Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိမ်းလဲ့ကန်သာလမ်းက ငါလောင်းပြိုင်လူသတ်မှု တရားခံမပေါ်သေးပေမယ့် အမွေတော့ ခွဲလိုက်ပြီ

လင်းဝေMay 13, 20111min57717

မြန်မာပြည်မှာ လူတွေ တော်တော်စိတ်ဝင်တစားရှိကြတဲ့လူသတ်မှုထဲက တစ်ခုပါ။ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းက ဝန်းနဲ့ ခြံနဲ့ သူဌေးအိမ်ကြီးမှာ ၂၀၀၈ ခုနှစ် မတ်လက မကြုံဖူးတဲ့ ပုံစံနဲ့ လူသတ်သွားပြီး လူသတ်သမားတွေကလည်း သေနတ်ပါကိုင်နိုင်တယ် နောက် ငါးယောက်ကို အေးအေးဆေးဆေးသတ်သွားတယ်။ ပြီးတော့ ထွက်ပြေးလွတ်မြောက်နေတယ်။ စသည် စသည် များနဲ့ အတူ အခြား သို့လောသို့လော တွေးဖွယ်ရာတွေ ကလည်း ရပ်ကွက်ထဲက လူတွေအထိ တရားခံကို မှန်းဆ ပြောဆိုနေကြတဲ့ လူသတ်မှု ကြီးဖြစ်ပါတယ်။ အဲဒီလို ဟိုးလေးတကျော် လူသတ်မှုြကြီးဖြစ်ပွားခဲ့ပြီး ၃ လကျော်လောက် အကြာ နေပြည်တော်၌ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ သတင်းထောက်တစ်ဦးက တရားခံမိတော့မလား အမှုပေါ်တော့မလားလို့ မေးမြန်းတာကို ထိုအချိန် ရဲချုပ် တာဝန်ယူထားသူ (အခု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဖြစ်လာသူ ) ဗိုလ်မှုးချုပ်ခင်ရီက “နီးစပ်နေပါပြီ ၊ မှန်းဆထားသည့်အချက်များ ရှိနေပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။ သို့သော်လည်း နောင်ကျင်းပသော သတင်းစာရှင်းလင်းပွဲများတွင် ထိုအမှုအကြောင်းမေးခြင်း ဖြေခြင်းများ လုံးဝ မတွေ့ရတော့ပါဘူး။ အမှုပေါ်အောင် မဖော်နိုင်သော်လည်း ရဲချုပ်ကြီးကတော့ ဝန်ကြီးဖြစ်လာပါပြီ။

ဒီလို ဒီလို ငါးလောင်းပြိုင်လူသတ်မှုကြီးမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ဆွေမျိုးရင်းဖြစ်သူ နှစ်ဦးကို ခွဲဝေပေးလိုက်ပြီဟု မကြာမီက ခွဲဝေပေးလိုက်တာဖြစ်ကြောင်း ထိုအသိုင်းအသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးကပြောတဲ့အကြောင်း အင်တာနက် သတင်းဆိုက်တစ်ခုမှာ တင်ထားတာတွေ့ပါတယ်။
အောက်မှာ သတင်း တင်ပြချက်ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တဝက်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ သုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။

ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်သည်ဟု နီးစပ်သူကပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်၊ မည်မျှ ကျန်ရစ်သည်ကို အတိအကျပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုသည်။

၎င်းလူသတ်မှုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ဖြစ်ပွားသည့်နေရာသည်လည်း နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် အတွက် လူစိတ်ဝင်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့သည်။

နေ့ခင်းအချိန်တွင် ကားဖြင့်ဝင်လာပြီး အိမ်ရှိမိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတဝိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။

အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖေါ်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့သည်။

လူသတ်သမားများ အနေဖြင့် မီးခံသေတ္တာ ၁ဝ လုံးအနက် ရ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်ကပါဝင်ခဲ့သူ ရဲဝန်ထမ်းတဦးကပြောဆိုသည်။

လူသတ်မှု ဖြစ်ပွားပြီး ၃နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ ယခုလို အမွေခွဲဝေခြင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကဲ ဘယ်သူတွေကော ဘယ်လိုမြင်ကြသလဲ။ တရားခံဘယ်သူဖြစ်မယ်ထင်သလဲ။ ဘာဖြစ်လို့ ဖမ်းမမိတာလည်း။ သိတဲ့သူများရှိကြရင် ပြောကြ ဆွေးနွေးကြပါဦး။

17 comments

  • susunosuki

    May 13, 2011 at 5:49 am

    သေနတ်ကိုင်ပြီး အနုကြမ်းစီးသူတွေကို လက်ရဖမ်းဆီးသင့်ပါတယ်။ အများပြည်သူရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက်ပါ။ ဒီတစ်ခါတောင် လွတ်သေးတာပဲဆိုပြီး နောက်တစ်ခါ အတင့်မရဲဘူးလို့ မပြောနိုင်ပါဘူး။

  • naywoonni

    May 13, 2011 at 6:54 am

    အော်…ဟောဟော….. မိုးကုတ်ဦးမြမောင်ရဲ့ သမီးလား ဆရာသော်တာဆွေ ရေးဘူးတယ်……။ တော်တော်ချမ်းသာတာပဲ…။ ပါရီမှာတောင်ကျောက်မျက်ဆိုင် သွားဖွင့်သတဲ့….။ စီးနေတဲ့ကား စီးစားတာ ခဏခဏ ထည့်နေရလို့ဆိုပြီး သူများအလကားပေးပစ်သတဲ့……..။ ဒီမှာ နေပြီးချမ်းသာတယ်ဆိုတာ သူအိပ်နေသလောက်ပဲတဲ့…….။ ခုတော့ မျိုးဆက်ပြတ်သွားရှာပြီပေါ့….။

  • manawphyulay

    May 13, 2011 at 7:40 am

    ဒီလောက်ကြာနေတာ အမှုက မပေါ်တာလား။ မဖော်ထုတ်တော့တာလား မသိဘူးနော်…

  • athaylay

    May 13, 2011 at 10:07 am

    အမှုကရှုပ်တာလား…. လိုက်နေတဲ့သူတွေပဲ ညံ့နေကြလို့လား….

  • nozomi

    May 13, 2011 at 10:33 am

    ခဏလေး သည်းခံ ပြီး စောင့်ပေးကြပါ မြန်မာပြည်မှာ NIB လည်း ဖွဲ့ပြီးသွားပြီ အထူးတပ်ဖွဲ့တွေလည်း ဘင်လာဒင်ကို ဖမ်းမိပြီး နောက်တနေ့ကနေ စဖွဲ့နေပါပြီ ၁ဝ နှစ် မပြည့်ခင်မှာ ဘင်လာဒင်ကို ဝင်စီးသလို ဝင်စီးပြီး ဖမ်းပါမယ်တဲ့

  • intro

    May 14, 2011 at 3:58 am

    ကြိုက်တယ်ဗျာ… nozomi comment လေးကို Like လို့မရလို့ ဝင်အားပေးသွားပါတယ်…

  • nigimi77

    May 14, 2011 at 4:17 am

    အဲလောက် ချမ်းသာတာ ဘာလို ့ မြန်မာပြည်မှာ နေတာလဲ မသိ။

  • padonmar

    May 14, 2011 at 1:30 pm

    သော်တာဆွေက ငွေကိုလေလိုသုံးတဲ့ မိုးကုတ်မြမောင်လို့ ရေးဖူးပါတယ်၊ရေကမှသုံးလို့ကုန်နိုင်သေးတယ်၊ဦးမြမောင်ရဲ့ စည်းစိမ်က လေလိုသုံးမကုန်ဘူးတဲ့၊
    သူတို့တူတူ အရက်သောက်ပြီးအိပ်ပျော်သွားတာ တစ်ရေးနိုးတော့ ကိုမြမောင်က သူ့ဘဝဟာ အဓိပ်ပါယ်မရှိဘူးဆိုပြီး ငိုညည်းပြတယ်လို့ ဖတ်ဖူးပါတယ်။
    သမင်ရဲ့ချိုဟာသူ့အတွက် အသက်အန္တရာယ်ဖြစ်စေသလိုပဲ ဦးမြမောင်တို့ မိသားစုလည်း ဥစ္စာကြောင့် သေကြရတာပါပဲ။

  • OQ23

    May 14, 2011 at 2:25 pm

    ဖြစ်ချင်တာတွေဖြစ်နေတာပေါ့။
    ပြောရမယ်ဆိုရင်တော့ပုလင်းတူဘူးစို့ပေါ့။
    ပြောရင်တော့အရှည်ကြီးပါပဲ။
    ဒါတွေကဒီလိုအေးချမ်းတဲ့နိူင်ငံမှာ မဖြစ်သင့်သောအရာတွေပေါ့။

  • thihayarzar

    May 15, 2011 at 3:28 pm

    မြန်မာနိုင်ငံမှာကမပေါ်တဲ့အမှုတွေကအရမ်းများပါတယ် …..တရားခံမတွေ့လို့ပိတ်လို်က်ရတဲ့အမှုတွေကလည်းမနည်းပါဘူး … ထွက်ပြေးနေတဲ့တရားခံတွေကိုလည်း မိအောင်မဖမ်းနိုင်ပါဘူး …..သူတို့ကအားရင် လ္ဘက်ရည်ဆိုင်ပြီး ဘောလုံးအကြောင်းတွေပဲပြောနေကြပါတယ်လေ … သူတို့စိတ်ဝင်စားတာက ဖဲဝိုင်းတိုု့ဂျင်ဝိုင်းတို့ကအကောက်ရယ် ဘောလုံး၊နှစ်လုံး၊သုံးလုံးဒိုင်တွေကလစဉ်ကြေးတွေကိုပဲစိတ်ဝင်စားတာလေ …ဒါမှလဲမိသားစု အဆင်ပြေတာလေ …..

  • nature

    May 15, 2011 at 4:24 pm

    အခုထိတရားခံမမိသေးဘူးဆိုတော့အမှုလိုက်အရာရှိတွေ သိပ်တော်နေလို့လား သိပ်ညံ့နေလို့လားမသိဘူး။

  • etone

    May 16, 2011 at 3:58 am

    ဒီလောက်ချမ်းသာလျှက်နဲ့….ဒီမှာပဲနေပြီး အခြေချတာ အံ့ဩလောက်ပါရဲ့ … ။

  • လင်းဝေကျော်

    May 16, 2011 at 10:43 am

    ဒီရေ ဒီမြေမှာ ချမ်းသာလာတော့ ဒီမှာပဲနေလိုက်တာပေါ့လေ။
    ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ဆိုတော့လည်း…

  • unclegyi1974

    May 16, 2011 at 4:55 pm

    ကျွန်တော်သိသလောက်သူတို့ကဒီမှာနေကြသူများ
    မဟုတ်ကြပါဖူး
    ဒီကိုခဏပြန်လာတုန်းဖြစ်သွားတာပါ
    မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုဒီလောက်အထင်မသေး
    ကြနဲ့လေ လာမယ်ကြာမယ်မျှော်..

    • kokothandar

      August 7, 2011 at 6:39 pm

      ပါကစ်စတန်မှာရဲတပ်ဖွဲ့ကိုအရေးရယ်အကြေင်းရယ်ဖြစ်ရင်alarmလုပ်လို့ရတဲ့စနစ်ချမ်းသာသူတွေနဲ့ဝန်ဆောင်
      မှု့ယူပေးပါတယ် လုယက်မှူကျူးလွန်တဲ့သူကရတဲ့ငွေတဝက်ရဲလက်လွှဲပေးရင်ဘယ်တော့မှမမိပါဘူး
      အဲသလိုမျိးဖြစ်မှာပါဘဲ

  • manawphyulay

    August 7, 2011 at 7:06 pm

    အမှုက မပေါ်တာမဟုတ်ဘဲ ပိတ်လိုက်တာဆို အဲတုန်းက သတင်းကြားတာပဲ။ ဖြစ်တာကြာပြီ ခုမှ အမွေခွဲတာလား…

  • PMP

    August 7, 2011 at 10:18 pm

    သားမက်က ဘာလို့အမွေမရတာလဲ…အင်း…စဉ်းစားစရာဘဲ..ဥပဒေအရဆို မိဘသေရင် သားသမီးအမွေရတယ်..မိန်းမသေရင် ယောကျင်္ားအမွေရတယ်…အဲလိုမဟုတ်ဘူးလား.. အမှုက ခုရောစုံစမ်းနေတုန်းလား..

Leave a Reply