပြန်ပြီ..။ ကျွန်တော်တို့နိုင်ငံမှာ ဘွဲ့ရတိုင်း အလုပ်မပေးနိုင်တာကို ပြောနေတာကိုး….။ ဒါပေမဲ့ဗျာ .. ကျောင်းသားမိဘတွေ ရှေ့တော့ မပြောပါနဲ့ ကျွန်တော်တောင်ပန်တာပါ..။ ကျွန်တော့ လက်ရှိအလုပ်လေး ပြုတ်သွားမှာစိုးလို့ပါ..။ သူတို့ အဲဒိလိုမစဉ်းစားကြလို့သာ ကျွန်တော်တို့မှာ လုပ်စားစရာလေးရှိနေတာဗျ..။ ကိုနေ့ လို သေသေချာချာလိုက်တွက်ကြည့်နေမယ်..။ စဉ်းစားကြည့်မယ်ဆို မချောင်ဘူးဗျ .. ကျွန်တော်တို့မှာက ခုမှနှစ်နှစ်ပဲလုပ်ရသေးတယ်ဗျ… သိလား? ”
xxxxxxxx xxxxxxxxxx
အဲဒိအကြောင်းကို m ကိုပြောဖြစ်ပြန်တော့
” ဒီလိုကွ နေဝန်းနီရ …. တို့ဆီမှာ ဘော်ဒါ ထားတဲ့ကျောင်းသားတွေက မြို့ပေါ်က ကလေးတွေ မဟုတ်ဘူး..။ ရွာကကလေးတွေချည့်ပဲ..။ မြို့ပေါ်က ကလေးတွေက ပြင်ဦးလွင်လို မလှိုင်လို တစ်နိုင်ငံလုံးမှာ နာမယ်ရတဲ့ ကျောင်းတွေချည့်ပို့တာ တော်တေ်တန်တန် မပို့ဘူး..။ အင်း မိဘတွေကလည်း မင်းပြောသလိုတွေးသလားမတွေးသလားတော့ ငါမပြောတတ်ဘူး.။ ငါတွေ့သလောက်ပြောရရင်..။ ဆယ်တန်းအောင်ရင်ပြီးရော… ဆိုတာမျိုး အဲဒိစိတ်နဲ့ကျောင်းထားတာကွ..။ ရွာက မိဘတွေမှ မဟုတ်ဘူး မြို့ပေါ်က မိဘတွေလည်း ဒီလိုပဲ..။ ဆယ်တန်းအောင်ရင်ရဲ့ နောက်ပိုင်းကိစ္စ ထည့်မတွက်ကြတာက များတယ်..။ ခုမင်းတွေ့တဲ့ ကျောင်းသားတွေက ရွာကလာတက်ရတာဆိုတော့ မြို့ပေါ်မှာကျောင်းတက်ဖို့ ဆိုရင် အိမ်ငှားရမယ်ကွာ…။ ထမင်းချက်မဲ့သူလိုက်လာရမယ်..။ ကလေးတွေကို ဘယ်သူကအနီးကပ်စောင်ရှောက်မလဲ? ဒါတွေပြန်တွက်ရင် ဘော်ဒါ စရိတ်လောက် သွားကျတာပဲ..။ ဒါနဲ့ မထူးဘူးဆိုပြီး ဘော်ဒါပို့လိုက်တာ..။ တော်ရုံတန်ရုံလောက်တော့ စိတ်လည်းချရတယ်ပေါ့ကွာ..။ မင်းပြောသလောက်ထိတော့ ထည့်တွေးချင်မှတွေးမိမှာပေါ့..။ တွေးမိတဲ့သူလည်းရှိချင်ရှိမှာပေါ့..။ ဒါပေမဲ့ ဆယ်တန်းလေးမှမအောင်ရင် လူရာမဝင်သလိုပဲကွ..။ ဘာမှသာ လုပ်စားမရရင်ရှိမယ်..။ မင်းက ရှေ့ တစ်အားရောက်လွန်းနေသလိုပဲ…။ မင်းအလှည့်ကျမှတွေးကွာ…. ။ ခုလောလောဆယ်… ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်အောင် မွေးဖို့လူရှာ…. ။ ဒါကိုအရင်စလုပ်..။ ”
” ဟိုက် …ရှာလပတ်ရည်..။ ခံလိုက်ရပြန်ပြီ..။ m ပြောတာလည်းဟုတ်တာပဲ..။ နေဝန်းနီမှာက ဆယ်တန်းကျောင်းသားမှ မရှိတာကိုး…။
ဒီလိုပါပဲ..။ ကျွန်တင်တဲ့ စာတွေက ရှေ့ရောက်နေသလား ? ဘေးရှော်ထွက်နေသလား၊၊? ပြန်စဉ်းစားနေမိတာနဲ့ ပို့စ်မတင်ဖြစ်တော့ဘူး….။ ခင်ဗျားတို့ကော ဘယ်လိုထင်သလဲ…။ ပြောရမှာ အားမနာပဲ ပြောကြပါ………..။ ကျွန်တော့အနေနဲ့ တောင်းဆိုတာပါ………

နေဝန်းနီ

9 comments

  • bigcat

    April 29, 2011 at 12:47 am

    မြန်မာပြည်မှာ သာမန်တက္ကသိုလ်ဘွဲ့လက်မှတ်က အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်တခုဖြစ်နေတယ်။ ဘွဲ့လေးတဘွဲ့မှ မရရင် ဝန်ထမ်းအလုပ် မလွယ်ဘူး။ ဆယ်တန်းအောင်ရင် အဲဒီထောက်ခံချက်တခုရဖို့ သေချာပြီဆိုတော့ မိဘတွေကလည်း သူတို့တတ်နိုင်တာလေး လုပ်ပေးကြတယ် ထင်ပါတယ်။ ဆယ်တန်းအရွယ်ကျောင်းသားမမွေးနဲ့၊ ဆယ်တန်းနှစ်ခါသုံးခါကျထားတဲ့ ကျောင်းသူရှာမွေးတာ ပိုအကျိုးရှိမယ်ဗျို့….. 😀

  • weiwei

    April 29, 2011 at 4:42 am

    စကားမစပ် .. ဦးနီ အီးမေးလ်ကို ကောင်မလေးတစ်ယောက် သုံးနေတယ်လို့ ထင်တယ် … ဆယ်တန်းကျောင်းသူအရွယ်လောက် ပုံလေးနဲ့ …
    ဦးနီ အမြန်မွေးလိုက်တာလား 😛

  • hmee

    April 29, 2011 at 8:02 am

    ကိုနေဝန်းနီရေ m ပြောတာ မှီထောက်ခံတယ်။ ပညာတတ်စေချင်တဲ့ စေတနာတခုတည်းနဲ့ မြို့မှာ ကျောင်းထားတာပါ။ မှီ့ အစ်ကိုကြီးလည်း အသက်မွေးဝမ်းကြောင်းပညာနဲ့ ဘွဲ့ရပေမဲ့ အလုပ်ဝင်လုပ်ရတော့ တလွဲလေ ဘာမှကို မဆိုင်ဘူး။ အခုလောလောဆယ်တော့ မှီလည်းဘွဲ့ရ ယောက်ကျားရှာတာ ထိုင်စား။ အလုပ်ဝင်မယ်ဆိုရင်ကော ကိုယ်လုပ်သလောက် ရပါ့မလား သူတပါး အနှိမ်မခံခြင်စိတ် အရိုးစွဲနေလို့ ဝန်ထမ်းအလုပ် ဘယ်တာ့မှ မလုပ်ဘူး လွတ်လွတ်လပ်လပ် ဈေးပဲရောင်းစားမယ်လို့ စဉ်းစား ထားတာလေ။ ရထားတဲ့ဘွဲ့နဲ့ ဘာမှမလုပ်စားကြသူရော ရရာဝင်ရောက်လုပ်နေသူရော အတွေးအခေါ် ဆင်ခြင်တုန်တရားမှာတော့ (ပညာမတတ်သူထက် ဆယ်တန်းအထိနေဖူးသူ၊ ဆယ်တန်းအောင်သူထက် ဘွဲ့ရသူ ) စသည်ဖြင့် ပိုမှာပါ။ ဒီအကြောင်းကို ဆရာဦးအောင်သင်းရေးတာ မှီဖတ်ဖူးတယ်။ မှီလည်း အရင်က ကိုနေဝန်းနီလို တွေးမိပြီး အစ်ကိုကြီးကို ပြောပြတော့ မှီ့ အစ်ကိုကြီးက ဆရာဦးအောင်သင်းရဲ့ စာအုပ်ကိုဝယ်လာပြီး ဖတ်ခိုင်းမှ စိတ်ထဲမှာ နဲနဲရှင်းသွားသလို ခံစားရပါတယ်။ စာအုပ်နာမည်တော့ မေ့နေပြီ ဆေးတက္ကသိုလ် တခုမှာ ကျောင်းသားတွေမေးတာကို ပြန်ဖြေထားတဲ့ ဟောပြောပွဲကို စာအုပ်ပြန်ထုတ်ထားတာ။

  • naywoonni

    April 29, 2011 at 9:58 am

    မဝေဝေ…ရေ ညက ဒီပို့စ်ကို စာရိုက်နေရင်းနဲ့ပြဿနာတက်နေတာဗျ…။ အဲဒိပုံလေးက ဘယ်လိုကနေ ဘယ်လိုရောက်လာမှန်းကိုမသိလိုက်ဘူး..။ သူငယ်ချင်းတစ်ယောက်က ပြောမှသိလိုက်ရတာ..။ အဲဒါတစ်ယောက်ယောက်သုံးနေတာ password အမြန်ပြောင်းဆိုလို့ ပြောင်းလိုက်ရသေးတယ်..။ အဲဒိလိုဖြစ်ဖူးကြသလား…။

  • kopauk mandalay

    April 29, 2011 at 3:20 pm

    ကိုနေ
    ပေးတုန်းကပေးထားပြီး အခုမှဘာလို့ကြောက်ရနေရပြန်တာလဲ။
    ဆယ်တန်းအောင်မှလူရာဝင်တယ် ဘွဲ့ရမှ လူရာဝင်မယ်ဆိုတာထက်
    အခုခေတ်မှာလူငယ်တိုင်းလောက် ရောက်အောင်သွားနိုင်တဲ့နေရာတစ်ခုကို ကိုယ်ရောက်အောင်မသွားနိုင်ခဲ့ဘူးဆိုရင်……………………………………….
    အခုခေတ် လူငယ်ချင်းတွေ့လို့မေးရင်………………………………………

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 3:33 pm

    လာကြနော်
    ဒီဖက်က
    ကဗျာဆရာ နေဝန်းနီ
    လူဗျိုဂျီးစစ်စစ်ရေမရောတာတစ်ယောက်ရှိတယ်
    အောက်ပါအရည်အချင်းနဲ့ပြည့်စုံသူ
    မည်သူ့ကိုမဆို
    ထည့်သွင်းစဉ်းစားပေးမယ်

  • char too lan

    April 30, 2011 at 8:20 am

    အားမနာစတမ်းပြောရရင်ဒေါ့ နေဝန်းနီ စာလုံးပေါင်းတွေမှားနေဒယ် 🙂
    ဖတ်တဲ့လူတွေ ဉာဏ်ရည်အဆင့်မြင့်လို့သာပေါ့ မဟုတ်ရင် စာလုံးပေါင်းမှားတာနဲ့ ကျန်တာနဲ့ ရုပ်လုံးမပေါ်ဘူး @_@
    မမ ဂိုကျောက်ဘူးဠား 🙂 🙂

  • m

    April 30, 2011 at 3:37 pm

    လူတစ်ယောက်အတွက် – ၁ဝ တန်း ဆိုတဲ့ စည်းလေးကို ကျော်သွားနိုင်မှ ဖြစ်မယ်လေ –
    ( အဲ့ဒီကောင်လေး ဆိုက္ကားသာနင်းနေတာ ဝေးသင်နဲ့ ရတနာပုံ ကနေ ဘွဲ့ရထားပီးသား ) ဆိုယင် ဆိုက္ကာစီး ခရီးသည် က ကောင်လေး ကို နင်ပဲငဆ ၊ နင့်နင့်သီးသီး ပြောဆိုလေ့ရှိတဲ့ သူတောင်မှ ပြောဖို့ရာ မပြောဖြစ်တော့ ဘူးလေ)- ဒီတော့ ဝန်ထမ်း (ရဖို့ရာ မလွယ်ကူသော) မလုပ်ပေမယ့် – ကျဘမ်း လုပ်စားယင်တောင်မှ ဘွဲ့ လေး တစ်ခု ရထား မှ အဆင်ချောမယ်လေ –

  • chityaaung

    May 1, 2011 at 10:28 am

    ဟုတ်တာပ ကိုနေ .. ကိုနေက ဆယ်တန်းအောင်ပြီးတဲ့နောက်ခပ်လှမ်းလှမ်းကို ကျော်ကြည့်နေသလိုဖြစ်နေပြီ..။ ဆယ်တန်းအောင်ဖို့ မပြောပဲနဲ့ ဘွဲ့ရရင် အလုပ်သေချာပါ့မလားလို့ ပြောနေသလိုပဲ…။ အလုပ်သေချာတာမသေချာတာနောက်ထားလို့ ဆယ်တန်းအောင်ဖို့ ကအရေးကြီးတယ်..။ ဆယ်တန်းအောင်ရင်တာဝန်ကျေပြီ..။ ကျန်တာကတော့ တာဝန်ရှိသူများ ဆက်ပြီးဖြေရှင်းလိမ့်မယ်..။ မဖြေရှင်းပေးတာက သူတို့တာဝန်ဖြစ်သွားပြီ…။

Leave a Reply