ကြက်ဖ၊ ကြက်မ သရော်စာ

koyintharayeApril 30, 20115min1717

ကားကြိတ်ခံရသည့် ကြက်အကြောင်း ဆွဲဆန့် ရေးသားချက်များ ဖြစ်သည်။ ဟာသ စာရေးဆရာ အကြည်တော်က ဖြစ်စဉ် ၃ ခု ခွဲပြီး လူ့စရိုက်ကို ပုံဖော် သရော်သည်။ သူ၏ ရေးသားချက်များကို ပြီးခဲ့သည့်နှစ်က အစပြုပြီး FaceBook, Gmail နှင့် ဘလော့စာမျက်နှာများမှတဆင့် အကြိမ်ကြိမ် ဖြန့်ဝေသဖြင့် ယခုအခါ အင်တာနက်တွင် ပျံ့နှံ့နေသည်။

တချို့က အနည်းငယ် ဖြည့်စွက်ရေးသားပြီးမှ ဖြန့်သည်ကို တွေ့ရလေသည်။

ပြောင်မြောက်သော သရော်ချက်များဖြစ်သောကြောင့် မိုးမခ ပရိသတ်များ ဖတ်ရှုနိုင်ရန် သို့မဟုတ် ထပ်မံဖတ်ရှုနိုင်ရန် ကူးယူ ဖော်ပြလိုက်သည်။

အတွေး ၁)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက်သွားသည်။

အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ဝင်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား …  ကြက်မက ကြက်ဖကို မကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် … … ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ်လ ပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ်သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ် … တဲ့။ အင်း … ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။

– – – – – – – – – – – – – – – – – –

အတွေး ၂)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် လိုက်နေသော ကြက်ဖကို ကားတစ်စီး ဖြတ်တိုက်သွားသည်။

အပျိုလေးအတွေး – အင်း- ကြက်မကို လိုက်ဖို့ ကြက်ဖတစ်ကောင်တော့ ထပ်ရှာရဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မကြည့်၊ နောက်မကြည့် လိုက်တာကိုး။ သေတာတောင် နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ … ဟို ကြက်မတော့ ကြက်ဖ မရှိရင် တစ်သက်လုံး နေရခက်ပြီ။

– – – – – – – – – – – – – – – – – –

အတွေး ၃)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော နှစ် ကောင်လုံးကို ကားက ဖြတ်တိုက်သွားသည်။

အပျိုလေးအတွေး – အစကတည်းက ကြက်ဖ မီအောင် လိုက်သင့်တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ် မဟုတ်ဘူး၊ ကြက်ဖ အပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန် လျှော့သင့်တယ်။

လူပျိုကြီးအတွေး – ဟီဟိ … အေးရော၊ ဟင်းစားတော့ရပြီ။

– – – – – – – – – – – – – – – – – –

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကြက်များခေါင်းထဲတွင် ထိုမျှသာ ရှိသော်လည်း လူတွေက မျိုးစုံတွေး၊ မျိုးစုံ ပြောနေကြလေသည်။

အကြည်တော်

——————————————————————–

ဖြည့်စွက်ချက် ၁)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက်သွားသည်။

ဗိုလ်ချုပ်မှူးကြီးအတွေး – ကြက်ဖက ကြက်မ သေအောင် စနစ်တကျ မဟာဗျူဟာခင်း လုပ်သွားတာ။ ကားသမားလည်း ငါ့လာတိုက်ဖို့ ကြံစည် လေ့ကျင့်နေတာဖြစ်နိုင်တယ်။ အစည်းအဝေး ခေါ်ပြီး ကာကွယ်တဲ့ နည်းလမ်း ရှာဦးမှ။

ပြည်ခိုင်ဖြိုးအတွေး – ကြက်မရဲ့ အသည်းအမြစ်နဲ့ ရင်အုပ်သား အထက်ကို ပေးပြီး ပေါင်သား အိမ်သယ်မှ။ ခြေရိုး၂ချောင်းတော့ လမ်းထိပ်က စွမ်းအားရှင်ကို ပေးမယ်၊ ကြက်ဖကိုပါ သတ်ခိုင်းလိုက်မယ်။ ပြီးရင် ဟိုကောင် သတ်တယ် ပြောလိုက်မယ်။

ဒီမိုကရက်အတွေး – တိုက်သွားတဲ့ ကားဒရိုင်ဘာက ကြံ့ဖွတ်ဖြစ်မှာပဲ။ ကြက်မကို ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးမှ။ တောက် … သဂြိုင်္ဟ်ခကလည်း အစိုးရ သောက်သုံး မကျတာနဲ့ မတရားတောင်းမှာ သေချာတယ်…။ ကြက်ဖကိုလည်း ဟိုကောင်တွေ သတ်စားဦးမယ်။ ငါ ကယ်တင်ဦးမှဖြစ်မှာပါ…။

ဘုန်းကြီးတပါးအတွေး – ကြက်တွေမှာ တိရိစ္ဆာန်ဖြစ်လို့ အသိဉာဏ် မရှိကြဘူး။ ကိလေသာမီးတွေ လောင်မြိုက်ပြီး ဖြစ်နေကြတော့ အသက်ပါ ပါသွားတယ်။ ရှေ့ဘဝက အကုသိုလ်ကြောင့် ဖြစ်မှာပဲ။ ဝဋ်ပေါ့။ ကားဆရာလည်း နောင်ဘဝ ဝဋ်လည်တော့မှာပဲ။ ဪ… ကားတွေရှိနေသ၍ သတ္တဝါတွေ သေကြဦးမှာပဲ…။ အနိစ္စ … ဒုက္ခ … အနတ္တ……။

Steven Yean

——————————————————————-

ဖြည့်စွက်ချက် ၂)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်၂ကောင်လုံးကို ချိုင့်ရှောင်လာသော ကားတစ်စီး ဖြတ်တိုက်သွားသည်။

ရုရှားပညာသင်ဗိုုလ်ပေါက်စအတွေး- ဒီကြက်တွေ သေတာကော၊ ကားသမားဝင်တိုက်မိတာကော ဒေါ်လာစားတွေကြောင့် ဖြစ်မယ်၊ ဒီအကြောင်း သာသာထိုးထိုးလေး Blog မှာ တက်ရေးဦးမှ။ အဘတွေ ကြိုက်ရင် ရာထူးပါ တိုးသွားနိုင်တယ်။

ပြည်သူများအတွေး- တောက် … အစိုးရသာ လမ်းတွေကောင်းအောင် ဖောက်ထားပြီး သူ့အလုပ် သူလုပ်ရင် ဒီကြက်တွေ မသေဘူး၊ ကားသမားလဲ စိတ်ဆင်းမရဲရဘူး…

အစိုးရအတွေး- အကွက်တော့ တွေ့ပြီ။ ကောင်မလေးဆီ လူတွေ အာရုံစိုက်နေတာကို ကြက်တွေ သေတဲ့အကြောင်း ပုံကြီးချဲ့၊ ကားသမားကို ထိုးကျွေးပြီး အာရုံ ပြောင်းရမယ်။ ဖားမင်းဆွေကိုခေါ်၊ ဆောင်းပါးရေးခိုင်းပြီး နက်ဖြန်သတင်းစာထဲ ထည့်မှဘဲ။

သောကြာကောင်ကောင်

—————————————————

ဖြည့်စွက်ချက် ၃)

ကြက်ဖက ကြက်မနောက်ကို အသည်းအသန် လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာသော ကြက်ဖကို ကားတိုက်သွား သည်။

ဦးသန်းရွှေ။ ။ထောင်ချထားရင် ဒီကောင် ဒီလိုသေမှာ မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်။ ။ KFC ကိုကျော်ခိုင်းပီ ၂၁ ရာစု ပင်လုံညီလာခံမှာ ဧည့်ခံရမယ်။

ဘန်ကီမွန်း။ ။ ငါသာ ကြားဝင် ညှိနိုင်းပေးရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။

အိုဘားမား။ ။ ကြိုးစားရင်းသေတာမို့ သူရဲကောင်းဆုတံဆိပ် အပ်နှင်းရမယ်။

ပြည်ပအတိုက်အခံများအတွေး။ ။ ဒီအကြောင်း မြန်မာသံရုံးရှေ့ သွားအော်ပီး ဆန္ဒပြမယ်။

ပြည်တွင်းအတိုက်အခံများ။ ။ ဒါဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ကွက်ပဲ။ ကားသမားကို အချိန်ကိုက် သတ်ခိုင်းလိုက်တာ။

မြေအောက်လှုပ်ရှားသူများ။ ။ ဟဟ … စစ်အစိုးရမကောင်းလို့ ဆိုပီး လက်ကမ်းစာစောင် ဖြန့်ရမယ်။

ကျော်သူ။ ။ ဒီကောင့်ကို သဂြိုင်္ဟ်ပေးလိုက်ရင် ဖေ့ဘွတ်မှာ တပုဒ်ရေးလို့ရပြီ။

အော်ပီကျယ်။ ။ ဒါဟာ ကာတွန့်တကွက်ပဲ။ ဖေ့ဘွတ်မှာ ဖွရမယ်။

ဘလော်ဂါ။ ။ ဒီသတင်းကို သူများထက် ဦးအောင် တင်မယ်။

ငါမင်းဆွေ။ ။ ဒီကြက်ဖ ဘာလဲ၊ ဘယ်လဲ။

BDC ။ ။ BBC မှာ အင်တာဗျူးဖို့ အကြောင်းတခု ရပီ။ ပီးရင်၊ ဖေ့ဘွတ်မှာ တင်ရမယ်။

လက်နက်ကိုင်များ။ ။ ဒါ တွဲရေးထက်စာရင် ပိုကောင်းတဲ့ ခွဲရေးပဲ။

စွမ်းအားရှင်များ။ ။ ကားပေါ် ဆွဲတင်ကွာ။

ကြံ.ဖွတ်။ ။ ကြိုတင်မဲ မပေးလို့သေတာ။ နေပစေ။

အလင်းစေတမန်မှရသည်(ဝေဖန်ကြဘို့ပါ)


7 comments

  • bigcat

    April 30, 2011 at 2:45 am

    မန်းဂေဇက်တွင် တင်ပြီးသားဖြစ်သည်။ ဖျက်ပေးရန် တောင်းဆိုပါသည် သဂျီးခင်ဗျား…
    သာအေးရယ် မင်းနှယ်ကွာ.. သူများဟာတွေ ကူးချတတ်ယုံသာတတ်တဲ့ကောင်ကများ ရာရာစစ ဒေါ်အောင်ဆန်းစုကြည်ကို မို်က်မိုက်ရိုင်းရိုင်း သခင်အားရကျွန်ပါးဝ ပြောရဲသေးတယ်။ ကိုယ့်အစွမ်းအစနဲ့ လူလုပ်စမ်းပါ။ မင်းအဘတွေလို ခါးထောက်ပြီး ဖြတ်စားလာဘ်စား ဟောက်စားကောက်စားက မြန်မာပြည်မှာပဲရမယ်။ ဒါမန်းဂေဇက်ကွ…

  • ogre

    April 30, 2011 at 3:13 am

    ဘာတွေလည်းတိဝူး
    ..ကြက်ဖ..ဥကြီးကြီးဥ
    ..ကြက်မ..ကပ်သီးကတ်သပ်တော်ကပ်သီးကပ်သပ်တော်
    ..ကြက်ကလေး…ပြီးရော့ပြီးရော့
    ..အသတ်လည်းခံရရော…ကုလားသတ်တာကုလားသတ်တာနဲအော်ပြေးကြတာပဲသိတယ်

  • bigbird

    April 30, 2011 at 5:51 pm

    “ထွက်သွား….ထွက်သွား “

  • kai

    April 30, 2011 at 10:59 pm

    http://myanmargazette.net/34931/creative-writing/short-story

    အပေါ်က.. လင်ခ်မှာ… တင်ပြီးသားဖြစ်ပါတယ်..။
    အဲဒီထဲကကျုပ်တွေး-ရေးထားတာပါ…နောက်ပိုင်းဗားရှင်းမှာ.. ရောပါကုန်ပါတယ်..။

    ထားပါတော့…
    ကိုရင်သာအေးရေ..
    “မတူသောအတွေးနဲ့..ကိုယ်ပိုင်စာချရေး”ပေးစေလိုပါတယ်နော..။
    အထူးသဖြင့်… (အငြင်းအခုန်တွေဖြစ်စေတဲ့)ဘာသာရေးနဲ့ နိုင်ငံရေးကဏ္ဍတွေမှာပေါ့…။

    အငြင်းပွားစရာတွေ.. အပြန်အလှန်ပြောတာတွေဖြစ်လာရင်.. မူလပို့စ်တင်သူက.. တာဝန်ယူ ဒိုင်ခံပြန်ရေးရမှာမို ့ပါ..။

  • moethidasoe

    May 1, 2011 at 8:43 am

    အခုတော့ သိသွားပြီ သာအေး ဆိုတာ ကြံ့ဖွတ် နောက်လိုက် ဆိုတာ

  • char too lan

    May 2, 2011 at 5:12 am

    ကိုကိုကြောင် ဒေါသတွေလျှော့ပါဗျ သူ့စရိတ်နဲ့ သူသွားပါလိမ့်မယ် 🙂 🙂

Leave a Reply