အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း(၁၆)

နောက်သုံးရက်လောက်ကြာတော့ ကျွန်တော်နဲ ့ဂျိုးဇက် ဈေးဝယ်ထွက်ကြတယ်။ဝယ်တာတော့ အစုံပဲ..အသားငါး၊

ကြက်ဥ ၊အသီးအရွက်ဂျုံမှုန့်။ညနေစောင်းလို့ ကျောင်းပြန်တော့ ကျွန်တော့်နောက်မှာ ဆိုင်ကယ်သံ တဖုန်းဖုန်း ကြား

လို့ လှည့်ကြည့်မိတယ်။လှည့်ရုံရှိသေး ဆိုင်ကယ်ကကျွန်တော်တို့ ကျော်တက်သွားတာ။ဆိုင်ကယ်သမားက ကျွန်တော့်

ခေါင်းကို ပုတ်ပြီးအော်ဟစ်ထွက်သွားတာ နောက်မှာ ဖုန်တွေတထောင်းထောင်းထကျန်ခဲ့တာပဲ။သူ့နောက်ကျောတော့

ကျွန်တော် မြင်လိုက်ရတာပေါ့။သားရေ ဂျာကင်ကြီး နဲ့ အနက်ရောင် ဘောင်းဘီအကြပ်ကိုဝတ်လို့ဗျ။နောက်

က ထိုင်လိုက်တဲ့လူကလည်း အဲဒီလိုမျိုးပဲ ဝတ်ထားတာ။ကျွန်တော်ကတော့ ဘယ်သူက ငါ့ခေါင်းကို ဘာလို့ပုတ်သွား

တာလဲလို့ ထွေထွေရာရာ စဉ်းစားနေတာ။ဖာသာဂျွန်များလား ရယ်လို့တော့ လုံးလုံး မဥပါဒ် မိတာပါ။

ဪ ..ကျွန်တော်က မိဘမဲ့ ငပိန်းလေးတစ်ယောက်ပဲဟာ။

 

***********************

တစ်ပတ်လောက်ရှိတော့ ဖာသာဂျွန့်ဆီ ကျွန်တော် စာတစ်စောင်သွားပေးဖို့ အကြောင်းဖန်လာတယ်။သူ့အခန်း

ရောက်တော့ သူရေချိုးနေတယ်လေ။ကျွန်တော် ပြောလိုက်တော့ သူရေချိုးခန်းထဲက လှမ်းအော်တယ်။

“စာကို စားပွဲပေါ်ထားခဲ့”

ကျွန်တော် ပြန်လှည့်ထွက်မလို့ လုပ်တုန်း သူ့ဖျာအောက်က တစ်စွန်းတစ်စ ထွက်နေတဲ့ဟာကို သွားသတိပြုမိတယ်။

ဘာများလဲဆိုပြီးသေချာကပ်ကြည့်တော့ မဂ္ဂဇင်းတစ်စောင်ပဲဗျ။သိပ်တော့ မထူဘူး။ဒါပေမဲ့ စာရွက်ကောင်းကောင်း

အဖုံးကောင်းကောင်းနဲ့ အရောင်စုံစုံပဲ။ကြည့်မိတော့ခေါင်းစည်းတွေကလည်း ခပ်ဆန်းဆန်းပဲ။

“မိန်းမလျာများ စီတန်းလှည့်လည်” တို့၊ “အပွင့်[1]” တို့၊ “အခြောက်တို့ စွမ်းပကား”တို့ပဲ။မျက်နှာဖုံးကပုံတွေ

ကတော့ အခြောက်တွေနဲ့မတူဘူး။ကိုယ်လုံးတီးနဲ့ ကျားကျားလျားလျား ယောက်ျားကြီးတွေ။ချက်ချင်းပဲ

မဂ္ဂဇင်းကို သူ့ဖျာအောက် ကျွန်တော်ပြန်ထိုးထည့်လိုက်တယ်။သူလည်း ရေချိုးခန်းထဲက ထွက်လာရော

ကျွန်တော်လည်း သွားတော့မလို့ပဲ။သူ့ခါးမှ တဘက် တစ်ထည်ပတ်ထားတယ်။ရင်ဘတ်မှာတော့

ဆေးမှင်တွေထိုးထားတာ။ဘာပုံတွေမှန်းတော့ မသိဘူး။လက်မောင်းနှစ်ဘက်မှာတော့ မြွေရုပ်တွေနဲ့။

သူက ခပ်တင်းတင်းပဲ ကျွန်တော့်ကိုနှင်ထုတ်လိုက်တယ်။

“ဒီမှာ ဘာလုပ်နေတာလဲ ..သောက်ကလေး သွားတော့..သွား”

ဖာသာဂျွန်တစ်ယောက် ဘာလို့ အဲဒီလိုထူးထူးဆန်းဆန်း ဆေးမင်ကြောင်တွေထိုးသလဲ ဆိုတာရယ်၊

ဟိုလိုမဂ္ဂဇင်းမျိုးကို အိပ်ယာအောက်ဘာလို့သိမ်းထားရသလဲ ဆိုတာတွေ ကျွန်တော်ဖြင့် မတွေးတတ်အောင်ဘဲဗျာ။

ဟုတ်ပါတယ်လေ..ကျွန်တော်က မိမရှိ ဖမရှိ ငထူ ကောင်လေးမို့လား။

 

*********************************

မကြာခဏပဲ ညဘက်တွေဆို မျက်နှာစိမ်း လူငယ်တွေ ဖာသာဂျွန့် အခန်းဘက် သွားသွားနေတာ ကျွန်တော်

တွေ့နေရတယ်။ဖာသာ တီမိုးသီဆီလည်း ဒီလိုပဲ ဧည့်သည်တွေ လာတတ်တာပဲ။တစ်ခါတလေ ညဉ့်နက်သွား

တာမျိုးလည်း ရှိသပေါ့။ဒါပေမဲ့ ဖာသာ တီမိုးသီ ဆီလာတဲ့လူတွေထဲတော့သားရေဂျာကင်ကြီးတွေဝတ်..လည်ပင်းမှာ

လည်းသံကြိုးတွေဘာတွေဆွဲပြီး ဆိုင်ကယ်စီးလာတဲ့လူမျိုးတွေ မပါဘူး။ခု တစ်ယောက်တော့ လိုက်ချောင်း

မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ဟော..အဲဒီလူ ဖာသာဂျွန့်အခန်းကို တံခါးခေါက်ပြီး ဝင်သွားပြီ။

ဖာသာဂျွန် ကတံခါးကိုပိတ်လိုက်တယ်။ကျွန်တော်က သော့ပေါက်သေးသေးလေးထဲကနေ ချောင်း

ကြည့်တာပေါ့။အင်း..ကျွန်တော်ဒီလိုလုပ်တာ မကောင်းမှန်းတော့ သိတာပေါ့။ဒါပေမဲ့ စပ်စပ်စုစု

လုပ်ချင်တဲ့ စိတ်က ရွစိတက်နေလေတော့..။သားရေဂျာကင်ဝတ်လူငယ်က ကုတင်ပေါ်ထိုင်လို့။ဖာသာဂျွန်

ကိုလည်း မြင်ရတယ်။ဖာသာဂျွန်က အံဆွဲကိုဖွင့်ပြီး ပလတ်စတစ်ထုပ်လေး တစ်ထုပ် ယူလိုက်တယ်။အထုပ်ထဲက

ဖြူဖြူအမှုန့်လေးတွေကို သူ့ဘယ်ဘက်လက်ခုံပေါ်မှာ အတန်းလိုက် အသာလေးဖြူးချ လိုက်တယ်။သူဘော်ဒါကို

လည်း အဲ့ဒီလိုပဲ ဖြူးပေးလိုက်တာ။နောက် နှစ်ယောက်သား မျက်နှာတွေငုံ့လို့ အဲဒီအမှုန့်တွေကို ခပ်ပြင်းပြင်း ရှိုက်

ပစ်လိုက်တာ။အဲ့ဒီအမှုန့်တွေ ဘာမှမကျန်ဘူး။အကုန်လုံး သူတို့နှာခေါင်းတွေထဲဝင်သွားတာနေမှာ။ကိုယ်တော်ကြီး

ဂျွန် က ထ ရီပါလေရော။ဘာမှန်းလည်းမသိဘူး။ဟိုတစ်ခါ ရုပ်ရှင်ကားထဲက အရူးမအတိုင်းပဲ။သူ့ဘော်ဒါက-

“ရေလည် ဂွတ်တယ်ဗျာ..ဘုန်းကြီးတစ်ပါးအတွက် အကောင်းဆုံးနည်းပေါ့။ဒါနဲ့ ခင်ဗျား ဒီပထမတန်းစားတွေကို

ကျောင်းထဲ ဘယ်လိုများရအောင်ယူလာတာတုန်း”

ဖာသာဂျွန် တစ်ခါ ထပ်ရယ်ပြန်တယ်။ ငါက အဝတ်တွေလဲရတာကြိုက်သကွာ ဆိုပြီး အိပ်ယာပေါ်ကထလိုက်

တယ်။နောက်သူ့ဘော်ဒါကို လာခဲ့ဆိုပြီး လက်တွေ ဆွဲဖယ်လိုက်တယ်လေ။ကျွန်တော် ခပ်သုတ်သုတ်လေး ပြန်လစ်

လာခဲ့တာပဲ။ဖာသာဂျွန်တစ်ယောက် ကိုယ်လိမ်းပေါင်ဒါတွေကို ဘာလို့နှာခေါင်းထဲ ထည့်ရပါလိမ့်လို့ ကျွန်တော်

စဉ်းစားနေတယ်။မသိတော့ပါဘူးဗျာ။ဟား..ကျွန်တော်က တစ်ကောင်ကြွက် ငနုံလေး ဆိုတော့လေ။

*******************

နောက်တော့ ဖာသာ တီမိုးသီလည်း အားလပ်ရက်စေ့လို့ အင်္ဂလန်ကနေ ပြန်လာတယ်။ဝမ်းသာလိုက်တာ။

ဖာသာဂျွန့် အကြောင်း တိုင်ကြတောကြတာတွေ သူ ကြားပြီးလောက်ပြီ ထင်တယ်။သေချာတယ်ဗျ။

ဘာလို့လဲဆိုတော့ သူပြန်ရောက်ပြီး နှစ်ရက်အတွင်းမှာပဲ သူတို့စကားတွေများကြတာ။ဖာသာဂျွန်

ဒေါတွေကန်ပြီး အခန်းထဲက သုတ်ခနဲထွက်သွားတာ ကျွန်တော်တွေ့လိုက်တယ်လေ။


[1] မိန်းမလျာ တစ်ယောက်အဖြစ် ပွင့်ပွင့်လင်းလင်းဝန်ခံ နေထိုင်ခြင်း။(ဆန့်ကျင်ဘက် အပုန်း)