Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

NLD

koyintharayeApril 30, 20111min3098

မြန်မာ့အသက်ကြီးသူများအများဆုံးပါဝင်သော NLD ပါတီ

8 comments

  • tattoo

    April 30, 2011 at 12:25 pm

    နှစ်ဆန်းတရက်နေ့ တုန်းက သက်ကြီးပူဇော်ပွဲ လုပ်သေးလား !!

  • Ko Ko Aung

    April 30, 2011 at 2:45 pm

    ဒေါ်စုကိုဖယ်ပြီးပြောရရင် သူတို့ထဲကအများစုဟာ တဦးချင်းအနေနဲ့ တကယ့်“လူ” တွေချည်းပဲ။ သူတို့ပေါင်းပြီးမှ သိပ်ခြေစွမ်း မပြနိုင်ကြတာ။ မြန်မာ့လက်ရွေး စင်အသင်းလိုပဲလို့ တချို့ကနောက်ကြလို့ အဲသလိုမရို မသေမပြောဘို့ ကျွန်တော် ကန့်ကွက်ခဲ့ရပါတယ်။

    အသက်ကြီးတာအပြစ်မဟုတ်ပါ။
    အသက်ငယ်သူတွေကို နေရာမပေးရင်တော့ အမျှော်အမြင်မရှိရာ ကျပါတယ်။

  • bigcat

    April 30, 2011 at 7:33 pm

    အယ်ဒီတာခင်ဗျား …

    (သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးရာ အကြံပေးခေါင်းဆောင် ဦးမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန် အကြံပေးခြင်းမျိုး ရှိခဲ့ကြောင်း ပြောဆိုခဲ့သူတဦး ဖြစ်သည်။ သူ၏ အယ်ဒီတာ့ထံ ပေးစာကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။)

    ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုး ထင်ကြေးပေး ပြောဆိုနေကြတာကို လူကြီးမင်းတို့လည်း သိပြီးဖြစ်မှာပါ။ ကျနော့်အနေနဲ့ သူနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ဖူးပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ လွတ်လပ် ပွင့်လင်းမှု ရှိပြီးတော့ နားလည်မှုရှိတဲ့ မိတ်ဆွေ အနေအထားနဲ့ စကားပြောခဲ့ကြတာပါ။ ကျနော်ဟာ သူ့ထက် အများကြီး အသက်ကြီးသူ ဖြစ်ပြီး၊ တက္ကသိုလ် ပါမောက္ခအဖြစ်လည်း ခေတ္တ တာဝန် ထမ်းဆောင်ခဲ့ဖူးသူပါ။ သူက အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ကျနော့်ကို တလေးတစားနဲ့ “ဆရာ” လို့ ခေါ်ဝေါ်ခဲ့ပါတယ်။

    တခါတခါမှာတော့ ကျနော်တို့ စီးပွားရေး အကြောင်းတွေ ပြောဆိုဆွေးနွေးကြပါတယ်။ အဲလို အချိန်တွေ ဆိုရင်တော့ ကျနော်က ပိုပြီး စိတ်တိုနေတတ်ပါတယ်။ အဲလို အခါမျိုးမှာဆိုရင် သူကတော့ အေးဆေး တည်ငြိမ်စွာနဲ့ သူပြောချင်တာကို ရွှင်ရွှင်လန်းလန်း ပြောဆိုဆွေးနွေးလေ့ ရှိပါတယ်။ ဒါ့ကြောင့် ကျနော့်အနေနဲ့ ‘ဘယ်သူက ဘယ်သူ့ကို စိတ်သက်တောင့်သက်သာ ဖြစ်လာအောင် ကြိုးစားနေတာလဲ” လို့တောင် မကြာခဏ တွေးမိပါတယ်။

    စီးပွားရေးဟာ အလွန် အရေးကြီးတာကြောင့် စီးပွားရေး ပညာရှင်တွေတင် မကဘဲ ကျနော်တို့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ကျနော် သူ့ကို ပြောပြခဲ့ဖူးပါတယ်။ သူကလည်း သဘောတူပါတယ်။ ကျနော့်အနေနဲ့ ကုလသမဂ္ဂမှာ ဝါရင့် စီးပွားရေးပညာရှင် တယောက်အနေနဲ့ အနှစ် ၂ဝ တာဝန် ထမ်းဆောင်ခဲ့ဖူးပေမယ့် ကျနော့်ကို ကုလသမဂ္ဂ အတွေ့အကြုံ အနှစ် ၂ဝ ရှိခဲ့တဲ့ လူတယောက်အနေနဲ့ မမြင်ဖို့နဲ့၊ ၁ နှစ် အတွေ့အကြုံကို အကြိမ် ၂ဝ တွေ့ကြုံခဲ့တဲ့သူအဖြစ်ပဲ သဘောထားဖို့ သူ့ကို ကျနော် ပြောဆိုခဲ့ပါတယ်။ ကျနော့် အနေနဲ့ ကုလသမဂ္ဂမှာ အနှစ် ၂ဝ တာဝန် ထမ်းဆောင်ခဲ့ဖူးတာကြောင့် လိုအပ်လာရင် သဘောထားတွေ အယူအဆတွေကို အလွန်ပင် ပျော့ပြောင်းပေးနိုင်တဲ့သူ ဖြစ်ပါတယ်။

    ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်တစား ထင်မြင်ချက်ပေး ဝေဖန်ပြောဆိုကြသူအားလုံးကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောကြားရင်းနဲ့ ကျနော့်စာကို နိဂုံးချုပ်ပါရစေ။ အားလုံးအနေနဲ့ စိတ်သက်တောင့်သက်သာနဲ့ အမြင်ကြည်လင်စေရေးအတွက် ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံး ပါးခဲ့တဲ့ စကားလေးကို ဖော်ပြပါရစေ။

    “ချစ်ခင်ရပါသော မစုစု၊ မိုးဇက်ရဲ့ ဂီတကို နားဆင်ပါ။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ ပြီးတော့ မစုစုရဲ့ အင်တာနက်သုံးတဲ့အခါ “server not found” တို့၊ “Oops! You have been disconnected” ဆိုတဲ့ စာတွေ တွေ့ခဲ့ရင် သိပ်ပြီး စိတ်ညစ်မနေပါနဲ့။ အဲဒါက မစုတယောက်ထဲ မဟုတ်ဘဲ ကျနော်တို့အားလုံး အချိန်တိုင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ဟာပါ။ နွေးနွေးထွေးထွေး ခင်မင်လေးစားလျက် – ဆရာဦးမြင့်”

    ဆုမွန်ကောင်းများစွာဖြင့်
    ဦးမြင့်
    http://www.mizzimaburmese.com/edop/letters-to-editor/7470-2011-04-30-13-58-19.html

  • kai

    April 30, 2011 at 8:17 pm

    ရုံးမှာ ကွန်ပြူတာနားမလည်.. အင်တာနက်သိပ်မသုံးတတ်တဲ့ အသက်ကြီးသူတွေနဲ့ အလုပ်လုပ်ရရင်..အင်မတန်ဂွကျတယ်..။
    ဒီ ၁ဝစုနှစ်တခုလောက်တင်မှာ ..အရမ်းကို သိသာကွာခြားသွားတာ…။

    ပြောရရင်.. အသက် ၆၅-၆၇(ယူအက်စ်မှာ ပင်စင်အရွယ်) ကအလကားထားတာမဟုတ်ဘူးလေ..။ အဲဒီအရွယ်မှာ လူခန္ဓာဟာ အရာရာကို တုံ့ပြန်တာနှေးပြီး..ငြင်းပယ်နေပြီ..။
    သူတို့ကို အလုပ်တွေဆက်လုပ်ခိုင်းနေရင်..လူကြီးတွေကို ငြင်းဆဲနေသလိုပါပဲ..။

    ဆိုတော့..
    အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်က ..လူကြီးတွေကို ပင်စင်ပေးသင့်ပြီလို့ထင်ပါတယ်…။
    ..လွန်လှ….အကြံပေးအရာရှိနေရာလောက်ထားပေါ့…။
    ဒါဆိုရင်တောင်… ယူအက်စ်ရဲ့ ရီပါ့ဗလစ်ကန်င်-ဂျီအိုပီ (Grand Old Party) ထက်ပိုလို့ ကွန်ဆာဗေးတစ်ဖြစ်နေကြဦးမှာ..။

    ဟိုဖက်ကအတိုက်ခံဖြစ်လာမဲ့..ပြည်ခိုင်ဖြိုးကလည်း.. ကွန်ဆာဗေးတစ်..။ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ကလည်း ကွန်ဆာဗေးတစ်ဆိုရင်.. လစ်ဘရယ်တွေက…တတိယအဖွဲ ့အဖြစ်ခွဲထွက်သွားမှာမို ့.. ကွဲထွက်ဖို့.. အခြေအနေဖန်တီးပြီးသား နိုင်ငံရေးစံနစ်ကို .. တည်ဆောက်နေသလိုဖြစ်သွားနိုင်ပါတယ်..။

  • moethidasoe

    May 1, 2011 at 5:08 am

    သာအေးကို comment မပေးချင်ပေမယ့် kai ရဲ့ လူကြီးတွေ ပင်စင်ပေးသင့်တယ် ဆိုတဲ့အချက်ကို ထပ်မြင်လိုက်လို့ ရေးမိတယ် .. ဟို အသက် ၇ဝ ကျော် နိုင်ငံတော်ကို ဟို ရောက်အောင် လုပ်ခဲ့တဲ့ လူတွေကိုတော့ ဘာမှ မပြောရဲကြပဲ .. ကိုယ့်ကို ဘာမှ ပြန်မပြောတဲ့လူတွေကိုမှ ဘာကြောင့် ဝိုင်း နှိပ်ကွပ်ချင်ကြတာလဲ လို့

  • paukpauk

    May 1, 2011 at 3:32 pm

    moethidasoe ပြောတာကို ကိုထောက်ခံတယ်ဗျာ။
    လူငယ်တွေ မှာမရှိတဲ့ ဗဟုသုတတွေ က တန်ဘိုးဖြတ်လို့မရပါဘူး။
    ဦးဝင်းတင်လိုတောင် ပြောရဲတဲ့သူရှိသလား..
    သူ့အယူဝါဒအစွန်းရောက်တယ်ပြောပြီး ဝေဖန်ကြမယ်လား။
    လူငယ်လဲ လူငယ်အလျောက်..အနာဂတ်ရှိလို့..ဖြစ်သလို
    လူကြီးက အနာဂတ်က သူ့အတွက်လို့သဘောမထားလို့
    ခုလိုလုပ်နေနိုင်ကြတာပါ။

  • nature

    May 1, 2011 at 4:05 pm

    အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်က ..လူကြီးတွေကို ပင်စင်ပေးသင့်ပြီလို့ထင်ပါတယ်…။ …ဆိုတာနဲ့ပတ်သက်ပြီး ဒီနေရာဟာနိုင်ငံတော်သမတ္တနေရာလို ဘာမှရာထူးအာဏာပါဝါအခွင့်အရေးတွေ မက်လုံးတွေရှိတဲ့နေရာမဟုတ်ပါ၊ မည်သူကမှလည်းလုစရာမလိုပါ၊ ဒီနေရာရာရယူရဲတဲ့သူတွေဟာထောင်နှုတ်ခမ်းမှာလမ်းလျှောက်ရသလိုပါပဲ၊ risk အရမ်းများပါတယ်၊ ဘာမျှကိုယ့်အတွက် ကောင်းကျိုးကျေးဇူးမရှိပါ၊ ဒီနေရာကိုကိုယ်ကျိုးစွန့်ပြီး ယူရဲသူကိုချီးကျူးရမှာပါ။

Leave a Reply