mihninlayJanuary 1, 20121min671
အားလုံးပဲမင်္ဂလာပါ နှစ်ဟောင်းကုန်လို ့နှစ်သစ်ကူးတဲ့အချိန်မှာအားလုံးပဲကိုယ်ကျန်းမာစိတ်ချမ်းသာစွာနဲ ့ပျော်ရွှင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ် အဲလိုပဲတစ်နှစ်ကူးသွားတာဟာအသက်တစ်နှစ်ပိုကြီးသွားတဲ့အတိုင်းအသိတရားတွေပိုတိုးပွားလာနိုင်ကြပါစေ တစ်ရက်ပြီးတစ်ရက်တစ်နှစ်ပြီးတစ်နှစ်ကုန်သွားတိုင်းသေဖို ့ပိုပိုနီးလာပြီလို ့လဲခံစားမိတိုင်းတရားဓမ္မများလဲကျင့်ကြံအားထုတ်ဖို ့လဲ ကြိုးစားနိုင်ကြပါစေ IMG_0442 အားလုံးပဲပျော်ရွှင်သောနှစ်သစ်လေးမှာအန္တာရယ်ကင်းစွာပျော်ရွှင်နိုင်ကြပါစေ  


mihninlayJune 4, 20111min792
ဗုဒ္ဓဘာသာဝင်တို့၏ ပထမခြေလှမ်းက- တစ်ဦးအပေါ်တစ်ဦး အကျိုးလိုလားသော မေတ္တာစိတ်၊ ဆင်းရဲသူ အခြေအနေနိမ့်ကျနေသူ၊ကျန်းမာရေးချို့တဲ့နေသူစသောသတ္တဝါများအပေါ်၌ ဆင်းရဲခြင်းအန္တရာယ်မှလွတ် မြောက်စေလိုသော မြင့်မြတ်သောကရုဏာ၊ ချမ်းသာသူ အောင်မြင်သူများအပေါ်ဝမ်းသာသောစိတ်ဟုဆိုအပ်သော မုဒိတာ၊ ဆင်းရဲချမ်းသာ သတ္တဝါအားလုံးကိုမြင်တွေ့ရာ၌ အော်…သူ့ကံနှင့်သူဖြစ်တာပဲဟု သဘောထားပြီး ဝမ်းနည်းဝမ်းသာမဖြစ်ဘဲ ပကတိတည်ငြိမ်ခြင်းဟုဆိုအပ်သောဥပေက္ခာတရားတို့သည်အမြဲတမ်းဗုဒ္ဓဘာသာဝင်တို့အတွက်ပွားများကြရမှာဖြစ်ပါတယ်။ ဒုတိယခြေလှမ်းအနေနဲ့-နတ်များကပင်ချစ်ခင်မြတ်နိုးအပ်သော ဒေဝဓမ္မတရား နှင့်လောကကို စောင့်ရှောက်သော လောကပါလတရား သုံးဆယ်ရှစ်ဖြာမင်္ဂလာတရားတို့ကိုလည်း ဗုဒ္ဓဘာသာဝင်တို့အတွက်အမြဲတမ်းရှိနေရမှာဖြစ်ပါတယ်။ အဲဒီလိုအရေးကြီးတဲ့တရားတွေရှိသည့်အနက် ဗုဒ္ဓဘာသာဝင်တို့အတွက် သူတော်ကောင်းဥစ္စာ(၇)ပါးကလဲ အလွန်မတန်းမှအရေးပါလှသောတရားတစ်ပုဒ်ပင်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကတော့ သိပြီးသားဖြစ်မှာပါ သို့ဖြစ်ပါ၍ မသိသေးသောသူများကို သိစေချင်သောဆန္ဒဖြင့် ဒီဆောင်းပါးလေးကိုတင်ပြလိုက်ရပါတယ်။ မြတ်ဗုဒ္ဓဒေသနာ တစ်ခါတုန်းက ဥဂ္ဂအမည်ရှိတဲ့ ပသေနဒီ ကောသလမင်းကြီး မြတ်ဗုဒ္ဓအထံသို့ အဝင်အထွက်၊ အသွားအလာ၊ အရောက်အပေါက်များသောသူဖြစ်ပါတယ်။ တစ်နေ့သ၌ မြတ်စွာဘုရားကိုလျောက်ထားတယ်- အရှင်ဘုရား အံ့ဖွယ်ကောင်းတယ်ဘုရား ဒီနေ့ ထူးထူးခြားပါပဲဘုရား၊ ရောဟဏသူဌေး၏ မြေးမ မိဂါရသည် အလွန်ကြွယ်ဝချမ်းသာပါတယ်၊ […]


mihninlayJune 4, 20111min1520
ဗု ဒ ္ဓဘာ သာ ဝင် တို့ ၏  ပ ထ မခြေ လှမ်း က-  တစ် ဦး အပေါ် တစ် ဦး  အ ကျိုး လို လားသော မေ တ္တာ စိတ်၊  ဆင်း ရဲ သူ  အခြေ အနေ နိမ့် ကျနေ သူ ၊ကျန်း မာရေး ချို ့တဲ့နေ သူ စ သော သတ္တ ဝါ များ အ ပေါ် ၌ ဆင်း ရဲ ခြင်း အန္တ ရာယ် မှ လွတ် မြောက် စေလို သော […]


mihninlayMay 31, 20111min26019
လောကလူသားတိုင်မှာ ကိလေသာသုံးမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ အဲဒါတွေကတော့ ၁။အနုသယကိလေသာ- လောကလူသားတွေရဲ့သန္တာန်မှာ ပဋိသန္ဓေတည်ကတည်းက ပါလာတဲ့ကိလေသာမျိုးကိုတော့ အနုသယကိလေသာလို့ခေါ်ပါတယ်။ ၂။ပရိယုဌာနကိလေသာ-လောကလူသားတွေ အာရုံတစ်ခုကို တွေ့မြင်ပြီး ထကြွသောင်းကျန်းသောကိလေသာမျိုးကိုတော့ ပရိယုဌာနကိလေသာလို့ခေါ်ပါတယ်။ ၃။ဝီတိက္ကမကိလေသာ-လောကလူသားတွေ အာရုံတစ်ခုကို တွေ့မြင်ပြီး ထကြွသောင်းကျန်းရုံတင်မက လွန်ကျူးမူအဆင့်ထိရောက်သွားတဲ့ကိလေသာမျိုးကိုတော့ ဝီတိက္ကမကိလေသာလို့ခေါ်ပါတယ်။ ဒီစကားလေးတွေကို ဘာကြောင့်ပလ္လင်ခံနေရသလဲဆိုတော့ စာရေးသူ သီဟိုဠိခေတ် စံတော်ဝင်အရိယာများ ဆိုတဲ့စာအုပ်ကိုဖတ်နေစဉ် အသက်(၆၀)ပြည့်မှလူထွက်သွားသော သီဟိုဠ်မထေရ်ကြီးတစ်ပါးအကြောင်းကိုဖတ်မိတယ်။ ဇာတ်သိမ်းပိုင်းအထိဖတ်ကြည့်လိုက်တော့ အထက်ပါ ကိလေသာသုံးမျိုးမှ ဝီတိက္ကမကိလေသာကိုမလွန်ဆန်နိုင်၍ လူထွက်သွားရတာကိုသိလိုက်ရပါတယ်။ အဲဒီသီဟိုဠ်ဇာတ်လမ်းလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ စာဖတ်သူကိုလဲ သိစေချင်တာနဲ့ ဒီဆောင်းပါးလေးကို တင်ပြလိုက်ရပါတယ်။ ဒုဌဂါမဏိမင်းးကြီးရဲ့ ငရုတ်သီးတတောင့်ကျောင်းရေစက်ချပွဲလေးဟာ အလွန်မတန်အံ့ဩဖွယ်ကောင်းသလို ရေစက်ချပွဲ၏ နောက်ဆက်တွဲဖြစ်ရပ်ကလေးကလဲထူးဆန်းလှပါတယ်။ အဲဒီရေစက်ချပွဲ၌ ရဟန်းတော်တသိန်း၊ ရဟန်းမကိုးသောင်းပင့်ဖိတ်၍ လှူဘွယ်ဝတ္ထုအစရှိသော ပစ္စည်းများလှူခဲ့ပါတယ်။ တကယ်တမ်းတော့ ဒုဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး စားဦးကိုမလှူဘဲ ထမင်းစားလေ့မရှိပါဘူးတဲ့။ ဒီလိုနဲ့ […]


mihninlayMay 30, 20111min1072
အတ္ထ သမံ ပေမံ နတ္ထိ- လောကလူသားတွေက မိမိကိုယ်ကို မိမိ အချစ်ဆုံးဖြစ်တယ်လိုပြောကြပါတယ်။ စာရေးသူလဲ အဲဒီစကားလေးကို Online ကနေပြီးတော့ ခင်ရာမင်ရာ ဓမ္မမိတ်ဆွေအချို့ကိုမေးမြန်းခဲ့ပါတယ်။ မေးမြန်တယ်ဆိုရာ၌ တစ်ဖက်သားကို ငါသိလို့ငါတတ်လို့မေးမြန်းချင်းမဟုတ်ဘဲနဲ့ ဓမ္မမိတ်ဆွေတွေ မိမိကိုယ်ကို မိမိ တကယ်ချစ်တတ်ကြရဲ့လားဆိုတာလေးကို သိစေချင်သောဆန္ဒဖြင့်မေးခဲ့ရခြင်းဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေတွေဖြေကြားသော အဖြေလေးတွေကိုလဲ စာရေးသူတင်ပြချင်ပါသေးတယ်။ ဓမ္မမိတ်ဆွေများကို မေးမြန်းခဲ့ရာ- ၁။ “ ဘယ်သူကိုမှ မချစ်ဘဲ မိမိကိုယ်ကိုသာချစ်ပြီး စိတ်ကလေးကိုစင်ကြယ်အောင်ထား၍ လူသားတိုင်းအပေါ် မေတ္တာတရားကို တန်းတူထားနိုင်ရင် မိမိကိုယ်ကိုမိမိချစ်တာပါပဲ။ ၂။ ကိုယ့်ကိုယ်ကို ချစ်တဲ့သူဟာ ကိုယ်ဖြင့်လုပ်တဲ့အလုပ်၊ နှုတ်ဖြင့် ပြောသောစကား၊ စိတ်ဖြင့်ကြံသောအမှုတို့ကို ကောင်းတာလုပ်တယ်၊ကောင်းတာပြောတယ်၊ကောင်းတာကြံတယ်၊ ပြီးတော့ ကံကိုယုံကြည်တယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်တယ်၊ တစ်ပါးသူထက် မိမိသာလျှင်ပဲ့ကိုင်ရှင် လို့သတ်မှတ်တယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ချစ်တဲ့သူတစ်ယောက်ရဲ့လုပ်ရပ်ပါလို့ ဖြေလိုက်ပါတယ်ကွယ်… […]


mihninlayMay 3, 20111min29034
ကွယ်လွန်ပြီးသူ တချို့သည် တမလွန်ဘဝမှ မိမိဆွေမျိုးသားချင်း မိတ်ဆွေများကို အိပ်မက်ပေးလေ့ရှိသည်ဟု ကြားဖူးသည် ။ တချို့လည်း ကိုယ်ယောင်ပြခြင်း၊ အနံ့အသက်ပေးခြင်း စသဖြင့် အသိပေးလေ့ရှိသည် ။ ထိုသို့သော အကြောင်းများကို ဂမ္ဘီရစာပေတွင် ဖတ်ရှုရသည်မှာ အဖြစ်အပျက်တစ်ခုနှင့်တစ်ခု မရိုးနိုင်အောင် ဆန်းကြယ်လှပေသည် ။ ဆိုခဲ့သော တမလွန်မှ နာနာဘဝများက ၎င်းတို့သည် ပြိတ္တာဖြစ်နေရကြောင်း၊ တစ္ဆေဖြစ်နေရကြောင်း၊ အနေအထိုင်အစားအသောက်တို့ ဆင်းရဲရကြောင်း စသဖြင့် မပြည့်စုံသောဘဝကို ညည်းညူပြကြသည်။ ဆွေမျိုးသားချင်းများကလည်း သူတို့၏ ဘဝဇတ်ကြမ်းကို ကြားသိရသဖြင့် ထိုဘုံဘဝမှလွတ်မြောက်ရန် ရည်သန်လျက် ရဟန်း၊သံဃာတော်များကို ပင့်ဖိတ်လျှောက်ထားကာ ၎င်းတို့အတွက်ရည်စူး၍ အလှူဒါနပြုလုပ်ပေးကြရသည် ။ အမျှအတန်းဝေကာ သာဓုခေါ်စေရသည် ။ သို့ရာတွင် ကျွန်တော်နှင့် အင်မတန်ရင်းနှီးသော ကိုအောင်မြတ်သာနှင့် မခင်ဖုန်းတို့ ဇနီးမောင်နှံ၏ဖြစ်စဉ်ကား အခြားသောလင်မယားများနှင့်မတူ အံ့ဖွယ်ထူးခြားသည်ဟု […]


mihninlayMarch 17, 20111min1136
ဂျပန်မှာငလျင်လှုပ်ပြီးအနုမြူပေါင်းအိုးပေါက်တာနဲ ့တရုတ်မှာဆားတွေရှားပြီးဈေးတက်ကုန်ပြီ ဆိုင်လားမဆိုင်လားတော့မသိဘူးဓါတ်ငွေ ့တွေကိုကာကွယ်တယ်တဲ့


mihninlayJanuary 15, 201125min781
နှုတ်ဖျားမှသည် ခွန်းသီဆို သည် မဟုတ်။ လက်ဖျားမှ သည် လင်္ကာ သီသည် မဟုတ်။ မျက်လုံးမှ သည်..စကားဆိုသည် မဟုတ်။ ခြေထောက်များကလည်း စကားပြောသည်။ မယုံလျှင် ပုံပြင်သာ မှတ်ပေရော့။ ဤခြေထောက်ပိုင်ရှင်သည် ကျွန်ရှေ့ဒူးမထောက် မြန်မာပြည်လွတ်မြောက်အောင် အသက်စတေးပေးခဲ့သော ပြည်သူ၏ ဖခင် အာဇာနည် ဤခြေထောက်ပိုင်ရှင်သည် တရုပ်ကို ကပ်မြှောက် မြန်မာပြည်ကို ချောက်ထဲကျအောင် လမ်းပြမြေပုံဆွဲ၍ တွန်းပို ့နေသူ လူယုတ်မာ အာဏာရှင်။ သူကတော့ ပေးတာယူ ကြွေးတာစား မင်းပွဲ စိုးပွဲ သာ တက်ချင်သော ခြေထောက်ပိုင်ရှင် သူကတော့ မှန်တာလုပ်ဖို ့ဆို ရုံး ဂတ် အချုပ်မကြောက် သေနတ်များရှေ့ကပင် ဖြတ်လျှောက်ရဲသူ သတ္တိ ခြေလှမ်းရှင်။ စင်ကြယ်ဖိနပ်စီးသော်လည်း မစင်ကြယ်တဲ့ ဒီခြေထောက်နဲ့ […]