မိုဘိုင်းဖုန်းတလုံးရဲ့ အရေးကြီး အသုံးတည့်သော လျှို့ဝှက်ချက် ၄ ချက်

Good IdeaMay 22, 20111min31412

ကျနော် ဖုန်းဝယ်ထားဖြစ်တာ ကြာပါပြီ။ ဒါပေမယ့် တခါမှ ကိုယ့်ဖုန်းက
ဒီလောက်အသုံးဝင်မှန်း မသိဘူး။ ဒီနေ့တော့ သူငယ်ချင်းတယောက်
ပို့ပေးလိုက်တဲ့ မိုဘိုင်းဖုန်းရဲ့ အရေးကြီး အသုံးတည့်တဲ့ လျှို့ဝှက်ချက်
၄ ခုကို ဖတ်ကြည့်လိုက်တော့မှ “ဪ ငါ့ဖုန်းက ဒီလောက်တောင်
အသုံးဝင်ပါလား” လို့ သိရပါတယ်။

အဲဒီ လျှို့ဝှက်ချက် ၄ ခုထဲမှာ နံပါတ် ၁ ၊ နံပါတ် ၃ နဲ့ နံပါတ် ၄ ကိုတော့
စမ်းသပ်ကြည့်ပြီးပါပြီ။ (နံပါတ် ၂ ကို မစမ်းဖြစ်တာက ကိုယ်ပိုင်ကား
မရှိလို့ပါ။) နံပါတ် ၁ နဲ့ ၄ ကတော့ တကယ့်အမှန်အကန်ပါပဲ။ နံပါတ် ၃ ကတော့
ကျနော့်ဖုန်းထဲမှာ ဘက်ထရီ ရှိနေသေးလို့လားမသိဘူးဗျ။ ဘာမှ မထူးခြားဘူး။

ကဲ ရွာထဲက ဘော်ဒါတွေလည်း ဒီလျှို့ဝှက်ချက်လေးတွေကို အသုံးပြုပြီး
ဖုန်းတလုံးကို အကျိုးရှိစွာ အသုံးချနိုင်ပါစေဗျာ။

အားလုံးကို လေးစားလျှက်…

Good Idea

(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့
နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ
၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း
ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့
သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ
ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့
နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ
လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး
အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ
ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို
သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို
ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို
ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ..
စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့
စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။
အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက
နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ
သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို
နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို
ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း
ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား
ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို
ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို
ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း
၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ
သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး
လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ
သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ
တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။
တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ်
ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ
ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့
ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင်
ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ်
နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက
ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ
ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ
ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း
သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့
မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card
ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း
ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း
ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးကို ဝယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။

12 comments

  • MaMa

    May 22, 2011 at 9:50 am

    Good Idea ပါ Good Idea ရေ။

  • kai

    May 22, 2011 at 10:02 am

    ခပ်တည်တည်နဲ့.. စမ်းလိုက်တာ… မနက် ၃နာရီကြိး.. ဘယ်သွားခေါ်နေမှန်မသိ..။
    အဲဒါနဲ့.. အင်တာနက်မွှေလိုက်တာ.. ၂၀၀၅ခုနှစ်က စာကြီးဖြစ်နေပြီး..တော်တော်များများ… မမှန်ပါသတဲ့ခင်ဗျ…

    Forwarded email purports to clue readers in on various ‘unknown’ tips and tricks for cell phone use, including dialing 112 to access a worldwide emergency network.

    Description: Email flier
    Circulating since: Sep. 2005 (multiple versions)
    Status: Mostly false

    Email example contributed by Greg M., Feb. 15, 2007:

    THINGS YOU NEVER KNEW YOUR CELL PHONE COULD DO.

    There are a few things that can be done in times of grave emergencies. Your mobile phone can actually be a life saver or an emergency tool for survival. Check out the things that you can do with it:

    FIRST
    Subject: Emergency
    The Emergency Number worldwide for Mobile is 112. If you find yourself out of the coverage area of your mobile; network and there is an emergency, dial 112 and the mobile will search any existing network to establish the emergency number for you, and interestingly this number 112 can be dialed even if the keypad is locked. Try it out.

    SECOND
    Subject: Have you locked your keys in the car?
    Does your car have remote keyless entry? This may come in handy someday. Good reason to own a cell phone: If you lock your keys in the car and the spare keys are at home, call someone at home on their cell phone from your cell phone. Hold your cell phone about a foot from your car door and have the person at your home press the unlock button, holding it near the mobile phone on their end. Your car will unlock. Saves someone from having to drive your keys to you. Distance is no object. You could be hundreds of miles away, and if you can reach someone who has the other “remote” for your car, you can unlock the doors (or the trunk). Editor’s Note: It works fine! We tried it out and it unlocked our car over a cell phone!”

    THIRD
    Subject: Hidden Battery Power
    Imagine your cell battery is very low. To activate, press the keys *3370# your cell will restart with this reserve and the instrument will show a 50% increase in battery. This reserve will get charged when you charge your cell next time.

    FOURTH
    How to disable a STOLEN mobile phone?
    To check your Mobile phone’s serial number, key in the following digits on your phone: * # 0 6 # A 15 digit code will appear on the screen. This number is unique to your handset. Write it down and keep it somewhere safe. When your phone gets stolen, you can phone your service provider and give them this code. They will then be able to block your handset so even if the thief changes the SIM card, your phone will be totally useless. You probably won’t get your phone back, but at least you know that whoever stole it can’t use/sell it either. If everybody does this, there would be no point in people stealing mobile phones.
    And Finally…

    FIFTH
    Cell phone companies are charging us $1.00 to $1.75 or more for 411 information calls when they don’t have to. Most of us do not carry a telephone directory in our vehicle, which makes this situation even more of a problem. When you need to use the 411 information option, simply dial: (800) FREE 411, or (800) 373-3411 without incurring any charge at all. Program this into your cell phone now. This is the kind of information people don’t mind receiving, so pass it on to your family and friends.

    Analysis: Beware forwarded emails offering esoteric tips and tricks “you never knew.” Most of the claims in this message are either false or have limited applicability. We’ll examine them one by one:

    CLAIM: The worldwide emergency number for cell phones is 112.
    Not quite. Throughout most of Europe and a few countries outside of the EU, dialing 112 will connect users to local emergency services. However, the number won’t work in North America, nor most of Asia and Africa. Many, but not all, cell phone models will allow special emergency numbers to be dialed even if the phone lacks a SIM card or the keypad is locked.

    CLAIM: Unlock a car door with your cell phone and a spare remote key.
    False. As discussed previously in these pages, cell phones and remote keyless entry systems work on entirely different radio frequencies. Therefore, cell phones are incapable of re-transmitting the signal from a remote key to unlock a car door.

    CLAIM: Press *3370# to access ‘reserve battery power.’
    False. On some Nokia phones, users can punch in special codes and toggle between speech codec modes to 1) enhance voice transmission quality at the cost of diminished battery performance, or 2) enhance battery performance by decreasing voice quality. Apparently, some users have misconstrued the latter as “tapping into reserve battery power.” On that score the email is doubly erroneous because *3370# is the code for enhancing voice quality, so using it actually decreases battery life!

    CLAIM: Press *#06# to disable a stolen cell phone.
    Not exactly. On some cell phone models, but not all, pressing *#06# will cause the phone’s 15-digit International Mobile Equipment Identity to be displayed. Some service providers, but not all, can use that information to deactivate the handset. In any case, it isn’t necessary to supply an IMEI number to cancel your cellular account in the event of theft; simply call your provider, give them the appropriate account information, and tell them the phone was stolen.

    CLAIM: Make 411 calls on your cell phone without charge by dialing (800) FREE 411.
    Basically true (see previous commentary on Free 411), though cell phone users may still incur a charge for minutes used, depending on the specifics of their plan.

    http://urbanlegends.about.com/od/business/a/cellphone_tips.htm

  • MaMa

    May 22, 2011 at 10:13 am

    ဒီမှာလည်းစမ်းခေါ်တာ
    ၁။လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းနံပါတ် မှားယွင်းနေပါသည်။
    ၃။ဤဝန်ဆောင်မှုမျိုး မရရှိနိုင်ပါရှင်။
    ၄။ ဝ၀၀၀၀၀၀၀၀၀၀၀၀၀၀
    တော်တော်နောက်တဲ့ Good Idea

  • king

    May 22, 2011 at 10:46 am

    နောက်ကောင်းဘူးနော်ဗျ

  • manawphyulay

    May 22, 2011 at 11:31 am

    ဖုန်းက မဝယ်နိုင်သေးတော့ အရင်ဆုံး သိထားသင့်တယ်ထင်လို့ မှတ်သွားပြီနော်….

  • ဆူး

    May 22, 2011 at 2:10 pm

    ကားသော့ အတွက်တော့ စမ်းချင်တယ်။ အကြောင်းမတိုက်ဆိုင်လို့.. ဟုတ်မဟုတ်တော့ မသိဘူး။

  • Kaung Thant

    May 23, 2011 at 6:08 am

    အကို့ ပြောတာတွေက ခေတ်တော်တော် နောက်ကျနေပီထင်တယ်ခင်ဗျ။ Touch Screen ဖုန်းဆိုရင်ဘယ်လိုလုပ်မလဲ?

  • winkyawaung

    May 23, 2011 at 10:34 am

    ဖုန်းကမရှိတော့ စမ်းဖို့ခက်နေပါသေးတယ်နော်..။

  • Good Idea

    May 23, 2011 at 11:23 am

    ကျနော်လည်း အားလုံးသော ကျနော့်မိတ်ဆွေတွေ အသုံးတည့်ပါစေတော့ဆိုပြီး ပေးလိုက်တဲ့နည်းတွေက အမှားတွေ ဖြစ်နေတာကိုးဗျ။

    နံပါတ် ၁ ကို စမ်းကြည့်ဖြစ်တာက ကျနော့်ဖုန်းကို Locked ချပြီး 112 ကို နှိပ်ကြည့်တာ ရတယ်ဗျ။ ခေါ်တော့ မခေါ်ဖြစ်ဘူး။ (Emergency Call ဆိုတော့ ကွိုင်တက်နေမှာစိုးလို့ ဟီး ဟီး)

    နံပါတ် ၂ ကျတော့ ကားမရှိလ်ို့ မစမ်းဖြစ်ဘူး။

    နံပါတ် ၃ ကျတော့ စမ်းကြည့်တာ ဘာမှမထူးခြားတော့ ဖုန်းထဲမှာဘက်ထရီရှိနေလို့ ဒီအချက်က အစွမ်းမပြနိုင်တာ ဖြစ်မှာလို့ပဲ ထင်ထားလိုက်တာဗျ။

    နံပါတ် ၄ ကတော့ ကျနော့်ဖုန်းရဲ့ ကုတ်နံပါတ် ၁၅ လုံး ပေါ်လာတယ်ဗျ။ အဲဒါနဲ့ ကျနော်လည်း မေ့သွားမှာစိုးလို့တောင် အဲဒီနံပါတ်တွေကို အီးမေးလ်ထဲမှာ ထည့်သိမ်းထားဖြစ်သေးတယ်။ ဒါပေမယ့် တကယ်အသုံးတည့်မတည့်တော့ မသိဘူးလေ။ တခါမှ ဖုန်းမပျောက်ဖူးသေးလို့လေ။

    ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ဗျာ ပေးလိုက်တဲ့နည်းတွေက တလွဲတွေဆိုတော့ စေတနာ ဝေဒနာ ဖြစ်သွားတာပေါ့ဗျာ။ ကျနော့်ရဲ့ စေတနာအမှားအတွက် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရင် အဲဒီအတွက် ကျနော် Good Idea က တောင်းပန်ပါတယ်ဗျာ။

    အဆိုးထဲက အကောင်းတွက်မယ်ဆိုရင်တော့ ဒီနည်းတွေက အမှားတွေပါလားလို့ သိသွားတာက အမြတ်တခုဖြစ်သွားတာပေါ့ဗျာ။ မဟုတ်ဘူးလား ကို Kai ရ။

    • kai

      May 23, 2011 at 5:35 pm

      ပြောရရင်… အီးမေးလ်ကရတဲ့.. နည်းတော်တော်များများ.. အာရွှီး(hoax)တွေပါ..။
      တင်လိုက်တော့.. သိတဲ့သူဝင်ပြောရင်းနဲ့.. လူပိုသိသွားတာပေါ့လေ..။
      မတင်ခင် ကိုယ်တိုင်စမ်းကြည့်ပြီး.. မှားနေကြောင်းပါပြောပြနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့..။

      တောင်းပန်တတ်တဲ့ စိတ်ကို လေးစားမိပါတယ်..။ 🙂

  • etone

    May 24, 2011 at 4:31 am

    အဲ့ဒါကြီးကို သိတာ ကြာလှပြီ… ။မစမ်းဖူးပေမဲ့…
    ဘတ်ထရီတကယ်သုံးမရတဲ့ အချိန် အရေးပေါ်လိုနေတာနဲ့ မှတ်မိသလောက်လေးလုပ်ကြည့်တာ … ဘာ ဘတ်ထရီအားမှ မရှိပါဘူး ဗျို့ … ။

  • အာဖျံ ကွီး

    May 24, 2011 at 4:03 pm

    တော်ပါသေးရဲ. …
    အသာလေး ကူးတောင်ကူးထားပီ .. ဖြန်.မလို. … အဟီးးး

Leave a Reply