မိတ္တကဏ္ဏ….အပိုင်း(၁)
မိတ္တကဏ္ဏ
(၁)စီးပွားဆောင်ငြားသူတစ်ပါး၊နီးနားဆွေမျိုးမည်
ယင်းကိုမဆောင်ဆွေမျိုးတောင်၊တစ်မောင်တစ်ပါးမည်
ကိုယ်၌ဖြစ်လျှက်အနာပျက်၊ကောင်းချက်မဆောင်ပြီ
တောဝယ်ဖြစ်ပဩဓသ၊ဟိတဆောင်ပေပြီ။
အဓိပ္ပာယ်။။။စီးပွားကိုဆောင်သည်ရှိသော်သူတစ်ပါးသည်လဲဆွေမျိုးမည်၏စီးပွားကိုမဆောင်မှုဆွေမျိုးလည်းသူတစ်ပါးမည်၏။
အနာသည်ကိုယ်၌ဖြစ်လျှက်စီးပွားမဆောင်၊ဆေးကားတော၌ဖြစ်လျှက်စီးပွားကိုဆောင်၏။
(၂)မျက်ကွယ်သို့ရောက်ကျေးဇူးဖျောက်၊မျက်မောက်ချစ်ဖွယ်ဆို
ဤမိတ်ဆွေမျိုးကြဉ်စရိုး၊ဆိပ်အိုးပျာရည်သို။
အဓိပ္ပာယ်။။။မျက်ကွယ်၌ကျေးဇူးကိုချေပတတ်သောမျက်မှောက်၌ချစ်စဖွယ်သောစကားကိုဆိုတတ်သော ထိုသို့သောသဘော
ရှိသောအဆွေခင်ပွန်းကိုအဆိပ်အိုးမှပျားရည်ကိုကြဉ်သကဲသို့ ကြဉ်ရာ၏။
(၃)ဥစ္စာပျက်မှုမိတ်ဆွေဟူ၊နည်းတူသားမယား
ညီသားအကိုများထိုထို၊ရှောင်လိုစွန့်တတ်ညား
ဓနရှင်မှမှီခိုကြ၊ညွတ်ခမဆန်းပြား
ထို့ကြောင်ဥစ္စာလောကမှာ၊မဟာမိတ်ဆွေထား။
အဓိပ္ပာယ်။။။ဥစ္စာတည်းဆုတ်ယုတ်မှုအဆွေခင်ပွန်းသားမယားညီသားအစ်ကိုတို့သည်စွန်ပစ်တတ်ကုန်၏ ဥစ္စာရှိသူကိုသာမှီဝဲကြ
ကုန်၏၊ထို့ကြောင့်ဥစ္စာသည်လောက၌အဆွေခင်ပွန်းကြီးမည်၏။
ဆက်လက်ဖော်ပြပါမည်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
2 comments
phyoshein
May 15, 2011 at 4:58 pm
မိတ်ဆွေဆိုတာ တစ်ကယ်တော့ ဆွေမျိုးထဲကပါပဲ..
ဆွေမျိုးလို့ခေါ်ဖို့ အချက်လေးချက်ရှိတယ်လို့သိဖူးတယ်..
၁။ ချစ်ခင်ရမယ်..
၂။ ရင်းနှီးရမယ်..
၃။ အကျွမ်းဝင်ရမယ်.
၄။ အကျိုးကိုလိုလားရမယ်တဲ့…
nature
May 15, 2011 at 5:14 pm
စကားပုံရှိတယ် ဗူးသီးမှအရီးတော်တဲ့။