အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း(၁၇)
အီစတာပွဲတော်လည်း ပြီးပြီ။ကျွန်တော့် အီစတာကြက်ဥတွေလည်း စားလို့ကုန်ပြီ။အဲ..မစ္စစ် ဂွန်ဇာလက်ဆိုတဲ့
အဘွားကြီး ငေါ့တော့တော့ရီတာ ကျွန်တော်ကြားတော့-
“ဘာဖြစ်တာလဲ မစ္စစ် ဂွန်ဇာလက် ရဲ့”
“မင်းမသိဘူးလား..”
သူက တောင်ကြည့်မြောက်ကြည့်လုပ်ပြီးမှ ခပ်တိုးတိုးနဲ့-
“ဂျိုးဇက်က ဖာသာဂျွန့်ကို တခြားလူတစ်ယောက်နဲ့ ကျောင်းထဲမှာ မိလို့တဲ့..ဟဲ့ ဟဲ့ ဘယ်သူ့မှ လျှောက်မပြောနဲ့နော်..
ဖာသာ တီမိုးသီကိုလည်း တစ်လုံးတစ်ပါဒ မှသွားမဟနဲ့ ၊ဟဲ့ ကြားလား ..အကုန်သောက်ကျိုးတွေနည်းကုန်မယ်..”
ကျွန်တော် နားမလည်ဘူး။ဖာသာဂျွန့်ကို ကျောင်းထဲမှာ လူတစ်ယောက်နဲ့တွေ့တာ ဘာဖြစ်လို့လဲ။ဖာသာတီမိုးသီ
ဆိုလည်း ကျောင်းထဲမှာတခြားလူတွေနဲ့ တချိန်လုံးလိုလို ရှိနေတာပဲဟာ။သူတို့ အပြစ်တွေဝန်ခံတာ
နားထောင်ရတဲ့ အခါမျိုးဆိုရင်လေ။
************************
ပထမဦးဆုံးအကြိမ်အဖြစ် အပြစ်ဝန်ခံတဲ့ ဝက်ခြံလေးထဲမှာ ကျွန်တော် ရှိနေတယ်။ဖာသာ တီမိုးသီကတော့ ဘယ်သိမှာလဲ။
“ဟုတ်ပြီ..ဘာပြောဖို့ လာခဲ့သလဲ ငါ့သား”
“ကျွန်တော်ပါ ဖာသာ..”
ဖာသာတီမိုးသီ ထခုန်တော့မလား မှတ်ရတယ်။
“သောမတ်စ် ..မင်းဒီမှာ ဘာလာလုပ်တာတုန်း..ဒါ..နောက်စရာ မဟုတ်ဘူးလို့ ငါပြောမထားဘူးလား..”
“ကျွန်တော် အပြစ်ဝန်ခံဖို့ လာတာပါ..ဖာသာ..ကျွန်တော် အပြစ်တွေလုပ်ခဲ့မိလို့ ..”
ဖာသာ တီမိုးသီ လေသံတော့ ပျော့သွားတယ်။
“တကယ်လားကွ..မင်း ဘာတွေ မဟုတ်တာလုပ်ခဲ့လို့တုန်း..”
“ကျွန်တော် ဖာသာဂျွန်ရဲ့ အခန်းထဲကိုသော့ပေါက်ကနေ ချောင်းကြည့်ဖူးတယ်..ပြီးတော့ သူ့ပစ္စည်းတချို့လည်း သူမသိဘဲ
ကိုင်ကြည့်ဖူးတယ်..”
“ကဲ ဟုတ်ပါပြီ..ငါ့သားရယ်..အဲဒါတွေတော့ ငါနားထောင်ချင်မယ်မထင်ဘူး”
“ဟင့်အင်း.. ဖာသာ နားထောင်ပါ”
ကျွန်တော်လည်း မြင်သမျှ တွေ့သမျှ ပြောပြလိုက်တာ။မဂ္ဂဇင်း အကြောင်း၊ဆေးမင်ကြောင်ထိုးထားတဲ့ အကြောင်း၊
ဖာသာဂျွန်ရဲ့ ညလူတွေ အကြောင်း၊နောက်ဆုံး ပေါင်ဒါမှုန့်တွေပါရှူတဲ့အကြောင်း အကုန်အစုံပဲ။
အဲဒီညနေကတော့ ဘုန်းကြီးနှစ်ပါး တစ်ယောက်နဲ့တစ်ယောက် အကဲခတ်ရင်း စောင်နေကြတာ သူသေကိုယ်သေ
တွယ်ကြတော့မယ့်အတိုင်းပဲဗျ။(စောင်နေတယ်ဆိုတဲ့ အသုံးမျိုး ကျွန်တော် မသုံးချင်ဘူး။ဒါပေမဲ့
ဖာသာ တီမိုးသီတော်တာ် ဒေါကန်နေတာ ဒီတစ်ခါပဲမြင်ဖူးသေးတယ်။သူ့ပုံစံကလည်းကြိုးဝိုင်းထဲထိုးတော့မဲ့
လက်ဝှေ့သတ်ဘက် ကိုစောင်သလိုမျိုးဖြစ်နေတာ ဆိုတော့ အဲဒီအသုံးပဲ သုံးမိတယ်။)တစ်ယောက်နဲ့ တစ်ယောက်
အော်ကြဟစ်ကြတာ ပြောမနေနဲ့။နောက်ဆုံး ဖာသာတီမိုးသီက ဖာသာဂျွန်အကြောင်း နယ်အုပ်ဘုန်းတော်ကြီးဆီ
တိုင်စာပို့မယ် ဆိုပြီး ခြိမ်းခြောက်လိုက်တယ်။ဖာသာ တီမိုးသီ က –
“ဟေ့ ဒီမှာ ငါက ဘုန်းကြီးတစ်ပါးကွ..အေး.. မင်းလည်း ဘုန်းကြီးတစ်ပါးအနေနဲ့ ကျင့်ဝတ်သိက္ခာတွေကို
စောင့်ထိန်းရမယ်..မင်းဒါတွေ မထမ်းဆောင်နိုင်ဘူးဆိုရင် ကျမ်းစာသင်ကြောင်းကို ပြန်သွားပေတော့..”
**************************************
ဒေလီကို ဖြတ်သွားတဲ့ အင်္ဂလိပ်တစ်ယောက် အထုပ်အပိုးတွေနဲ ့ကနေ့မနက် ဘုရားကျောင်းရှေ့ရောက်လာတယ်။
သူက ယော့ခ် နယ်ဘက်ကဆိုတာ ဖာသာတီမိုးသီ သိသွားတော့ အိမ်ခေါ်လာပြီး နှစ်ရက်သုံးရက်ပဲဖြစ်ဖြစ်နေပါဦး
လို့ဆွဲထားတာ။သူနဲ ့ကျွန်တော့်ကို ဖာသာက မိတ်ဆက်ပေးတယ်။
“အိုင်ယန် ရေ ဒါ..တို့နဲ ့အတူနေတဲ့ သောမတ်စ်တဲ့ကွ”
“သောမတ်စ် သူက အိုင်ယန်တဲ့..သူလည်း ယော့ခ်နယ်ကပဲကွ.. သိလား..အေး..မင်းက ငါ့အမေနဲ ့
ငါ့အမေရဲ့မြို့အကြောင်းအမြဲမေးနေတာဆိုတော့ ခု သူ့ကို မင်းမေးကြည့်လို့ရပြီပေါ့ကွာ..။”
ကျွန်တော်တော့ အိုင်ယန် ကို သဘောကျတယ်ဗျ..။သူ့အသက်ကတော့ ဆယ့်ငါး ဆယ့်ခြောက်လောက်တော့
ရှိမယ်။အသားဖြူဖြူ၊ မျက်လုံးပြာပြာ၊ရွှေရောင်ဆံပင်တွေနဲ့ ကြည့်ကောင်းသား။သူက ယော့ခ် က ပုံတွေပြတယ်။
ဧရာမ ဘုရားကျောင်းကြီးတစ်ခုတွေ ့တော့ အဲဒါယော့ခ် ဘုရားရှိခိုးကျောင်းကြီးပေါ့လို့ သူကပြောပြ
တယ်။အရမ်းလှတဲ့ ဥယျာဉ်တွေ၊ပန်းခြံတွေ ၊ပြတိုက်တွေရဲ ့ဓာတ်ပုံတွေကျွန်တော့်ကို ထုတ်ပြတာ။
“အိုင်ယန်..ဖာသာတီမိုးသီရဲ ့အမေကိုတွေ ့ဖူးလား..သူလည်းယော့ခ် မှာနေတာပဲ”
“ဟင့်အင်း..ငါပြန်ရောက်ရင်တော့ သွားတွေ့ဦးမယ်..ခု သူ့လိပ်စာ ရ ထားပြီပဲ”
“ဒါဖြင့် အိုင်ယန့် အမေကရော..သူလည်း ယော့ခ် မှာ ပဲလား”
“အင်း..ဒါပေမဲ့ သူဆုံးသွားတာ ဆယ်နှစ်တောင်ရှိရောပဲ..ဆိုင်ကယ်အတိုက်ခံရတာလေ..”
အိုင်ယန်က သူ့အမေဓာတ်ပုံလေးကို သူ့ပိုက်ဆံအိတ်ထဲက ထုတ်ပြတယ်။သူလည်း အိုင်ယန့်လိုပါပဲ။
အသားဖြူဝင်းဝင်း၊မျက်လုံးပြာပြာ၊ရွှေရောင်ဆံပင်နဲ့လေ။
“ဒါဆို အိန္ဒိယ ကို ဘာလို ့လာတာလဲ”
“ငါ့ အဖေ ကို တွေ့ဖို့ပါကွာ”
“အဖေ က ဘာလုပ်လဲ”
သူနည်းနည်းတော့ တွေသွားတယ်။
“သူ..အဲ..အဖေက ဒေရာဒွန်း က ကက်သလစ်ကျောင်းတစ်ကျောင်းမှာ စာသင်တာ”
“အဲဒါဆို ဘာလို့ အစ်ကိုရော ဒေရာဒွန်း မှာ မနေတာလဲ”
“အာ..ငါက ယော့ခ် မှာ စာသင်နေတာကိုး”
“ဪ..ဒါဆိုလည်းဗျာ..အစ်ကို့ အဖေက ဘာလို့ ယော့ခ် မှာ မနေတုန်း”
“အင်း..ဒါကလည်း အကြောင်းတွေ အမျိုးမျိုးရှိတာပေါ့ကွာ..။သူက တစ်နှစ် သုံးခါလောက်တော့
အိမ်ပြန်ပါတယ်..။ဒီတစ်ခါတော့ငါက သူ့ကို အိန္ဒိယမှာ တွေ့ဖို့ ဆုံးဖြတ်ခဲ့လို့ပါ။”
“အစ်ကို့ အဖေကို အစ်ကို ချစ်လားဟင်”
“အင်း ..ချစ်တာပေါ့..သိပ်ချစ်တာပေါ့ကွာ”
“ဒါဆို အစ်ကို ..အစ်ကို့အဖေနဲ ့အမြဲနေဖို့ ဆုတောင်းမှာပေါ့နော်..”
“အေးပေါ့ကွာ..ဒါနဲ ့မင်း အဖေကရော..သူ..ဘာလုပ်လဲ”
ကျွန်တော် ခေါင်းငုံ့သွားတယ်။ပြီးမှ တိုးတိုးလေးပဲ ပြောမိတာ။
“ကျွန်တော့် မှာ အဖေမရှိဘူး..ကျွန်တော်က အဖေအမေ မသိတဲ့ ၊မရှိတဲ့ လူအ လေးတစ်ယောက်ပါဗျာ..”
3 comments
မောင်ဘလိူင်
May 31, 2011 at 6:16 am
အဆုံးသတ်ကတော့ ကြာဦးမယ်ဗျို ့၊ သူ ့မူရင်းစာအုပ်က စာမျက်နှာ သုံးရာနီးပါးပဲ။
ကျွန်တော်ကလည်း ကျွမ်းကျင်တဲ့သူ မဟုတ်တော့ ဂိုဂယ်ကို အားကိုးပြီး ပြန်ရ
တာ။ကိုယ့် ဖာသာဖတ်တုန်းကတော့ မသိတာကျော်သွား၊ သိတာလေးဖတ်။
အဓိပ္ပါယ်လေး ပေါ်ရင် တော်ပြီ ဆိုပြီး ဖတ်ပစ်လိုက်တာ။ခု သူများကို ဖတ်စေချင်
တော့ ဖြီးဖြန်းပြီး ကျော်ချလို ့လည်းမကောင်းဘူးလေ။အဲဒါနဲ ့တတ်နိုင်သလောက်
အဆင်ပြေဆုံးဖြစ်အောင် ကြိုးစားပမ်းစား ဘာသာပြန်နေလို ့ကြာနေတာပါဗျာ..။
MaMa
May 31, 2011 at 12:55 pm
ဘာသာပြန်တာ ချောမွေ့ပြီး ကောင်းပါတယ်။ စိတ်ရှည်လက်ရှည် ဘာသာပြန်ပေးတာ ကျေးဇူးပါ။ အားလုံးပြီးရင် တစ်စုတည်းဖတ်လို့ရအောင် စုစည်းပေးမယ်လို့ ပြောတဲ့ သဂျီးရဲ့ အိုင်ဒီယာကိုလည်း ထောက်ခံပါတယ်။
babymay
May 31, 2011 at 7:24 am
ကောင်းပါပြီ မောင်ဘလှိုင်ရေ— ကြိုးစားပမ်းစားဘာသာပြန်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။။။ ကြာပေမယ့် စိတ်ရှည်လက်ရှည် စောင့်ဖတ်မှာမို့ ပြီးတဲ့ အထိဘာသာပြန်ပေးနော်။။။။