သတင်း….များ… (၂၉.၄.၂၀၁၁), interesting news (29.4.2011)

ဂ်စ္စူApril 29, 20113min138

Friday,April 29,2011
ခိုးဝင်တဲ့ မြန်မာ ၆၁ ယောက် အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဆင့် ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီး၊ အမျိုးသား ၆၁ ယောက်ကို ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီး လိုက်တယ်လို့ ထိုင်းဘာသာနဲ့ ရေးသား ထားတဲ့ မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမျိုးသား ၅၆ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ အတူ ဘန်ကောက်မြို့ကို ဦးတည် သွားဖို့ ကြိုစားနေတဲ့ အချိန်မှာ ထိုင်း အာဏာ ပိုင်တွေရဲ ဖမ်းဆီးမှုကို ခံလိုက်ရတာပါ။ အဖမ်းခံရတဲ့ သူတွေကတော့ မြန်မာနဲ့ ကရင်တိုင်းရင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်သားတွေကို ထိုင်း အာဏာပိုင်တွေက စစ်ဆေးတော့ တရားဝင် စာရွက်စာတမ်းတွေ မရှိတဲ့အတွက် အားလုံးကို မဲဆောက် မြို့မှာ ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး (လဝက) အချုပ်က မြဝတီမြို့ တဖက်ကမ်းသို့ ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီလို အဖမ်းခံရတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ကယ်ရီနဲ့ လာသလားဆိုတာကို မသိသေးဘူး၊ ဒါပေမယ့် ကယ်ရီနဲ့ လာတယ် ဆိုရင်တော့ အဖမ်းလည်း ခံရပြီး ပိုက်ဆံလည်း ရှုံးသွားနိုင်ပါတယ်။ ဘန်ကောက်ကို သွားဖို့ လူတယောက်ကို ကယ်ရီခ ဘတ်ငွေ အနည်းဆုံး (၁၆၀၀၀) လောက် ပေးရတယ်လို့ သိရပါတယ်။ တချို့ကယ်ရီတွေကတော့ အဖမ်းခံရတဲ့ လူတွေကို အကူအညီပေး တာ ရှိပါတယ်။ ကယ်ရီအားလုံးတော့ မဟုတ်ဘူး။

မြန်မာပြည် စစ်အစိုးရလက်အောက်မှာ စားဝတ်နေရေး ကျပ်တည်းနေတဲ့ အတွက် အိမ်နီးချင်းနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ဝင်ရောက် လာတဲ့ မြန်မာနိုင်ငံသားတွေ ရှိနေဆဲပါပဲ။ အခက်အခဲ မျိုးစုံ တွေ့ရပေမယ့် အဆင်ပြေလိုပြေငြား စွန့်စားကြရပြီး အခုလို ဒုက္ခရောက် ကြရ၊ မျက်နှာငယ်ကြရတာလည်း ရှိပါတယ်။
Source:http://www.irrawaddyblog.com/2011/04/blog-post_29.html

နာဂစ်အောက်မေ့ဖွယ် အထိမ်းအမှတ် နှစ်ပတ်လည် ကဗျာပြိုင်ပွဲ

လာမည့် မေလ(၂)ရက်နေ့ဟာ…ကျွန်တော်တို့ တိုင်းပြည် အတွက်  မမေ့နိုင်စရာသဘာဝဘေးဆိုးကြီးဖြစ်တဲ့နာဂစ်မုန်တိုင်းကြီးတိုက်ခတ်ခဲ့တာ (3) နှစ်ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ် ။ နာဂစ်ကို ကိုယ်တိုင်ကြုံခဲ့ ဖူးတဲ့သူတွေရှိသလို သတင်းအဖြစ်သာ တွေ့မြင်သိရှိခဲ့ကြသူတွေလည်းတော်တော်များများရှိခဲ့ကြမှာ ပါ။ ဘာပဲဖြစ်ဖြစ် နာဂစ်…လို့ဆိုလိုက်တာနဲ့ လူတော်တော်များများရဲ့စိတ်ထဲမှာ ကြောက်ရွံ့စိတ်၊ ကြေကွဲဝမ်းနည်းစိတ်၊ စာနာနားလည်ဖေးကူလိုစိတ်….စတဲ့ လူသားဆန်တဲ့ စိတ်ခံစားမှုမျိုးစုံနဲ့ ကိုယ်စီအတွေ့အကြုံတွေ ကို ပြန်လည်အမှတ်ရမိကြမှာ မလွဲပါဘူး ။ အဲဒီလို အမယ်ဆုံတဲ့ ခံစားချက်တွေနဲ့ အပစ်မဲ့စွာ ဆုံးရှုံးသွားခဲ့ကြတဲ့ ကျွန်တော်တို့ သွေးချင်းတွေအတွက် အမှတ်တရပြူတဲ့ အနေနဲ့ ကျွန်တော်တို့ MMG မောင်နှမတစ်စုက ကဗျာပြိုင်ပွဲလေး တစ်ခုကို အခက်အခဲတွေကြားက ကြိုးစား စီစဉ်လိုက်ရပါတယ် ။  ကိုယ်တိုင်ရေးကဗျာဖြစ်ကြောင်း ထောက်ခံချက်နဲ့အတူ လာမည့် မေလ (၂)ရက်နေ့ ညကို နောက်ဆုံးထားပြီး ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ဖြစ်ပါတယ် ။ မာတီပလိုင်းသုံးစွဲသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ် ။ ပြိုင်ပွဲဝင်ပို့စ်များကို MMG ဆိုက်ရဲ့ ကဗျာ Tag မှာ နာဂစ်အမှတ်တရကဗျာပြိုင်ပွဲအတွက် ဟု အောက်ခြေမှတ်ချက်ရေးကာ ဝင်ရောက်ယှဉ်ပြိုင်နိုင်သလို minthuyein@gmail.com , shiawase06@gmail.com နှင့်mayzuu@gmail.com  များသို့လည်း ပေးပို့ယှဉ်ပြိုင်နိုင်ပါတယ် ။ ပြိုင်ပွဲအစီအစဉ်များ အနေနဲ့ကတော့….

နောက်ဆုံးပေးပို့ရမည့်ရက်

(2.5.2011 တနင်္လာနေ့)

ဆုကြေငြာပေးမည့်ရက်

(12.5.2011 ကြာသပတေးနေ့)်

ဆုကြေးများ

ပထမဆု     (ငွေ 20000ကျပ် နှင့် ဂုဏ်ပြူလက်မှတ် )
ဒုတိယဆု   (ငွေ15000ကျပ်နှင့် ဂုဏ်ပြူလက်မှတ်)
တတိယဆု  (ငွေ 10000ကျပ်နှင့် ဂုဏ်ပြူလက်မှတ်)

အမှတ်ပေးဒိုင်များ

ဆရာ သျှီသူအောင်(ရတီ မဂ္ဂဇင်း)
ဆရာ ရွှေညာခိုင်စိုး (အချစ်ဂျာနယ်)
ဆရာ ဧပရယ်နွေ ( ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း)
ဆရာ ဝိုင်ချို
ဆရာ လင်းထိပ်သျှင်
ဆရာမ ဝါဝါထင်လင်း
ဆရာမ သွေး (စစ်ကိုင်း)
MMG အက်ဒမင်အဖွဲ့   

မှတ်ချက်။   ။ ကိုယ်တိုင်ရေး မှတ်ချက် မပါသော ကဗျာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ပါ ။

ဒီအောက်ကလင့်ခ် မှာ လေ့လာနိုင်ပါတယ်
http://multiplygroups.multiply.com/journal/item/988/988

ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ

ဧပြီ ပထမပတ်က ရန်ကုန်မြို့ သာကေတမြို့ လမ်းတစ်လမ်းတွင် အဆိပ်မိသေနေသော ခွေးများ

အများပြည်သူစားသုံးနေသော ဆတ်သားခြောက်များပြု လုပ်ရန် ရည်ရွယ်၍ ခွေးသေတစ်ကောင် ကျပ်သုံးထောင်အထိ ဈေးပေး ဝယ်ယူမှုများရှိလာကြောင်း ဒဂုံ တောင်၊ ၂၂ ရပ်ကွက်နေ ပြည် သူတို့၏ ပြောပြချက်အရ သိရ သည်။
ယင်းသို့ ဆတ်သားခြောက် တုပြုလုပ်ရောင်းချနေသည့် နေရာမှာ သာကေတ၊ ၁ဝ မြောက်ရပ်ကွက် ယခင် သချႋုင်းမြေနေရာ၊ ယခု အမှိုက်ပုံအနီး မြို့တော်စည်ပင်ပိုင် မြေနေရာတွင် ကျူးကျော်ဝင် ရောက်နေထိုင်နေသော အိမ်တစ်အိမ်မှ ဖြစ်ကြောင်း၊ ထိုသို့ ခွေးသားဖြင့် ပြုလုပ်ထားသည့် ဆတ်သားခြောက်များအား အသားခြောက် ရောင်းသည့်ဒိုင်များသို့ သွားရောက် ရောင်းချလေ့ ရှိကြောင်း သိရသည်။
”သူတို့အရင်က လုပ်သလား မလုပ်သလားတော့ မသိဘူး။ ကျွန်မတို့ ပြောင်းလာတဲ့ ၁ နှစ် ကျော်အတွင်းမှာတော့ အဲဒီလို ခွေးသားတွေကို ဆတ်သားခြောက် လုပ် ရောင်းတာတွေ တွေ့နေရတာ ပဲ။ အခုလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်းက အဲဒီအိမ်မှာ အသားခြောက်တွေ လှန်းထားတာ အများကြီးပဲ။ အခုတော့ ရောင်းပြီးပြီနဲ့ တူတယ်။ လှန်းတာ မတွေ့တော့ဘူး” ဟု ဒဂုံတောင်၊ ၂၂ ရပ်ကွက်နေ အမျိုးသမီးတစ် ဦးကပြောသည်။
သကေတ၊ ၁ဝ မြောက်ရပ် ကွက်နှင့် ဒဂုံတောင်၊၂၂ ရပ်ကွက် သည်။ နယ်နိမိ်တ်ခြင်း ထိစပ်လျက် ရှိပြီး ယင်းမြို့နယ်များမှ ခွေးလေ ခွေးလွင့်များအား ချောင်းမြောင်း သတ်ခြင်း၊ တစ်ဆင့်ပြန်လည် ဝယ်ယူ၍ အသားခြောက်ပြုလုပ် ရောင်းချခြင်းများပြုလုပ်ကြောင်း သိရသည်။ ယင်းအိမ်သည် ညဘက်တွင်  ခွေးများအား လိုက်လံသတ်ဖြတ်၍ ယမ်းစိမ်းမှုန့်များသုံးကာ အခြောက်ပြုလုပ်ရောင်း ချခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဧပြီလ ပထမပတ် အတွင်းက ရန်ကုန်မြို့နေရာအ တော်များများတွင် ခွေးလေခွေးလွင့်များအား လိုက်လံရှင်းလင်းရာ ယင်းရက်အတွင်း၌ အဆိုပါနေအိမ်တွင် အသားခြောက်များလှန်းထားသည် ကို များစွာတွေ့ခဲ့ကြောင်း နီးစပ်သူ များက ဆိုသည်။
”သင်္ကြန်ရက်မတိုင်ခင်က အဲဒီအိမ်မှာ ခွေးသားတွေ လှန်းတာ အများကြီးတွေ့ရတယ်။ အခြောက်လှန်းပြီး လမ်းမတော်၊ သံဈေးဒိုင်တွေကို ပို့တယ်လို့ သိရတယ်။ သူ တို့က အခုလို နွေရာသီမှာပဲ လုပ် ကြတာ။ နွေရာသီမှာက စည်ပင်က ခွေးလေခွေးလွင့်တွေကို အဆိပ်ပါတဲ့ အသားတုံးတွေကျွေးပြီး သတ်တာ လုပ်လေ့ရှိတာကိုး။ သူတို့ လုပ်နေ တာကို ကြည့်ရတာ တရားဝင်လုပ် ခွင့်ရှိသလားတောင် ထင်ရတယ်” ဟု ယင်းရပ်ကွက်အနီးနေ အိမ်တစ် အိမ်က ပြောပြသည်။
ပြီးခဲ့သည့် တစ်နှစ်ကျော်က ဒဂုံတောင်၊ ၂၂ ရပ်ကွက်၌ ယင်း သို့ ခွေးသားများအား ဆိတ်သား များပြုလုပ်ကာ ဈေးများသို့ လိုက်လံ ရောင်းချသူတစ်ဦး ရှိခဲ့ပြီး၊ ယင်းသို့ ပြုလုပ်သူအား သက်ဆိုင်ရာက ဖမ်း ဆီးအရေးယူခဲ့ကြောင်း၊ ယခုအခါ ယင်းရပ်ကွက်အနီးတွင် ပြန်လည်ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကာလအတွင်း ရန်ကုန်ဆေးရုံကြီး၌ ခွေးကိုက်လူနာများ ရောက်ရှိလာမှု များပြားလာသည်ဟုဆိုကာ ရန်ကုန်မြို့၊ မြို့နယ်အချို့ရှိ ခွေးလေခွေးလွင့်များအား အဆိပ် ရည်သုတ်ထားသည့် အမဲသားတုံး များ လိုက်လံချကျွေးမှုများရှိခဲ့သည်။ ယင်းအဆိပ်လူးအသားတုံးများ စားမိသော ခွေးများသည် တစ်ခဏအတွင်း သေဆုံးကြရ သည်။
မိုးမြင့်မြတ်@popularmyanmar

ဆတ်သားတို ့ ဆိတ်သားတို ့ကြည့်စားကြပေတော့

Blinker Hacker Group မှ နအဖ အား DDos ဖြင့် တိုက်ခိုက် နေမှုများ ခေတ္တ ရပ်တန့်ထား

Blinker Hacker Group မှ နအဖ အား DDos ဖြင့် တိုက်ခိုက် နေမှုများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ရပ်တန့် ထားလိုက်ကြောင်း သတင်း ရရှိပါသည်။ Blinker Hacker အဖွဲ့မှ ထိုသို့ ရပ်တန့် လိုက်ခြင်းမှာ အများ ပြည်သူ သုံးစွဲနေသော ကွန်ရက်ကို ထိခိုက် နေပါသည်ဟု နအဖမှ ပြောကြားချက်နှင့် ပက်သက်ပြီး အမှန် တကယ် ထိခိုက်မှု ရှိ မရှိကို အများ ပြည်သူများ သိရှိ စေရန် ဖြစ်ပြီး ၊ ထိုသို့ ရပ်တန့် ထားချိန်တွင် အများ ပြည်သူ သုံးစွဲနေသော အင်တာနက် လိုင်းများ ပြန်လည် ကောင်းမွန် လာခြင်း ရှိမရှိကို စောင့်ကြည့် နေမည် ဖြစ်ပါသည်။

အများ ပြည်သူများ အနေဖြင့် အင်တာနက်လိုင်းများ ကောင်းမွန် တိုးတက် လာခြင်း ရှိမရှိကို သုံးသပ် ပြီး blinkhackergroup@gmail.com သို့ တိုက်ရိုက် သတင်း ပေးပို့ ဆက်သွယ် နိုင်ကြောင်း blinker hacker group မှ ယနေ့မှ စတင်ပြီး တစ်လခန့် စောင့်ကြည့် နေမည် ဖြစ်ပြီး တိုးတက် ကောင်းမွန် လာခြင်း မရှိပါက နအဖ ဝန်ကြီး ဌာနလိုင်းများ စစ်တပ် အသုံးပြု နေသော ကွန်ရက်များကို ယခုထက် ပိုမို မြှင့်တင်ပြီး တိုက်ခိုက် သွားမည်ဟု ပြောကြား ပါသည်။ မြန်မာ ပြည်တွင်း အင်တာနက် လိုင်းများ အသုံးပြုနေပုံမှာ China, Thai , India တို့အား border gateway ဖြင့် ချိတ်ဆက် ထားရှိပြီး se me we 3 ရေအောက် ဆက်ကြောင်း ဖြင့်လဲ ဆက်သွယ် ထားရှိပါသည်။ အများ ပြည်သူတို့ သုံးစွဲနေသော လိုင်းများကို se me we 3 ဖြင့်သာ ချိတ်ဆက် ထားရှိပေးပြီး Inland gateway များကို စစ်တပ်နှင့် ဝန်ကြီး ဌာန များမှသာ ရယူ သုံးစွဲနေခြင်း ဖြစ်သဖြင့် အဖွဲ့ အနေဖြင့် အများ ပြည်သူ သုံးစွဲနေသော လိုင်းများအား မထိခိုက်စေပဲ တိုက်ခိုက် နေခဲ့ကြောင်း ထိုသို့ တိုက်ခိုက် နေခြင်းကြောင့် အများ ပြည်သူ သုံးစွဲမှု ထိခိုက်ခြင်း မရှိပဲ နအဖ အင်တာနက် စာမျက်နှာများ ဝန်ကြီး ဌာနများ စစ်တပ် ကွန်ရက်များ ကို ထိရောက်စွာ တိုက်ခိုက် နိုင်ခဲ့ကြောင်း ပြောဆိုသွားပါသည်။

အများ ပြည်သူများ အနေဖြင့် နအဖ မှ ပြည်ပ တိုက်ခိုက်မှုကြောင့် အင်တာနက် လိုင်းများ နှေးကွေး နေ

7 comments

  • Ko Ko Aung

    April 29, 2011 at 6:03 am

    ထိုင်းသို့ တရားမဝင်သွားမည့်သူများ —
    တားမရတဲ့အတူတူ လွယ်လွယ်ကူကူ တရားဝင်သွားလို့ရအောင် လုပ်လဲလုပ်ပေးထား လူသိအောင်လဲ ကြေငြာထားရင် ဒါမျိုးတွေဘယ်ဖြစ်တော့မလဲ

  • ဆူး

    April 29, 2011 at 6:17 am

    ခွေးသား ဆိတ်သားခြောက် သတင်းကြီးကလည်း တကယ်ဆိုရင် ဒုက္ခပါဘဲ…
    စစ ဖတ်တုန်းက ငါးရှဉ့် ကန်မှာ ကျွေးဖို့ လုပ်တာလားလို့ တွေးမိသေးတယ်။
    ခွေးသားကို ဆိတ်သားခြောက် လိမ်တာ မပြောလိုပေမဲ့ အဆိပ်သင့်ခွေးတွေ လုပ်တာတော့ မကောင်းဘူး။လူတွေ အချင်းချင်း လှည့်သတ်သလို ဖြစ်နေပြီ။

  • kai

    April 29, 2011 at 10:22 am

    အရင်က.. ကျွဲသား၊ မြင်းသားကို လုပ်တယ်ထင်နေတာ…။
    အခုတော့ ..ခွေးသားဆိုပဲ..။

    သေပြီဆရာ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 10:25 am

    ဘာသာရေးပျက်သုဉ်းတော့မည်ဟု စစ်တမ်းကဆို
    (ဘီဘီစီ)
    ခင်အောင် ဘာသာပြန်သည်။
    အတွဲ ၂၆ ၊ အမှတ် ၅၁၄ (၂၂ – ၂၈ ၊ ၄ ၊ ၂၀၁၁)
    နိုင်ငံပေါင်း ကိုးနိုင်ငံတွင် စစ်တမ်းကောက်ယူမှု သတင်းအချက်အလက်များက အဆိုပါ နိုင်ငံများတွင် ဘာသာရေးယုံကြည်ကိုးကွယ်မှု ဆိတ်သုဉ်းတော့မည့် အခြေအနေများရှိနေကြောင်း သုတေသနပြုသူများက ပြောကြားလိုက်သည်။
    အဆိုပါ သတင်းအချက်အလက်များက ဘာသာရေးဆိုင်ရာ ဆည်းကပ်ကိုးကွယ်မှုများမပြုလုပ်ဟု အတိအလင်းပြောကြားသူများ အရေအတွက် တစ်စစ တိုးတက်များလာကြောင်း ထင်ဟပ်ပြသခဲ့သည်။

    သုတေသနအဖွဲ့အနေဖြင့် ဘာသာရေးအရ စစ်တမ်းတွင် ဖြေကြားသူများနှင့် ဘာသာရေးတွင် ပါဝင်နေသူတစ်ဦး၏ နောက်ကွယ်မှ လူမှုရေးအခြေခံဖြင့် ပါဝင်ဆောင်ရွက်မှုတို့အကြား အပြန် အလှန် အကျိုးပြုမှု၏အကြောင်းရင်းကိုဖော်ထုတ်ပြသရန်ကြိုးပမ်းဖော်ထုတ် ခြင်းဖြစ်သည်။

    အမေရိကန်နိုင်ငံ ဒါးလတ်စ်မြို့ရှိ The American Physical Society (အမေရိကန် ရူပဗေဒအသင်း)အစည်းအဝေးတွင် တင်ပြခဲ့သော သုတေသနဆိုင်ရာ ရလဒ်အစီရင်ခံစာ အရ အဆိုပါသုတေသနပြုခဲ့သည့် နိုင်ငံများတွင် ဘာသာရေးကိုးကွယ် ယုံကြည်မှုအနေဖြင့် လုံးဝကွယ်ပျောက်သွားတော့မည်ဖြစ်ကြောင်း ဖော်ညွှန်း ပြသခဲ့ကြောင်း တွေ့ရှိရသည်။

    သုတေသနအဖွဲ့အနေဖြင့် အောက်ပါနိုင်ငံများမှ လူအများ၏ ဘာသာရေး ဆိုင်ရာ၊ ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ စစ်တမ်းများကို နှစ်ပေါင်း ၁၀ဝ နီးပါး နောက်ကြောင်းပြန်၍ စိစစ်မှုပြုခဲ့သည်။

    အဆိုပါနိုင်ငံများမှာ ဩစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန် နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ နယူးဇီလန်နိုင်ငံ နှင့် ဆွစ်ဇာလန် နိုင်ငံတို့ဖြစ်သည်။

    အရေအတွက် များပြားလှသည့် ခေတ်သစ်ဘာသာရေးနှင့် ဆက်နွှယ်မှု မရှိသော ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားအများအပြား အနေဖြင့် မိမိတို့ကိုယ် မိမိတို့ ဘာသာရေးနှင့် ဆက်စပ်မှုမရှိ သူများဖြစ်ကြောင်း ဖော်ပြခဲ့ကြသည့် ခေတ်ရေစီးကြောင်းတစ်ခုဖြစ် ပေါ်လာ ကြောင်း တွေ့ရှိရသည်။

    နယ်သာလန်နိုင်ငံတွင် ယင်းကဲ့သို့သော လူများ၏ ဦးရေသည် နိုင်ငံလူဦးရေ၏ ၄ဝ ရာခိုင်နှုန်းရှိပြီး အရေအတွက်အမြင့်မားဆုံးကို ချက်သမ္မတနိုင်ငံတွင် တွေ့ရှိရသည်။

    ချက်သမ္မတနိုင်ငံတွင် အဆိုပါလူတို့၏ဦးရေမှာ နိုင်ငံလူဦးရေ၏ ၆ဝ ရာခိုင်နှုန်းအထိရှိကြောင်း သုတေသနအဖွဲ့၏ ခေါင်းဆောင် ဒေါက်တာ ရစ်ချတ်ဝီနာကပြောကြားသည်။
    http://www.myanmar.mmtimes.com/2011/asia/514/asia03.html

  • eros

    April 29, 2011 at 11:06 am

    ကိုပေါက်ဖော်ရေ၊ အခုလို သတင်းတွေတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်လေးစားစွာနဲ့ တခုတောင်းဆိုလိုပါတယ်။ အဲဒါကတော့ ဖြစ်နိုင်မယ်ဆိုရင် ခေါင်းစဉ်လေးကို ပြောင်းပေးလို့ ရမလားခင်ဗျား။ ဒီအဓိပ္ပာယ်မျိုး ဆင်တူတာလေး တခြားစကားလုံးကြောင့်ပေါ့။ ဘာလို့လဲဆိုတော့ ကိုပေါက်ဖော်ရေးတာနဲ့ ကျွန်တော်ရေးတာနဲ့ ကွာခြားသွားအောင်ပါ။ အခြားတစုံတဦးက ကူးယူရင်လည်းပဲ မည်သူ့ဟာကူးယူသလဲသိသာသွားအောင်ပါ။ စာဖတ်သူတွေ အနေနဲ့ လည်းပဲ ကို ပေါက်ဖော်ရေးတာနဲ့ ကျွန်တော် ရေးတာလေး ကွဲပြားသွားအောင်ပါ။ ရေးသူအားလုံးအားလေးစားပါတယ်။
    ကျွန်တော့် တိုက်တွန်းချက်အပေါ် သူကြီးရဲ့ သဘောထားမှတ်ချက်လေး ကြားလိုပါတယ်။

  • eros

    April 29, 2011 at 11:09 am

    မှားပြန်ပဟ……………….. တခြားစကားလုံးကြောင့်ပေါ့။ အစား တခြားစကားလုံးလေးပေါ့ လို့ ဖတ်ပေးပါခင်ဗျား

  • မမလေး

    May 4, 2011 at 1:51 pm

    တော်သေးတယ် တို့က ဆိတ်သားမစားဘူး …

Comments are closed.