“ကောက်ကောက်ကွေ့ကွေ့”
ရှေးလူကြီးများချန်ထားကြတဲ့စကားလေးတွေထဲမှာ နွေထနောင်းဆောင်းမန်ကျီးလို့ ဆိုတာလေးရှိပါတယ်.။
နွေခါမှာဆိုရင် ထနောင်းပင်ရဲ့အရိပ်က အေးမြတယ်လို့ဆိုလိုတာပါ။
ထနောင်းပင်ကတော့ အပင်က သနပ်ခါးလို အဝါစိုစို အရွက်အရောင်က အစိမ်းစိုစို။
ထနောင်းဆူးကတော့ ကြီးပြီး စူးမိရင်မသက်သာပါဘူး။
ထူးခြားတာကတော့ထနောင်းပင်တွေရဲ့ ပင်စည်ဖွဲ့တည်ပုံပါဘဲ။
အခက်အလက်တွေဖြာနေတာက ကဗျာဆန်လှပါတယ်။
က နေသလားအောင်မေ့ရလောက်အောင်လှတယ်လို့ စိတ်ထဲထင်မိပါတယ်။
ပုံစံအမျိုးမျုးိနဲ့ခက်ဖြာထွက်နေပုံက အရမ်းလှပါတယ်။
10 comments
kai
May 29, 2011 at 12:03 am
အဲဒီဓါတ်ပုံထဲက ထနောင်းပင်ကို… မိုးကောင်းကင်ပဲနောက်ခံထားပြိး.. သစ်ကိုင်းလက်ဖြာနေတာချည်း.. သစ်ပင်အောက်တည့်တည့်က… ဓါတ်ပုံရိုက်ရင် ဘယ်လို အမြင်လှမလည်း သိချင်သား..။
ဆောင်းမှာ..မကျည်းပင်အရိပ်က.. နွေးထွေးတယ်ဆိုရမယ်ပေါ့..။
အဲလိုလား..။
မဃဒေဝမှာတော့…
ညောင်ညိုရိပ်ရယ်..။ စမ်းရေရယ်..။ မိန်းမကောင်းရယ်က.. ပူချိန်အေးပြီး… အေးချိန်နွေးတယ်.. မှတ်ဖူးတယ်..။
လူပျိုကြီးတွေ.. ဟုတ်မဟုတ်..စမ်းတဲ့အနေနဲ့.. မိန်းကလေးလှလှတွေ့ရင်.. လက်လောက်တော့ ကိုင်ကြည့်ကြပေါ့…။ 🙂
Foreign Resident
May 30, 2011 at 12:07 pm
Dear Kai,
This means,
If not ” ပူချိန်အေးပြီး… အေးချိန်နွေးတယ် ”
Then it will not be ” မိန်းမကောင်း ”
Is it ? 😛
MaMa
May 29, 2011 at 1:55 am
ကောက်ပါ့ ကိုကောက်ရယ် အဲ မှားလို့ ကိုပေါက်ရယ်။
သဂျီးပြောသလို မိုးကောင်းကင် နောက်ခံနဲ့ ထပ်ရိုက်ပြီး တင်ကြည့်ပါလား။ ဘယ်လိုမြင်ရမလဲ စိတ်ဝင်စားလို့။
khinmintatthu
May 29, 2011 at 5:04 am
ရှုခင်းက တကယ်လှပါတယ်….
manawphyulay
May 29, 2011 at 6:37 am
အပင်ကြီးရဲ့အကိုင်းတွေကို အနီးကပ်ရိုက်လာခဲ့ရင် ပိုကောင်းမယ်နော်… နောက်ပြီး အပင်အောက်ကနေ မိုးပေါ်ပင့်ရိုက်တဲ့ပုံကော မရှိဘူးလား… အတော်ကို ပိုပြီး ကြည့်ကောင်းမယ်လို့ မြင်မိတယ်။
ကိုပေါက်(မန္တလေး)
May 29, 2011 at 8:40 am
အပင်က မိုးကောင်ကင်ကို ကွယ်ထားတယ်။
နောက်တစ်ခေါက်ရောက်ရင် ကြိုးစားကြည့်ပါမယ်။
naywoonni
May 29, 2011 at 12:12 pm
ထနောင်းပင်တွေမြင်တော့ ထနောင်းခေါက်နဲ့ချက်တဲ့ ပေါင်းခံရေကို သတိရသွားပြန်ရော…..
ကိုပေါက်(မန္တလေး)
May 29, 2011 at 12:17 pm
ရော်ဘာဖိနပ်ပြတ်နဲ့ချက်တဲ့ မြန်မာဆိုဂျူးတို့
ဖားပြုတ်အရေခွံနဲ့ချက်တဲ့ မြန်မာဆိုဂျူးကိုရော သတိမရဘူးလားကိုနေ။
မိတ်အင် မနော်ယမံလေ…………………………….
Shwe Tike Soe
May 30, 2011 at 3:06 am
ထနောင်ပင်ရိပ် တရေးအိပ်ကာ…
လွမ်းမောစရာ ရွှေညာမြေ…
ကျေးဇူးတင်ပါတယ် ကိုပေါက်ကြီးရယ်
တညင်သား
May 30, 2011 at 3:52 am
အညာမြေ ရဲ့ နွေ ကို ထနှောင်းအရိပ်က ချွေးသိပ်ပေးတယ်.. ထနှောင်းခေါက်နဲ့ ချက်တဲ့ ပေါင်းခံရည်ကလဲ ကိုရီးယားက ဆိုးဂျူး ကို့ မေ့ထားစေနိင်တယ်.. သဲဖြူဖြူ လမ်းဘေးက ညီညာစွာပေါက်နေတဲ့ ထနှောင်းပင်တွေကလဲ စိတ်ကို ကြည်နုူးစေတယ်.. ကျွန်တော်မကြိုက်တာကတော့ ဆူး ..အဲဒီဆူး …အဲဒီအပင်ရဲ့ဆူး …..ထနှာင်းပင်ရဲ့ဆူးပါ… တော်တော်အဆိပ်ပြင်းတယ်…….:) 🙂