အားလုံးကို မေ့ပစ်လိုက်ချင်တယ် …

etoneApril 29, 20111min15021

အငိုလွယ်ပြီး အရှိုက်ခက်တဲ့ ပုစာ္ဆတစ်ပုဒ်ကို

ညီမျှခြင်းတွေ အထပ်ထပ်ချ ထပ်တူညီဖို့ ဆန္ဒတစ်ခုထဲနဲ့

ရူးရူးမူးမူး တွက်ချက်မိခဲ့တယ် ။

ဒီနည်းနဲ့ အဖြေမတွက်လည်း နောက်တနည်းပေါ့

ပုစ္ဆာရှိလျှင် အဖြေရှိမယ်တဲ့…အတွေးကို ပိုက်ပြီး

တစ်နေ့ တစ်လံ…. ပန်းတိုင်ရောက်မှာပဲဆိုတဲ့ အသိနဲ့

ကိုယ့်စိတ်ကို တင်း ၊ အားပြင်းပြင်း နင်းကန်အဖြေရှာမိတော့ … ။

ငါ ကြိုးစား အဖြေရှာနေမိတာ ပုစ္ဆာတစ်ခုမှ မဟုတ်ပဲ ….

အကြမ်းရေးခြစ်ထားတဲ့ ချဲဂဏန်းစာရွက်တစ်ခုပါပဲ …

အမေးမရှိပဲ အဖြေထွက်ချင်နေတဲ့ ငါ့အဖြစ်

ရယ်စရာများဖြစ်နေခဲ့တာလား ….

ခဲလေသမျှ သဲရေကျမို့ … ရင်နာနာနဲ့ ရွေးချယ်မိတယ် ၊

တိတ်လေးကြေကွဲ ၊ မျက်ရည်ဝဲဝဲနဲ့ပဲ ၊ဘေးချောင်မှာ ငေးငေါင်ကာ

အားလုံးကို မေ့ပစ်လိုက်ချင်တယ် …။ ။

21 comments

  • weiwei

    April 29, 2011 at 3:11 am

    စာသားလေးတွေကောင်းတယ် …
    ပူစီလေးလဲ ချစ်စရာကောင်းတယ် …

  • manawphyulay

    April 29, 2011 at 3:24 am

    ဘဝ ဖြတ်သန်း
    ခက်ခဲကြမ်းတမ်း
    ရံဖန်ရံခါ ကျတဲ့မျက်ရည်
    တိုးတိတ် ဖျက်သိမ်း
    ကြေကွဲ ဝမ်းနည်း
    အပူမီးတွေ
    မေ့ပစ်မြစ်ထဲ
    အပြီးမျောစေချင်….

  • etone

    April 29, 2011 at 3:42 am

    long time no c နော် ..မဝေပျောက်နေပါလား …။ ကဗျာလေးက ရေးထားတာ ရက်ပိုင်းတောင် ကြာပြီ ကြောင်လေး ပုံတင်ချင်လို့ ပုံတင်လို့ရတဲ့ အထိစောင့်နေတာ … ။

  • weiwei

    April 29, 2011 at 4:01 am

    မပျောက်ပါဘူး အီးတုန်းရေ … ရွာထဲမှာ ရှိတယ် … စိတ်ညစ်စရာနဲနဲရှိနေလို့ အသံသိပ်မထွက်တာ ..

    သေနတ်ထဲ ကျည်ဆံထည့်ပြီး မဲမဲမြင်ရာ လျှောက်ပစ်မလို့ … 😛
    လွတ်အောင် ရှောင်ထားနော် … 🙂

  • ဆူး

    April 29, 2011 at 5:10 am

    မဲမဲကြီးတွေ အများကြီးဘဲ.. မဝေ ရေ.. ပြစ်တော့.. အဲ.. မပြစ်နဲ့.. ပုရွက်အုံကြီး.. ခါချဉ်ကိုက်ခံရမယ်။
    ဟီးဟီး.. နောက်တာ..

    အီးတုံးက အားလုံးကို မေ့ပစ်ချင်တယ် ပြောပြီး ကြောင်ရုပ်ကလေးက အီချီကလီ မျက်လုံးနဲ့ ပေကလပ် ပေကလပ်နဲ့.. ဘယ်သူကို ကြည့်နေတာလဲ သိဘူးနော်..

    • etone

      April 29, 2011 at 9:21 am

      ဆူးရေ … အီးစီကလီလုပ်နေတာ မဟုတ်ပါဘူး … သနားမလားလို့ မျက်နှာချိုသွေးနေတာ…:D he he … မသနားတဲ့ အပြင် မျက်နှာပြောင်လှချည်းလားတဲ့ 😛 😛

  • PinkCandy

    April 29, 2011 at 6:05 am

    စိတ်ညစ်စရာတွေကတော့ အများကြီးပါပဲ
    ကြာတော့လည်း လူက ထုံနေပြီ
    အကြမ်းရေးထားတဲ့ ချဲစာရွက်ဆိုလည်း သေချာတွက်ကြည့်ပေါ့ မမအီးတုံးရယ်
    ကံကောင်းရင် ပေါက်ဂဏာန်းရနိုင်တယ် 😛

  • naywoonni

    April 29, 2011 at 11:14 am

    အီးတုန်းက ချဲတွက်တယ်ဆိုတော့ ပေါက်ဖူးလို့လား?

    • etone

      April 30, 2011 at 2:52 am

      etone က ချဲ မတွက်တတ်ပါဘူး … ထိုးလည်း မထိုးဖူးဘူး 😛

  • bigbird

    April 29, 2011 at 4:05 pm

    ကဗျာလေးကဖတ်လို့ ကောင်းတယ်။ ဒါပေမယ့် အဓိပ္ပါယ်က ဘာကိုဆိုလိုတာလဲဆိုတာ သိတော့မလိုလိုနဲ့ မသိဘူးဖြစ်နေတယ်။

    • etone

      April 30, 2011 at 4:23 am

      ကိုငှက်ကြီးရေ… အဓိပ္ပါယ်ကတော့ …
      အကျင့်စရိုက် ၊ စိတ်နေစိတ်ထား ၊ အဆင့်တန်းပတ်ဝန်းကျင် type မတူပေမဲ့ … တူညီတဲ့ အရာတခုနဲ့ အနာဂတ်မှာ ဆုံဆည်းဖို့ ကြိုးစားတယ်ပေါ့ … အကျင့်ဆိုးတွေပြင်ရင်းနဲ့ … မတူမှန်းသိခဲ့သားနဲ့ ကြိုးစားပြီး ပြင်လျှင် မျှော်လင့်သလို ဖြစ်နိုင်မှာပါအထင်နဲ့ ကြိုးစားခဲ့ပါလျှက် နောက်ဆုံး ဘယ်လိုမှ မဖြစ်နိုင်တာ သိသွားတဲ့အခါ ….မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ကိစ္စက အရင်ကတည်းက ပုံသေနည်းရှိခဲ့တာမို့….. စိတ်မကောင်းဖြစ်မိတဲ့အကြောင်းပါ … ။ စိတ်ထဲခဏဖြစ်လာတာလေး ရေးလိုက်တာ … အခုတော့လည်း ဘာမှ မဟုတ်ပါဘူး ဟီးဟီး … 😀 etone က စိတ်ခံစားလွယ်တယ်လေ…ရုပ်ရှင်တွေ ၊ ဝတ္တုတွေထဲက ကြေကွဲခန်းတွေ ၊ အငိုခန်းတွေပါကြည့် ဒီကပါလိုက်ခံစားပြီး တစ်ခါ တစ်လေ မျက်ရည်ဝဲတတ်တယ်… အတွင်းစိတ်ကပျော့ပေမဲ့ … အပြင်သွင်ပြင်ကတော့ ခက်ထန်ပြီး ဆတ်ဆတ်ထိမခံပုံစံမျိုး ဖန်တီးထားပါတယ် ။

  • nozomi

    April 30, 2011 at 3:19 am

    အီးတုံးလေး မနေ့က ညနေပိုင်းတင်တဲ့ ပို့စ် လေးရော ဘယ်ရောက်နေတာလဲ ဖျက်လိုက်တာလား မတွေ့တော့ဘူး ဘာဖြစ်လို့လဲ (ကောင်လေးနဲ့ ကောင်မလေး ချဲဂဏန်း ၁၃ ထိုးမယ် ၁၄ ထိုးမယ် ငြင်းရင်း ထနပမ်းလုံးတဲ့ဟာလေ….. း) )

    • etone

      April 30, 2011 at 4:38 am

      ဝှိုက်တဖြစ်လဲ nozomi ရေ … မနေ့ညနေက ဘာပို့စ်မှ မ တင်ပါဘူး …တင်မယ်လုပ်တိုင်း ပုံမပါလို့ … ။ 13 နဲ့ 14တဲ့လား …. အဟဲ … ဝါသနာပါတဲ့ ရွာသူရွာသားများ … သေချာလိုက်မှတ်ပါ … ။

      • nozomi

        May 2, 2011 at 4:12 am

        အီးတုံးလေး ချဲ ဆိုတာတော့ နောက်လိုက်တာပါ ကောင်လေးနဲ့ ကောင်မလေး ရည်းစားစကားပြောတဲ့နေ့နဲ့ အဖြေပေးတဲ့နေ့ ညှိနှိုင်းကြတဲ့ ပို့စ်လေးပါ ၁၃ ရက် နေ့က နှစ်ပတ်လည် ၁၄ ရက်နေ့က နှစ်ပတ်လည် ငြင်းကြတယ်လို့ မှတ်မိလိုက်တာပဲ ဝင်မန်းမိလို့ မှတ်မိလိုက်တာ အီးတုံးမဟုတ်ပဲ တခြားတစ်ယောက်ရေးတာ ဖြစ်မယ်ထင်ပါတယ် ဆောရီးပါဗျာ…

  • bigcat

    April 30, 2011 at 4:41 am

    အီးတုံးရဲ့ကဗျာ
    ကြောင်ကြီးခံစား
    ညဏ်မများပေမဲ့
    ချန်မထားရက်လို့
    ပြောလိုက်မယ်
    အီးတုံးဘဲကြီးကို
    နာနာရိုက်…

    • ဆူး

      April 30, 2011 at 8:16 am

      အုံးဒိုင်း ဘုန်းဂွမ်း… ဒိုင်းညော့… ဂဒက် ဂဒက်…. ဘုန်း… အုန်း…..

    • etone

      April 30, 2011 at 8:29 am

      နာနာမရိုက်တော့ပါဘူး …. ဟင်းချက်စားလိုက်မယ် 😛

  • ဆူး

    April 30, 2011 at 9:38 am

    လူသားဟင်းတော့ မလုပ်နဲ့နော်.. ဥပဒေနဲ့ မလွတ်လို့ အဖမ်းခံရမယ်။ အဟမ်း…

  • နီလေး

    May 2, 2011 at 4:50 am

    မအိတုံရေ ကဗျာလေးကတော်တော်လေးကိုဖတ်လို့ကောင်းတယ် အားလုံးကိုမေ့ပြစ်လိုက်ချင်တယ်ဆိုတော့ မမေ့နိင်သေးဘူးပေါ့နော် ကဗျာလေးကောင်းလို့ကူးယူခွင့်ပြုနော် တခြားဆိုဒ်တွေမှာတင်ဖို့မဟုတ်ပါဘူး

  • wakawaka7

    May 2, 2011 at 4:56 am

    ဖတ်လို့ကောင်းပါတယ်။ပေါက်ဂဏန်းရရင်လက်လေးတို့လိုက်ပါဦး။

    • etone

      May 2, 2011 at 6:29 am

      ပေါက်ရင် လက်တို့လိုက်မယ် နှာခေါင်းပိတ်ထားလိုက်တော့ 😛

Leave a Reply