တဏှာပေမ အစေးငြိက ဘေးထိတတ်၏
လောကလူသားတိုင်မှာ ကိလေသာသုံးမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ အဲဒါတွေကတော့
၁။အနုသယကိလေသာ- လောကလူသားတွေရဲ့သန္တာန်မှာ ပဋိသန္ဓေတည်ကတည်းက ပါလာတဲ့ကိလေသာမျိုးကိုတော့ အနုသယကိလေသာလို့ခေါ်ပါတယ်။
၂။ပရိယုဌာနကိလေသာ-လောကလူသားတွေ အာရုံတစ်ခုကို တွေ့မြင်ပြီး ထကြွသောင်းကျန်းသောကိလေသာမျိုးကိုတော့ ပရိယုဌာနကိလေသာလို့ခေါ်ပါတယ်။
၃။ဝီတိက္ကမကိလေသာ-လောကလူသားတွေ အာရုံတစ်ခုကို တွေ့မြင်ပြီး ထကြွသောင်းကျန်းရုံတင်မက လွန်ကျူးမူအဆင့်ထိရောက်သွားတဲ့ကိလေသာမျိုးကိုတော့ ဝီတိက္ကမကိလေသာလို့ခေါ်ပါတယ်။
ဒီစကားလေးတွေကို ဘာကြောင့်ပလ္လင်ခံနေရသလဲဆိုတော့ စာရေးသူ သီဟိုဠိခေတ် စံတော်ဝင်အရိယာများ ဆိုတဲ့စာအုပ်ကိုဖတ်နေစဉ် အသက်(၆၀)ပြည့်မှလူထွက်သွားသော သီဟိုဠ်မထေရ်ကြီးတစ်ပါးအကြောင်းကိုဖတ်မိတယ်။ ဇာတ်သိမ်းပိုင်းအထိဖတ်ကြည့်လိုက်တော့ အထက်ပါ ကိလေသာသုံးမျိုးမှ ဝီတိက္ကမကိလေသာကိုမလွန်ဆန်နိုင်၍ လူထွက်သွားရတာကိုသိလိုက်ရပါတယ်။ အဲဒီသီဟိုဠ်ဇာတ်လမ်းလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ စာဖတ်သူကိုလဲ သိစေချင်တာနဲ့ ဒီဆောင်းပါးလေးကို တင်ပြလိုက်ရပါတယ်။
ဒုဌဂါမဏိမင်းးကြီးရဲ့ ငရုတ်သီးတတောင့်ကျောင်းရေစက်ချပွဲလေးဟာ အလွန်မတန်အံ့ဩဖွယ်ကောင်းသလို ရေစက်ချပွဲ၏ နောက်ဆက်တွဲဖြစ်ရပ်ကလေးကလဲထူးဆန်းလှပါတယ်။ အဲဒီရေစက်ချပွဲ၌ ရဟန်းတော်တသိန်း၊ ရဟန်းမကိုးသောင်းပင့်ဖိတ်၍ လှူဘွယ်ဝတ္ထုအစရှိသော ပစ္စည်းများလှူခဲ့ပါတယ်။ တကယ်တမ်းတော့ ဒုဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး စားဦးကိုမလှူဘဲ ထမင်းစားလေ့မရှိပါဘူးတဲ့။ ဒီလိုနဲ့ တစ်နေ့ တောထဲမှာ စစ်တိုက်ရင်း ပွဲတော်တည်တဲ့အခါ စားဦးကို မလှူရသေးဘဲ ငရုပ်သီးတစ်ထောင့်ကို အမှတ်တမဲ့စားလိုက်မိခဲ့ပါတယ်။ ဒုဌဂါမဏိမင်းကြီးက ဒီအမှတ်တမဲ့စားလိုက်မိတာလေးကိုပဲ သတိတရ ရှိပြီး စစ်ကြီးပြီးဆုံးလို့ တိုင်းပြည်အေးချမ်းတဲ့အခါ ငရုပ်သီးတစ်တောင့်စားလိုက်မိတာလေးကို ကိုယ့်ကိုကို ဒဏ်ခတ်တဲ့အနေနဲ့ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်းခဲ့သောကြောင့် ဒီကျောင်းတိုက်ကိုလည်း ငရုတ်သီးတစ်တောင့်ကျောင်းလို့ အမည်ပေးပြီးရေစက်ချခဲ့ရခြင်းဖြစ်ပါတယ်။ အဲဒီရေစက်ချပွဲမှ သာမဏေငယ်တစ်ပါးက သပိတ်ထဲအပြည့် လောင်းလှူလိုက်သော ယာဂုပူပူကို ပွေ့ပိုက်လာစဉ် ပူလွန်း၍ မကိုင်နိုင်ဖြစ်ကာ သင်္ကန်းထောင့်စွန်းများဖြင့် ခုကိုင်လိုက်ချလိုက် လုပ်နေစဉ် နောက်ဆုံးမကိုင်နိုင်သဖြင့် မြေကြီးပေါ်သိုချလိုက်ပါတယ်။ထိုဖြစ်ရပ်အားလုံးကို အဝေးမှ ကြည့်နေသော အမျိုးသမီးသာမဏေမလေးကမြင်နေရသဖြင့်-
ကိုရင် – ပူနေယင် တပည့်တော်မဆီက ဟောဒီအုန်းမူတ်ခွက်ကို အောက်ကခံဖို့ယူသွားပါ၊ တပည့်တော်မ ကိုရင့်ကို လှူလိုက်ပါတယ် ဟု ပြုံးရွင်သောစကားဖြင့် ကိုရင်လေးရဲ့ပြဿနာကိုဖြေရှင်းပေးလိုက်ပါတယ်။ ကိုရင်လေးကလဲ ကျေးဇူးတင်လွန်၍ ရှေ့ဆက်မသွားသေးဘဲ တစ်ချက်ကြည့်မိလိုက်သလို ကိုယ့်လမ်းကိုသွားကာ သမင်လည်ပြန်လေးဖြင့် ခွဲခွားခဲ့ရပါတယ်။
ဒီလိုနဲ့ နှစ်ကာလတွေကြားသွားရောပဲဆိုပါတော့၊ အဲဒီကြားကာလမှာ ဗြဟ္မဏတိဿသူပုန်းကြီးက တိုင်ပြည်အုပ်ချုပ်မင်းလုပ်ခဲ့ပါတယ်။ ဒီတော့ တိုင်းပြည်၌ ငတ်မွတ်ခေါင်းပါးလာသဖြင့် သီဟိုဠ်ကျွန်းမှ ရဟန်းသာမဏေ/မများ အိန္ဒိယဘက်သို့ ကူးပြောင်းသီတင်းသုံးကြရပါတယ်။ အဲဒီအချိန်မှာ တစ်ခါက ယာဂုပူပူကို သပိတ်နဲ့ ခံယူခဲ့တဲ့ကိုရင်လေးဟာ သက်တော်(၆၀)ဆရာတော်ကြီးဖြစ်နေသလို ဘိက္ခုနီမကြီးကလဲ သက်တော်(၆၀)လောက်ဖြစ်နေပါပြီ။ ဒီလိုနဲ့ သီဟိုဠ်ဘုန်းကြီးတစ်ပါး အိန္ဒိယကို စစ်တိမ်းရှောင်လာတယ်ဆိုတဲ့သတင်းကြားလဲကြားရရော ဆရာတော်ဆီသွားပြီးတော့ စစ်သတင်းမေးကြပါတယ်။အဲဒီထဲမှာ ဘိက္ခုနီမကြီးလဲအပါဝင်ပေါ့။ သူကဆရာတော်ဘုရားကို စတင်၍ အောက်ပါအတိုင်းမေးမြန်းခဲ့ပါတယ်။
ဘိက္ခုနီမ- ဆရာတော်ဘုရား ငရုတ်သီးတတောင့်ရေစက်ချပွဲကြီးကို မှီရဲ့လား ဘုရား။
ဘိက္ခု-ဘယ်လိုမေးလိုက်ပါလိမ့်၊ တသက်နှင့်တကိုယ် အပျော်ဆုံးပွဲတော်ကြီးဖြစ်ခဲ့တာပါ။
ဘိက္ခုနီမ- ဆရာတော်ဘုရား၊ အဲဒီတုန်းက အသက်အရွယ်ဘယ်လောက်လဲဘုရား။
ဘိက္ခု- အဲဒီတုန်းက အသက်အရွယ်က (၇)နှစ်လောက်ရှိမှာပေါ့။
ဘိက္ခုနီမ- တပည့်တော်မလဲ အသက်(၇)နစ်အရွယ်လောက်ပါပဲဘုရား။ ဒါနဲ့စကားစပ်လိုပြောပြရဦးမယ်ဘုရား။ အဲဒီကျောင်းရေစက်ချပွဲနောက်ဆုံးနေ့က လမ်းမှာကိုရင်လေးတစ်ပါး ယာဂုပူပူနဲ့ သပိတ်ကို မကိုင်နိုင်လို့ ပွေ့လိုက်ချလိုက်လုပ်နေတာတွေ့တော့ တပည့်တော်မ အုန်းမူတ်ကြီးတစ်ခုတောင် လှူလိုက်ရသေးတယ်ဘုရား။ သူခများအတော်ကိုကျေးဇူးတင်သွားပုံရတယ်။ အခုထိ တပည့်တော်မလေး မျက်စိထဲမြင်ယောင်နေတုန်းပါဘုရား။
ဘိက္ခု- သက်ပြင်းချလျက်၊ အဲဒါ….အဲဒါ….ငါပဲ လို့ပြောပြီး နှစ်ပေါင်းများစွာ သိမ်းဆည်းထားသော အုန်းမူတ်ခွက်ကို ထုတ်၍ပြခဲ့ပါတယ်။
ဘိက္ခုနီမကြီးက ဪ… ဟုဆိုကာ စကားကိုပင်ဆက်၍ မပြောဘဲ ကတုန်ကယင်ဖြင့် ဘုန်းတော်ကြီးမျက်နှာကိုသာကြည့်နေပါတယ်။ နှစ်ယောက်သား face to face ဖြစ်ပြီးအကြည့်ချင်ဆုံကာ နောက်တနေ့တွင် ရဟန်းသွင်းကိုပြောင်း၍ လူ့အသွင်းသို့ရောက်သွားပါလေးတော့သတည်း။
ကဲ စာဖတ်သူရေ ကြီးငယ်မဟူ ရှင်လူမရွေး တဏှာပေမ အစေးငြိလျှင် ဘေးထိတတ်ကြောင်း ဝတ္ထုလေးဖြစ်ပါတယ်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓလမ်းစဉ်လေးကတော့- သတ္တာနံ ဝိသုဒ္ဓိယာ ဧကာယနော မဂ္ဂေါ- လောကလူသားတွေ ကိလေသာစင်ကြယ်ဖို့ တစ်ကြောင်းတည်းသော လမ်းစဉ်က ဝိပဿနာသတိပဌာန်းလမ်းစဉ်တစ်ခုပဲရှိပါတယ်လို့ဟောကြားတော်မူခဲ့ပါတယ်။(မဟာသတိပဌာနသုတ်) တကယ်တမ်းတော့ အထက်ပါဘုန်းတော်ကြီးသည် ဝီတိက္ကမကိလေသာမထိန်းနိုင်သောကြောင့် ဖြစ်သွားရသည်မဟုတ်ပါလော့။ သို့ဖြစ်၍ အဲဒီကိလေသာတွေကို စာရေးသူရော စာဖတ်သူပါ ဘယ်လိုတားမြစ်မလဲဆိုတာလေးကို မြတ်ဗုဒ္ဓဒေသနာတော်အလိုရ- အနုသယကိလေသာကို ပိပဿနာဆိုတဲ့ပညာသိက္ခာနဲ့တားရပါမယ်၊ ပရိယုဌာနကိလေသာကို သမာဓိသိက္ခာနဲ့တားရမယ်၊ဝီတိက္ကမကိလေသာကို သီလသိက္ခာနဲ့တားရပါမယ်။ အနှစ်ချုပ်အားဖြင့် ကိလေသာသုံးပါးကို သိက္ခာသုံးပါးဖြင့်စောင့်ထိန်းရပါမယ်။ အကယ်၍ စာဖတ်သူရော စာရေသူတို့ဆီမှာ ထိုသို့သော တရားလေးတွေရှိနေမယ်ဆိုရင် ဘဝအရေး စိတ်အေးရပြီမဟုတ်ပါလော့။
မမေ့ သတိ၊ သီလ သမာ၊ အစဖြာ၊ သိက္ခာသုံးရပ်၊ ပြည့်စုံကြ၊ ကြိုးစားအားထုတ်ပါ။
လပြည့်ဝန်း
ကျမ်းကိုး
ဓမ္မာစရိယ ဦးဌေးလှိုင်း၊ သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ
ရဝေနွယ်(အင်းမ)
အရှင်ဇောတိပါလ(လပြည့်ဝန်း)http://www.lapyae000.com
19 comments
mihninlay
May 31, 2011 at 9:46 am
သဂျီးရေပို ့စ်တင်တာမတက်ဘူးဖြစ်နေတယ်ကူညီပါအုံး
nature
May 31, 2011 at 11:13 am
ဒီဇာတ်လမ်းလေးကမဖတ်ဘူးသေးဘူး၊ ဒါကအကြောင်းတိုက်ဆိုင်တိုင်းထကြွသောင်းကျန်းတတ်တဲ့ အနုသယကိလေသာကြောင့်ထင်တယ်။
ဆူး
May 31, 2011 at 1:00 pm
အဲဒီ ဇတ်လမ်းလေး ကြားဖူးပါတယ်။ အုံးမှုတ်ခွက်လို့တော့ သိထားတာ မဟုတ်ဘူး သပိတ်ခြေလို့သိထားတာ.. အုန်းမှုတ်ခွက် က အမှန် ဖြစ်မှာပေါ့။
mihninlay
May 31, 2011 at 1:07 pm
မဆူးရေသပိတ်ခြေကိုအုန်းမှုတ်ခွက်နဲ ့လုပ်တာမျိုးဖြစ်မယ်နဲ ့တူတယ်နော်… ကျွန်တော်လဲသေချာတော့နားမလည်ဘူး တစ်ချို ့စာတွေထဲမှာတော့သပိတ်ခြေအဖြစ်လက်ကောက်လှူတယ်လို ့ဖတ်ဘူးတယ် မှားနေရင်တော့ပြင်ပေးပါနော်
ဆူး
May 31, 2011 at 1:21 pm
စာလေးတွေကို စပေ့ ခံပြီး ပုတ်ခွဲ ရိုက်ရင် ပိုကောင်းမလားလို့ ထင်မိပါတယ်။
စာတွေ စပေ့ မခံပဲ ရိုက်တော့ စာတွေ ထပ်နေတာနဲ့ ဖတ်ရတာ အဆင်မပြေလှဘူး။
သပိတ်ခြေရဲ့ ပုံစံကလည်း လက်ကောက်နဲ့ ပုံစံတူတူပဲဆိုတော့ ၂ခုလုံး ဖြစ်နိုင်မယ် ထင်ပါတယ်။
ထိုခေတ်ကို ဆူးတို့မှ မမှီလိုက်တာ.. အဓိကတော့ သဘောတရားနားလည် ဖို့ပါပဲ
MaMa
May 31, 2011 at 2:16 pm
ကြားဖူးတာ အုန်းမှုတ်ခွက်လည်းမဟုတ်၊ သပိတ်ခြေလည်းမဟုတ်၊ လက်ခု (အပူသက်သာစေရန် ကြားခံသုံးသော အဝတ်စ) လို့ ကြားဖူးတာပဲ။
kai
May 31, 2011 at 4:47 pm
မတူတဲ့အတွေးနဲ့..တွေးပြရရင်…
အသက်ရနှစ်ကစလိုက်တဲ့..အစဟာ.. အသက်၆ဝမှာမှ ဖြစ်မြောက်တယ်ဆိုတော့…
ဒီကြားထဲ.. ၅၃နှစ်လုံးလုံးမှာ… တိုင်းပြည်အတွက်… အလုပ်လုပ်နိုင်တဲ့အရွယ်ကောင်းကို.. အလဟဿကုန်စေခဲ့တယ်လို့ပဲမှတ်ရမှာပဲ..။ တယောက်ထဲမဟုတ်..၂ယောက်တောင်…။
သဘာဝအတိုင်းသာဆို… သားသမီးတွေ..၂-၃ယောက်လောက်နဲ့…. တိုင်းပြည်အတွက်.. သားကောင်းတွေ တိုးလာနိုင်သေးတယ်..။
အနှစ်၆ဝလုံး… ဆွမ်းကပ်ခဲ့သူတွေ..အရူးဖြစ်တာပေါ့…။
အနိစ္စ၊ဒုက္ခ၊အနတ္တ… 🙂
မိုက်ကယ်ဂျော်နီအောင်ပု
May 31, 2011 at 5:40 pm
ပူနေတဲ့သပိတ်ကြီးကို
လမ်းလျှောက်ရင်းကိုင်သွားလို့ရအောင်
သပိတ်အောက်က အခံတစ်ခုခုပေးလိုက်တာဖြစ်မှာပေါ့
ရွာလည်တယ်ဆိုတာ အဲ့သည်ကနေစတာဘဲဂလားတို့
ဇကောမဟုတ်တာတော့သေခြာတယ်
လင်ဗန်းလည်းမဟုတ်လောက်ဘူး
ရူပဗေဒနည်းနဲ့တွက်ရင် မယ်သီလဆိုတော့ကာ
သူ့လင်ဗန်းကြီးတော့ပေးလိုက်ပုံပေါ်မည်မထင်
ကျုပ်အထင် ခင်ဗျားတို့အပူမပါရ
ဒီတော့ကာ ဆန်ခံတဲ့ ထမင်းပန်းကန်သာသာ
ဗန်းကုံးသားသားလေး သို့မဟုတ်
ဆန်ခံခွက်အဖြစ် အသုံးပြုသော အုံးမှုတ်ခွက်လည်းဖြစ်ပုံပေါ်သည်
ဘယ်သူမှလည်းတွေ့ဘူးတာမဟုတ်ဘဲနဲ့
စာထဲပါတာဖတ်ပြီးပြောနေရတယ်လို့
ကိုယ့်ကိုယ်ကိုယ်သတိချပ်ကြပါ
parlayar46
May 31, 2011 at 5:55 pm
မတူတဲ့တခြားအတွေးတမျိုးနဲ့..တွေးပြရရင်…
(ဆွမ်း-စသည်) လှူတယ်ဆိုရာမှာ
အလှူခံရဲ့ဂုဏ်ကို အမှီပြုပြီး အကျိုးရ (ကုသိုလ်ရ) တာလဲရှိပါတယ်။
လှူသူရဲ့ သဒ္ဒါကိုအမှီပြုပြီး အကျိုးရ (ကုသိုလ်ရ) တာလဲရှိပါတယ်။
ဆိုတော့ – အနှစ်၆ဝလုံး… ဆွမ်းကပ်ခဲ့သူတွေ အပြည့်အစုံတော့ ကုသိုလ်မရကြဘူး ၊
တစိတ်တပိုင်းတော့ ကုသိုလ်ရကြပါတယ် လို့လဲ …….
(ကြာရင် ကျုပ်တော့ မောင်းထုတ်ခံရတော့မယ်)
nature
May 31, 2011 at 11:38 pm
ရေများရေနိုင် မီးများမီးနိုင်တဲ့ ခုထိတော့parlayar46 က သူကြီးကို 2 : -1 နဲ့ အနိုင်ရှိထားပါတယ်။ -1 ဆိုတာကသူကြီးကကိုယ့်ဂိုးကိုပြန်သွင်းထားလို့ပါ။
naungnaung
May 31, 2011 at 6:02 pm
ကြောက်ဖို့ကောင်းတဲ့ စိတ်ပဲနော်…သာဿနာ မှာ အကြာကြီး နေကြတဲ့ သူတွေတောင် စိတ်မနိုင်ကြရင် လူဝတ်ကြောင်တွေဆို ဆိုဖွယ်ရာ မရှိတော့ ဘူးပေါ့….
ဆူး
June 1, 2011 at 1:52 pm
သံဃာကို ရည်မှန်းပြီး လှူဒါန်းပါဟု မြတ်စွာ ဘုရား မိန့်ခဲ့သည်မှာ ထိုသို့သော အကြောင်းအကျိုးတွေကို ဆင်ခြင် သိနေတဲ့ အတွက် ဘယ်သူက ဖြူစင်တယ် မဖြူစင်ဘူး ဘယ်သူမှ မသိနိုင်ပါဘူး။ ထို့ကြောင့် ကိုယ်စိတ်က ဖြူစင်နေစေဖို့ ဆိုတာ ပုဂ္ဂိုလ်စွဲ မထားနဲ့လို့ ပြောတာဖြစ်ပါတယ်။
phyoshein
June 1, 2011 at 3:32 pm
သဂျီးခင်ဗျ…
မတူတဲ့ အတွေးနဲ့ တွေးပြရရင်
တစ်ကယ်လို့များ မွေးလာတဲ့ သားသား လေး မီးမီးလေး က ငပေတူးလေး..ဆန်ကုန်မြေလေး လေး.. ဖြစ်နေခဲ့ရင်.. ပြည်သူကို နှိပ်စက်.. တိုင်းပြည်ကို နံမည်ပျက်စေမယ့်သူများ ဖြစ်လာခဲ့ရင်…
မွေးရကျိုးနပ်ပါ့မလား….
သူတို့လည်း ၅၃ နှစ်ဆိုတဲ့ အချိန်ကို အလဟဿ ကုန်ခဲ့ကြတာ မဟုတ်ပါဘူး..
သာသနာ့ဝန်ထမ်း အဖြစ်နဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ကြပါသေးတယ်..
ဆွမ်းလှူသူများကလည်း.. သံဃာကို ရည်မှန်းပြီး လှူခဲ့ကြတာဆိုတော့ ဆွမ်းလှူကျိုးရပါတယ်..
သူ့စိတ်ထဲ ဘယ်သို့ရှိပေမယ့်..သူ့ကို ရဟန်းအသွင်မြင်ခဲ့ရတော့ စိတ်ချမ်းသာသူတွေ ရှိခဲ့နိုင်ပါတယ်..
အနည်းဆုံး ငါးပါးသီလ မြဲခဲ့ကြတာကြောင့်.. ဆွမ်းလှူရတာ အလကားတော့ မဖြစ်နိုင်ပါဘူး..
နောက်..
ယခုအချိန်အထိ.. ပြောစရာ ဖြစ်ကျန်ခဲ့လေတော့…
သင်ခန်းစာ ယူစရာ ဖြစ်ကျန်စေခဲ့ပါတယ်.. ဒါကလည်း လူတွေကို အကျိုးဖြစ်စေနိုင်မှာပါ..
တဏှာပေမ အစေးငြိက ဘေးထိတတ်၏ ဆိုတော့ကာ..
ကျွန်တော်တို့လည်း ငြိနေသလားလို့လေ..
ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို သတိရရပြီး…
ဖြစ်ပြီးခဲ့တာတွေကို ပြန်ပြန်သတိရရပြီး…
ရှေ့ဆက်ဖို့ကို .. တစ်ကယ်ကို ရှေ့ဆက်ဖို့ကို..
နှစ်ပေါင်းဘယ်လောက်ကြာအောင်….
အင်တိုက် အားတိုက် အလုပ်လုပ်ရမယ့် အချိန်အတော်များများကို ..
အတိတ်က အဖြစ်အပျက်တွေကြောင့် သူ့မယုံ ကိုယ့်မယုံနဲ့…
ငြင်းခုန်နေမိရင်း… ဘေးထွက်ထိုင်နေမိရင်း… ဂျီဒီပီတွေများ လျော့စေခဲ့သလားလို့..
pooch
June 1, 2011 at 3:57 pm
အဒေါ် ရဟန်းခံပေးလိုက်တဲ့ ကိုယ်တော် ၃ ပါးထဲက နှစ်ပါးက လူဝတ်လဲပြီး အိမ်ထောင်မှုပြုတာကို မျက်မြင်
တွေ့ ဘူးပါတယ်။ မြှူဆွယ်ဖျားယောင်းတဲ့ အမျိုးသမီးကို တော့ ကျောင်းကြီးဖျက်မလို ့ခေါ်ကြတယ် လို့ ဖတ်ဖူးတယ်။ သံသရာ အဆက်ဆက် သူ့ဘဝအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ အရမ်းကြောက်စရာ
ကောင်းပါတယ်။
kai
June 1, 2011 at 6:18 pm
တော်တော်ချစ်ဖို့ကောင်းကြတယ်နော…။
မြှူဆွယ်ဖျားယောင်းတဲ့ အမျိုးသမီးကို တော့ ကျောင်းကြီးဖျက်မလို ့ခေါ်ကြတယ်.. မြူဆွယ်တာကို စိတ်မနိုင်ပဲ.. ပါလာတဲ့..သူကိုတော့… (မပါလာခင်အထိ) ကောင်းတာလေးတွေလုပ်ခဲ့ပါတယ်ဆိုပြီး. ကြံဖန်ဂုဏ်ယူ.. ပင်းပေးတယ်..။
ဟန်တော့ကျနေပါပြီ… ဘုန်းကြီးဝတ်တော့မှနဲ့တူတယ်..။ 🙂
nature
June 1, 2011 at 11:08 pm
အောင်မလေးသူကြီးရယ်၊ သူကြီးဆီကဒီစကားလုံးလေးလိုချင်လို့သူကြီးကိုချူနေတာ၊ ရွာသားများအားလုံး ကြားတယ်နော်၊သူကြီးဘုန်းကြီးဝတ်တော့မယ်တဲ့။ 🙂
ဆူး
June 2, 2011 at 4:53 am
သဂျီး ဘုန်းကြီး ဝတ်တော့မယ်တဲ့ ဗျို့..
ပရိက္ခရာ ၈ပါး အလှူခံ ထွက်ပေးရမလား။
ရိပ်သာမှာ ဘယ်နေ့က စပြီး စာရင်း သွင်းထားရမလဲ..
လေယာဉ် စရိတ်ကလည်း တခြမ်းစာ စပွန်ဆာ ရှိပြီ ဆိုတော့.. စိတ်ဝင် စားနေပြီ နဲ့ တူတယ်။
လင်းဝေကျော်
June 2, 2011 at 7:39 am
အချစ်ကြီးကြတာကိုး….
အလွန်ကောင်းတဲ့အချစ်ဇာတ်လမ်းလို့ ပြောရမလား…
အလွန်ကြောက်စရာကောင်းတဲ့ တဏှာလို့ပြောရမလား…
အပျိုကြီးများကတော့… ကြည့်စမ်း ဘယ်လောက်ကြောက်စရာကောင်းတဲ့ တဏှာလဲလုပ်မှာပါပဲ။
အသက်ခြောက်ဆယ်လောက်ရောက်မှ ငယ်ချစ်ကိုပြန်တွေ့တော့မှ အင်း မလွန်ဆန်နိုင်ပါဘူးလေ လုပ်ချင်လည်း လုပ်မှာပါပဲ။
nigimi77
June 4, 2011 at 10:51 am
ဗျို ့ ကိုခိုင် …ဝတ်ချင်သပ ဆို ကျုပ်တို ့ ကျောင်းမှာ လာဝတ်လှည့်။
ဖဲရိုက်၊ဖာချ၊ မောင်းတီး၊ချဲထိုး၊ ကြက်တိုက်၊ ရှောပုတ်၊ အကုန်သင်ပေးတယ်။