Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သဝဏ်လွှာ (၆) by May Aye Oo

padonmarMay 24, 20111min2011

သဝဏ်လွှာ (၆)
by May Aye Oo on Tuesday, May 24, 2011 at 12:52pm

၂၀၁၁-၂၀၁၂ ပညာရေးနှစ် အလှူ အစီအစဉ် ။

ဒီလ (မေလ-၂၀၁၁) အတွက် ပညာရေး အလှူ Education Donation ကတော့ .. ..

မြိုင် သီလရှင်သင် ပညာရေးကျောင်း (ရွှေပြည်သာ) ကို လှူမှာပါ..။

၂၀၀၉ ခုနှစ်မှာ သီလရှင်သင် ပညာရေးကျောင်း စ ဖွင့်ခဲ့တာပါ..။ မပြည့်စုံ တဲ့ အဆောက် အဦ၊ စားပွဲ၊ စာအုပ် တွေနဲ့ ဘဲ စ တင်ခဲ့ကြတာပါ..။ ဝါးကပ်ခင်းတဲ၊့ လမ်းလျှောက်လိုက်တိုင်း တအိအိ လှုပ်နေတဲ့ ကြမ်းခင်းနဲ့ ၊ စားပွဲ ရှည် အပုလေးတွေ သုံးပြီးတော့ပေါ့။ ကျမတို့ အဲဒီ ကတည်းက ကူညီပေးခဲ့တာပါ..။ ၂၀၀၉ မှာ မူလတန်းကျောင်း၊ ကျောင်းသား/သူ ၁၉ဝ နဲ့ စခဲံပြီး၊ မနှစ်က ၂၀၁ဝ မှာ မူလွန်ကျောင်း (၆ တန်းအထိ) တိုးချဲ့ခွင့်ပြုမိန့်ကျပြီး ကျောင်းသား/သူ ၅၀ဝ ခန့် သင်ကြားခဲ့ ပါ တယ်..။ ကျောင်းအုပ် ကတော့ ဆရာကြီး ဒေါ်သုနန္ဒာ.. ပါ..။

ကျောင်းဆောင် အနေနဲ့တော့ UNICEF က သစ်သားဆောင် (စာသင်ဆောင်) တစ်ဆောင်၊ ဂျပန် အလှူရှင် တွေက အုတ်ဆောင် တစ်ဆောင် (အောက်ထပ်က ဓမ္မာရုံ၊ အပေါ်ထပ်က စာသင်ဆောင်) ၂၀၁ဝ ထဲမှာ လှူ ဒါန်းပေးခဲ့ပါတယ်..။ ကျောင်းသားဦးရေ များတာကြောင့် စာသင်ဆောင် လိုအပ်နေသေးတယ်.. လို့၊ ဟို တစ်ပါတ်က မိဘမဲ့ ကလေး လေးတွေ အတွက် နို့မှုန့် သွားလှူတော့ ဆရာလေးက ပြောပါတယ်..။ မူလ ကျောင်းဖွင့်စ က စာသင်ခုံ အဟောင်းတွေ ဝယ်ခဲ့တာ.. မြေကြီးပေါ်ချသင်ရလို့မို့ ခြေထောက်တွေ ကျိုးပဲ့ ကုန်ပြီး၊ တစ်ချို့ သုံးမရတော့ပါဘူး။ ရွှေပြည်သာမြို့နယ် ရဲ့ ဆင်းရဲသား ရပ်ကွက် က ကလေးတွေ မို့ ဆရာလေးက လူ သာ လာခဲ့ပါ..။ ပညာသင်ပေးမယ်..။ ဆိုပြီး စာအုပ်၊ ဖတ်စာအုပ်၊ ခဲတံ၊ ဘောပင်၊ အစစ ထောက်ပံ့ တာဝန်ယူရပါတယ်..။ ကျမ တို့ ကလဲ နှစ်စဉ် တတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်..။ ဒီနှစ်လဲ .. စာအုပ်၊ ခဲတံ၊ ဘောပင်၊ ဖတ်စာအုပ်၊ စားပွဲ၊ ကုလားထိုင်၊ ငွေသားအလှူ၊ စသဖြင့် ရသလောက် ပံ့ပိုးသွားမှာပါ..။

ဖတ်စာအုပ်များကိုတော့ ဆရာလေးက အကြွေးနဲ့ ယူထားပါပြီတဲ့..။

ဖတ်စာအုပ် လှူချင်ရင်တော့ ငွေသား ဘဲ လှူ ရမှာပါ..။

ဗလာစာအုပ် (စာမျက်နှာ ၈ဝ ပြည့်) ၁ ဒါဇင် 1800

ခဲတံ ၁ ဒါဇင် 400

ဘောပင် ၁ ဒါဇင် 800

ပေတံ ၁ ဒါဇင် 1200

ကလေး ၅၀ဝ ရှိတဲ့ ကျောင်းမို့ အဓိက တော့ ဗလာစာအုပ် နဲ့ ဖတ်စာအုပ် လိုအပ်မှာပါ..။ ဒီ လာမဲ့ စာသင်နှစ် ၂၀၁၁-၂၀၁၂ ကျောင်းဖွင့်ချိန်အမှီ လှူပေးချင်လို့ ပါ..။ ကျောင်းတွေ ပြန်ဖွင့်ပြီမို့ ပညာရေးအလှူတွေ … ဆက်တိုက် လာတော့မှာပါ..။

ပညာရေးအလှူ စိတ်ဝင်စားသူများ၊ ပညာဒါန ပြုလိုသူ များ email နဲ့ 2000.group.donation@gmail.com သို့ ဆက်သွယ် ပါ ရှင်.. ။

ကလေးတွေ ပညာရေးမဝေးကြပါစေနဲ့ .. .. ..။

ပွင့်သောပန်းကလေးများတိုင်း လန်းဆန်းဖို့ အခွင့်အရေးတွေ ရရှိနိုင်ကြပါစေ..။

လိုအပ်သူတိုင်းကို ကူညီနိုင်သောသူ ဖြစ်ချင်ပါတယ်..။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000 GROUP

2000.group.donation@gmail.com

P.S – ကျမရဲ့ notes များကို.. Share လိုပါက ခွင့်တောင်းရန် မလိုပါ.. Share နိုင်ပါသည်.. ရှင်..

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF ံNOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

One comment

  • MaMa

    May 25, 2011 at 1:20 pm

    ကျောင်းဖွင့်ချိန်နီးလာတော့ ပညာရေးအလှုအတွက် ကြိုးစားနေကြပြီပေ့ါနော်။ အလုပ်ထဲမှာတော့ ကျောင်းဖွင့်ချိန်နီးလို့ စားသောက်ကုန်တွေတောင် အရောင်းအဝယ်တွေ အေးလို့ ငြီးနေသံတွေ ကြားနေရတယ်။

Leave a Reply