Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

MG မှာတွေ့မိ တာတွေ

nagargyiMay 20, 20111min66134

ကျွန်တော် Mandalay Gazette (MG) မှာမန်ဘာ ဖြစ်တာ သိပ်မကြာ သေးပါဘူး။ တစ်လလောက်ပဲ ရှိအုန်းမှာပေါ့။ မန်ဘာအသစ် ဆိုတော့ ထုံးစံအတိုင်း ပို့စ်တွေ၊ ကောမန့်တွေ ဝင်ဖတ်တာပေါ့။

အဲဒီမှာ ဘာသတိထားမိ လဲဆိုတော့ ကောမန့်တွေမှာ ကံ၊ ဘာသာ၊ နိူင်ငံ၊ လူမျိုး၊ အယူဝါဒ တွေနဲ့ပတ်သက်ပြီး တော်တော်ဆွေးနွေး ငြင်းခုံကြတာ တွေ့ရတယ်။ တစ်ချို့ ကောမန့်တွေဆို ဆွေးနွေးထားတာ အများကြီး အရှည်ကြီးပဲ။ တစ်ချို့ ပို့စ်တွေမှာဆို ပို့စ်နဲ့မဆိုင်တဲ့ ကောမန့်တွေပေးရင်း အငြင်းပွားနေ တွေတောင် တွေ့ရတယ်။

(MG)ရဲ့ စည်းမျဉ်း အမှတ်(၆)မှာတော့ “လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။” လို့ရေးထားတာ တွေ့ရတယ်။

နောက်တစ်ချက်က လူတွေက ပြောကြတယ်။ အမြင်မတူဘဲ ဆွေးနွေးမှ တိုးတက်မှု့ဆိုတာ ရမယ်လို့။ လက်ခံပါတယ်။ ဒါပေမယ့် ဘာသာ၊ အယူဝါဒ ကိစ္စတွေက အခုမှ မဟုတ်ဘူး။ ဟိုးနှစ်ပေါင်း ထောင်ချီ ကတည်းက ဆွေးနွေးငြင်းခုံခဲ့ ကြတာပါ။ ဒါပေမယ့် တူညီတဲ့အမြင် ဆိုတာမရ ခဲ့ပါဘူး။ နောင်နှစ်ပေါင်း ထောင်ချီ ဆွေးနွေးလည်း တူညီတဲ့အမြင် မရနိုင်ပါဘူး။ ဒါကြောင့်လဲ လူတွေဟာ ဘာသာတွေ အယူဝါဒတွေ ကြွဲပားနေကြတာပေါ့။ အဲဒါ လူတွေမှာပဲ ရှိတယ်လို့ ထင်ပါတယ်။

နောက်ပြီး ပြောကြတာရှိ ပါတယ်။ “အပြုသဘော” ဆွေးနွေးတယ်ဆိုတာ။ လူတွေက အပြုသဘော ဆွေးနွေးတယ် လို့တာ ပြောကြတာ။ တစ်ကယ်ဆွေးနွေးတော့ အမြင်မတူရင် အတိုက်အခံ ပြောကြတာ များတယ်။

တစ်ကယ် အပြုသဘော ဆွေးနွေးပေးမယ် ဆိုရင် ကျွန်တော် တစ်ခုပြောမယ်။

ဟိုတစ်လောက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတာ သိကြမှာပါ။ အဲဒီမှာ သတင်းထောက်တွေ မေးသွားတဲ့ တစ်ချက်က ကျုးကျော်အိမ်ရာတွေ ကိစ္စ ဘယ်လို လုပ်ပေးမယ် ဆိုတာ။ အဲဒီမှာ တာဝန်ရှိသူ ပြန်ဖြေ သွားတာက ကျုးကျော်တွေကို ဖျက်ပြီး မြေနေရာ ပေးတယ်။ ဒါပေမယ့် သူတို့က ရတဲ့ မြေနေရာကို ရောင်းစားပြီး နောက်တစ်နေရာမှာ ကျုးကျော် ပြန်ဆောက်နေတော့ လုံးချာလည်လိုက် နေတယ်ဆိုတဲ့ သဘောပြောသွားတယ်။ ဒါက ကျွန်တော်နားလည်သလို အတိုချုပ် ပြောတာပါ။

ဒါမျိုးတစ်ကယ် ဖြစ်နေ ရှိနေတယ်ဆိုတာ တစ်ချို့လည်း ကိုယ့်အနီး ပတ်ဝန်းကျင်မှာ တွေ့ဘူးမှာပါ။

ဒီကိစ္စမှာ ဘယ်လို ဖြေရှင်းသင့်လဲ ဆိုတာ နိူင်ငံအကျိုးအတွက် အပြုသဘော ဆွေးနွေးပေး စေချင်ပါတယ်။

( ဝန်ခံချက် ။        ။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ဝေဖန်ချင်း မဟုတ်ပါ။ MGကို ကြည့်ရှုသူ ပြည်သူပြည်သားတွေ စိတ်အပန်းပြေစေပြီး ဗဟုသုတ တိုးပွားစေတဲ့ နိူင်ငံအကျိုးပြုဆိုဒ် ဖြစ်စေချင်တဲ့ စေတနာ အရင်းခံသာ ဖြစ်ပါတယ်။)

34 comments

  • ဆူး

    May 20, 2011 at 3:20 pm

    အမောင် နဂါးကြီး (သို့မဟုတ်) နားကားကြီး
    (((((MG)ရဲ့ စည်းမျဉ်း အမှတ်(၆)မှာတော့ “လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။” လို့ရေးထားတာ တွေ့ရတယ်။))))))

    စည်းကမ်းဆိုတာ လိုက်နာ ဖို့ ထုတ်ထားတာ ဖြစ်ပါတယ်။ ထုတ်တဲ့ သူနဲ့ မဆိုင်ပါဘူး။ သဘောရဲ့လား မသိဘူး။

    ၁လ လောက်ပဲ ရှိသေးတဲ့ ရွာသား အသစ် ကလေးကို ကြိုဆိုပါတယ်။

    • ဆူး

      May 20, 2011 at 3:48 pm

      သဘောပေါက်ရဲ့လား မသိဘူး လို့ ရေးတာပါ။
      ပေါက် တလုံး ကျန်ခဲ့ပါတယ်။ ဖြည့်ဖတ်လိုက်ပေးပါ။

  • nagargyi

    May 20, 2011 at 3:45 pm

    အော်……………
    ဒီလိုလား။ မသိလို့ ပါနော်။ လွန်တာရှိ ဝန်တာမိ ပါခင်ဗျား။
    အခုလို ကြိုဆိုတဲ့ အတွက်လည်း ကျေးဇူးပါ။

  • တညင်သား

    May 20, 2011 at 3:58 pm

    ရွာတော်ရှင်ဆို တာ ရှိတယ် မှတ်ထား ဒါ သဘောလောက်ပဲ ရှိသေးတာ………

  • ဆူး

    May 20, 2011 at 4:07 pm

    ရွာတော်ရှင် ကြည်ဖြူမှု လိုချင်ရင် ငှက်ပျောသီး အစိမ်း အမာကြီး တဖီး သို့မဟုတ် နှစ်ဖီး အုန်းသီး အစိမ်း တလုံး ပွဲထိုးပေးရတယ်။ အဲလောက် မတတ်နိုင်ရင်တော့ အုန်းသီးစိတ် အသေး ၁စိတ်နဲ့ ငှက်ပျောသီး တကိုက်စာ ဆို လုံလောက်ပါတယ်။ ပွဲ ထိုးတဲ့ အခါ ဥုံ မာနီး မန်းနီး… (money) ဥုံ.. ဆိုပြီး ရွတ်ရလိမ့်မယ်နော်။ ဒါဆို ၁ဝ ပေးလိမ့်မယ်။

  • kopauk mandalay

    May 20, 2011 at 4:45 pm

    ရွာထဲဝင်လာလို့ ရွာသာဖြစ်ပြီဆိုရင်
    ကိုယ်ကြိုက်တာ ကိုယ်ရှာဖတ်
    ပြီးရင်ကိုယ်ကြိုက်တာကိုယ်ဝင်ရေး
    ကော်မင်တွေပေးချင်တာပေး
    ကိုယ့်မြင်တာ ကိုယ်ယုံကြည်တာ ကိုယ်ချရေး
    ဒါပေမယ့်တစ်ခုတော့ရှိတယ် အသားလွတ်မဆဲဘူးဆိုရင် ကောင်းတယ်လို့ ထင်တာဘဲနော်

    • Gipsy

      May 21, 2011 at 5:54 pm

      အားး းး ဟုတ်ကဲ့ဗျ…… ကိုနဂါးကြီးရေ…..
      ကိစ္စ များမြောင် ဤ လူ့ဘောင် တဲ့ဗျ….ကြိုက်တာလေးတွေ ရှာဖတ်ပါဗျာ…
      ဆက်လက်ပီးလေ့လောပါအုံး….
      ကျွန်တော်တို့လဲ လေ့လာနေဆဲပါ….အားပေးပါတယ်….

  • Myanmar

    May 21, 2011 at 12:04 am

    @Nagargyi : I appreciate your point. Even though rules are set, there are people who ignore the rules. You can see them everywhere, not only in MG. I agree with you that racial and religious matter are sensitive issues. But, we can learn how other people think and believe by discussing the issues. At the same time, you can put your point across. I agree with Ko Pauk that we should not make the personal attack while we put our points across. There are many people who are intelligent and knowledgeable in the village. We can learn from them. To develop positive or constructive critism, we should have attitude to agree the disagreement. We should respect other person’s point of view. Otherwise, it will not be fruitful. Being only one month in the village does not deter you from putting your point across and raising your voice. I encourage you to keep putting your points. You are welcome and I appreciate your cetana.

    • zoe

      May 21, 2011 at 4:07 am

      Have to put in mind ” Agree to disagree”, in a mature way. That’s just it. I agree with Myanmar.. 🙂

  • bigcat

    May 21, 2011 at 12:28 am

    အရာရာတိုင်းမှာ အကြောင်းအကျိုးဆိုတာရှိတယ်ဗျ။ ပြသနာတခုကို ဖြေရှင်းတဲ့အခါ အကြောင်းကိုမသတ်ဘဲ အကျိုးကိုလိုက်ရှင်းနေရင် ဘယ်တော့မှမပြီးဘူး။ စစ်တပ်နဲ့ပေါင်းလုပ်လိုသူတွေက စီးပွားရေးအရင်ပြင်ရမယ်ဆိုတယ်။ စစ်ဗိုလ်ချုပ်တွေ အစဉ်အဆက် အုပ်ချုပ်လာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ သမင်မွေးရင်း ကျားစားရင်းပဲ။
    ဥပမာဗျာ ဆင်းရဲငတ်ပြတ်နေတဲ့မိသားစုကို နေ့စဉ်ထမင်းထုပ်လေးပေးတာထက် ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့ အရင်းအနှီးလေးထုတ်ပေးတာ မှန်ကန်တဲ့ကူညီမှုဖြစ်မယ်။ အဲဒါထက် ရေရှည်ရပ်တည်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာရပ်တခုခု တတ်မြောက်အောင်ကူညီဆောင်ရွက်ပေးတာ ပိုသင့်တော်မယ်။ အဲဒါတွေ ဆောင်ရွက်နိုင်ဖို့ စီးပွား၊ပညာ၊လူမှု၊ကုန်သွယ်မှု အခွင့်အလမ်းတွေ လိုအပ်တယ်။ လွတ်လပ်ပွင့်လင်းတဲ့ လူ့ဘောင်နဲ့ တရားမျှတတဲ့ နိုင်ငံရေးစနစ်မရှိဘဲနဲ့ အခုပြောနေတာတွေ ရေရှည်ဖြစ်နိုင်ပါ့မလား။
    အခုပြောနေတာတွေရှိလို့ ပြသနာတွေအကုန်လုံး ပြေလည်သွားမလားဆိုတော့ မပြေလည်နိုင်ပါဘူး။ ဒါပေမဲ့ လက်ရှိအနေအထားထက် အများကြီး ပိုကောင်းလာပါမယ်။

  • ဒီနေရာမှာ ဒီလိုရှိပါတယ် ကိုနဂါးကြီးခင်ဗျား….

    ကျွန်တော်က စကားသိပ်များများပြောတဲ့သူမဟုတ်ပါဘူး.. ကိုယ်ပြောလိုရင်းကို ဘယ်နေရာမှာမှ ဝေ့ဝိုက် ကွေ့ကောက်မနေဘဲ မိမိဆိုလိုရင်းကို တိုက်ရိုက်၊ တိတိကျကျ၊ ထိထိရောက်ရောက်ရှိစေရန် အပိုစာသားများကိုမဆို၊ ကွန့်ညွန့်ဖွဲ့နွဲ့တဲ့ အပိုစကားတွေမပါ၊ စကားကိုတန်ဆာမဆင်၊ ကဗျာ၊ ကာရန်တွေ သိုင်းဝိုင်းဖွဲ့ဆိုပြီးပြောနေမယ့်သူ တစ်ဦးတစ်ယောက်၊ အတော်လေး လေရှည်မယ့်သူ၊ စကားပေါသူတစ်ယောက်မဟုတ်ကြောင်းကို ဒီ Post ကို ရေးတင်ထားတဲ့ ပိုင်ရှင်လို့လဲ ခေါ်လို့ရမယ့်၊ စာရေးသူတစ်ဖြစ်လဲ အသင်းဝင် အသစ်တစ်ယောက်ဖြစ်တဲ့ ကို နဂါးကြီးကို ခုလောက်ပြောပြရင် သဘောပေါက်မယ်ထင်ပါတယ် 😀

    ဆိုတော့ကာ အပေါ်က ဆွေးနွေးထားတာကို အနှစ်ချုပ်ပြီး ပြန်လည်ဖြေရှင်းရမယ်ဆိုရင်တော့ဖြင့် အတော်လေးကို ရှည်သွားပါ့မယ်.. နိုင်ငံနဲ့ လူမျိုး အကျိုးရှိမယ့် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးတွေကို ဆွေးနွေးစေလိုတယ်လို့ ဆိုလာတဲ့အတွက် ကျွန်တော်ကလဲ ဒီ Site ကို ပုံမှန်သဘောမျိုး ဝင်ရောက်ဖတ်ရှုနေတဲ့ စာဖတ်သူတစ်ဦးဖြစ်တဲ့အတွက် အပြုသဘောဆောင်တာတွေပဲ တွေ့မိပြီး အပျက်သဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးကိုတော့ မတွေ့မိသေးပေါင်ဗျာ..

    အဲ..

    တစ်ခုတော့ရှိတယ်.. အတင်းအဖျင်းတွေ၊ ဟိုကယူ၊ ဒီကယူတွေတော့ အတော်လေး တွေ့မိသပေါ့ဗျာ။ ဒါကြောင့် ဒီအကြံပြုချက်ကို အပြုသဘောဆောင်တဲ့ ဆွေးနွေးချက်တွေ များများရေးစေလိုကြပါတယ်လို့ ပြင်စေချင်သဗျာ

    နောက်ပြီး ဘာသာရေး..

    ဒါက လူတွေဘဝနဲ့ တော်တော်သက်ဆိုင်တယ်.. ဒါကြောင့် လူတိုင်းနဲ့ဆိုင်တယ်.. ကိုယ်ယုံကြည်ရာကို ကိုယ်ဆွဲကိုင်လို့ ပြောလို့ရတယ်.. အဓိက က ဘယ်ဘာသာကတော့ကောင်းတယ်၊ ဘယ်ဘာသာကတော့ မကောင်းဘူးလို့မပြောရင်ပြီးတာပဲ.. ဘာသာရေးတစ်ခုအပေါ်မှာ မြင်တဲ့အမြင်တွေကိုတော့ လွတ်လပ်စွာ ထုတ်ဖော်ချပြ၊ ဆွေးနွေးငြင်းခုန်ပြီး မတူညီတဲ့ ရှူထောင့်တစ်ခုကနေ တင်ပြသင့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မွေးရာပါ ဘာသာတစ်ခုရလာပါတယ်.. နောက်တော့လဲ နေရာတစ်ကာမှာ ဘာသာ လို့ဖြည့်ရမယ့်နေရာမှာ ရှိရင်းစွဲဘာသာကိုပဲ ဖြည့်စွက်နေကျဖြစ်တော့ မိရိုးဖလာတွေပဲများပြီး တစ်ကယ့်ဘာသာတရားမရှိတဲ့သူတွေများပါတယ်.. ဆိုလိုချင်တာက ကိုယ်တိုင်သက်ဝင်ယုံကြည်တာကိုပြောတာပါ.. နောက်ပြီး တစ်ခြားဘာသာတွေကို မလေ့လာကြဘူး၊ လေ့လာဖို့လဲ မရဲကြဘူး.. ဒီတော့ ကိုယ်သိထားတာလေးကိုပဲ ဆုပ်ကိုင်ထားကြရင်း အမြင်တွေ ကျဉ်းမြောင်းလာကြပြီး နွားခြေရာခွက်ထဲက ဖားသူငယ်လို၊ ဝါးလုံးခေါင်းထဲ လသာနေသလိုဖြစ်နေတတ်ပါတယ်.. ဒါကြောင့် ဒီနေရာမှာ ကိုယ်ယုံကြည်ရာ၊ ကိုယ်သိရှိရာ၊ ကိုယ်ပိုင်ခံယူချက်တွေကို ရဲရဲဝန့်ဝန့် ရေးသား၊ ဆွေးနွေး၊ ငြင်းခုန်သင့်ကြတယ်ထင်ပါတယ်

    နောက်တော့ နိုင်ငံရေး..

    နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းရဲ့ အရေးပါ
    အစိုးရမကောင်းကြောင်းပြောနေမှ နိုင်ငံရေးလုပ်နေတယ်လို့ မဆိုနိုင်ပါဘူး.. တစ်ကယ့်ဒီမိုကရေစီ နိုင်ငံစစ်စစ်တွေမှာ အစိုးရက နိုင်ငံကို အုပ်ချုပ်တာမဟုတ်ပါဘူး.. ထိန်းကြောင်းပဲ့ပြင်ပေးရုံ၊ အများကိုယ်စား တာဝန်ခံလုပ်ဆောင်ပေးတာကိုပဲ လုပ်ဆောင်ကြပါတယ်.. ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြောင်းပြောမယ်ဆို ကိုယ့်အချင်းချင်း ပြုပြင်သင့်တာလေးတွေ၊ လိုက်နာကျင့်သုံးသင့်တာလေးတွေ၊ အစိုးရရဲ့ ချို့ယွင်းချက်တွေကို ထောက်ပြပြောဆို၊ အဲလိုတွေလုပ်ယူရမှာပါ။ ထားပါတော့.. လက်ရှိအစိုးရက ပြည်သူတွေရဲ့ စကားသံတွေကို နားမထောင်ဘူး.. ဒီလိုဆို ပြည်သူတွေကရော?? ကိုယ့်အချင်းချင်း ဖေးမကူညီကြပါရဲ့လား? ကိုယ်တိုင် သိရှိ တွေ့မြင်နေကြရဲ့သားနဲ့ အသားကျနေတဲ့ မြင်ကွင်းတွေ၊ ဘဝတွေဆိုပြီး ထိန်းသိမ်းပြုပြင်ဖို့၊ ပြောင်းလဲပြင်ဆင်ကြဖို့မေ့နေကြတယ်မြင်ပါတယ်..

    ဒီတော့ကာ ပြည်သူတွေအချင်းချင်းကပဲ မတူညီတဲ့အမြင်တွေကနေ ပြည်သူတွေနဲ့ ပိုနီးစပ်တဲ့အကြောင်းအရာတွေကိုပဲ အချင်းချင်းဆွေးနွေးငြင်းခုန်၊ ဆွေးနွေးကြရင်းနဲ့ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ပဲ ပြင်ဆင်ပြောင်းလဲလို့ရပါတယ်..

    ကြားဖူးတဲ့စကားလေးတစ်ခွန်းလိုပေါ့

    နိုင်ငံတစ်ခုမှာ ပြည်သူတွေအတွက် သူတို့နဲ့တန်တဲ့အစိုးရပဲ ရတယ်ဆိုတာလိုပေါ့။ ကိုယ်နဲ့တန်တဲ့အစိုးရတစ်ခုရအောင် ကိုယ်တိုင်ပဲ ကြိုးစားရပါမယ်.. ဒါကြောင့် ကျွန်တော်တို့ ဆက်လက်ဆွေးနွေး ငြင်းခုန်နေကြပါ့မယ်..

    ခုတော့ ဒီလောက်ပဲရေးလိုက်ပါတယ်.. နားလည်မယ်လို့ထင်ပါတယ်.. နောက်မှ အကျယ်ဖွဲ့ဆိုရေးသားပါ့မယ်
    လူသစ်တစ်ယောက်ဖြစ်တဲ့အတွက် အနည်းငယ်ဟောင်းသွားပြီဖြစ်တဲ့ ကျွန်တော်က Welcome ပါလို့..

  • manawphyulay

    May 21, 2011 at 3:09 am

    အနေကြာသွားရင် သဘောပေါက်သွားမယ်ထင်ပါတယ်။ ဆက်လက် ဝေဖန်သုံးသပ်ပါဦး။

    • pannu

      May 21, 2011 at 6:33 pm

      အနေကြာသွားရင် ဝေဒနာလေးတွေရဲ့ အဖြေရှာတွေ့မှာ အမှန်ပါ..
      ကျွန်တော်လဲ လူသစ်ပါ …
      အမလေးဗျာ…. အကို မမ ဦးဦး ဒေါ်ဒေါ် တွေကို မပြောရဲပေါင်….ဟိဟိ

  • xman

    May 21, 2011 at 3:46 am

    ကျုးကျော်အိမ်ရာတွေ ကိစ္စ

    ပိုစ့်ရေးသူကတောင်းဆိုလို့ ဒါလေးနဲနဲဝင်ပြောချင်ပါတယ်

    ဒီကစ္စကိုဖြေရှင်းချင်ရင် ကျူးကျော်တွေအကြောင်း သေသေချာချာ အမှန်အတိုင်း သိဘို့လိုတယ်။

    ကျူးကျော်အများစုဟာ -(အကုန်လုံးမဟုတ်-အများစု)
    ၁- နေစရာတကယ်မရှိတာမဟုတ်ဘူး
    ၂- မြန်မာပြည်ကဆင်းရဲသားတွေရဲ့နမူနာမဟုတ်ဘူး ဆင်းရဲသားတွေကို ကိုယ်စားမပြုဘူး
    ၃-သူတို့ရဲ့ဘဝကို သူတို့ကိုယ်တိုင်ရွေးချယ်ထားတာ
    (ဥပမာပြောမယ်- သူတောင်းစားကလေးငယ်တယောက်ကို သနားပါတယ် သူ့ဘဝကိုကယ်တင်မှပဲလို့ သူရဲကောင်းလုပ်ပြီး မင်းသူတောင်းစားမလုပ်နဲ့ တနေ့တဒေါ်လာပေးမယ်လို့ သွားပြောကြည့် – သူကတောင်ပြန် အမ်းသွားဦးမယ်။ ကျွန်တော်က သူတောင်းစားကိုခေါ်ပြီး အလုပ်ပေးဘူးတဲ့လူ။)
    ဒါကြောင့် သူတို့နေထိုင်မှုပုံစံကိုပြင်ဆင်ခွင့်ပေးမယ် (မြေကွက်ပေးမယ်) ဆိုတာမျိုးဟာ ဘာမှထူးခြားမှာမဟုတ်။

    ဒီသုံးချက်ကိုပဲ အရင်စဉ်းစားကြည့်ရင် ဒီပြဿနာမျိုးဟာ စကားလေးသုံးလေးခွန်းနဲ့ ဖြေရှင်းလို့ရတာမျိုး မဟုတ်ကြောင်း တွေ့လာရပါမယ်။

    စားပွဲပေါ်ထိုင် စိတ်ကူးယဉ်ပြီး ဆင်းရဲသားတွေသနားပါတယ် ဆိုရုံနဲ့မပြီး – လက်တွေ့ကျတဲ့အလုပ်မျိုး ကိုယ်တိုင်လဲနိုင်သလောက် တကယ်လုပ် ပတ်ဝန်းကျင်ကိုလဲစည်းရုံး ဒီလို အင်တာနက်လိုမျိုး ကျယ်ပြန့်တဲ့မီဒီယာတွေမှာလဲ တတ်နိုင်သလောက် တင်ပြ ဆွေးနွေး ဆော်ဩ ကြရမှာပါ

    ဖတ်တဲ့သူတွေကိုအားနာလို့ ဒီလောက်ပဲမန်းပါရစေ နောက်မှ …..

  • narziparty2009

    May 21, 2011 at 7:05 am

    စာရေးသူကဆွေးနွေးခိုင်းလက်စနဲ.သိချင်တာလေးတွေမေးချင်ပါတယ်။
    အစိုးရကအဂတိလိုက်စားတာတွေကိုတိုက်ဖျက်မယ်ဆိုပြီးသိပ်မရတဲ.
    ကျောင်းဆရာဆရာမတွေကိုကိုင်တွယ်ဖြေရှင်းပြနေပါတယ်။
    စစ်ဘက်အရာရှိတွေရှိတဲ.စည်ပင်တို. အခွန်တို.ကျတော.ဘာ.လို.ကိုင်တွယ်မဖြေရှင်းတာလည်းဆိုတာသိချင်ပါတယ်။

  • king

    May 21, 2011 at 8:54 am

    ကျွန်တော်လည်း လေမရှည်ဘဲ ဒဲ့ပဲ ပြောတော့မယ်လို့ ဆိုသော်ငြားလည်း
    အဂတိတရားလေးပါး မလွတ်နိုင်သေးတော့
    မျိုသိပ်ရင်း ပါးပါးလေးပဲ လှမ်းပုတ်လိုက်တော့မယ်
    လုပ်သင့်တာတွေကို အရင်လုပ်ကြပါ လုပ်ချင်တာကို နောက်မှလုပ်ကြပါလို့ပဲ ပြောကြားရင်း……
    ( ^ _ * )
    😛

    • bigcat

      May 21, 2011 at 3:44 pm

      ဒါဆိုရင်တော့ ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ဘူး။ သမုဒ္ဒရာ ဝမ်းတထွာတဲ့၊ ဘယ်တော့မှ မပြည့်နိုင်ဘူး..

  • char too lan

    May 21, 2011 at 2:33 pm

    ကြိုဆိုပါတယ် လူသစ်
    ဒီထဲက လေးပေါက် နဲ့ ဦးဖက်ရဲ့ Post တွေများများဖတ် တူညားတွေရမ်ဖစ်ဒါဂို တွားမကျိနဲ့ ပျံခြစ်ဒေါ့မှ လက်ခုတ်ဝင်တီးပေး ရပီ 🙂 🙂

  • kopauk mandalay

    May 21, 2011 at 4:35 pm

    တူလေးချူးတာလန်
    လူသစ်လေး “သလုံ”( တရုပ်လိုခေါ်လိုက်တာ) ကိုသိပ်မကျပ်ပါနဲ့ကွယ်။
    သလုံလေးပြောတဲ့ ကျုးကျော်အိမ်ယာ ကိစ္စက တကယ်လဲဖြေရှင်းမရတဲ့ပုစ္ဆာတပုဒ်ပါကွယ်။
    တဲကိုဖျက် တိုက်ခန်းဆောက် တစ်ခန်းပြန်ပေး
    ရောင်းစား နောက်တစ်နေရာသွားနေ
    ထပ်ဖယ်
    တိုက်ခန်းထပ်ဆောက် ပြန်ပေး
    ပြန်ရောင်းစား ပြန်ကျူး ……………ဒီလိုနဲ့ဘဲ တိုက်ကန်ထရိုက်ရသူက ထောသွားပါသတဲ့ကွယ်။
    အခုခေတ်ကတော့ ဂါ တဲ့ခေတ်ပါကွယ်၊

  • kai

    May 21, 2011 at 8:41 pm

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။ ဆိုတဲ့စည်းကမ်းကို….
    လွတ်လပ်စွာ… ရေးသားပြောဆိုစည်းရုံးခွင့်နဲ့တွဲလိုက်ရင်… အဓိပ္ပါယ်ပိုပေါက်လွယ်သွားမလားပဲ..။

    ဆိုတော့…
    အဲဒီသုံးခုထဲ… ဘောင်ဝင်အောင်ရပ်တည်ထားပြီး…
    မတူသောအတွေးနဲ့(တာဝန်ယူရဲသော)ကိုယ်ပိုင်စာတွေ… ချရေးကြည့်ပေါ့…။
    … လှတဲ့..တန်ဖိုးရှိတဲ့စာတွေဖြစ်လာမှာပါ..။

    • bigcat

      May 22, 2011 at 3:44 am

      အဲဒီလို ပြောကြေးဆို သူများဘာသာတွေရဲ့ ဘုရားတွေ၊ ယုံကြည့်မှုတွေကို မှားတယ်၊ အဓိပ္ပါယ်မရှိဘူးလို့ ပြောမယ်ဗျာ။ နတ်၊ သရဲ၊ ဂန္ဓာရီပညာရပ်တွေကို သဂျီးရှုံ့ချသလိုမျိုးပေါ့၊ ရမလား။
      ကမာ္ဘပေါ်မှာ နတ်၊ ဝိညာဉ် ပရလောကယုံကြည်သူ သန်းထောင်နဲ့ရှိတယ်ဆိုရင် သဂျီးဘာပြောမလဲ။ သိပ်ဝေးဝေးမကြည့်နဲ့ တရုတ်တွေ တစ္ဆေကြီးပွဲတော်လုပ်တာ အထင်အရှားပဲ။ သူတို့လူမျိုးတခုထဲနဲ့တင် သန်းထောင်ချီလို့ သဂျီးက ကမာ္ဘ့လူဦးရေ ခြောက်ပုံတပုံရဲ့ ယုံကြည်မှုကို စော်ကားနေပြီ။ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အာဖရိက၊ တောင်အမေရိကတိုက်တွေမှာလည်း နတ်၊ ဝိညာဉ်လောက၊ ဂန္ဓာရီလိုင်းး စတာတွေကို ယုံကြည်သူတွေ အားလုံးပေါင်းလိုက်ရင် နောက်ထပ် သန်းတထောင်ကျော်မယ်။ သတ်သက်လွတ်ဝါဒလည်း ဂလိုပဲ။ ဒီတော့ကာ သဂျီးအနေနဲ့ တိကျတဲ့အဖြေပေးရင်ပေး မပေးနိုင်ရင် ကျနော်တို့အနေနဲ့ သူများဘာသာကို ခရူးဆိတ်စစ်ပွဲ ဆင်နွှဲခွင့်ရှိတယ်လို့ ယူဆလိုက်မယ်…

      • kai

        May 22, 2011 at 9:10 am

        မီဒီယာရဲ့ သဘောသဘာဝကို ရှင်းပြနေလည်း.. သင်တန်းတခုဖွင့်ယုံပဲရှိပါတော့မယ်..။
        ဒီတော့..လက်တွေ့ကျကျပဲ..အခုတလော တက်လာတဲ့ သတင်းဆောင်းပါးတပုဒ်ညွှန်းရတာပေါ့..
        http://cosmiclog.msnbc.msn.com/_news/2011/05/16/6654463-hawking-there-is-no-heaven
        အဲဒါကို ဘယ်လိုမြင်မလည်း. ကိုယ်တိုင်ဖတ်ပြီး..ကိုယ်တိုင်.ဖြေကြည့်ပါ..။
        အောက်ကကော်မန့်တွေလည်း .. ဖတ်ပါ..။ ယာဟူးမှဆို .အဲဒီသတင်းဆောင်းပါး… .ကော်မန့်ပေါင်း.. သောင်းချီရတယ်..။

        နောက်တခုက..
        ကျုပ်အနေနဲ့.. နတ်၊ သရဲ၊ ဂန္ဓာရီပညာရပ်တွေကို ရှုံ့ချထားပါတယ်ဆိုတဲ့စာရှိရင် ထောက်ပြပါ..။
        သာမန်အားဖြင့်…ကျုပ်ရေးတဲ့စာတွေမှာ.. အချက်အလက်ပါတယ်..။(ဒါမှမဟုတ်)အချက်အလက်တွေကို… ကိုးကားပြန်ရေးတယ်..။
        တကယ်တန်းက .. အချက်အလက်နဲ့ကိုးကားရေးတာကို ချေပချင်ရင်… အချက်အလက်နဲ့ ပြန်ရှင်းဖို့ပါပဲ..။
        ပိုပြီး ခိုင်မာတိကျတဲ့ အချက်အလက်နဲ့..ပြန်ရှင်းသင့်တယ်..။ ကိန်းဂဏန်းတွေ ချပြသင့်တယ်..။ ဒီလိုလုပ်ပါမှ..ကျန်တဲ့စာဖတ်သူတွေအတွက်အကျိုးများတယ်..။ ကုသိုလ်လည်းရတယ်..။
        အဲဒီလို … မဟုတ်ပဲ..” ဒီလိုအချက်အလက်တွေက… ဟုတ်ကိုမဟုတ်ဘူး”… “ဘာလို့မဟုတ်သလဲဆိုတော့… မဟုတ်လို့ပါပဲ..” တို့.. “ဒါဟာစော်ကားရေးတာပါ”တို့ ဆိုတာတွေက… ပုဂ္ဂိုလ်ရေးနဲ့..စွတ်စွဲတာတွေပဲ..။
        အကုသိုလ်ဖြစ်ပါတယ်..။

        နတ်၊ သရဲ၊ ဂန္ဓာရီပညာရပ်တွေ..ဗုဒ္ဓတရားတွေကို.. ပုဂ္ဂလိက… တဦးယောက်က… ပိုင်တာမှမဟုတ်တာပဲ..။
        စော်ကားရေးပါတယ်လို့.. အဲဒီပညာရပ်..ဘာသာရပ်တွေဖက်က..ရပ်တည်ပြောကြရအောင်..ပုဂ္ဂိုလ်တဦးတယောက်စီမှာ..Rights ရှိမှမရှိတာပဲ..။
        ဘယ်သူကမှလည်း ..အဲဒီအခွင့်အာဏာကို … ပေးထားတာမဟုတ်…။ ကိုယ့်ဖာကိုယ်ကောက်ယူပြီး.. ကိုယ်က.. ကယ်တင်ရှင်ကြီးတယောက်လို့… တာဝန်ခံထားတဲ့ ကိစ္စတွေပဲ..။ ဘောင်ကျော်နေတယ်လို့..မြင်မိတာပါပဲ..။

        ထားပါတော့…
        လူတွေက… ကိုယ့်သမိုင်းမှတ်တိုင်..ကိုယ်စိုက်ကြတာပဲလေ..။
        ဆိုတော့..
        ဒီထဲက ရွာသားတဦးတယောက်က..ရေးချထားတဲ့စာတွေထဲ.. ဒီထဲကစည်းကမ်းတွေကို… လိုက်နာမှုရှိမရှိကို … (သာမန်အားဖြင့်) ရွာသားတွေကပဲ.. ဆုံးဖြတ်သွားနိုင်ဖို့ အခွင့်အရေးပေးထားပါတယ်..။
        အဲဒီကမှ.. ရွာသားတွေက…မဖြေရှင်းနိုင်တော့ဘူးဆိုရင်.. ပွဲဆူလာပြီဆိုရင်… တာဝန်ရှိသူတဦးအနေနဲ့.. (မီဒီယာသဘောသဘာဝနဲ့စည်းကမ်းတွေအခြေခံပြီး).. ကျုပ်က..ဝင်ဆုံးဖြတ်ပေးနေပါတယ်…။
        အဲဒီအချိန်မျိုးရောက်ရင်… .. ဆုံးဖြတ်ချက်က အတည်ပါပဲ..။

        ဘာပဲဖြစ်ဖြစ်.. ဒီစာတွေဟာ..မှတ်တမ်းကျန်ရစ်မှာပါ..။
        အခုထိတော့ … ဒီဝက်ဘ်ဆိုက်ရဲ့..အချက်အလက် ..ဒေတာတွေ..နှစ်ပေါင်းများစွာ.. ယူသွားဖို့..ဆုံးဖြတ်ထားတယ်..။
        ဘွာတေး လုပ်လို့မရောတ့ပါဘူး…။ 🙂

      • bigcat

        May 22, 2011 at 3:28 pm

        သဂျီးရဲ့ ဝေဖန်မှုတွေကို ပြန်ကြည့်ရင် ငါနဲ့မတူလို့ လှောင်ပြောင်ရှုံ့ချတာတွေ အများကြီးတွေ့ရတယ်။ သက်သေပြပါဆိုရင်တော့ တစချင်းလိုက်ရှာရမှာမိုလို့ ကြောင်ကြီးစိတ်မဝင်စားပါ။
        လက်တွေ့သမားက ငါမြင်သိရမှလို့ ကိုင်စွဲပြီး မမြင်မတွေ့မသိရတိုင်း မရှိ၊ စိတ်ကူးယဉ် ပေါကြောင်ကြောင်၊ လမ်းမှားတယ် ဘာညာကွိကွ လှောင်ပြောင်သရော်တာကို အချက်အလက်လို့ ပြောတယ်ဆိုရင် နာမ်ဝါဒီသမားတွေကရော သူတို့လက်ခံရာ သက်သေသာဓကနဲ့ ပြောတဲ့အခါ နားလည်စာနာပေးနိုင်ရမှာပေါ့။ ကျနော့်ကွန်းမန့် ဆိုလိုရင်းက ကိုယ်ချင်းစာပေးဖို့ပါ။ လူ့လောက၊ လူ့သဘာဝ ဖြစ်စဉ်ကို အန္တရာယ်မပြုသ၍ အားလုံးသည် စိတ်ကူးပေါက်ရာ လုပ်နေတာမို့ လက်ခံပေးနိုင်ဖို့ လိုပါတယ်။ ပြုပြင်ထိန်းကျောင်း ဆွဲဆောင်ပေးပါ၊ အပျက်သဘော မကန့်ကွက်ပါနဲ့။ ပုထုဇဉ်အာလုံး အရူးလို့ ဘုရားဟောရှိတယ်မဟုတ်လား။ အမူးသမားချင်းအတူတူ ခွက်ပိုမချပါနဲ့ သဂျီးရယ်…… 😛

  • mozillamedia

    May 22, 2011 at 3:11 am

    “တစ်ကယ့်ဒီမိုကရေစီ နိုင်ငံစစ်စစ်တွေမှာ အစိုးရက နိုင်ငံကို အုပ်ချုပ်တာမဟုတ်ပါဘူး.. ထိန်းကြောင်းပဲ့ပြင်ပေးရုံ၊ အများကိုယ်စား တာဝန်ခံလုပ်ဆောင်ပေးတာကိုပဲ လုပ်ဆောင်ကြပါတယ်.. ” ဆိုတာကို လက်ခံပါတယ်… နားလည်အောင်ပြောပြီး စေခိုင်တာမျိုး မှ ကျွှန်တော်ကတော့ ပို အလုပ်လုပ်ဖြစ်ပါတယ်… အစိုးရ အနေနဲ့လည်း ပြည်သူတွေ အသံကို ပိုနားထောင်သင့်ပါတယ်…
    ဆင်းရဲမွဲတေပပြောက်ရေး အတွက် အသိပညာ ပေးတာနဲ့… သီးခံဖေးမ ဖို့တော့လိုပါမယ်… သူတို့တွေ လမ်းမှား ကို ပိုရောက်သွားရင် လည်း ဒုက္ခ ကောင်းကောင်း ပေးတတ်ကြတယ်…. ဘင်လာဒင်လို လူမျိုးတွေ မဖြစ်သွားစေခြင်ဘူး..

  • king

    May 22, 2011 at 8:07 am

    အခြေအနေကတော့ အင်းးးးးးးးးးးးး
    လစ်မှပဲ
    ရွာထိပ်က ထန်းတောမှာ မိုက်ကယ်ဂျော်နီအောင်ပုရဲ့ အမြည်းခွက်ကို
    သွားနှိုက်ရင်း …………………………………………………………………
    ကဲ … ရွာစားရေ
    မတိမ်းမစောင်း ဗိန်းဗောင်းသံနဲ့ ပို့ ….
    😛 🙂

  • nigimi77

    May 22, 2011 at 9:23 am

    ကြောင် ပုဇွန် ကျွတ်ကျွတ် မဝါးနိုင်တော့ဘူး။ 🙂

  • paukpauk

    May 22, 2011 at 4:52 pm

    “တစ်ချို့ ပို့စ်တွေမှာဆို ပို့စ်နဲ့မဆိုင်တဲ့ ကောမန့်တွေပေးရင်း အငြင်းပွားနေ တွေတောင် တွေ့ရတယ်။” တဲ့
    အဲဒီထဲ ကျုပ်တောင် ပါသေးတယ်ထင်တယ်။

    ဘာပဲဖြစ်ဖြစ် ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောချင်တာလေးဝင်ပြောလိုက်ရတော့ စိတ်သက်သာတယ်။
    မတူတဲ့ရှုထောင့် ဖြစ်တော့ ပိုမကောင်းပါဘူးလား။
    topic က fixed လုပ်ထားတာမှမဟုတ်တာ၊
    ရေးသူလဲ သူကြိုက်တာ သူရေးသွားတာပဲ၊
    ဖတ်သူလဲ သူပြောချင်တာ ပြောခွင့်ရှိရမှာပေါ့။ ပြီးတော့ ကိုယ့်စိတ်မှာ ဖြတ်ကနဲပေါ်လာတဲ့ စကားက နောက်တစ်န့မှာ ရှိချင်မှရှိတော့တာကိုး။

    ဒီကိစ္စတစ်ခုမှာ ကိုယ်နဲ့ သဘောထားလုံးလုံး မတိုက်ဆိုင်ပေမဲ့ နောက်တစ်ခါ ကျပြန်တော့လဲ တော်တော်လေးသွားတူတတ်တာလဲ တွေ့ရတတ်တယ်။

    (အနှစ်ချုပ်လိုက်ရင်တော့ နဂါးကြီး အမောက်မထောင်နိုင်အောင် ကိုယ်ပြောချင်တာ မပြောရဘူးလားဆိုပြီး ဝိုင်းဆော်နေကြတာပါပဲ…
    ဟီဟိ။)

  • nozomi

    May 23, 2011 at 8:45 am

    ရွာသားတစ်ယောက်အနေနဲ့ ကျွန်တော့်အမြင် ကိုလည်း ပြောကြည့်ချင်ပါတယ်..
    ကျွန်တော့်တို့ မြန်မာပြည်ကလူတွေက လွတ်လပ်စွာ စဉ်းစား၊တွေးခေါ်၊ပြောဆို၊လုပ်ကိုင်တာကို ကန့်သတ်ထားတဲ့ စနစ်တစ်ခုအောက်မှာ အကြာကြီးနေလာရတော့ လွတ်လပ်စွာ စဉ်းစား၊တွေးခေါ်၊ပြောဆို၊လုပ်ကိုင်တဲ့အပိုင်းမှာ အားနည်းကြပါတယ် အခုနောက်ပိုင်းမှသာ မရဲတရဲလေး တွေးခေါ် ပြောဆိုလာကြတာပါ သူကြီးကလွတ်မြောက်နယ်မြေမှာ အနေကြာလာတော့ သူ့စိတ်ထဲမှာ အားမလိုအားမရ ဖြစ်ပြီး ရွာသားတွေ လွတ်လပ်စွာ တွေးခေါ်ပြောဆို ချင်အောင် ပြောဆိုရဲအောင် တချို့ကိစ္စတွေမှာ ဆွပေးတယ်လို့ မြင်ပါတယ် အဲဒါကြောင့်လဲ ရွာထဲမှာ ဥဏှောက်မုန်တိုင်းဆင်နေတယ်ဆိုတဲ့သက်သေ ဖြစ်တဲ့ ပွဲဆူတာတွေမြင်နေရတာပါ အဲဒါကြောင့်ပဲ “ သူကြီးလုပ်တာ ဟိုဟာမှားတယ် ဒီလိုမပြောနဲ့ ကျုပ်တို့ကတော့ ဒီလိုထင်တယ်”ဆိုတာမျိုး ပြောချင် ပြောတတ် ပြောကြတာမျိုးဖြစ်လာတာပါ ဒါသူကြီးရဲ့ စေတနာလေးတွေပါ ကောင်းတဲ့ကိစ္စတွေပါ သူကြီးလဲ တစ်ခါတစ်လေတော့ စေတနာနဲ့မှားတဲ့ စေတနာအမှားလေတွေရှိပါတယ် အထူးသဖြင့်
    ဘာသာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အခံရှိပြီးသားလူအတွက် ပြသနာမရှိပေမဲ့ အသိအမြင်နုနယ်သေးတဲ့သူ ၊ နဲနဲမြင်တာကို အကုန်မြင်ပြီလို့ ထင်တဲ့သူတွေအတွက် သူကြီးပြောချင်တာက တမျိုး သူတို့သဘောပေါက်ကတစ်ခုဖြစ်ပြီး အများကြီးလမ်းလွဲရောက်သွားနိုင်ပါတယ် စကားတစ်ခွန်းကိုပဲ ရွာသားတစ်ယောက်ပြောတာနဲ့ သူကြီပြောတာနဲ့ ထိရောက်မှုခြင်းကွာပါတယ် အဲဒါလေးတော့ သတိပြုပေးစေချင်ပါတယ် ရှေ့ဆက်ပြီး သူကြီးလဲ လွတ်လပ်စွာ ပြောမှာဖြစ်သလို ရွာသားတွေလဲ လွတ်လပ်စွာ သဘောထားကွဲကြ ဦးမှာပဲ ဘာပဲဖြစ်ဖြစ် သူကြီးကို ကျေးဇူးတင်ပါတယ်

    • bigcat

      May 24, 2011 at 1:10 am

      သူများသားသမီးကို မှိုချိုးမျှစ်ချိုးပြောပြီးမှ ပြောရဲဆိုရဲရှိအောင် ဆွပေးတာပါလို ဆိုလို့ရမလား… ဒီကိစ္စမှာ သဂျီးလွန်တာ လူတိုင်းသိတယ်။ နိုဇိုမိလည်း ကြားကရွှေပြည်အေးတရား လာဟောမနေပါနဲ့။ ပြောသူကမေ့နိုင်ပေမဲ့ အပြောခံရသူက တသက်မမေ့ဘူးဟေ့….
      🙁 😡 🙁 😡 🙁 😡 🙁 😡 🙁 😡 🙁 😡 🙁 😡

  • nature

    May 23, 2011 at 9:09 am

    သူကြီး အမေရိကန်မှာရောကျူးတွေရှိလား၊ ရှိရင်ဘယ်လိုရှင်းကြလဲသိချင်ပါတယ်။အခြားနိုင်ငံတွေမှာရောဘယ်လိုရှင်းကြလဲ။

  • etone

    May 23, 2011 at 9:30 am

    ကျူးကျော်အိမ်တွေ ကိစ္စကတော့ ရှင်းပါတယ်… ဘယ်သူ့မြေပေါ် ကျူးကျော်တာလဲ ပိုင်ရှင် ရှိတဲ့ မြေဆိုလျှင် ပိုင်ရှင်က ဖယ်ခိုင်းလျှင် ဖယ်ပေးရမှာပါ … အစိုးရပိုင်မြေပေါ်ဆိုလျှင်လည်း အစိုးရက ဖယ်ခိုင်းလျှင် သူတို့ဖယ်ပေးရမဲ့ တာဝန်ရှိနေပါတယ်… ။ ပိုင်ရှင်လည်း မဟုတ်ပဲ အတင်းဖယ်ခိုင်းလျှင်သာ ပြသနာရှုပ်တာပါ … ။ အခိုင်မာ စာရွက်စာတမ်းဘာမှ မရှိပဲ… ဒါငါ့မြေ …. ဘိုးဘွားလက်ထပ်ကနေလာတို့ဘာတို့ လေလုံးထွားလို့လည်း မရပါဘူး … ။ စာရွက်စာတမ်း ၊ အထောက်ထားအရ ခိုင်မာလျှင် ကိုယ့်နေရာက ကိုယ့်နေရာပါပဲ… ။

  • kopauk mandalay

    May 23, 2011 at 2:52 pm

    သူကြီး အမေရိကန်မှာရောကျူးတွေရှိလား၊ ရှိရင်ဘယ်လိုရှင်းကြလဲသိချင်ပါတယ်။အခြားနိုင်ငံတွေမှာရောဘယ်လိုရှင်းကြလဲ။

    ဒီအမေးကိုဖြေရမယ်ဆိုရင် အမေရိကန်မှာမှ မဟုတ်ဘူးတိုင်းသူပြည်သားရှိုနိုင်တဲ့နေရာတိုင်းမှာနိုင်ငံတိုင်းမှာ
    နေစရာမရှိလို့ ကြုံရာနေရာမှာ နေရတဲ့သူတွေရှိမှာဘဲလို့ ယုံကြည်ပါတယ်။

  • kai

    May 24, 2011 at 7:49 am

    အမေရိကားမှာလည်းရှိမှာပါ..
    ကျူးကျော်ဆိုတာထက်… အိမ်ယာမဲ့သူတွေ ကပိုများမယ်လို့ ပြောရင်ပိုမှန်မယ်ထင်တယ်..။

    ကျူးကျော်ဆိုတာက ..သူများနေရာ..ဒါမှမဟုတ်.. အစိုးရနေရာ ဝင်ရောက်နေတာမျိုးပေါ့..။
    ကိုယ့်မြေနယ်နမိတ်ထဲဝင်လာတဲ့သူကို .. သေနတ်နဲ့ပစ်သတ်ပိုင်ခွင့်ဥပဒေ( ပြည်နယ်အများစု) ရှိတဲ့နိုင်ငံမို ့.. ပုဂ္ဂလိကမြေကို ကျူးကျော်နေထိုင်တာ တော်တော့်ကိုနည်းမယ်ထင်ပါတယ်..။
    အစိုးရမြေလည်း.. ဝင်နေကြရင်.. အစိုးရက.. လူအများစုဖြစ်လာရင် နေရာချပေးတာတွေ့ဖူးပါတယ်.။
    အဲဒီလိုနဲ့.. ကားအိမ်(ကားနဲ့အိမ်တွဲနေတာ) တွေစုထားတဲ့ရပ်ကွက်တွေ..။ ရွေ ့ပြောင်းနိုင်တဲ့ အိမ်တွေစုထားတဲ့ရပ်ကွက်တွေ ရှိနေတာထင်တာပါပဲ..။

    အိမ်ယာမဲ့..အခြေအနေမဲ့(homeless)ကတော့ တော်တော့်ကိုများများ ရှိပါတယ်..။
    အစိုးရက ..အလုပ်လက်မဲ့တွေအတိုင်းအတာတခုအထိ ထောက်ပံ့ပေမဲ့.. အလုပ်မလုပ်ချင်..အလုပ်ပေးလဲ..ထွက်ပြေးနေတဲ့သူတွေလည်းပါတယ်ပေါ့..။
    ကြားထဲက.. ခရက်ဒစ်(အကြွေးရာဇဝင်) ပျက်လို့… ဒေဝါလီခံလိုက်လို့.. မိန်းမ..မိသားစုနဲ့အကွဲပြ… လမ်းဘေးဆင်းနေတဲ့… သူတွေလည်း ရှိတာပါပဲ..။

    ကြည့်ရတာ… ဆိုင်ရာမြို ့တွေမှာ.. အုပ်ချုပ်ရေးပိုင်းက ..ဒါကို နိုင်နိုင်နင်းနင်း..ရှင်းနိုင်ပုံမရပါဘူး..။

    • nature

      May 24, 2011 at 3:31 pm

      (ကိုယ့်မြေနယ်နမိတ်ထဲဝင်လာတဲ့သူကို .. သေနတ်နဲ့ပစ်သတ်ပိုင်ခွင့်ဥပဒေ( ပြည်နယ်အများစု) ရှိတဲ့နိုင်ငံမို ့.. )
      အမလေး ၊ ဘုရားဘုရား ၊ ပစ်မသတ်တာကျေးဇူးတင်ပါတယ်။

Leave a Reply