လမ်းဘေးဆိုင် ၊ လမ်းဘေးကား နဲ့ လမ်းဘေးလူ (၁)
လမ်းဘေးဈေးသည်တွေရှင်းမယ် ကြားတော့ ကိုယ့်ထောင်ချောက် ကိုယ်ထောင်ကြဦးမှာပေါ့လို့ တွေးမိတယ်။
ဒါကတကယ့်ပြဿနာကြီးနော ။
ဒါဟာ စီမံခန့်ခွဲသူတွေရဲ့ ပညာရယ် စေတနာရယ် ဇွဲရယ် သတ္တိရယ်ကို စမ်းသပ်မယ့် ပွဲကြီးပါ။
အသည်းကောင်းလို့ ကြိုးဝိုင်းထဲဝင်လာတဲ့ မြို့တော်ဝန်ကြီးနဲ့တကွ အုပ်ချုပ်သူများကို ကြိုဆိုပါတယ်။
တခြားဟာမပြောခင် သမိုင်းလေး အရင်ပြောထားချင်တယ်။
အရင်တုန်းက မြို့တော်ဝန်တဦးတုန်းက – ရုတ်တရက်ကြီး ရန်ကုန်မြို့တော်ကြီးကို စီမံခန့်ခွဲရတော့မယ်ဆိုတော့ …..
ဒီနေရာမှာစကားခဏဖြတ်ပြီး ရုတ်တရက်ကြီးဆိုတဲ့ စကားလေးကိုရှင်းမယ်။ ကမ္ဘာ့နိုင်ငံတွေများစွာမှာ မြို့ပြအုပ်ချုပ်ရေးတာဝန်ယူသူတွေဟာ အစကတည်းက မြို့ပြအုပ်ချုပ်မှုအကြောင်း စိတ်ဝင်စားသူ လေ့လာထားသူ တစိတ်တပိုင်းပါဝင်ပတ်သက်ဘူးသူ အတွေ့အကြုံရှိသူ ( ဥပမာ မြို့အုပ်ချုပ်ရေး ကောင်စီဝင်လုပ်ဘူးသူ) စသည်တွေများပါတယ်။
ကျုပ်အခုပြောမယ့်ဇတ်လိုက်ကြီးက တိုက်ပွဲကြီးတပွဲ ဗျူဟာမြောက်ဆင်နွဲအောင်နိုင်အပြီးမှာ (သူ့စာအုပ်ထဲကအတိုင်းပြောရရင်) မြှုတ်နှံတဲ့အစီအစဉ်အရ ဘာမှမဆိုင်ပဲ မြို့တော်ဝန်ကြီးဖြစ်လာပါတယ်။ အခု အပေါ်ကစကားစပြန်ကောက်ပါမယ်။
ရုတ်တရက်ကြီး ရန်ကုန်မြို့တော်ကြီးကို စီမံခန့်ခွဲရတော့မယ်ဆိုတော့ …..
သူ့မျက်စိနဲ့ မတည့်တာတွေထဲမှာ လမ်းဘေးဈေးသည်တွေလဲပါတယ်။
အဲဒါကိုရှင်းမယ်လုပ်တော့ အလောတကြီးကြုံးဝါးသတဲ့ ။ လမ်းဘေးဈေးသည်ကိုမရှင်းနိုင်ရင် သူနှုတ်ထွက်မယ်ဆိုပြီးတော့ပေါ့။ (တော်သေးတာပေါ့ အနောက်နိုင်ငံက ခေါင်းဆောင်တွေလေသံဖမ်းပြီး အဲသလိုပဲပြောလို့ – အရှ့နိုင်ငံ ဂျပန်လေသံဖမ်းပြီး ဟာရာကီရိလုပ်မယ်လို့များ ယောင်ပြီးပြောမိရင် တော်တော်အရှက်ကွဲဦးမယ်။ နှုတ်ထွက်မယ်ဆိုတာက ဘယ်သူကလက်မခံလို့-လို့ ပြောလို့ရသေးတာ)
အဲဒါနဲ့ဂဠုန်စီမံချက်ဆိုလား …….
(ဒီရွာထဲကဆို သူကြီးတော ့မှီမယ်ထင်တယ်။ ကိုပေါက်မန္တလေး လဲမှီလောက်တယ်။)
ရ နှစ်လောက်အကြာမှာ 1988 အရေးအခင်းဖြစ်ပါတယ်။ အရေးအခင်းမဖြစ်ခင် ငါ။နှစ်အတွင်းမှာ လမ်းဘေးဈေးသည်တွေ သုံးလေးဆပိုများလာပြီး လမ်းဘေးနေသူဦးရေ မြင်မကောင်းအောင် တိုးပွားလာတယ်။ 1982 ထက် 1988 မှာ ရန်ကုန်မြို့ကြီးဟာ သုံးဆလောက် အမှိုက်ပွလာပြီး (လမ်းဘေးနေသူတွေ အပေါ့အလေးကို မြောင်းထဲမှာပဲစွန့်ကြလို့) ငါးဆလောက် ပိုညစ်ပတ်လာတယ်။
ဘာဖြစ်တာလဲ သိလား
လမ်းဘေးဈေးသည်တွေကို ဖမ်းတော့ဖမ်းးချင်တယ်။ လူလဲမနိုင်ဘူး ။ အရမ်းအရုပ်ဆိုးမှာလဲ အဖြစ်မခံနိုင်ဘူး။ သင့်တော်တဲ့လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေလဲမရှိဘူး။ ဥပမာ လမ်းဘေးဈေးသည်ဟာ သူရောင်းတဲ့ပစ္စည်းကို ခင်းထားရာက မြေကြီးနဲ့လွတ်အောင်မထားရင် ဘောင်ဝင်တဲ့သက်သေမရှိပဲ လမ်းဘေးဈေးရောင်းလို့ ဆိုပြီး ဖမ်းလို့မရတော့ဘူး။ ဒီတော့
ဆယ်ယေက်မှာတယောက်ဖမ်း
ဖမ်းသမျှပိုက်ဆံယူပြန်လွှတ်
သိမ်းမိတဲ့ပစ္စည်း ရုံးမရောက်ခင် အောက်ကြေးနဲ့ရွေးလို့ရ
ဒီလိုနဲ့ လမ်းဘေးဈေးရောင်းတာ လိုင်းကြေးပေးပြီး လုပ်လို့ရတဲ့ဟာမျိုးဖြစ်လာ (အဲဒီတုန်းက ဈေးကောက်လေလံမရှိပါ)
ရန်ကုန်ရဲ့မြို့နီးချူပ်စပ်က လူတွေပါဝင်ရောင်းလာ
မြို့တော်လူဦးရေတိုး ၊ လူတွေပိုဆင်းရဲ၊ အလုပ်ရှား
လမ်းဘေးဈေးသည်တွေ လမ်းဘေးမှာပဲအိပ်သူရှိလာ
သူများတောင် ဒီလိုနေသေးတာပဲဆိုပြီး တချို့ဆင်းရဲသူတွေ အိမ်ငှားမနေတော့
ခိုး၊ ဆိုး၊ လု၊ ကုန်တိုက်တိုးစား သူတွေပါလမ်းဘေးရောက်။
အဲဒီတော့ ခင်ဗျားအပူဘာပါလို့ ချေးခြောက်ရေနှုးနေရတာလဲလို့ တယောက်ယောက်ကမေးမယ်ဆိုပါတော့။
ဒါကကျုပ်နေတဲ့တိုင်းပြည် ကျုပ်နေတဲ့လူမှုအသိုင်းအဝိုင်း ကျုပ်နေတဲ့မြို့လေ
1988 ပြီးတော့ အုပ်ချုပ်မှု့ပြောင်းလာတယ်။
လမ်းဘေးဈေးသည်ကိစ္စအတွက်လဲ ချဉ်းကပ်ပုံပြောင်းလာတယ်
ဘယ်လိုပြောင်းလဲ
(ဥပဒေနဲ့မညီတဲ့အလုပ်အတွက်) ဈေးကောက် စ ကောက်သတဲ့။
(ဆက်ရေးဖို့ နဲနဲကြာဦးမှာ – ဆဲချင်သူများ ပြီးအောင်မစောင့်ကြပါရန်။)
7 comments
MaMa
June 4, 2011 at 8:46 am
(ဆက်ရေးဖို့ နဲနဲကြာဦးမှာ – ဆဲချင်သူများ ပြီးအောင်မစောင့်ကြပါရန်။)
ဖတ်ချင်သူဖြစ်ပါသဖြင့် ပြီးအောင် စောင့်နေပါသည်။ သို့ပါ၍ များများမကြာပဲ တင်နိုင်ရန် မျှော်လင့်ပါသည်။
ပုံ/ စာဖတ်သူ
ကိုပေါက်(မန္တလေး)
June 4, 2011 at 12:09 pm
စည်းကမ်းတစ်ခု သတ်မှတ်တယ်ဆိုတာ စကတည်းကလိုက်နာနိုင်လောက်တဲ့စည်းကမ်းလဲဖြစ်သင့်ပါတယ်။
နောက်စည်းကမ်းကိုတကယ်လိုက်နာရဲ့လားဆိုတာကိုလဲ ပြန်စီစစ်ရမယ်။
နောက်စည်းကမ်းကိုမှီပြီးလုပ်စားတဲ့ဝန်ထမ်းရှိမရှိဆိုတာကလဲအရေးကြီးပါသဗျာ။
padonmar
June 4, 2011 at 1:47 pm
အခုတော့ ဘာစည်းကမ်းထုတ်ထုတ် ဝန်ထမ်းက လုပ်စားသွားတာချည်းပါပဲ။
မမှန်တဲ့ policy တွေပြောင်းချင်ရင်တောင် ဝန်ထမ်းတွေ စားကွက်ပျောက်မှာစိုးလို့ အထက်က မပြောင်းရဲဘူး။
ဝန်ထမ်းကို လစာမတိုးပဲ အောက်ဆိုဒ်နဲ့ ထိန်းထားတာကိုး။
unclegyi1974
June 4, 2011 at 4:39 pm
အမယ်ဘုတ်ရဲ့သူ့ချည်ခင်လို့စာထဲမှာဖတ်ဖူးတယ်
အပြင်မှာတော့
ကိုပေါက်(မန္တလေး)
June 4, 2011 at 4:47 pm
ဆူးလှည်းကြီးပေါ်မှာကောက်ရိုးတွေတင်လာတာပါ
kai
June 5, 2011 at 8:40 am
ဂဠုန်စီမံချက်ပါပဲ..
အဲဒါက ၁၊၂၊၃ အဆင့်တွေနဲ့..
မြို့လည်ခေါင် တရားဝင်ပစ္စည်းလုပွဲလို့… မြင်မိတာပဲ..။
မိုးသီးဇွန်တောင်.. ဂဠုန်တွေကို ရိုက်တဲ့ပွဲ ဆိုပြီး.. စာရေးဖူးသေးတယ်.။
လင်းဝေကျော်
June 8, 2011 at 6:09 am
ဟုတ်ပါတယ်။
စီမံခန့်ခွဲသူတွေရဲ့ စေတနာ၊ပညာ၊ဇွဲနဲ့ သတ္တိ တွေအပြင် မျှော်မြင် စဉ်းစားနိုင်မှုကိုပါ စမ်းတဲ့ပွဲပါပဲ။
အခုတစ်ခေါက်ချဉ်းကပ်ပုံကလည်း မျှော်မြင်မှုနည်းပြီး အမြစ်တွယ်နေတာကို အကိုင်းဖြတ်ဖို့လောက်လုပ်နေတာပါ။