ငါကွ မြို့သား
တစ်ခါတုန်းက မြို့ပေါ်က လူငယ်နှစ်ယောက်ဟာ အားလပ်ရက်မှာ တောရွာလေးတစ်ရွာကို သွားလည်ကြတယ်။ မြစ်ကမ်းဘေးမှာ ရှိတဲ့ အဲဒီရွာလေးမှာ အေးအေးဆေးဆေး ၂ရက် ၃ရက် နေထိုင်ကြတယ်။ မြို့နဲ့အလှမ်းဝေးတဲ့ အဲဒီရွာလေးမှာ မြို့သားနှစ်ယောက်ဟာ ပေါ်ပြူလာပေ့ါ။ သူတို့နှစ်ယောက်ဘေးမှာ မြို့အကြောင်း၊ အဝတ်အစား၊ အနေအထိုင်အကြောင်း သူတို့သိချင်တာတွေ လာပြီးမေးမြန်းပြောဆိုကြတဲ့ ရွာသူရွာသားတွေ ဝိုင်းဝိုင်းလည်နေတာပဲ။ ဒီလိုနဲ့ ရက်နဲနဲကြာလာတော့ သူတို့နှစ်ယောက်ဟာ ပျင်းပျင်းရှိတာနဲ့ ငါးမျှားချင်စိတ်ပေါက်လာတယ်။ အဲဒါနဲ့ နှစ်ယောက်သား ငါးမျှားတံတွေယူပြီး မြစ်ကမ်းရှိရာဖက်ကို ငါးမျှားဖို့ ထွက်လာကြတယ်။ သူတို့နှစ်ယောက်ဟာ ငါးမျှားနေလိုက်ကြတာ အချိန်တော်တော်ကြာတဲ့အထိ ငါးတစ်ကောင်မှ မရဘူးတဲ့။ အဲဒီအချိန်မှာ ရွာသားတွေကတော့ ငါးတွေရပြီး ရွာထဲပြန်ပြန်သွားကြတာကို တွေ့ရတယ်။ အဲဒီတော့ မြို့သားနှစ်ယောက် စဉ်းစားမိတာက ငါတို့ဟာ မြို့သားတွေဖြစ်ပြီး တောသားတွေလောက်တောင် အဖြစ်မရှိရင် သိက္ခာကျတယ်ဆိုပြီး ငါးရလာတဲ့ ရွာသားတစ်ယောက်ဆီက ငါးသလောက် ၉ကောင် ဝယ်လိုက်တယ်။ ပြီးတော့ ခပ်တည်တည်နဲ့ သူတို့နှစ်ယောက်ရဲ့ငါးမျှားချိတ်တွေမှာ တစ်ကောင်စီချိတ်ပြီး ကျန်တဲ့အကောင်တွေကို လက်မှာဆွဲပြီး ရွာထဲဝင်တယ်။ သူတို့နှစ်ယောက်ကို တွေ့တဲ့ ရွာထဲကလူတွေဟာ ပြုံးစိစိ ဖြစ်သွားကြတယ်။ သူတို့နှစ်ယောက်ကလည်း ထူးဆန်းသလိုလိုတင်ပေမယ့် ငါတို့ကို မြို့သားဆိုပြီး အထင်ကြီးလို့ ကြည့်ကြတာနေမှာပဲ ဆိုပြီး မြောက်ကြွမြောက်ကြွနဲ့ပေါ့။ အဲဒီလိုနဲ့ ရွာလယ်ပိုင်းလောက်လည်း ရောက်ရော ကလေးတစ်သိုက်က ဦးလေးတို့ အဲဒီ ငါးသလောက်တွေ ဘယ်ကဝယ်လာတာလဲလို့ မေးတယ်။ သူတို့က ကလေးတွေကို ဘယ်ကဝယ်လာရမှာလဲ။ ငါတို့မျှားလာတာပေ့ါကွ ဆိုတော့ ကလေးတွေက မညာပါနဲ့ ဦးတို့ကလည်း လို့ဆိုတယ်။ အဲဒီတော့ မြို့သားထဲက တစ်ယောက်က ကလေးတွေကို ဟေ့ ဒီမှာ ငါက ၅ကောင် ဟောဒီ ဦးက ၄ကောင် မျှားလာတာကွ လို့ ပြန်ပြောလိုက်တယ်။ အဲဒီအခါမှာ ကလေးတွေက ဝိုင်းရီကြပြီး ဟာ ဦးတို့ကလည်း ငါးသလောက်ဆိုတာ ပိုက်နဲ့ပဲ ဖမ်းလို့ရတယ်။ ငါးမျှားတံနဲ့ မျှားလို့မရဘူးဗျ-တဲ့လေ။ ကဲ ကောင်းကြသေးရဲ့လား မြို့သားတို့ရေ။
24 comments
ဆူး
May 1, 2011 at 3:16 pm
၉ ကောင် ဆိုတော့ နဝင်းကိုက်ပြီး ဝယ်တာလား မသိဘူး။
သဂျီးကို လက်ထိုးဖို့ ဝယ်တာလာ ဆိုရင်တော့ ကလေးတွေ သိကုန်တာ အခက်သား။
kopauk mandalay
May 1, 2011 at 3:32 pm
ဆူးမမရေ သဂျီးကို လက်တော့ မထိုးပါနဲ့။
လာဘ်ထိုးရင် ထုးိပါ။
မြို့သားကလဲ ငါးမရတော့ ဘာဖြစ်လဲ ရေချိုးပြန်လိုက်ရင်ပြီးတာကိုပိုက်ဆံအကုန်ခံပြီး ငါးဝယ်ရသေးတယ်လို့
ဆူး
May 1, 2011 at 3:37 pm
ဟီးဟီး.. သဂျီးကို လက်ထိုးရင်.. တော်ကြာ ခလုပ်တိုက်လို့ လက်ကျိုးမှာတောင် စိုးရတယ်။ မီးမီးကြောက်ကြောက်.. ဒုတ်ဘဲ ထိုးတော့မယ်။ အဟီး..
paukpauk
May 1, 2011 at 3:46 pm
စာရေးဆရာမ ဆူး ခံလိုက်ရပြီ။
စာရေးကောင်းချင်ရင် သတ်ပုံ သတိပြု။
:))
ဆူး
May 1, 2011 at 4:40 pm
စာရေးဆရာမ မဟုတ်ပါဘူး။ အပျော်တမ်း စိတ်ထဲ ရှိတာ ချရေးနေတဲ့ လူ ပါရှင်။
ချီးမွမ်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
တညင်သား
May 1, 2011 at 4:44 pm
ငါးသလောက်ဆိုလို့ … သန်လျင်မှာ သင်္ဘော မှောက်တော့ အဲဒီငါးတွေ ဝယ်မဲ့သူမရှိဘူး ပေါမှပေါ…..နာဂစ်ပြီးတော့ ဧရာဝတီတိုင်းဒေသကြီးက ငါးတွေ စားကြလားမသိဘူး………….
မိုက်ကယ်ဂျော်နီအောင်ပု
May 1, 2011 at 4:47 pm
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟို့
ရှေးရှေ့တုန်းကပေါ့
မီးရထားဆိုတာ ပေါ်စကလို့တော့ပြောတာပေါ့
ဗမာပြည်မှာ
လူတစ်ယောက်ဟာ မီးရထားစီးခြင်လွန်းလို့
ပေါက်ပေါက်ရောက်ရောက်ရှိတဲ့လူတစ်ယောက်ကိုခေါ်ပြီးမီးရထားသွားစီးကြတယ်
ဟိုလူကလည်းသူ့ကို ကြည်နူးစေခြင်လွန်းလို့
ဂတ်ဗိုလ်နဲ့ညှိပြီး ရထားခေါင်းပိုင်းမှာစီးလို့ရအောင်လုပ်ပေးတယ်
ဒီလိုနဲ့ဘဲစီးလာတာပေါ့ရထား
ဘေးလက်ရမ်းကိုကိုင်ပြီးအနောက်ဘက်အတွဲတွေကိုကြည့်လိုက်
အရှေ့ကိုကျော်ကြည့်လိုက်နဲ့ပေါ့
တော်တော်ကြာကြာဖြစ်လာတော့
သူ့လူကသူ့ကိုမေးတယ်
ဘာတွေအရှေ့ကြည့်လိုက်အနောက်ကြည့်လိုက်လုပ်နေတာလဲမေးတော့
ပြန်ပြောလိုက်တယ်
အားပါးပါး
ကြည့်စမ်း
ရထားသွားနေတာတော်တော်ကြာပြီ
အနောက်ကရထားတွေဟာ ဒို့ရထားတွေကို လုံးဝမမှီဘူး
ဒဲ့
ရီးနော်
ရီစရာပြောတာ မရီရင်ချိတ်ချိုးမယ်
noob
May 1, 2011 at 6:09 pm
ရီ နေပြီ မယုံရင်ဓာတ်ပုံကိုကြည် နောက်ပြီး ချိတ် ကို ရှောက်မချိုးနဲ ့သိမ်းထား မသိမ်းနှိုင်တော့ရင်သူများပေးပလိုက် 😀
bigcat
May 2, 2011 at 4:00 am
အဟီးဟီး အဟားဟား အဟွတ်ဟွတ် .. ချောင်းဆိုး၍ ရပ်လိုက်သည်။
nagargyi
May 2, 2011 at 5:25 am
ဲမြို့သားတွေ တောရောက်ရင် လူထင်ကြီးအောင် လုပ်တတ်ပုံတစ်ခု။
သဘောကျတယ်။
hsu hsu
May 2, 2011 at 9:04 am
ွှရယ်ရတယ်ဗျို့………..ဝါးဟားဟား။
hsu hsu
May 2, 2011 at 9:04 am
ွှရယ်ရတယ်ဗျို့………..ဝါးဟားဟား။ကဲ ကျေနပ်ပြီလား
nature
May 2, 2011 at 12:16 pm
ကျွမ်းကျင်ရာ လိမ္မာတဲ့၊ ကိုယ်မကျွမ်းကျင်တဲ့ ငါးဖမ်းတဲ့အလုပ်ကို ကျွမ်းကျင်တဲ့တောသားရှေ့သွားကြွားတာကိုး။
padonmar
May 2, 2011 at 1:09 pm
ကျွန်မကတော့ တောသူပါရှင်၊:D
MaMa
May 2, 2011 at 2:40 pm
လူတစ်ယောက်ဟာ နေရာတိုင်းမှာ တတ်သိနားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်မကျွမ်းကျင်တဲ့ နေရာမှာ တတ်သိနားလည်သူထံမှာ မရှက်မကြောက် တပည့်ခံပါ။
kopauk mandalay
May 2, 2011 at 2:51 pm
တော်သေးတာပေါ့ ကိုမိုက်ကယ်ကိုဂျော်နီကိုအောင်ပုရေ
နောက်ဆုံးတွဲကသာစီးလာပြီး ရှေ့မီးခိုးတွေထွက်နေတဲ့ကောင်ကြီးကိုဇွတ်ကျော်ခိုင်းရင် တော့ ဒွတ်ခပါဘဲ
unclegyi1974
May 2, 2011 at 4:17 pm
ဒါတွေကြောင့်ရှေးလူကြီးတွေက
မသိရင်မေး မစင်ရင်ဆေးလို့ပြောခဲ့တာနေမှာ
char too lan
May 3, 2011 at 5:48 am
Page တစ်ခုထဲမှာ Post နှစ်ခုဖတ်ရဒယ်
ဟားဟားးးး ဟီးးဟီးးးး 😛
cobra
May 3, 2011 at 6:02 am
၂ယောက်စလုံးကိုကျေးဇူးတင်ပါတယ်
စိတ်ညစ်နေတဲ့အချိန်မှာတကယ်ကိုအူတက်အောင်ရယ်လိုက်ရပါတယ်။
အခုချိန်ထိလည်းရယ်နေရသေးတယ်..။
cum min
July 11, 2012 at 12:04 pm
အော်..မရယ်ပဲ…အိုက်တင်ခံသွားတယ်နော်…ဟဲဟဲ..
10တန်မျက်နှာထားနဲ..လစ်ပြီ
မောင်ပေ
July 11, 2012 at 1:15 pm
၁၅ ဖြစ်နေပြီ ကိုယ့်လူရဲ ့
mamanoyar
July 11, 2012 at 1:21 pm
ဟားးးးးးးးးးးးးးးး
ဖတ်ပြီးရယ်သွားပါတယ်
မြို့သားလေးတွေ သနားပါတယ် ငှဲငှဲ
စတာနော် စိတ်ဆိုးကြနဲ့ 🙂
မောင်ပေ
July 11, 2012 at 2:09 pm
နိုရာလေးရယ်
ကျန်တာတွေ မေ့ထားလိုက်
ကိုပေ့ ကို ဘဲ သနားပါကွယ်
ဂျစ်တာ
water-melon
July 11, 2012 at 4:16 pm
ဟိတ်လူကြီး နိုရာလေးကိုမထိနဲ့
အသက်ကြီးပြီး အချိန်မစီးတဲ့လူကြီး
နိုရာလေးက ဖရဲအတွက်ပါ
ပြန်လာပါ နိုရာ ……