ဦးအေးမြင့် (လမ်းပြကြယ်)ဒေါ်စုထံပေးစာ…နှင့်…အသုံးမကျ(၅)လ

koyintharayeApril 29, 20111min29229
ဦးအေးမြင့် (လမ်းပြကြယ်)ဒေါ်စုထံပေးစာ
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား …

ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်။ ယခုစာရေးချိန် ထိ လေးစားလျက်ပါ။ အောက်ပါမေးခွန်းများကို သေသေချာချာ စဉ် စားပြီး ဖြေစေလိုပါတယ်။
(၁) ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။
(၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။
(၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိ

ုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။
(၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။
(၅) ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉ဝ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။
(၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။
(ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။
ဦးအေးမြင့် (လမ်းပြကြယ်)
၂၀၁၁ ခုနှစ် ဧပြီလ (၂၀) ရက်
===================================================================================================
အသုံးမကျ(၅)လ
( Deleted by Editor )

29 comments

  • good

    April 29, 2011 at 5:09 am

    ( အချိန်ကာလ ၅ လ ဆိုတာ နည်းတဲ့အချိန်မဟုတ်ပါဘူး။ အဲ့ဒီ အချိန်အတွင်းမှာ အလုပ်လုပ်သူများနဲ့ အရည်အချင်းရှိသူများက လွှတ်တော်တွေခေါ်တယ်၊ ပါတီတွေ ဆွေးနွေးတယ်၊ နိုင်ငံတစ်ခုရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတ၊ ဒုသမ္မတ တွေရွေးလိုက်တယ်၊ နိုင်ငံတော် အာဏာတွေ လွှဲပြောင်းယူတယ်၊ အရေးပါတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပြင် အခြား ရာထူးတွေ၊ ဝန်ကြီး ဒုဝန်ကြီးတွေ တွေခန့်ထားလိုက်နိုင်ခဲ့ပါတယ်။ )

    ဒီလို အထင်ကြီးနေတဲ့ လူတွေ ရှိနေသရွေ့ စစ်အာဏာရှင် လက်နက်ကိုင် အာဏာရှင် တွေ အတွက် အခွင့်အရေးကောင်းပါပဲ။

  • လင်းဝေကျော်

    April 29, 2011 at 5:34 am

    အင်း
    ဒီအတိုင်းဆိုရင် ဘွားတော်လည်း နိုင်ငံရေးအရသေတော့မှာပဲ။
    Fight or Compromise တစ်ခုခုကို ပြတ်ပြတ်သားသား လုပ်ရတော့မှာ။

  • Ko Ko Aung

    April 29, 2011 at 6:33 am

    ဒေါ်စု လွတ်လာတာ အစီအစဉ်ရှိရှိ လွှတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ အစစအရာရာ ချိန်သားကိုက် ပြင်ဆင်ထားတဲ့ထောင်ချောက်ထဲ မဖြစ်မနေဝင်ခဲ့ရတာ လို့ထင်ပါတယ်။ အဲသည်လိုဆိုရင်တော့ ဒီထောင်ချောက်ကလွှတ်ဘို့ ထောင်ချောက် ဆင်သူတွေထက် ပိုအမျှော်အမြင် ရှိဘို့လိုပါတယ်။
    လက်ရှိ ဘာမှအလုပ်မဖြစ်ကြောင်း သက်သေပြပြီးဖြစ်သူတွေကို (မြန်မာသွေးပီပီ အားနာလို့) မစွန့်ခွာလိုဘူးဆိုရင်တောင်မှ အခြား အင်အားသစ် အကြံဉာဏ်သစ် တွေကို ရှာတန်ရှာ စုတန်စု လုပ်ဘို့လိုပါတယ်။ ဒီအစိုးရကိုမှ မဖြစ်ဖြစ်အောင် ဖြုတ်ချရမယ်လို့ အစွဲဝင်နေရင်တော့ ထချပေါ့။ ဒီလိုမဟုတ်ပဲ ဘယ်နည်းနဲ့ဖြစ်ဖြစ် တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိအောင် လုပ်ချင်ရင်တော့ လက်ရှိအခြေအနေမှန်နဲ့ ကိုက်ညီတဲ့ တကယ်အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါသေးတယ်။
    အပေါ်က post ကိုသဘောမတူပါ။
    ဒေါ်အောင်ဆန်းစုကြည် အပါးခိုနေတာမဟုတ်ပါ။ အာဏာမရူးပါ။
    မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာလဲ နေရာရဆဲပါ။ အဲဒီနေရာကို အသုံးမချနိုင်တာ (ခပ်ဆိုးဆိုးပြောရင် အသုံးမချတတ်တာ) တော့ ဖြစ်နိုင်ပါတယ်။

  • kai

    April 29, 2011 at 8:01 am

    ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား …

    ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်။ ယခုစာရေးချိန် ထိ လေးစားလျက်ပါ။ အောက်ပါမေးခွန်းများကို သေသေချာချာ စဉ် စားပြီး ဖြေစေလိုပါတယ်။
    (၁) ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။
    (၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။
    (၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။
    (၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။
    (၅) ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉ဝ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။
    (၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။
    (ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။

    ဦးအေးမြင့် (လမ်းပြကြယ်)
    ၂၀၁၁ ခုနှစ် ဧပြီလ (၂၀) ရက်
    ===================================================

    ဒီအထိပဲ ..ဦးအေးမြင့်က ပေးစာဖြစ်ပါတယ်..။ အပေါ်ကစာမှာ.. ရောထွေးနေတာမို ့… ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိလုပ်ပုံရတယ်ထင်တာမို ့… အနည်းငယ်ဝင်ရောက်ပြင်ဆင်ထားကြောင်းပါ..။

    • bigcat

      April 29, 2011 at 12:35 pm

      ဒီကောင်က မြန်မာအီးဂရက်ကလို့လည်း လိပ်စာတပ်ထားပါတယ်။ သဂျီးပြောသလို ယုတ်မာပက်စက်တဲ့ အကြံနဲ့ သူများစာကို အသုံးချ၊ သူများအဖွဲ့နာမည်ကို အသုံးချပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားရင် သူရေးထားတဲ့ပို့စ်တခုလုံးကို ဖျက်ပြီး မူရင်းဦးအေးမြင့်စာကိုသာ တင်ထားပေးဖို့ တောင်းဆိုပါတယ်။ ပို့စ်တင်သူကိုလည်း သတိပေးချက် ထုတ်သင့်ပါတယ်။
      ဟေ့ကောင်သာအေး မင်းရှက်တတ်ရင် ကိုယ်အစွမ်းအစနဲ့ မှန်မှန်ကန်ကန် အချက်အလက်ပြည့်ပြည့် စုံစုံနဲ့ တင်နိုင်ဖို့ကြိုးစားစမ်းပါ။

  • etone

    April 29, 2011 at 9:11 am

    ကျမလည်း ဒီလိုစာမျိုး မေးလ်ကနေ တဆင့် ဖြန့်ဝေကတည်းက ရခဲ့ဖူးပါတယ်… ။ စာရေးတဲ့ ဘလောဂါက စစ်သားပါ ။ အခု ဒီဆိုက်မှာ တင်တဲ့လူက ကူးတင်ထားတာပါ ။ သူများကို ဝေဖန်ရဲတဲ့ လူတောင် သူမလောက် လုပ်ပြနိုင်လို့လားဆိုတာ ဟောင်ဖွာဟောင်ဖွာ လုပ်မနေပဲ အလုပ်နဲ့သက်သေပြလိုက်စမ်းဘာ !!!!!

  • paukpauk

    April 29, 2011 at 12:24 pm

    ဦးအေးမြင့်ရေးထားတာ အမှန်တွေပါပဲ
    သင့်တော်ပါတယ်။
    ဒေါ်စုလဲ သိမှာပါ၊
    ကောင်းစေချင်တဲ့ဆန္ဒနဲ့ရေးပို့တာပဲ။
    အောက်က လဒကတော့ ငါးမင်းဆွေလား သူ့အောက်ဆွဲလားတော့မသိဘူး။
    အောက်တန်းတော်တော်ကျပါတယ်။

    ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတာ ဘယ်သူတွေလဲ?
    သေချာပြန်စဉ်းစားပါဦး။

    ဘယ်သူတွေက သေပြီး ဘယ်ငတေတွေ က မာလာသလဲဆိုတာ…
    အောက်တန်းစားစကားတွေနဲ့ မစော်ကားသင့်ပါ။

  • MaMa

    April 29, 2011 at 12:25 pm

    ခလေးဖတ်စာ ၂ ရေးရတော့မယ် ထင်တယ်။

  • bigcat

    April 29, 2011 at 12:38 pm

    Thursday, April 28, 2011
    ထောက်လှမ်းရေး ဖိုုးကံကောင်း အကြောင်းတစေ့တစောင်း
    Posted by yokekhasoe at 5:11 PM Labels: ဆောင်းပါး
    http://www.irrawaddyblog.com/2011/04/blog-post_4072.html

    သူ့နှင့် လူချင်းဆုံဖူးသည်က ၁၉၉၄ ခုနစ်နှောင်းပိုင်းကာလ လောက်ဖြစ်သည်။ အသားလတ်လတ်၊ အရပ် ၅ ပေ ၅ လက္မခန့်ရှိသည့် လိမ်လည်မှု ၂ မှုဖြင့် အင်းစိန် အကျဉ်းထောင် တွင်းသို့ ထောင်ကျလာစဉ်က ဖြစ်သည်။

    အင်းစိန်တိုက်ဝန်း အမှတ်(၆)တိုက် အခန်းနံပါတ် ၂ တွင် တန်ပြန်ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးလှဌေး ဆိုသူ တယောက် ညဖက်မိုးချုပ်ကြီးရောက်လာတာပါ။ သူ့ကို်ယ်သူ ဖိုးကံကောင်းဖြစ်ကြောင်း ပြောဆိုမိတ်ဆက်ခဲ့တဲ့လူမျိုးပါ။
    အင်းစိန် ထောင်ထဲ သူရောက်လာခဲ့သည့် ညကသူဝတ်လာသောရှပ်အင်္ကျီလက်ရှည်လက်မောင်းအိပ်ကပ်တွင် ကျည်ဆံတချို့ပါလာသည်ဟူ၍ပင် ထောင်ဝန်ထမ်းများက ပြောပြတာသတိရနေပါသေးတယ်။

    ဖိုးကံကောင်းဟု ပြောလျင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုလှုပ်ရှားခဲ့သူများနှင့် နိုင်ငံရေးစိတ်ဝင်စားသူတိုင်းက မှတ်မိ နေကြလိမ့်မည်။
    အစိုးရပိုင် မီဒီယာများဖြစ်သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် အတိုက်အခံများအကြောင်း ဝေဖန်အပုပ်ချ ရေးသားလေ့ရှိခဲ့သူ။
    ဖိုးကံကောင်းသည် ဘယ်သူ ဘာလဲဘယ်လဲ စသည့်သတင်းစာဆောင်းပါးများလည်း တွင်တွင်ကျယ်ကျယ် ရေးသားခဲ့ ဖူးသူ။

    ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဖိုးကံကောင်းသည် နယ်စပ် ဒေသ အသီးသီးသို့ ထွက်ပြေးတိမ်းရှောင်သွားကြသော ကျောင်းသားများနှင့် ဒီမိုကရေစီအရေးတက်ကြွစွာ ပါဝင်ခဲ့ကြ သူများနှင့်အတူ ရောယောင်လိုက်ပါသွားခဲ့သည်ကိုမှုသူကိုယ်တိုင်ဖောက်သည်ဖြန်ချခဲ့ပါတယ်။

    ထိုစဉ်က တောခိုသူများနှင့်အတူလိုက်ပါသွားရန် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ခင်ညွန့်၏ စေခိုင်းခြင်း ခံရပြီး အမျိုးသားဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု(ဒ၊ ည၊ တ)ထဲဝင်ရောက်လှုပ်ရှားခဲ့သည်။

    ထို့နောက် နယ်စပ်ဒေသမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး တောတွင်းကျောင်းသားအမည်ခံကာ မီဒီယာလက်နက်ဖြင့် နယ်စပ်ဒေသရှိ အတိုက်အခံအဖွဲ့အစည်းများနှင့်ပတ်သက်ပြီး မဟုတ်မမှန်လုပ်ကြံသတင်းများကို ဖန်တီးလုပ်ဆောင် ရင်း ဖိုးကံကောင်း ဆိုသည့်ကလောင်နံမည်သည်လူသိများ လာခဲ့ရတယ်။

    “သူက အဲဒီတုန်းက မီဒီယာကို စကားလုံး အညှီအဟောက်တွေကိုတောင်သုံးပြီး ဝါဒဖြန့်ခဲ့တာ။ ဥပမာဗျာ မီမီမြင့်ဖူးနဲ့ ဦးတင်မောင်ဝင်း ပေးစားတာတို့ဘာတို့ကို သူက အသံနဲ့တကွလုပ်ကြံရေးတာ”ဟု ရန်ကုန်မြို့ရှိစာနယ်ဇင်းသမား တဦးက ပြောသည်။
    သူ၏ ရေးသားချက်များက သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် အနီးကပ်အတူရှိနေသယောင် အမှုအယာမျိုးစုံနှင့် တင်ပြခဲ့တာက သူ့မှုပိုင်လိုဖြစ်နေပါပြီ။

    သူ၏ လက်ရင်းဆရာကြီးများကတော့ စစ်အစိုးရလက်ထက် မီဒီယာ၏ အရေးပါမှုကို ကောင်းမွန်စွာသိရှိနားလည် သူများဖြစ်သည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်နှင့် သူ၏ စစ်ထောက်လှမ်းရေးအဖွဲ့ဝင် များပါပဲ။

    စစ်ထောက်လှမ်းရေး၏ ဝါဒဖြန့်ယန္တယားတခုလုံးကို ထိုစဉ်က အဓိက မောင်းနှင်သွားသည်မှာ စစ်ထောက်လှမ်းရေး၏ နိုင်ငံရေးနှင့်တန်ပြန်ဌာနခွဲမှ ဗိုလ်မှူးချုပ် သန်းထွန်း (အမျိုးသားထောက်လှမ်းရေးအဖွဲ့တာဝန်ခံ၊ယခု ထောင်ဒဏ်ကျခံ နေရသည်) နှင့် အမည်အမျိုးမျိုးခံ ဝါဒဖြန့်ချီရေးသမား ဖိုးကံကောင်း (ခ) ဝေမှိုင်းညို (ခ) ဗိုလ်ကြီးလှဌေး လို့ပြော ရင် မမှားပါဘူး။

    ထိုစဉ်က မြက်ခင်းသစ်မဂ္ဂဇင်းသည် အများပြည်သူများအကြား မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်ပတ်သက်ပြီး ပုံဖျက်ထားသည့် သတင်းအချက်အလက်များနှင့် ထင်ယောင်ထင်မှား ဖြစ်အောင် အများဆုံးဖော်ပြခဲ့ပါတယ်။

    မြက်ခင်းသစ်မဂ္ဂဇင်းကို ဖိုးကံကောင်းစီစဉ်ထုတ်လုပ်ခဲ့တာပါပဲ။ ထိုမဂ္ဂဇင်းတွင် အဓိကအားဖြင့် အမြင်မှန်ရလာသော တောတွင်းပြန်ကျောင်းသားတစုအဖြစ်ဟန်ဆောင်ကာ မိမိတို့သည် မှားယွင်းစွာလုပ်ဆောင်ခဲ့ခြင်းများဖြစ်ကြောင်း ရေးသားမှုများဖော်ပြပါရှိတယ်။

    ထို့အပြင်တောတွင်းအဖွဲ့အစည်းများ အကြောင်း အမှန်သတင်းအချက်အလက်အနည်းငယ်နှင့် ပုံမှားရိုက်ဝါဒဖြန့် မမှန်မကန်သတင်းများစွာကို ဦးစားပေးဖော်ပြခဲ့တယ်။

    ထိုမှတဆင့် လိမ်လည်မှု ၂ ခုနှင့် ထောင်ဒဏ် ရ နှစ် ၂ ခုကို သီးခြားစီကျခံရသည်မှာလည်း နောက်ဆုံးအရင်းစစ် လိုက်တော့ လုပ်ကြံထောင်ကျလာတာသာဖြစ်နိုင်ကြောင်း သူနှင့် ထိတွေ့ခဲ့ဖူးသူ ထောင်ကျအကျဉ်းသားများနှင့် အင်းစိန်တိုက်ဝန်းအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောပြကြတယ်။

    သူကျူးလွန်ခဲ့သောလိမ်လည်မှုများထဲက တခုကတော့ ဗိုလ်ချုပ်ခင်ညွန့်၏စေခိုင်းမှုနှင့်နယ်စပ်ဒေသ အတိုက်အခံ အတွင်းလှုပ်ရှားစဉ် ငွေကြေးအလွဲ သုံးစားများလုပ်ခဲ့ကြောင်းလည်း ထောင်ကျလာတဲ့ စစ်ထောက်လှမ်းရေးများက ပြောပါတယ်။

    တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန့်ရွှေ၏ လက်မှတ်အတုထိုးကာ အမေရိကန်ဒေါ်လာသန်းချီပြီး ထုတ်ယူသုံးစွဲခဲ့သော ကြောင့် သူ့ဟာထောင်ဒဏ်ကျခံလာရတာဖြစ်ကြောင်းနှင့် သူ့ကိုလိမ်လည်မှုဖြင့် ပုဒ်မတပ် ထောင်ချခံရတာဖြစ်ကြောင်း သူထောင်ကျစဉ်အခိုက် သူနှင့်နီးစပ်သူများကို မကြာခဏပြောဆို ဝါဒဖြန့်လေ့ရှိပါတယ်။

    ဒါပေမယ့် လုပ်ကြံထောင်ကျလာသလားဆိုတာတော့ ကျနော်တို့ကသံသယရှိကြပါတယ်။
    တကယ်တော့ သူသည် အကျဉ်းထောင်တိုက်ခန်းများရှိ နိုင်ငံရေးအကျဉ်းသားများ၏ နေထိုင်ပြောဆိုမှုများကို စနည်းနာစုံစမ်းခဲ့တယ်။ သူ့ကို မကြာခဏ စစ်ကြောရေးလိုလို၊ ဧည့်တွေ့လိုလိုနှင့် ထောင်တွင်းစစ်ထောက်လှမ်းရေး များက ခေါ်တွေ့လေ့ရှိတဲ့အခါ သူက ဇာတ်ညွှန်းတွေကိုပြောလေ့ရှိကြောင်း နောက်ပို်င်းအထင်အရှားသိလာရပါတယ်။

    “နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး သူပြန်ရေးတာက နိုင်ငံရေးအကျဉ်းသားတွေဟာ အာဏာပို်င်ကို တဖက်က အစာငတ်ခံဆန္ဒပြနေချိန်မှာ စောင်ခြုံပြီး သိမ်းထားတဲ့ မုန့်နှင့်စားစရာများခိုးစားတဲ့အကြောင်းကိုတောင် လုပ်ဇာတ်ခင်း ရေးတာဗျ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခင်မောင်ဆွေ(ယခု NDF) က ပြောပြပါသေးတယ်။

    အကျဉ်းထောင်တွင်းနေထိုင်စဉ်ပင် နိုင်ငံရေးအကျဉ်းသားများနှင့် အနီးကပ်ဆက်ဆံရေးကို မလုပ်ခဲ့ပဲ အထူးသဖြင့် ရာဇဝတ်အကျဉ်းသားများနှင့်သာ ပြောဆိုဆက်ဆံလေ့ရှိသည်ဟု ထိုစဉ်က သူနှင့် အခန်းချင်းကပ်လျှက်နေခဲ့ရသူ ဦးခင်မောင်ဆွေကဆက်ပြောပါတယ်။

    “သူနဲ့က အခန်းချင်းကပ်နေတော့ မဖြစ်မနေတော့စကားပြောဖြစ်ခဲ့ကြတယ်။သူလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ရာဇဝတ် သားတွေကို ပြောပြလေ့ရှိတယ်။ ရာဇဝတ်အကျဉ်းသားတွေကို သူက လူမွေးတာပေါ့။ သူသိချင်တဲ့ နိုင်ငံရေးအကျဉ်း သားတွေအကြောင်း စုံစမ်းတယ်”ဟု ဦးခင်မောင်ဆွေက ဆက်ပြောပါတယ်။

    “ကျနော်တို့ထောင်ဝင်စာထွက်တဲ့ အခါ အခု NDF ဦးခင်မောင်ဆွေက သူနဲ့စကားပြောလို့ရပါတယ်လို့မိတ်ဆက်ပေးပြီး သူလိုလူကို တို့ဘက်ပါလာအောင် တို့ဘက်က စည်းရုံးရမှာပေါ့လို့ပြောဖူးတယ်၊ သူက မကြာခဏ စစ်ကြောရေးဆိုပြီး တိုက်ခန်းထဲက ထွက်ခွင့်ရတယ်။ အဲဒီအခါမျိုးမှာ တိုက်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ သတင်းတွေကိုစစ် ထောက်လှမ်း ရေးတွေဆီ အမြဲပေးလေ့ရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသား ဟောင်း ကိုအောင်မျိုးသိန်း( အေအေ ပီပီ)ကပြောသည်။

    အလားတူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှသန်း(ယခုအုန်းဖျံ ဒုက္ခသည်စခန်းတွင်ရှိ) ကလည်း ဖို်းကံကောင်း ရောက်ခါစက ထောင်ဝင်စာထွက် ချိန်များတွင် သူ၏ အခန်းသည် တံခါးပိတ်ထားပြီး နောက်ပိုင်းတွင်သူသည် နိုင်ငံရေး အကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ပုံများကို သက်ဆိုင်ရာစစ်ထောက်လှမ်းရေးများထံပုံမှန်သတင်းပေးပို့သည်ဟု အများက သံသယဖြစ်ခဲ့ကြပုံများကိုလဲပြောပြသည်။

    သူထောင်ကျနေစဉ် သူ့ထံကိုထောင်ဝန်စာလာတွေ့သော သူ့ဇနီးက လုံးကြီးပေါက်လှ၊ မျက်ခုံးမျက်လုံးကောင်းကောင်း၊ အရပ်မြင့်မြင့်နဲ့ စကားပြောအလွန်သွက်ပါတယ်။

    ကံ ကံ၏အကျိုးလို့ပြောရမလား။ လူတကာကတုံးပေါ်ထိပ်ကွက်လုပ်နေသူတယောက်ထောင်ထဲကိုရောက်နေတုန်း သူ့ဇနီးဟာ နောက်ကွယ်မှာ တခြားတယောက်နဲ့ စခန်းသွားနေတာကိုလဲ ကျနော်တို့ကြားခဲ့ရတယ်။

    ထောင်ဒဏ် ရ နှစ် ၂ မှုနှင့် ထောင်သက်တမ်း ၁၄ နှစ် ကျခံရသော်လည်း ထောင်ကျပြီး၂ နှစ်ခန့်အကြာမှာပဲ ဖိုးကံကောင်း ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။

    ထောင်ကနေလွတ်မြောက်သွားခဲ့ပြီးနောက်ပိုင်း ထုံးစံအတိုင်း မြန်မာစစ်အစိုးရအာဘော်များမှာ ဖိုးကံကောင်း၊ ကပ္ပိယ ကံကောင်း၊ မောင်ရင်မှိုင်း၊ ဝေမှိုင်းညို စတဲ့ကလောင်အမည်စုံလင်စွာဖြင့် ဆက်လက်ဝါဒဖြန့်ဆောင်းပါးများ ရေးသားခဲ့ ပါတယ်။

    ထို့နောက် ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(D.K.B.A) ဗို်လ်ချစ်သူတို့နှင့်အတူနေထိုင်ပြီး နယ်စပ်ဒေသ မြန်မာ အတိုက်အခံအဖွဲ့များအကြားသွေးခွဲသပ်လျှိုမှုများကို အနီးကပ်စီစဉ်ခဲ့ပါသေးတယ်။

    တပ်မဟာ ရ နယ်မြေထဲအထိပါ ဝင်ရောက်နေထိုင်လှုပ်ရှားပြီးနောက်ဆုံး ကေအန်ယူမှ ဗိုလ်ချုပ်ထိန်မောင်(ခ) ဗိုလ်ချုပ်ဌေးမောင်နှင့် အပေါင်းအပါတချို့ကို သွေးထိုးမှုများလုပ်ကာဖဲ့ထုတ်စည်းရုံးပြီး အလင်းဝင်ဇာတ်လမ်း အဖြစ်စီစဉ်သူများတွင် အဓိကအခန်းမှ ပါဝင်ခဲ့သူလဲဖြစ်ပါတယ်။

    နယ်စပ်ဒေသ ရောက်လာတဲ့အချိန်မှာ သူဟာ တတိယနိုင်ငံအခြေချနေထိုင်ရေးအတွက်ပါ နီးစပ်ရာတချို့ကိုချည်းကပ် ပြီးကြိုးစားခဲ့ပါသေးတယ်။

    ဒီအပြင် ချင်းမိုင်အခြေဆိုက် ဧရာဝတီသတင်းဌာနကိုတောင် သူ့ရဲ့ခါးကြား သေနတ်ထိုးချိတ်ထားတဲ့ ဓါတ်ပုံပို့ပြီး အလုပ် လျှောက်ခဲ့ ပါသေးတယ်။

    အဆိုးရွားဆုံးလုပ်ရပ်တခုအနေနဲ့ ကေအန်ယူအထွေထွေအတွင်းရေးမှူး ပတိုမန်းရှာ လုပ်ကြံသတ်ဖြတ်မှုမှာ သူ က အဓိကစီစဉ်ခဲ့တဲ့အခန်းကဏ္ဍက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့သတင်းတွေက နယ်စပ်ဒေသမှာ သင်းပျံ့ကျန်ရစ်နေ ဆဲပါ။
    အဲဒီအော်ပရေးရှင်းကြီးကို စီစဉ်ပြီးတဲ့နောက်မှာ ဖိုးကံကောင်း ပြည်တော်ပြန်ခရီးအတွက် ရိက္ခာအပြည့်သယ်သွားခဲ့ တယ်ဆိုတာလဲ နယ်စပ်အတိုက်အခံအသိုင်းအဝိုင်းထဲမှာ စိတ်နာနာပြောဖြစ်နေတဲ့ စကားလုံးတွေအဖြစ်ယခုထိကျန် ရှိနေပါသေးတယ်။
    ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းလုပ်ကြံမှုကြီးကြောင့် လူထုက ဒေါသအမျက် ထွက်နေချိန်မှာ မောင်ရင်မှိုင်း ကလောင်နဲ့ တပ်မတော်ခေါင်းဆောင်များနှင့် ဘယ်လို လျှို့ဝှက်တွေ့ဆုံခဲ့တယ် ဆိုတာ တွေကိုလဲ ဆောင်းပါးတွေရေးပြီး သတင်းဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့တယ်။

    ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင်တွေ နဲ့ စစ်ခေါင်းဆောင်များကြား ယုံကြည်မှုတည်ဆောက်တဲ့ တွေ့ဆုံမှုတချို့ကို သတင်းဓာတ်ပုံများဝေဝေဆာဆာဖော်ပြခဲ့ပါသေးတယ်။

    NLD ဘက်ကတော့ သဘောတူထားတဲ့ ကတိအတိုင်းယခုအထိ စစ်ခေါင်းဆောင်များနဲ့တွေ့ဆုံပြောဆိုခဲ့မှုဖြစ်စဉ်သမိုင်း ကြောင်းများကို အခုထိအတိအလင်းမဖော်ပြပါဘူး။ ကတိကိုယခုထိလေးစားဆဲပါ။

    ဆရာရင်း စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အပေါင်းအပါများ ရာဇပလ္လင်ပျောက် ထောင်နန်းရောက်ကြချိန်မှာတော့ အရှောင်အတိမ်းကောင်းတဲ့ လူစွမ်းကောင်း ဖိုးကံကောင်းကတော့ ခေတ်ကောင်း နေဆဲပါပဲ။
    အခုတော့ ဖိုးကံကောင်း တယောက် နေပြည်တော် ဗိုလ်သခင်ဆရာအသစ်များအပေါ် သစ္စာစောင့်သိဆဲအဖြစ် အမည်ပျောက်နဲ့ဆက်လက်ဝါဒဖြန့်နေဆဲဆိုတဲ့သတင်းတွေက ယခင်ထောက်လှမ်းရေးဟောင်းများကြား ပြောနေ ကြပါတယ်။

    ယခင်စစ်ထောက်လှမ်းရေးများက ဖိုးကံကောင်းကို နှစ်ပြန်ကျော်ထောက်လှမ်းရေးသမားရယ်လို့ ကင်မွန်းတပ်ကြပါ တယ်။
    ပြန်လည်ဖွဲ့မယ်ဆိုပြီးသတင်းကြီးနေတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့မှာ ဘယ်လိုအခန်းကဏ္ဍက ဖိုးကံကောင်း ပါ လာမှာလဲနဲ့ ခေါင်းနောက်အောင်ရှုပ်ရှုပ်ထွေးထွေးလုပ်နေတဲ့ အင်တာနက်မီဒီယာပေါ်က စိတ်ဓာတ်စစ်ဆင်ရေးတွေ မှာ ဖိုးကံကောင်း ဘယ်လိုတာဝန်တွေယူနေသလဲဆိုတဲ့မေးခွန်းတွေကတော့ လူအများက သိချင်နေတဲ့ မေးခွန်းတွေပဲဖြစ် ပါတော့တယ်။
    လင်းသန့်

  • bigbird

    April 29, 2011 at 3:49 pm

    အသုံးမကျ ၅ လကိုရေးတဲ့ကောင်….###@@@44444*****++++*—ဒါပဲကွ။

  • kstms101

    April 29, 2011 at 6:37 pm

    ဒီပို့စ်ကိုလက်ခံပါဘူး. . . ဘာလို့လဲဆိုတော့သူများ ပို့စ်ကိုကူးတင်ထားတာရယ် ဦးအေးမြင့်က သူမလုပ်နိုင်ဘဲနဲ့သူများကို ပုတ်ခတ်ပြီးပြောတယ် နိုင်ငံရေးလုပ်တဲ့ တစ်ကယ်ကိုစိတ်ဝင်စားပြီး ကိုယ်တိုင်လုပ်တဲ့သူတွေဘယ်မှာလဲ ထောင်ထဲမှာလေ ဒါတွေမသိတာလား သိရဲ့နဲ့ ဘဲပြောနေတာလား ဒီပိုစ်ရေးတဲ့ သာအေးကကော နိုင်ငံတော်ကြီးအတွက် ဘာတွေကောင်းအောင်လုပ်ခဲ့လဲ ဘယ်နေရာမှာ ဘယ်လိုကောင်းအာင်လုပ်ပြပြီးပြီလဲ အပြာတွေသိပ်များတယ် အလုပ်ကဘယ်မှာလဲ အပြောနဲ့လုပ်နဲ့ ကွာ အလုပ်နဲ့သက်သေပြ. . . နားညည်းတယ်…

  • nature

    April 29, 2011 at 11:55 pm

    (၁) ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲမပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊………… အစကတည်းကဘာမှတောင်းဆိုချက်မရှိပဲလုပ်တာမို့ ဘာမှလုပ်ပေးစရာမလိုပါ။

  • nature

    April 30, 2011 at 12:01 am

    သူ့ကိုတွေ့ခွင့်တောင်းရတာလဲယုံကြည်လေးစား အားကိုးလို့ဖြစ်ပါတယ်။

  • koyintharaye

    April 30, 2011 at 12:55 am

    အတွေးပါးပါးလေးထည့်ပြီးတွေးစေချင်ပါတယ်….
    အခုအပေါ်မှာမန်းထားတဲ့သူများရောဖတ်ကျတဲသူတွေရော..
    အထက်ပါပို့စ်ဟာ..အားလုံးမဟုတ်တောင်..တစ်ချို့တစ်ဝက်ကတော့သွေးထွက်အောင်မှန်နေပါတယ်
    ဆိုတာငြင်းလို့မရနိုင်ပါဘူး
    ဒေါ်စုဘာလဲဘယ်လဲ…..
    ဒီအချိန်ဟာယောင်ဝါးတားတားလုပ်မနေသင့်တော့တဲ့အချိန်ပါ
    ကမ္ဘာမှာ..သက်ကြားအိုအများဆုံးခေါင်းဆောင်ပါဝင်တဲ့ပါတီကြီးအဖြစ်
    မှတ်တမ်းဝင်မဲ့..ဒီအဖွဲအစည်းကြီးဟာ..သူငယ်ပြန်ဇာတ်လမ်းတွေနဲ့အဆုံးသတ်ရပါတော့မယ်..
    ဒီလိုသာဆက်သွားနေရင်ပေါ့
    နတ်ဆိုင်းသံကြားလို့..နတ်ပူးခဲ့တာလား
    အိုးစည်သံကြားလိုး..ကခဲ့တာလား
    ဒိုအရေး….သံကြားမှလုပ်ငန်းပြန်စမယ်ဆိုရင်တော့…ပြည်သူတွေထပ်သေကြအုံးမှာပေါ့
    နတ်ဆိုင်တီးတီးမတီးတီး…အိုစည်တီးတီးမတီးတီး
    နတ်ဝင်သည်နဲ…ကခြင်သူဟာ…လက်ခုတ်တီးပေးရုံနဲကလို့ရပါတယ်
    အခြေခံစိတ်ဓါတ်ပြတ်ပြတ်သားသားရှိဘို့ဘဲလိုပါတယ်…
    88 မှာစစ်ထွက်အဖိုးကြီးတွေဝိုင်းထိုးတင်လိုက်လို့စင်ပေါ်ဘုမသိဘမသိရောက်လာခဲတဲ့
    ကလေးတွေရဲမိခင်ဒေါ်စု….
    ရှေတိုးဆက်လုပ်မှားလား…သာသာလေးမျှောနေလိုက်မှာလား
    ဒါမှမဟုတ်အထုပ်ပိုက်ပြီ..မြန်မာပြည်သားတွေကိုတာ့တာပြခဲ့မှာလား
    နိုဗယ်ဆုလဲယူထားပြီးပြီ်…နိုင်ငံခြားတိုင်းပြည်တစ်ခုကပြတိုက်မှာလဲရုပ်တုအဖြစ်ပြထားကြပြီ
    ဒေါ်စု…ဘာလဲဘယ်လဲ…..
    သူကြီးကျေးဇူးပါ…ရှုပ်ထွေးအောင်မလုပ်တတ်ပါ..သိစေချင်တာပါ
    အခြေနေမှန်ကိုသိမှ…ဖြစ်တော့မယ့်အချိမ်မို့ပါ

  • Mee2

    April 30, 2011 at 4:47 am

    ဟိတ် ဒီစာကိုဦးအေးမြင့်ရေးတာဟုတ်ဟုတ်မဟုတ်ဟုတ် ဘယ်လိုအကြောင်းကြောင်းကြောင့်မှကို အမေစု ကိုမတိုက်ခိုက်သင့်ဘူး။ငါတို ့နိုင်ငံလို နေရာမျိ ုးကနေ နိုဘယ်ဆုရှင်တယောက် တကမ္ဘာလုံးကြည်ညိုလေးစားရတဲ ့မြန်မာအမျိုးသမီးတယောက်ကိုဝေဖန်ရဲတဲ့သူဟာ လူ မဟုတ်တဲ့လူး ဒါမှမဟုတ်ရင်လူး။ခွေးမျိုး တနည်းအားဖြင့် ကိုယ်ကိုးကွယ်ဆည်းကပ်မေတဲ့ ဗုဒ္ဓရဲ ့သားတော်တွေကို ပစ်သတ်ရဲတဲ့ သန်းရွှေအမျိုးနွယ်အယုတ်တမာတွေဘဲဖြစ်မှာ။အံ့ပါ့ရှင်။

  • Mg Soe Ko Ko

    April 30, 2011 at 9:26 am

    ဒီပိုစ် ကို လုံးဝ လက်မခံနိုင် ပါ။ ဒေါ်စုလောက် .. ကိုယ်ကျိုးစွန့် အနစ်နာ ခံနိုင်တာ ဘယ်သူရှိလဲ.. ကိုယ့်ကိုကို မရှက်ပဲ သူများကိုလက်ညှိုးထိုးရဲတဲ့ သခင်အားရကျွန်ပါးဝ သာအေးတို့လိုကောင်မျိုးတွေ များနေလို့ တို့ စစ်ကျွန်ဘဝ နဲ့ နေလာရတာ…

  • koyintharaye

    April 30, 2011 at 9:34 am

    ဟုတ်ကဲပါ..နိုဗယ်ဆုရှင်တစ်ယောက်ကိုမဝေဖန်ရဲလောက်အောင်mee2…ဒီမိုကရေစီပျောက်ဆုံးနေပါသလား
    ကြည်ညိုနေလေးစားနေရုံနဲ့ကိစ္စပြီးမသွားပါဘူး..တိုင်းပြည်လူမျိုးအတွက်ပြည်သူထောက်ခံပေးပါရက်နဲ့
    ဘာမှမလုပ်နိုင်ရင်သူ့တာဝန်ပါ…..တစ်နိုင်ငံလုံးကိုမပြောပါဘူး..ဒေါ်စုလွတ်ရက်က..သူအိမ်ရှေမှာမျှော်လင့်
    အားကိုးတစ်ကြီးစောင့်နေရှာတဲ့…ရာဂဏန်းမပြည့်တဲ့လူအုပ်စုအတွက်တောင်ဘာလုပ်ပေးနိုင်ခဲ့ပါသလဲ
    သံဃာကိုသတ်တဲလူက..သူထိုက်သင်တဲ့ဒဏ်ကိုသူခံစားရမှာပါ….
    ပြည်သူကိုသတ်ရင်..ပြည်သူရဲ့မေတ္တာကြောင့်သူ့ဒဏ်သူခံရမှာပါ….
    ပြည်သူရဲ့မျှော်လင့်ချက်တွေကို….မသတ်မိစေဘို့
    ပြောချင်တာပါပဲ
    …အားလုံးမျှော်လင့်နေကြတယ်….ဘာလုပ်မလဲ…………………
    အမလားညီမလေးလားတော့မသိပါဘူး ခွေးမျိုးလို့ပြောတဲ့အတွက်..ကျွန်တောကိုတိုက်ရိုက်ပြောတယ်လို့ထင်ပါတယ်
    ဝေဖန်တာကိုလက်ခံပေမယ့်..ရိုင်းပျတဲဆဲဆိုမှုဟာ…မိဘဆီကဆီးဆင်းလာတယ်လို့အများမှတ်ယူပါလိမ်မယ်
    သတိထားစေချင်ပါတယ်……
    mee2..ကိုကျေဇူးတင်ပါတယ်

  • koyintharaye

    April 30, 2011 at 9:46 am

    စစ်ကျွန်လည်းမဟုတ်ဘူး…ဘယ်သူ့လူမှမဟုတ်ပါဘူး
    ဒေါ်စုကိုဝေဖန်တာနဲ့….သန်းရွှေလူဖြစ်ရောလား
    စဉ်းစားစရာပါ..ချင့်ချိန်သင့်ပါတယ်
    ကိုနဲ့တစ်ဘောတည်းမဟုတ်တိုင်း..
    ကိုအယူအဆနဲ့သူ့အယူအဆကွဲတိုင်း….
    အမြစ်ဖြုတ်တတ်တဲ…သခင်သန်းထွန်း ဝါဒတွေဖြစ်ကုန်ပြီလား
    ကိုနဲ့မတူရန်သူလား…………….
    သာအေး…….ဘယ်သူ့လူမှမဟုတ်ပါဘူး….
    မြင်တာကိုပြောနေတာပါ…..ဒုတ်ကျတာကိုလက်ခံလို့
    အနာကိုထိတာတော့….စာဖတ်သူရဲ့သဘောပါပဲ..

  • tattoo

    April 30, 2011 at 12:28 pm

    ဇာတ်သိမ်းခန်းကို ကျော်ဖတ်ချင်လိုက်တာနော်

  • nature

    April 30, 2011 at 5:07 pm

    ခြေရောလက်ရော ကြိုးတုတ်ထားပြီးပြေးခိုင်းတာဆိုတော့ခက်တော့ခက်နေတာပဲ၊ ခြေရောလက်ရော ကြိုးတုတ်ထားတာဆိုတော့မတ်တပ်တောင်မနဲရပ်ရမှာပါ။

  • kai

    April 30, 2011 at 11:41 pm

    Myanmar Express Group
    http://myanmarexpress.blogspot.com
    ဆိုတာ.. Myanmar Egress မဟုတ်ပါဘူးလို့.. အီးမေးလ်ပို ့လာလို့ပါ..။
    အဲဒါလေးရယ်..။ ဦးအေးမြင့် စာက အမှန်ပါပဲဆိုတာရယ်…. ရွာသားများ သိကြစေချင်လို့ပါ..။

    ကျန်တာကတော့… ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်.. Do သာ Do 🙂
    ကိုရင်သာအေး နောင်ဆိုရင်.. ကိုယ်ပိုင်စာသာ ချရေးပါနော..။
    မတူသော အတွေးနဲ့ဆို .. ကြိုဆိုပါတယ်..။
    ရွာသားတိုင်းဟာ.. စွန့်ဦး၊ရဲရင့်… တွေးခေါ်နိုင်သူတွေ ဖြစ်စေချင်တယ်..။

  • sayargyi

    May 1, 2011 at 4:07 am

    ကိုကြောင်ကြီး တို့ မီးမီး တို့ သိပ်လဲဒေါသတွေမကြီးကြပါနဲ့ ..တခြားရွာသားတွေရောပေါ့ဗျာ..
    ကိုယ့် ညီအကို မောင်နှမ တွေထဲမှာတောင် တယောက်နဲ့တယောက် အယူအဆ စိတ်သဘောထားချင်း မတူကြတာ ဒီလို မ ပေါင်းတစ်ထောင်သား သမီး တွေကြားမှာ စုံးပြူး ဆိုတာတော့ ရှိမှာဘဲ…
    သူလဲ သူမှန်တယ်ထင်လို့ ပြောတာဘဲ…
    မြတ်စွာဖုရား ပွင့်တာတောင် အဖျက် ရှိသေးတာဘဲ…အခုက ဘာမို့လို့လဲ…
    စကားပုံ ထဲကအတိုင်းမှတ်ယူပြီး စိတ်လျှော့ကြပါမိတ်ဆွေတို့..
    တကယ်လို့ ဖုံထခဲ့ရင်လဲ ထတယ်လို့ဘဲမှတ်လိုက်ပါ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2011 at 5:25 am

    ဒီလိုရှိတယ်ကွယ့် သားသားတို့မီးမီးတို့ရဲ့ အထူးသဖြင့်မောင်သာအေးပေါ့ကွာ
    ဒို့ရွာမှာလည်း(Deleted)သာအေးးးးးးးးးးဆိုပြီး တစ်ယောက်ရှိလေရဲ့(စကားချပ်)
    သားသားမီးမီးတို့ရဲ့တီတီစုလို့ခေါ်တဲ့သူငယ်မလေးက
    တယ်ရိုးသဂိုးကွဲ့
    ခမျာလည်း အစွမ်းရှိသလောက်လုပ်ပြီးပြီလေ
    ဒီတစ်ခါထပ်ပြီးဦးစောင်ရင်လည်း သေဘို့ဘဲရှိတော့တယ်
    သူသေပေးလိုက်လို့ကောင်းလာမယ်ဆိုရင် သူကတော့သေပေးမှာပါ(ကိုယ့်အထင်)
    ဒီတော့ကာ သူ့ရဲ့အခြေအနေအရ အချိန်တွေလည်းအများကြီးပေးဆပ်ပြီးသွားပြီ
    သူ့မှာလည်း မလှုပ်သာမလူးသာအခြေနေကိုရောက်နေပြီ
    အဖွဲ့စည်းရပ်တည်နိုင်ရေးတွေကို အကြပ်အတည်းထည်းကနေရုန်းကန်နေရပြီ
    ဒါကသူ့အပိုင်းပေါ့မောင်သာအေးရယ်
    ခေါင်းဆောင်………………..ဆိုတာသူတစ်ယောက်ထည်းနဲ့ကိစ္စပြတ်အောင်လုပ်လို့ရ..
    ရအောင် အဲ့ဒါ ဘွားတော်မဟုတ်ဘူးဟဲ့
    ဒီနေရာမှာကြုံလို့ပြောရရင်
    မေမေတို့..တီတီတို့ဆိုပြီးဘဲနုနေကြ
    နောက်လိုက်တို့ရဲ့လုပ်ရပ်တွေကိုဘာမှမလုပ်ကြနဲ့
    မင်းဆိုလိုတာက ခေါင်းဆောင်ဘဲဟာ
    ရချင်ရ..မရချင်နေ အသေခံပြီးလုပ်ရမယ်အဲ့လိုလား
    သူကရှေ့ကနေဦးဆောင်ပြီးပြီ မင်းကအနောက်ကနေဘာလုပ်ဘူးလို့လဲ
    သူများဘဝပျက်ခံပြီးမှ မင်းကကောင်းစားခြင်ရင်
    မင်းအမေကိုအရှေ့ကသွားခိုင်းပါလား(Deleted)
    ( ဆဲရင် မန်ဘာအဖြစ်ကထွက်ရမှာနော် ထွက်ရဲရင်ဆဲ )
    မင်းတို့ပထွေးသန်းရွှေကတော့ တစ်ခါမှ ငါ့လိုမဆဲပါဘူးနော် ဆဲတာနဲ့လုပ်တာရဲ့
    အတိမ်အနက်ကို သေသေခြာခြာစဉ်းစားကြည့်ကြပေတော့
    ဪ………သူများကိုဘာလုပ်ဘူးလဲခပ်တည်တည်နဲ့မေးပြီး
    ငါ့ကိုရောဘာလုပ်ဘူးလဲတော့လာမမေးနဲ့
    နိုင်ငံရေးဆိုတာ ငါ့စောက်ပူတစ်ပြားမှမပါဘူး
    ဒါကြောင့်ဘာမှမလုပ်ဘူး
    ဒါဘဲ
    ( ကောင်းကောင်းပြောလည်း ဒီစကားပါဘဲ ဆိုးဆိုးပြောလည်း ဒီစကားပါဘဲ
    ရိုင်းဆိုင်းစွာပြောဆိုဘို့ထက် နားထည်းဝင်အောင် နားလည်အောင်ပြောနိုင်ဘို့ကြိုးစားကြနော)
    မင်းတို့ကွာထမင်းလေးတစ်ဝမ်းတွက်
    တော်တော် ကောက်ကျစ်နိုင်တာဘဲ

  • bigbird

    May 1, 2011 at 6:01 am

    ရရင်ရ-မရရင်ချ..ဒါမှဒို့ဘကြီးအောင်ပုကွ။

  • kai

    May 1, 2011 at 10:17 am

    @ ကိုရင်သာအေး
    အသုံးမကျ(၅)လ ဆိုတဲ့စာဟာ..http://myanmarexpress.blogspot.com ကကူးယူထားပုံရပြီး ကိုရင်သာအေးရဲ့ ကိုယ်တိုင်ရေးမဟုတ်တာအပြင်..ဒေါ်အောင်ဆန်းစုကြည်ကို .ပုဂ္ဂိုလ်ရေးအရ…နစ်နာအောင်.. တော်တော်ကို စော်ကားထားပုံရတာမို ့.. အဲဒီအပိုဒ်ကို (ရွာသားအများဆန္ဒအရ) ဖျက်လိုက်ပါတယ်..။

    ဆိုတော့..
    တာဝန်ယူရဲတဲ့.. ကိုယ်တိုင်ရေးထောက်ပြ ဝေဖန်စာတွေ(အချက်အလက်နဲ့တကွ)တင်နိုင်ပါတယ်..။
    ဒါပေမဲ့ …(မည်သူ့ကိုမဆို) ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတာတွေ.. စွတ်စွဲရေးသားတာတွေ…(လုံးဝ)ကူးမတင်စေလိုပါ..။

    ဒီအဆုံးအဖြတ်ကို… မကြေနပ်ပါရင်.. အချက်အလက်နဲ့ ပြန်လည်ဖြေရှင်းစာတင်စေလိုပါတယ်..။

    ကိုရင့်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်အောင် ဆဲထားတာတွေကိုလည်း လိုက်ဖျက်လိုက်ပါတယ်ခင်ဗျား..။။

  • piti

    May 1, 2011 at 11:46 am

    ဦးအေးမြင့် (လမ်းပြကြယ်) ဆိုသူနှင့် ကိုရင်သာအေးဆိုသူထံသို့

    ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလဲ လေးစားနိုင်ပါစေ။ မေးထားတဲ့မေးခွန်းတွေကို သေသေချာချာ စဉ်းစားပြီး ကြားထဲက ကျနော် ဖြေကြည့်ချင်ပါတယ်။
    (၁) ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။
    ဖြေ (၁) ဘာတွေလုပ်ပေးခဲ့ပြီးသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရရှိပြီလဲဆိုတဲ့အပေါ်မှာလည်း အများကြီး မူတည်နေမှာပါ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာတာ မကြာသေးပါဘူး။ ရွေးကောက်ပွဲအနိုင်ရသူတွေ လွတ်တော်ကိုအချိန်ဆွဲပြီး ကျင်းပပြီးစီးခဲ့တာလည်း မကြာလှသေးပါ။ ဒီအချိန်မှာ အစိုးရသစ်ကို အကဲခတ်ဖို့ အချိန်အနည်းငယ်လည်း လိုမယ်ထင်ပါတယ်။ ဒီလူတွေနဲ့ပဲ ပြန်လည်ဖွဲ့စည်းထားတဲ့ အသစ်ဆိုသော အဟောင်းများ ဘာတွေပြုပြင်မလဲဆိုတာ ထိုက်သင့်တဲ့အချိန်ယူပြီး စောင့်ကြည့်နေရဦးမှာပါ။ အစိုးရသစ်ကို အမြင်ကျဉ်းမြောင်းစွာနဲ့ မကောင်းပြောနေမယ့်အစား ဘာတွေကောင်းအောင် ဘယ်လိုလုပ်ရမလဲဆို ဆွေးနွေးညှို့နှိုင်းထားတာတွေရှိမယ်ထင်ပါတယ်။ ချမပြသေးတာပဲ နေမှာပါ။
    (၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။
    ဖြေ (၂) ဒါကိုတော့ ဒေါ်အောင်ဆန်းစုကြည် သေချာသိမယ်ဆိုတာ ယုံကြည်ပါတယ်။
    (၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။
    ဖြေ (၃) ဘာမှ လုပ်မပေးနိုင်သေးတာကိုလည်း စိတ်မကောင်းစွာ၊ စာနာစွာနဲ့ သတိပြုမိမှာပါ။ အဲဒါကြောင့်လည်း သူ့ရဲ့ လွတ်လပ်ခွင့်တွေကိုအဆုံးရှုံးခံပြီး တစိုက်မက်မက် ပြည်သူတွေရှေ့က ယုံကြည်မှုအပြည့်နဲ့ ရပ်တည်ပေးနေ၊ လုပ်ဆောင်ပေးနေ၊ ဦးဆောင်ပေးနေတာပါ။ လေးစားကြည်ညိုမှုကိုခံယူရရှိနေသလို အလုပ်လုပ်ပြနေတယ်ဆိုတာ ကျနော်တို့ အစွန်းရောက်အတွေးအခေါ်တွေကို ခဏဘေးဖယ်ထားပြီးကြည့်ရင် ခံစားနားလည်နိုင်ပါတယ်။
    (၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။
    ဖြေ (၄) လယ်သမားတွေ မတရားအနိုင်ကျင့်ခံနေရတာကို ကျနော်တို့တစ်တွေအားလုံးသိပေမယ့် မသိတဲ့သူတွေထက် မသိချင်ယောင်ဆောင်နေသူတွေ အများကြီးပါ။ အဲဒါကြောင့်လည်း ဒီလိုအနိုင်ကျင့်ခံနေရတာတွေ ရှိနေတာပါ။ အောက်ခြေအရောက် ကိုယ်တိုင်ဆင်းပြီး ကူညီဆောင်ရွက်ပေးနိုင်ဖို့ခဏထား၊ လွတ်လွတ်လပ်လပ် ခရီးသွားခွင့်ရော တကယ်ရနေပြီလားဆိုတာ ကျနော်သိချင်ပါတယ်။ (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။ ဟုတ်တယ်။ ခုမေးခွန်းကိုယ်တိုင်က နိုင်ငံရေးတိုက်ကွက်တစ်ခု၊ လှည့်ကွက်တစ်ခု ဖြစ်နိုင်တယ်နော်။
    (၅) ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉ဝ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။
    ဖြေ (၅) တစ်ခုမျှ မအောင်မြင်ခဲ့သည်လို့ ပြောရအောင် လွတ်မြောက်လာသည့်အချိန်၊ လွတ်တော်ကျင်းပခဲ့သောအချိန်၊ ပြီးစီးခဲ့သောအချိန်၊ အစိုးရသစ်ဖွဲ့စည်းပြီးသောအချိန် ဘယ်လောက်များ ကြာခဲ့ပြီလဲ။ အကောင်အထည်ဖော်ဖို့ စီစဉ်မှုတွေကို ကျနော်တို့ အချိန်တစ်ခုယူပြီး လေ့လာကြည့်ကြရပါဦးမယ်။ အချိန်ကာလ တစ်ခုကြာသည့်တိုင် မဖော်ဆောင်နိုင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် တစ်ကယ်တိုင်းပြည်မချစ်ဘူးလို့ပဲ ပြောရမယ်ထင်ပါတယ်။
    (၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။
    ဖြေ (၆) ဒီအတွက်တော့ ကျနော် ဉာဏ်မမှီပါ။
    (ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။
    ဖြေ (၇) ဖိတ်ခေါ်ဆွေးနွေးဖို့ အစီအစဉ်ရှိမယ်လို့ထင်ပါတယ်။ ပထမဆုံး အရင်းနှီးဆုံးသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးရင်တော့ အစီအစဉ်တစ်ခု ဖြစ်မြောက်လာမယ်ထင်ပါသည်။

    အခုဖြေထားတာတွေဟာ အရောင်မပါတဲ့ ကျနော့်ရဲ့ အမြင်တွေပဲဖြစ်ပါတယ်။ ကျနော်တို့ အချိန်ကာလ အနည်းငယ်တော့ စောင့်ကြည့်ပေးသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်ကျဉ်းမြောင်းစွာ အတ္တကို ရှေ့တန်း မတင်ပဲ အများအကျိုးကို အမှန်တကယ်ဆောင်ရွက်ပေးနိုင်ရင် သမိုင်းမှာကောင်းသတင်းနဲ့ ကျန်ရစ်ခဲ့မှာပါ။ လူဆိုတာ ကိုယ့်သမိုင်းကို ကိုယ်ပဲရေးကြတာပါ

  • parlayar46

    May 1, 2011 at 3:28 pm

    ဒီပိုစ့်တက်လာကတည်းက ဝင်မန်းချင်လွန်းလို့ လက်ယားနေတာ။
    ယားတဲ့နေရာကလက်ကောက်ဝတ်ဖြစ်နေလို့။
    အခုတော့မထူးပါဘူး ……..။

    ဦးအေးမြင့်(လမ်းပြကြယ်)ခင်ဗျား
    ကျွန်တော်ကလဲ လေးစားစွာဖြင့် ပြန်ဖြေပြလိုပါတယ်။

    (၁) ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။

    >>> ဘာလုပ်ပေးရမှာလဲ ။ ရွေးကောက်ပွဲအောင်မြင်သွားလို့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးဖြစ်ဖြစ် ကောင်းကျိုးဖြစ်ဖြစ် ပြည်သူအားလုံး တူတူခံရတာပဲ။
    (လျော်ကြေးပေးမယ်ဆိုရင်တော့ ကျုပ်ကိုလဲလက်တို့ကြပါ။ ကျူပ်လဲမဲမပေးဘူး)

    (၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။

    >>>>သူမပြောနဲ့ ကျူပ်တောင်သိတယ်။ အဲဒါဘာဖြစ်လဲ။ သူများချကျွေးတိုင်း သူများစတေးတိုင်း အကျွေးခံစတေးခံ မယ်ဆိုရင် ဆန့်ကျင်ဘက် လူတွေအကြိုက် ဖြစ်သွားမှာပေါ့။ NLD နဲ့ ဒေါ်စု ဘယ်လောက်ညံ့စေဦး ဒီမူလတန်းတော့ အောင်ပါတယ်။

    (၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိ
    ုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။

    >>> အဲသလိုကြီးတော့မပြောပါနဲ့ဗျာ။ အများကြီးလုပ်ခဲ့ပါတယ်။ အဲဒီအတွက်လဲ ဆိုးကျိုးကောင်းကျိုး အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခုတော့ရှိတယ်။ နိုင်ငံရေးဆိုတာ စွပ်ကျယ်စက် ဘိနပ်စက်ရုံတွေလို တနေ့ရှစ်နာရီ တပတ်ငါးရက် အချိန်ပြည့်လုပ်ပြီး သင်္ကြန် ဆယ်ရက်ပိတ်တာမျိုး မဟုတ်ဘူးဗျ။ တစ်ခုပဲရိုးရိုးလေး တွေးကြည့်ပါ။ တကယ်လို့ဒေါ်စု သာမရှိဘူးဆိုရင် ဘာဖြစ်မလဲလို့။ ပိုဆိုးသည်ဖြစ်စေ ပိုကောင်းသည်ဖြစ်စေ အခုနဲ့မတူမှာတော့ကျိန်းသေပဲ။ ဘာမှမလုပ်ဘူးပဲထား ရှိခြင်းကြောင့်ဖြစ်တဲ့အကျိုးဆိုတာရှိပါတယ်။ ကျုပ်တို့ ဗုဒ္ဓစာပေမှားတော့ အတ္ထိပစ္စယော လို့ဆိုတယ်။ ၂၄ ပစ္စည်းမှာပါတယ်။

    (၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။

    >>> ကိုယ့်ဆရာက ကိုယ်တိုင်လုပ်နေတဲ့ Field မို့ ညွှန်းတာထင်တယ်။ သူကိုယ်တိုင် မတရားဥပဒေမဲ့ အနိုင်ကျင့်ခံရတဲ့ ကိစ္စတွေကိုတောင် ဘာမှလုပ်တာမတွေ့ဘူး။ အဲဒါသူ့လမ်းကြောင်း မဟုတ်ဘူးထင်တယ်။

    (၅) ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉ဝ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။

    >>>> ဦးအေးမြင့်တောင်သုံးသပ်မိမှတော့ သူလဲသုံးသပ်မိမှာပါ။ ပြောသမျှ အကုန်အလုပ် ဖြစ်ရမယ်တော့ မဟုတ်ဘူးပေါ့ဗျာ။ ခေါင်းဆောင်ငယ်တွေကတော့ တိုက်ပွဲတွေကို တိုက်ကြတယ်။ ခေါင်းဆောင်ကြီး တွေကတော့ စစ်ပွဲတွေကို တိုက်ရတာပါ။ ဗျူဟာခြင်းမတူပါဘူး။

    (၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။

    >>> တူတာတွဲလုပ် ဆိုသလို တစိတ်တပိုင်း ပူးပေါင်းဆောင် ရွက်သည်ဖြစ်စေ လုံးလုံးလျှားလျှား ဆန့်ကျင်သည်ဖြစ်စေ တခုခုလုပ်မှာပါ။ မလုပ်ပဲလဲနေလို့မရပါဘူး။ ကျွန်တော်တို့ နဲနဲစောင့်ကြည့်ရအောင်။ အခုအစိုးရသစ် ကဘာလုပ်မယ်မှန်း အစိုးရထဲက ရာထူးမြင့်မြင့်တွေတောင် မသိသေးပါဘူး။ ဌာနတွေရဲ့ အတွင်းသတင်းလေးတွေ နားထောင်ကြည့်ပါဗျာ။

    (ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။

    >>> ဒါတော့ ဦးအေးမြင့်မှန်တယ်လို့ ကျုပ်ထင်ပါတယ်။ အလားအလာရှိတဲ့ လူကောင်းတွေကို အခုထက်ပိုပြီး စည်းရုံးထားသင့်ပါတယ်။ NLD ဟာ ကွန်ဆာဗေးတစ်ဖြစ် လွန်းတဲ့အတွက် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး လို့ထင်ပါတယ်။

  • myatminkhaung

    May 1, 2011 at 6:32 pm

    သင်္ဘောကြီး တစ်စင်းတည်ဆောက်တယ်ဆိုတာ နည်းပညာတွေတတ်မြောက်နေရုံနဲ့မပြီးပါဘူး
    ငွေကြေးပြည့်စုံဖို့၊ကုန်ကြမ်းပစ္စည်း လုံလောက်ဖို့၊လုပ်သားအင်အား အပြည့်အဝရရှိဖို့ အစစ အရာရာ အဆင်သင့်ဖြစ်မှ ဒီသင်္ဘောကြီးတစင်း ဖြစ်လာမှာပါ။
    စက္ကူလှေလေးတစ်စင်းလုပ်တတ်တဲ့ သူတွေက ဒီသင်္ဘောကြီးဘာကြောင့် မတည်ဆောက်သလဲ၊ဘာကြောင့်မပြီးသေးလဲလို့ ဝေဖန်ပုတ်ခတ်နေတာနဲ့ အလားသဏ္ဍန်တူပါတယ်။

  • maungmoenyo

    May 3, 2011 at 1:50 am

    ကိုရင်သာအေးကိုရော.လမ်းပြကြယ်ကြီးကိုပါသိစေလိုတာက…
    ပြီးခဲ့တဲ့ ၁၉၆၂ ကစအာဏာယူခဲ့တဲ့ ဗိုလ်နေဝင်းအပါအဝင်၊ ဗိုလ်စန်းယု နဲ့ (၈၈) ကာလ (၇)ရက်သမ္မတတွေ အပါအဝင်။ နောက်တက်တဲ့ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ နဲ့ ခု ဥိးသိန်းစိန်တဖြစ်လဲ ဗိုလ်သိန်းစိန်တို့ ကို/က –
    (၁) လူထုရဲ့ထောက်ခံမှု မဲ့တဲ့အစိုးရလို့ သတ်မှတ်တာ ပြည်သူသန်း(၆၀) နဲ့ နိုင်ငံတကာက ပါ။
    (၂) လူထုအများစုရဲ့ ဘဝလုံခြုံအဆင့်မြင်ရေးဆိုတာဝေးရော၊ လူသားအားလုံးရဲ့အခြေခံ လိုအပ်ချက်ဆိုတဲ့ စားဝတ်နေရေးလုပ်ပေးတဲ့ အစီအမံတွေ ဒီနေ့အထိမမြင်ရသေးပါ။
    (၃) တက်လာတဲ့အစိုးရ ရဲ့နေ့စဉ်လုပ်ငန်းတွေ ကိုမီဒိယာမှာဒီနေ့အထိတွေ့နေရတာတွေက ပေါ်ပင်ကိစ္စ နဲ့ ပေါ်ပင်ကိစ္စတွေဖြစ်တဲ့၊ ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်သည်များညွှန်ကြားခြင်း၊ ပြည်ထောင်စုဝန်ကြီးမင်းများ မိန့်ခွန်းပြောကြားခြင်း စတာတွေကလွဲရင်အဆီအနှစ်ပါတာတွေ ခုထိယောင်လို့တောင်မတွေ့ရသေးပါဘူး။
    (၄) အော်…ဒါပေမဲ့….ကိုယ့်မိသားစုအသိုင်းအဝန်းတွေ နဲ့ နီးစပ်ရာ ကပ်ဖားယပ်ဖားများ ကတော့ နိုင်ငံရဲ့ အဆီအနှစ်တွေ ကို သုံးမကုန်၊ ဖြုံးမကုန်အောင်ရရှိခံစားစံစားနေကြပါလား…ကွယ်တို့။
    ဒါတွေနဲ့စာရင်….အသက်ကိုပဓါနမထားတဲ့ ဒေါ်စုရဲ့ များစွာသော (အတားအဆီးအခုတ်အထစ်တွေများစွာကြားက) သမိုင်းဝင်ဆောင်ရွက်ချက်တွေက နံသာဆီ နဲ့ ကြောင်ချီး လိုကွာကြောင်းပါခင်ဗျား။
    သွားလေသူ အလံနီ သခင်စိုးက ဗိုလ်နေဝင်းကို (၃၃)ဦးကော်မတီအစည်းအဝေး ညစာစားပွဲမှာ နောက်သလိုလိုနဲ့ ဆော်သွားတာလေးသွားသတိရမိပါရဲ့။ ဆင်းစွယ်ရွာလူသတ်မှုမှာသမိုင်းတွင်ခဲ့တယ်လို့ ဗိုလ်နေဝင်းက သခင်စိုးကိုခနဲ့တော့၊ သခင်စိုးက ပြန်ခွတ်လိုက်တာလေးကိုပါ။
    “ဗိုလ်နေဝင်း…လူထုကကျုပ်ကိုမုန်းသလားခင်းဗျားကိုမုန်းသလား သိချင်ရင်ခုချိန် လူကြားထဲခင်ဗျားနဲ့ကျုုပ်နဲ့ ဆူလေလမ်းမကြီးမှာနှစ်ယောက်ထဲယှဉ်ပြီးလျှောက်ကြည်ရအောင်လေ”…ဆိုတာကိုပါဗျာ။
    (စစ်အစိုးရနဲ့ လက်ပါးစေတွေ၊ ဗိုလ်ကျော်ဆန်းရဲ့ အကာအကွယ်တွေအပြည့်ရနေတဲ့ လမ်းပြကြယ်ကြီးတယောက်လည်း လေတွေဘယ်လောက်ကျယ်ကျယ်…သူလုံခြုံးရေးအတွက်တော့…အနဲ့ဆုံးတော့စိုးရိမ်နေရတာနေ့တဓူဝဆိုတာသူအသိဆုံးဖြစ်မှာပါ။ ဘာလို့လဲဆိုတော့……လူထုက သူ့ကို လက်မခံတာ သူ့ထက်ပိုပြီးဘယ်သူမှမသိနိုင်ပါဘူး။ …ရှေးလူကြီးများပြောလေ့ရှိတဲ့…”သာယာစီး”ဆိုတာ ဒီလိုလူမျိုးတွေပေါ့။)

Leave a Reply