အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁၂)
ဘုန်းတော်ကြီး ရဲ့ ဝန်ထုပ်
တကယ်လို့ ဒေလီကိုရထားစီးပြီး ရောက်ဖူးမယ်ဆိုရင် ခင်ဗျား ပဟာဂျန် ကိုရောက်မှာပဲ။သေချာသလောက်ပြောရရင် ခင်ဗျား လူသံဆူ
ဆူ ဖုန်ထူထူနဲ့ ပဟာဂျန် ဘူတာကို ရောက်သွားမှာပဲ။အဲ့သလိုဆို ခင်ဗျား ဘူတာရုံထဲကနေထွက်လာခဲ့လိမ့်မယ်။ပြီးရင် ဘယ်ဘက်ကိုချိုး ကွန်းနော့
ဘက် ဦးတည်ပြီးတော့လေ။နောက် လူရှုပ်လွန်းတဲ့ ဈေးကိုဖြတ်။အဲဒီမှာတော့ အပျော်ခရီးသွားတွေအတွက် ဈေးပေါပေါ ဧည့်ဂေဟာတွေ နဲ ့ ဈေးပေါ
ပေါ မိန်းမ တွေရှိတာပေါ့။ဒါပေမဲ့ ခင်ဗျား ညာဘက်ကို သွားခဲ့ရင်တော့ “မားသား” နို့နှင့်နို့ထွက်ပစ္စည်းရောင်းတဲ့ဆိုင်ရယ် ၊ဂျေဂျေ အမျိုးသမီး ဆေးရုံ
ရယ်ကိုကျော်လိုက်ရင် ဧရာမလက်ဝါးကပ်တိုင်ကြီးနဲ့ အဆောက်အအုံ နီနီကြီးတစ်ခုတွေ့မှာ။အဲဒါ စိန့်မေရီ ဘုရားကျောင်းပေါ့။အဲဒီနေရာမှာ လွန်ခဲ့တဲ့
၁၈နှစ် ခရစ်စမတ်နေ့မှာ ကျွန်တော့်ကိုမွေးခဲ့တာပဲ။ပိုတိကျအောင်ပြောရရင်တော့ ဒီဇင်ဘာလ ၂၅ရက် အလွန်အေးစိမ့်နေတဲ့ညတစ်ညမှာ ကျွန်တော့်
ကိုစွန့်ထားခဲ့တာ။အမှိုက်ပုံးကြီးထဲမှာ ပစ်ထားခဲ့တာဗျ။သီလရှင် စစ္စတာတွေ လာကောက်ပြီး အဝတ်ဟောင်းတွေကိုလဲပေးတာ။ဘယ်သူက ဒီနားလာ
ပစ်ထားတာလဲ၊ဘာဖြစ်လို့လဲဆိုတာ ဒီနေ့ထက်ထိ ကျွန်တော်မသိဘူး။တချို့လူတွေကတော့ ဂျေဂျေ အမျိုးသမီးဆေးရုံရဲ့ သားဖွားဆောင်တွေဘက်
မသင်္ကာတဲ့လက်ညှိုးနဲ့ထိုးကြတာပဲ။အဲဒီတော့ ဖြစ်နိုင်တာက ကျွန်တော့်အမေက ကျွန်တော့်ကိုအဲဒီမှာမွေး နောက်အကြောင်းတစ်ခုခုကြောင့် စွန့်ပစ်
ထားခဲ့ပေါ့လေ။
ကျွန်တော့် စိတ်ထဲ အမြဲမြင်နေရတဲ့ မြင်ကွင်းတစ်ခုတော့ရှိတယ်ဗျ။အရပ်ရှည်ရှည်နဲ့ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက် ဆာရီအဖြူ
ကိုဝတ်လို့..ညကြီးသန်းခေါင် ဆေးရုံဘက်ကနေ ကလေးလေးပိုက်ပြီး ထွက်လာတာ။လေတွေကလည်း တဟူးဟူးတိုက်နေတော့ သူ့အနက်ရောင်
ဆံပင်ရှည်ရှည်တွေက လှိုင်းထပြီး မျက်နှာကိုတောင်သေချာမမြင်ရအောင် ကွယ်ထားသလိုမျိုးဖြစ်နေတာ။သစ်ရွက်ကြွေတွေကလည်း သူ့ခြေထောက်
နားမှာ တရှဲရှဲမြည်လို့။ဖုန်ငွေ့တွေကလည်း ဝေ့ဝဲနေပြီး လျှပ်စီးတွေကလည်း တချက်တချက် လက်နေတာ။ခပ်လေးလေး ခြေလှမ်းတွေနဲ့ ဘုရားရှိခိုး
ကျောင်းဘက်လျှောက်လာတာပဲ။ရင်ခွင်ထဲမှာလည်း ကလေးကို ကျစ်ကျစ်ပါအောင်ပိုက်ထားလို့ဗျ။ဘုရားကျောင်းတံခါးရှေ့ရောက်တော့ သတ္တုကွင်း
နဲ့တံခါးကိုခေါက်ပေမဲ့ လေကထန်လွန်းတော့ တံခါးခေါက်သံက တိမ်ဝင်သွားတာပေါ့။သူ့မှာ အချိန်ကလည်းမရဘူးလေ။မျက်ရည်တွေကျပြီး ကလေး
ကို ပွတ်သပ်နမ်းရှုတ်ပြီး အမှိုက်ပုံးထဲထည့်လိုက်တော့တာပဲ။ကလေးလေး နွေးထွေးသက်သာအောင် အဝတ်ဟောင်းလေးနဲ့ သေသေသပ်သပ်လေး
ဖြစ်အောင်လုပ်တယ်။ကလေး ကို နောက်ဆုံးတစ်ချက်ကြည့်ပြီး မျက်နှာလွှဲလိုက်တယ်။ ပြီးတော့..ညဉ့်အမှောင်ထဲမှာ ပြေးထွက် ပျောက်ကွယ်သွား
တော့တာပဲဗျာ။
***************************************************************************************
စိန့်မေရီ ကျောင်းက စစ္စတာတွေ အလုပ်တော့ရှုပ်သွားတာ။မိဘမဲ့ ဂေဟာ နဲ့ ကလေးမွေးစားဌာန တွေ ပြေးကြရတာကိုး။ကျွန်တော့်ကို တခြား
ကလေးပေါက်စတွေတစ်သိုက် နဲ့အတူမွေးစားဌာနကို ပို့လိုက်ပါရော။တခြားကလေးတွေကတော့ လာပြီးကောက်ယူမွေးစားတာခံရတယ်။ကျွန်တော့်
ကိုကျတော့ လာကြည့်မယ့်သူတောင်မရှိဘူး။ကလေးမွေးစားမဲ့ မိဘလောင်းတွေ ကျွန်တော့်တစ်ခါလောက်ကြည့်ပြီးရင် သူတို့အချင်းချင်း
အကြည့်ဖလှယ်မယ်။မဖြစ်နိုင်ဘူး အဆင်မပြေလောက်ဘူးဆိုတဲ့သဘောနဲ့ ခေါင်းလေး
မသိမသာခါပြီး နောက်ကလေးတစ်ယောက်ဆက်ကြည့်ကြတာပဲ။အဲဒါဘာကြောင့်
လဲ ဆိုတာတော့ မသိပါဘူးဗျာ။အဲ..ဖြစ်နိုင်တာက ကျွန်တော်က အသားကလည်းမဲသေး၊ရုပ်ကလည်း ဆိုးသေး၊လေထိုးလေနာကလည်း ရှိသေးတာ
ကြောင့်ပဲလား။ဒါမှမဟုတ်..ကျွန်တော့်မှာ ချစ်စရာအပြုံးလေးကလည်းမရှိ၊ တီတီတာပလီပလာလေးတောင် အသံမထွက်နိုင်တာကြောင့်လည်း ဖြစ်နိုင်
တာပဲ။(ကျွန်တော်က ဝူးဝူးဝါးဝါးနဲ ့ သိပ်ဆူတဲ့ကလေးတဲ့ဗျ။)အဲဒီတော့ဗျာ..ကျွန်တော်ကို မွေးစားသူပေါ်မလာတော့ အဲဒီမှာ နှစ်နှစ်လောက်နေလိုက်ရ
တာ။ကျွန်တော့်ကို တော်တော်ကြီးတဲ့ အထိ စစ္စတာတွေက နာမည်လေးတောင်မပေးကြဘူး။ကျွန်တော့်ကို ကလေး လို့ပဲခေါ်ကြတာ။အဲဒီကလေးက
ဘယ်သူမှ မလိုချင်တဲ့ကလေး။
နောက်ဆုံး မစ္စစ် ဖီလိုမီနာသောမတ်စ် နဲ့ မစ္စတာဒေါမနစ်သောမတ်စ် တို့လင်မယားက ကျွန်တော့်ကိုမွေးစားခဲ့တယ်။သူတို့က တမီလ်နာဒူပြည်
နယ်ထဲက နဂျာကွိုင်ကပဲ။နောက်တော့ ဒေလီမှာနေကြတာ။မစ္စစ် သောမတ်စ် က စိန့်ဂျိုးဇက် ဘုရားကျောင်းမှာ သန့်ရှင်းရေးလုပ်တယ်။သူ့ယောက်ျား
မစ္စတာသောမတ်စ်ကတော့ အဲဒီမှာ ဥယျာဉ်မှုးပေါ့။သူတို့အသက်တွေ လေးဆယ်သာစွန်းလာကြတာ ကလေးတစ်ယောက်မှကို မရှိတာ။ဒါကြောင့်
ဘုန်းတော်ကြီး တီမိုးသီ ဖရန်စစ်က သူတို့ဘဝရဲ့ လစ်ဟာနေတဲ့ အဲဒီအပိုင်းလေး ဖြည့်ဖို့ရာ ကလေးတစ်ယောက်မွေးစားပါလားဆိုပြီး အကြံပေးသတဲ့။
စိန့်မေရီ မိဘမဲ့ဂေဟာကိုတောင်ညွှန်သေးတာဗျ။မစ္စတာ သောမတ်စ်ကတော့ ကျွန်တော့်ကိုဖျတ်ခနဲ တစ်ချက်ပဲကြည့်ပြီး နောက်ကလေးတစ်ယောက်
ကို ဆက်ကြည့်တယ်လေ။ဒါပေမဲ့ မစ္စစ် ဖီလိုမီနာကတော့ ကျွန်တော့်ကို တွေ့တွေ့ချင်း သဘောကျပြီး ရွေးလိုက်တာ။သူကလည်း မဲမဲ
ကျွန်တော်ကလည်းမဲမဲဆိုတော့ တခါတည်း ဟပ် သွားတာနေမှာ။