မကျည်းတန်ရဲ ့ကမ္မဖလ(ဗုဒ္ဓဘာသာဝင်အမျိုးသမီးများဖတ်ရန်)
လူတွေဟာ အချို ့က လှပြီး အချို ့ကရုပ်ဆိုးတယ်၊အချို ့မှာ ချမ်းသာပြီး အချို ့မှ ဆင်းရဲတယ်။ရှုပ်ထွေးစုံ
တဲ့ လောကဇာတ်ခုံ လူတို ့ဘုံဟာ တစ်ပြေးညီတည်းရှိမနေတာတော့ အမှန်ပါပဲ။ဘာ့ကြောင့်များလှလှပပတွေချည်းဖြစ်မနေတာလဲ။ဘာ့ကြောင့်များချမ်းချမ်းသာသာကြီးရှိမနေရတာလဲ။
သူမဘဝကို စိတ်ပျက်အားငယ်မိတိုင်း ဒီအတွေးဒီမေးခွန်းတွေ ရင်ထဲအထိတိုးဝင်လာပြီး တနုံ ့နုံ ့ခံစားရစမြဲ။
ငယ်စဉ်က သူများတွေ “ခါးကုန်းတဲ့ရုပ်ဆိုးမ”လို ့စနောက်ခံရတိုင်း အမေ့ကိုငိုယို ရန်တွေ ့မိ၏။
“ကျွန်မကို ဘာလို ့ခါးကုန်းပြီးရုပ်ဆိုးအောင် မွေးခဲ့တာလဲအမေ။လှလှပပလေးဘာလို ့မမွေးခဲ့တာလဲ”။
“ဟဲ့….မိန်းကလေးရဲ ့၊သားသမီးတွေအားလုံး အချောအလှချည်းပဲ နင်တစ်ယောက်ပဲ ဘယ် ကအဘွားကြီးဝင်စားမှန်းမသိ၊နင့်ဘာသာနင် ခါးကုန်း ပြီး ငါ့ဗိုက်ထဲက ထွက်လာတာငါကဘာတတ်နိုင်မှာတုန်း”
“ရှင်မ ဗိုက်ထဲက ထွက်လာတာဟုတ်လို ့လား..ကျုပ်အမှိုက်ပုံထဲကကောက်ပြီးမွေးစားခဲ့တာလေ၊ဒါ့ကြောင့်ခါးကုန်းပြီး ရုပ်ဆိုးနေတာပေါ့”
အမေတစ်လှည့်အဖေတစ်လှည့် သူမကို ချစ်စနိုးနဲ ့ကျီစယ်နေသောအခါ ရှိုက်ကြီးတငင်ခြေဆောင့်ငိုမိပါသည်။
“ဆင်းရဲလိုက်တာလဲ လွန်ပါရော..ဘယ်တော့များမှကျွန်ဘဝ ကလွတ်မလဲမသိဘူး “ဃောသက” သူဌေးအိမ်မှာ နေပါလျှက်
နဲ ့သူဌေးကတော်ဝမ်းထဲ မဝင်မိတာနာတယ်”
လိုချင်သည့် အဆင်တန်ဆာ ပူဆာ၍မရတိုင်းလဲ အမေ့ကို ထေ့ငေါ့စောင်းချိတ်မိပြန်ပါသည်။ ထိုအခါများမှာတော့အမေက ရယ်မောလျှက်..
“အဲ့ဒါလဲ နင့်ကုသိုလ်ကံပေါ့မိန်းကလေးရဲ ့ သူဌေးကတော်ဝမ်းထဲဝင်ခဲ့ရင် နင်လဲ သူဌေးသမီးဖြစ်ပြီးရတနာတွေ သီးနေအောင်
ဆင်ရမှာပေါ့။အခုတော့ နင်က ငါ့လို ကျွန်မ တစ်ယောက်ရဲ ့ဝမ်းထဲဝင်လာတော့ ကျွန် ကမွေးတဲ့ ကျွန်သပေါက် ပဲဖြစ်တော့မပေါ့”
အမေ့အပြောကြောင့်အမေ့ကို စိတ်ဆိုးရမည်လား အဖေ့ကိုအပြစ်တင်ရမည်လား မစဉ်းစားတတ်တော့ပါ.
သူမမှာမိန်းမသားမို ့မလှချင်ပဲရှိပါ့မလား အခြွေအရံတွေနဲ ့ရွှေဘုံပေါ်မစံချင်ပဲ ရှိပါ့မလား၊
ယခုတော့ နုံချာလွန်းလှသည့်သူမဘဝက သူတစ်ပါးခြေဖဝါးအောက်ကမြေမှုန် ့…
အဖေနဲ ့အမေက သူဌေးကြီး..“ဃောသက” အိမ်က အထိန်းတော် ငယ်ကျွန်
သူမကိုယ်တိုင်က ကောသဗ္ဗီပြည့်ရှင်“ ဘုရင်ဥတေန”ရဲ ့အဂ္ဂမဟေသီ “သာမာဝတီ” မိဖုရားကြီး
ကို ပန်းတော်ဝယ်ဆက်နေရတဲ့အထိန်းတော် ..
“အိုလေ…ဒီအကြောင်းတွေ ပြန်ပြောင်းလဲမတွေးချင်တော့ပါဘူး”…ဟု ဦးခေါင်းကို ဆတ်ခနဲ ခါရမ်းပစ်လိုက်သည်။
ထိုစဉ်မှာ….“အဖွားကြီးအိုအို ခါးကုန်းကုန်း မသေပါနဲ ့ဦး” ဟု..လမ်းပေါ်က ကလေးတစ်ချို ့ မကြားတကြား နောက်ပြောင်
ကျီစယ်ပြန်ပါသည်။ ဪ..စဉ်းစားဖို ့တောင် မကောင်းတော့တဲ့ဘဝပါလားနော်.၊တစ်နေ ့လုံးထိုင်ကြည့်သော်မှ ဘဝင်အသဲရင်ထဲငြိစရာ အလှရှာမရ၊ရုပ်ဆိုးရတဲ့အထဲ ခါးကုန်းနေတဲ့အကျည်းတန်မ..
ဒါ့ကြောင့်လူနဲ ့လိုက်အောင် နာမည်ပေးထားတာက“ခုဇ္ဇုတ္တရာ” တဲ့ ရင်းနှီးတဲ့သူတွေက သူမရဲ ့အားနည်းချက်ကို
ရင့်သီးစွာမခေါ်ပဲ “ဒေါ်ဥတ္တရာ” လို ့ခေါ်ကြတာမို ့ကျေးဇူးတော့တင်ရပါသည်။
သူမအသက်အရွယ်ကြီးလာသည့်တိုင် ဒေါ်ဥတ္တရာ လို ့ပဲအားလုံးကနှုတ်ကျိုးနေကြပြီလေ။
သူမအလုပ်က နံက်စောစော သခင်မလေး မနိုးခင်မှာ ပန်းသည် “ဒေါ်သုမန” အိမ်မှာပန်းဝယ်ပြီး
နေ ့တိုင်းပန်းတော်ဆက်ရတဲ့အလုပ် မို ့လို ့ဒီနေ ့လဲ မင်းကြီးပေးတဲ ့အသပြာ ၈ ကျပ်ကို ကျစ်ကျစ်ဆုပ်ပြီး
ဒေါ်သုမနအိမ်ရောက်တဲ့အခါမှာတော့ သူမမျက်မှောင်ကြုတ်ကာနဖူးတွန် ့သွားရပါသည်။
ခါတိုင်းဆို ဒေါ်သုမန အိမ်ရှေ ့မှာ ပန်းခြင်းအပြည့် ခင်းထားပေမယ့် ဒီနေ ့တော့ အိမ်ရှေ ့မှာ ရှင်းလို ့ပြောင်လို ့
အိမ်ထဲမှာတော့ စည်စည်ကားကားနဲ ့အမှိက်လှဲသူ၊ကော်ဇောခင်းသူ၊ ပန်းအလှပြင်သူတွေနဲ ့ပျာယာခတ်အလုပ်ရှုတ်နေကြသည်.
အိမ်နံဘေးခြံဝင်းထဲမှာတော့ ချက်ပြုတ်နေကြသူတွေ နဲ ့သူတို ့အားလုံးရဲ ့မျာက်နှာမှာ ပြုံးပျော်မြူးကြွနေ၏ ။
စူးစမ်းစွာနဲ ့စိတ်ဝင်တစားငေးမောမိစဉ်မှာပဲ ဒေါ်သုမန အိမ်ထဲကထွက်လာပါတယ်။
“ဒေါ်ဥတ္တရာပါလား ရောက်နေတာကြာပြီလား လှမ်းခေါ်လိုက်ရောပေါ့ ”
“ခုလေးတင်ရောက်လာတာပါ ။ဆိုင်ခင်းထားတာမတွေ ့ဘူး ဒီနေ ့ပန်းမရောင်းတော့ဘူးလား။ လူတွေလဲအများကြီးပဲ ဘာလုပ်နေကြတာလဲ”
သူမရဲ ့အမေးကိ်ုဒေါ်သုမန ခေါင်းခါလိုက်သည်။
“ဒီနေ ့ပန်းမရောင်းတော့ဘူးဒေါ်ဥတ္တရာ ကျွန်မတို ့အိမ်မှာ ဆွမ်းကပ်လှူမလို ့စီစဉ်နေကြတယ်။ ပန်းတွေအလှပြင်ပြီးပူဇော်မယ်လေ”
သူမမျက်နှာပျက်သွားရသည်။ လာရသည့်ခရီးက နီးနီးလေးမဟုတ် ဒေါ်သုမန ဆီက ပန်းမရလို ့တခြားသွားရှာလို ့လဲ
အချိန်မရတော့ဘူး။ လူကလည်း အသက်ကလေးကြီးလာတော့ ဟိုနားဒီနားသွားတာတောင်မောချင်ချင်၊
နေ ့တိုင်းသခင်မလေးအကြိုက် ပန်းတော်ဝယ်ဆက်နေကြ။ဒီနေ ့ပန်းမရရင်တော့ သခင်မ မျက်နှာညိုပေလိမ့်မည်။
“ပန်းမရောင်းလို ့မဖြစ်ဘူးထင်တယ်ဒေါ်သုမနရယ်.လေးကျပ်ဖိုးတော့ရောင်းပေးပါ နေ ့တိုင်းဝယ်နေကြပဲဟာ….”
“အားတော့နာပါတယ်ဒေါ်ဥတ္တရာရယ် ပိုက်ဆံဆိုတာ နေ ့တိုင်းရှာနေကြပဲ မြတ်ဗုဒ္ဓနဲ ့သာဝကတွေကို လှူရတဲ့
ကုသိုလ်ဆိုတာ အင်မတန် ကံစပ်ပြီးတိုက်ဆိုင်လို ့သာ လှူခွင့်ရတာ မလှူရသေးပဲနဲ ့ဦးဦးဖျားဖျား မရောင်းနိုင်ပါဘူး..”
သူမစိတ်ဓါတ်အကြီးအကျယ်ကျသွားမိသည်.ပန်းကြိုက်လှသည့်အရှင်မ မျက်နှာညိုမှာလည်းမမြင်ချင်ပါ။
“ရှင်ကလဲမရောင်းနိုင်တော့ ကျွန်မမှာ အခက်တွေ ့နေပါပြီ ဒေါ်သုမနရယ်”
သူမစကားကြောင့်ဒေါ်သုမန ဂရုဏာပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
“ဗုဒ္ဓနဲ ့သာဝကတွေကို ဆွမ်းကပ်မယ့်အလှူမှာ ပန်းပူဇော်မယ်ဆိုပြီးမရောင်းပဲ ဆုံးဖြတ်ထားတာ.ဒီလိုလုပ်ပါလား ဒေါ်ဥတ္တရာ
ဗုဒ္ဓကြွလာတဲ့အထိ စောင့်ပြီးတရားနာလိုက်ပါလား ပြီးတဲ့အခါ ပိုတဲ့ပန်းတွေ ရောင်းပေးမယ်လေ”
ဗုဒ္ဓဆိုသည့်အသံ၊တရားနာလိုက်ပါလားဆိုသည့် စကားကြောင့် ဦးခေါင်းကနေ ခြေဖျားထိ ကြက်သီးမွေးညင်းများထသွားပြီး
ကျောထဲထိ စိမ့်ဝင်အေးမြသွားပါသည်။
တရားနာနေလျှင် အရှင်မအဆောင်သို ့ပန်းဆက်ဖို ့နောက်ကျပေလိမ့်မည်။စိတ်ဆိုးလျှင်လဲဆိုးစေတော့။
မျက်မာန်တော်ရှလို ့အပြစ်ပေးလျှင်လဲ ခံလိုက်ရုံသာ။ဗုဒ္ဓ၏တရားတော်ကို နာကြားခွင့် ဗုဒ္ဓကိုဖူးမြော်ခွင့်ရဖို ့ဆိုတာ ကြုံခဲပါဘိခြင်း၊
တရားလည်းနာရမည်၊ပန်းလည်းဝယ်နိုင်မည်ဆိုလျှင်တော့.အတိုင်းထက်အလွန်ပေါ့..။
သူမခေါင်းကို သွက်သွက်လေးညိတ်ပြီး ဒေါ်သုမနနဲ့အတူအိမ်ထဲလိုက်ဝင်လာခဲ့၏။ တစ်အိမ်လုံးပန်းအမျိုးမျိုးတို ့၏ရနံ ့များဖြင့်သင်းပျံ ့ကြိုင်လှိုင်နေ၏ ရွှေနန်းတော်ကြီးလိုမခမ်းနားသော်လည်း ဆင်းရဲသားတို ့ဘဝ မှာလဲ သန် ့သန် ့ပျံ ့ပျံ ့နဲ ့
တင့်တယ်နေပါသည်။
ဗုဒ္ဓမြတ်စွာ နဲ ့သာဝကတို ့ကြွတော်မူလာသောအခါ ဗုဒ္ဓရဲ ့အဆင်းကျက်သရေတော်ကို ကြည်ညိုလျှက် ဂုဏ်တော်၌ သက်ဝင်မိသောကြောင့် မျက်တောင်ခတ်ရန်ပင်မေ့လျော့နေသည်။ သာယာကြည်လင်ချိုမြသောအသံဖြင့် မြတ်ဗုဒ္ဓ တရားဟောနေစဉ်
သူမမှာ တစ်ခုတည်းသော “ဧကဂ္ဂတာ” တည်ငြိမ်သောစိတ်ဖြင့် နာယူပြီး အလွတ်ရသည့်တိုင် တစ်ထိုင်တည်းနဲ ့မှတ်သားထားလိုက်ပါသည်။
ဗုဒ္ဓမြတ်စွာက ကံ ကံရဲ ့အကျိုးကို ယုံကြည်လက်ခံရမယ်လို ့ဟောခဲ့တာပဲ။လူသားတွေနဲ ့လောက တစ်ပြေးညီမရှိမှုကို ဘယ်တန်ခိုး
ရှင်ကမှ ဖန်ဆင်းခဲ့တာမဟုတ်ဘူးတဲ့။ ကံကပစ်ချပေးလိုက်တဲ့ ကမ္မမျိုးစေ့ကနေပြီး သန္ဓေတည်မွေးဖွားလာသူချည်းသာဖြစ်ပါသတဲ့။
အာရုံအတွေ ့မှာ ခံစား၊ ခံစားတော့လိုချင်၊ လိုချင်တော့ စွဲလမ်း၊ စွဲလမ်းတဲ့အတွက်ပြုလုပ်၊
ပြုလုပ်တာကြောင့်ပဋိသန္ဓေ နေမှု ဖြစ် ……အဲ့ဒီမှာ ဘဝဆိုတာ ကမ္မ ဘဝပါပဲ..စေတနာပါတဲ့ပြုလုပ်မှုကို ပါဠိလို ကမ္မလို ့ခေါ်တယ်။ ကမ္မကနေပြီး ကံ..ဆိုတဲ့စကား ဖြစ်လာတာပဲ..
ကံကောင်းချင်ရင် ကောင်းတာကိုလုပ် တစ်နေ့ မှာ ကောင်းကျိုးခံစားရလိမ့်မယ်။ မကောင်းတာကိုလုပ်ခဲ့ရင်တော့ မကောင်းကျိုးခံစားရပြီး ကံမကောင်းတဲ့သူဖြစ်လာတာပဲ။ကံကောင်းတယ်မကောင်းဘူးဆိုတာ
မိမိတို ့ရဲ ့…အပြုအမူ..အပြောအဆို..အကြံအစည်..ကောင်းမကောင်းအပေါ်တိုက်ရိုက်မူတည်တယ်။ ဒါ့ကြောင့်လဲဘယ်သူမပြုမိမိမှု
ဆိုတဲ့ စကား ရှိခဲ့တာပဲ.။တဏှာ မာန ဒိဌိ ဆိုတဲ့ ပပဉ္စ မျက်လုံးနဲ ့ဘဝကို အနုလောမ ရှုထောင့်ကကြည့်ရင် ပုဂ္ဂိုလ် သတ္တဝါ
လို ့မြင်တယ်။ တဏှာမျက်စိနဲ ကြည့်ရင်ဘဝ ကို တက်မက်စရာလို ့မြင်တယ်။ မာနမျက်စိနဲ ့ကြည့်ရင်မာန်တက်စရာလို ့မြင်တယ်၊ ဒိဌိမျက်စိနဲ ့ကြည့်ရင်တော့ ဘဝဟာ အားကိုးစရာပေါ့။ဒါ့ကြောင့်လူတွေဟာ ဘဝ ကိုတက်မက်နေကြတယ်။ မာန်တက်နေကြတယ် အားကိုးနေကြတယ်လေ။
ညဏ်ဦးစီးတဲ့ ပဋိလောမ ရှုထောင့်ကကြည့်ရင် ဘဝဆိုတာ ရုပ်နာမ်ခန္ဓာ အစုအဝေးသာဖြစ်တယ်။ မဂ္ဂင်မျက်စိနဲ ့ကြည့်ရင်တော့
စက္ကန် ့တိုင်း စက္ကန် ့တိုင်းမှာ ဖြစ်လိုက်ပျက်လိုက် ရှိနေတဲ့ဖြစ်ပျက်အစဉ်သာဖြစ်တယ်။ အဲ့ဒီမတည်မမြဲ ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ ဘဝဟာ တက်မက်စရာလဲမဟုတ် မာန်တက်စရာလဲမဟုတ် ၊အားကိုးစရာအခိုင်အမာလဲ တစ်ကယ်မဟုတ်ပါဘူး၊
လောကကို အဘယ်ဖန်ဆင်းရှင်ကမှ ပြုနိုင်စွမ်းသည်မဟုတ်၊ ဖြစ်လာသမျှသော အကျိုးဝိပါတ်တို ့၏အကြောင်းကံတရားသည်
ကိုယ်တိုင်သာတည်း၊
ကံကောင်းသူဖြစ်အောင်မိမိကိုယ်သာဖန်တီးနိုင်၏ ဘယ်ဖန်းဆင်းရှင် ကမှ မဖန်တီးပေးနိုင်ပါ။
ကံဆိုးသူဖြစ်အောင်လည်း မိမိသည်သာ စွမ်းနိုင်ပါ၏ ဘယ်ဖန်ဆင်းရှင် တန်ခိုးရှင်ကမှ မိမိကို ကံဆိုးအောင် မပြုလုပ်နိုင်ပါ။
..မိမိသည်ပင်လျှင် မိမိဘဝရဲ ့အလင်းရောင်..
မိမိဘဝကိုလှပစေချင်ရင်တော့ ဒါန သီလ ဘာဝနာ စတဲ့ကုသိုလ် အလင်းလေးထွန်းညှိမှ ကိုယ်တိုင်က လင်းလက်တဲ့ ချမ်းသာခြင်းအကျိုးကို ခံစားရမှာပဲ။“အတ္တာဟိ အတ္တာနော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာ တဲ့
မှန်ကန်တဲ့အမြင်နဲ ့ပဋိလောမ ရှုထောင့်က ညဏ်အမြင်နဲ ့မိမိဘဝကို သုံးသတ်သွားဖို ့အင်မန်မှာအရေးကြီး လှပါသည်”။
အယူမှားသော တိတ္ထိတို ့၏လမ်းစဉ် “သီလဗ္ဗတာပရာမာသ” လည်း ဘဝဘဝ မကပ်ငြိတော့ပြီ။
ဒေါ်ဥတ္တရာတစ်ယောက် မြတ်စွာဘုရားဟောကြားထားတဲ့တရားတော်ကို တစ်လုံးတစ်ပါဒမျှမကျန် အကုန် မှတ်မှတ်သားသားဖြင့်နာယူခဲ့ရ၏
တရားပွဲအဆုံးမှာ “သောတပတ္တိဖိုလ်”တည်ကာ သူမမှာ အရိယာနွယ်ဝင် သူတော်စင်ဖြစ်သွားခဲ့ပါပြီ။
“သောတပန်” ..ဟူသည် မိမိအသက်နှင့်လဲလှယ်ကာ ပဉ္စသီလ ဆိုတဲ့ ငါးပါးသီလ ကိုမြဲမြံခိုင်ခံ့စွာ စောင့်ထိန်းကြပါသည်။
တစ်ပါးသူအပေါ်၌ ငရဲကျသည်အထိ မနာလိုစိတ် ဝန်တိုစိတ် လည်း မရှိတော့ပေ။ အယူမှားခြင်း“မိစ္ဆာဒိဌိ”လည်း
တစ်သက်တာအပြတ်ခွာ၏။ ဘုရား၊ တရား၊ သံဃာ၊ (သီလ သမာဓိ ပညာ) သိက္ခာသုံးပါး၊ အတိတ်သံသရာ၊ အနာဂတ်သံသရာ၊
အတိတ်နှင့်အနာဂတ်သံသရာ၊ ပဋိစ္စသမုပ္ပာဒ် တရား….ဤရှစ်ပါး တို ့၌ ဝိစိကိစ္စာ ယုံမှားသံသယ ရှိခြင်းကိုလည်း
အကြွင်းမဲ့ပယ်ခဲ့ပြီဖြစ်၏။
ဗုဒ္ဓကိုဖူးတွေ ့ပြီး ၍ ဗုဒ္ဓတရားကိုနာကြားပြီးသောအခါ ဝယ် သူမဘဝ ရဲ ့ဆိုးရွားလှတဲ့ကံအကြောင်းတရားဟာ
အတိတ်ဘဝက သူမကိုယ်တိုင်ပြုခဲ့တဲ့အကုသိုလ်ကြောင့်ပါလား။
တရားတည်းဟူသော ဓမ္မဆေးဖြင့် လှုပ်လီလှုပ်လဲ့နဲ ့ယိုင်နဲ့နေတဲ့ ခြေလှမ်း များတောင် သွက်လက်နေပါပကော။
လက်ထဲမှာ အသပြာရှစ်ကျပ်ဖိုးအပြည့်ဝယ်လာသော ပန်းများနှင့်အတူသူမရဲ ့စိတ် များကလန်းဆန်းတက်ကြွလျှက်..
“ပန်းတွေ များလှချည်လားအမေ..မောင်တော်မင်းကြီးက ဒီနေ ့ပန်းဖိုးပိုပေးလိုက်လို ့လား”
အိမ်တော်ပါငယ်ကျွန်မို ့လို ့သူမကို သာမာဝတီ မိဖုရားက ရိုသေချစ်ခင်စွာနဲ ့“အမေ” လို ့ခေါ်တတ်၏။
အရှင်မလက်ထဲကို ပန်းကိုပေးပြီးနောက် ပြုခဲ့မိသောအပြစ် တစ်စုံတစ်ရာကိ ုအမှန်အတိုင်းဝန်ခံရမည်မို ့ ခေါင်းကိုငုံ ့ချလိုက်သည်။
ရင်ထဲမှာ ပူလောင်ခြင်း တော့မရှိ။အမှန်တရားကိ ုသူမရင်ဆိုင်ဖို ့အသင့်ပင်ဖြစ်နေခဲ့သည်။
သောတပန်တို ့မည်သည် ..ငါးပါးသောသီလတော်မြတ်ကို အသက်နဲ ့လဲ၍ စောင့်ထိန်းနိုင်ခဲ့ပြီဖြစ်သည်။
“ဘုရင်မင်းမြတ် ပန်းဖိုးပိုမပေးပါအရှင်မ ၊နေ ့စဉ်အရှင်မအတွက်ပန်းဖိုး အသပြာ ရှစ်ကျပ်ပေးနေကျပါ။
ဒါပေမယ့်ခါတိုင်းနေ ့တွေမှာ လေးကျပ်ဖိုးသာ ဝယ်ပြီး ကျန်တဲ့လေးကျပ်ဖိုးကိုတော့ ကျန်တော်မျိုးမ နေ ့စဉ် ခိုးယူခဲ့မိပါသည်။
ဒီနေ ့မှာတော့
ပန်းသည်ဒေါ်သုမန ရဲ ့အိမ်မှာ ဗုဒ္ဓရဲ ့တရားတော်ကိုနာယူခဲ့ရလို ့ ခိုးယူခြင်းဆိုတဲ့ မကောင်းမှုပြုဖို ့..ကြောက်လို ့
ငါးပါးသော သီလတော်မြတ်ကို အသက်နဲ ့လဲပြီးစောင့်ထိန်းတော့မှာမို ့ ပန်းဖိုးရှစ်ကျပ်ကို မခိုးမဝှက်ပဲ အကုန်ဝယ်ခဲ့ပါသည်။
အရှင်မပေးလိုသောအပြစ်တော်ကို ပေးတော်မူပါ ခံယူဖို ့အသင့်ပါ”။
“ဒီလိုဆိုရင် ဗုဒ္ဓရဲ ့တရားတော်ကို နာနေလို ့နောက်ကျတယ်ပေါ့….ဟုတ်လား”
“မှန်ပါတယ်….အရှင်မ..”
မကွယ်မဝှက်ပဲ အမှန်အတိုင်းဖြေလိုက်သည်။
“နေ ့တိုင်း အသပြာ လေးကျပ်ခိုးယူမှု နဲ ့ဒီနေ ့ပန်းဆက်နောက်ကျ တဲ့အတွက် အပြစ်ဒဏ် ပေးရလိမ့်မယ်”။
နှလုံး လှုပ်ရှား အခုန်များလျှက် မျက်နှာကို အောက်ချထားလိုက်သည်။
ထားလျှင်ရှင်..သတ်လျှင်သေ သူတို ့လက်ခုပ်ထဲကရေမို ့ဘာမျှမတတ်နိုင် ။ဖြစ်လာသမျှ ကံအကြောင်းတရား ပါပဲ ဟုအောက်မေ့ကာသာနေတော့သည်။
“စိုးရိမ်သွားလားအမေ”
“ဗုဒ္ဓရဲ ့တရားတော်တွေကို တဆင့်ပြန် ဟောနိုင်မလားအမေ”
စိတ်ဝင်တစားမေးလာသည့်အရှင်မအား ခေါင်းညိတ်ပြလိုက်သည်။
အရှင်မ၏ အပြုံးများသည် နူးညံ့လွန်းပေစွ..။
“ဟောပြနိုင်ပါတယ်…အရှင်မ ဗုဒ္ဓရဲ ့တရားတော်တွေ ကို ကျွန်တော်မျိုးမ တစ်လုံးတစ်ပါဒမျှမကျန် ရအောင်မှတ်သားနိုင်ခဲ့ပါတယ်..
ဒါပေမယ့်…”
“ဒါပေမယ့် ..ဘာဖြစ်လို ့လဲအမေ”
“လောကရဲ ့အထွတ်အထိပ် ဖြစ်တော်မူသော မြတ်ဘုရားရဲ ့တရားကို ဟောကြားဖို ့ရာ မြင့်တဲ့နေရာ မြတ်တဲ့နေရာ မှာ
သာသင့်တော်ပါတယ်..ကျွန်တော်မက ကျွန်မို ့လို ့အောက်မှာနေပြီး အရှင်မက အမြင့်မှာထိုင်ပြီးတရားနာတာမသင့်တော်လို ့ပါ”
“ဒီ့အတွက် မစိုးရိမ်ပါနဲ ့အမေ ဘုရင့်မိဖုရားမို ့လို ့ လောကအမြင်မှာ မသင့်တော်ဘူးပဲထား..မြင့်မြတ်တဲ့တရားတော်ကို
ရိုသေလေးစားတဲ့အနေနဲ ့ အနိမ့်မှာ ထိုင်ဖို ့ဝန်မလေးပါဘူး”
“ကောင်းပါပြီအရှင်မ”
အရှင်မ၏ သလွန်ညောင်စောင်းကို တရားဟော ပလ္လင် အဖြစ်ပြင်ဆင်လိုက်၏ သူမကို်ယ်တိုင်လည်း အမွှေးနံ ့သာဖြင့်
သန် ့စင်လိုက်၏။ ဗုဒ္ဓ၏ ဂုဏ်တော်ကို ရည်မှန်းကာ ပလ္လင်ပေါ်ကျစ်လျစ်စွာ ထိုင်ချလိုက်သည်။
ပလ္လင်ရှေ ့ကြမ်းပြင်မှာတော့ အရှင်မနှင့် တကွ အခြွေအရံသင်းပင်များ ကိုင်းညွှတ်သောကိုယ်ဖြင့် လက်အုပ်ချီလျှက်
တရားနာယူရန်တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေကြ၏။
“မူလတရားပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓကိုပထမရှိခိုးပါ့မယ်။ ဗုဒ္ဓကိုနှလုံးသွင်းလက်အုပ်ချီပြီး ရိုရိုသေသေနာယူပါ. ကျွန်တော်မရဲ ့
ရုပ်ခန္ဓာကို ပဓာနမထား အာရုံတစ်ပါးစိတ်မသွားပဲ တရားတော်ကို သာလေးလေးနက်နက်နားစိုက်ပါ”
ဗုဒ္ဓထံတော်ပါးမှ နာကြားမှတ်သားခဲ့ရသမျှကို တစ်ပုဒ်တစ်ပါဒမျှမကျန် အောင် သေချာဃနစွာ အစဉ်အတိုင်းဟောပြလိုက်ရာ
တရားတော်၏အဆုံးတွင် အရှင်မနှင့်တကွ ရံရွေတော် အားလုံးတို ့သည် “သောတပတ္တိဖိုလ်” ၌ တည်ကာ အရိယာနွယ်ဝင်
“သောတပန်”များဖြစ်သွားကြပါသည်။
ရုပ်ဆိုးပြီး အကျည်းတန်လှတဲ့ခါးကုန်းမ “ခုဇ္ဇုတ္တရာ” ရဲ ့အတွင်းအဇ္ဈတ ဖြူစင်မြင့်မြတ်တဲ့မနောအလှကို သူတို ့တွေ ့မြင်ခဲ့ပါပြီ။
တရားတော်ရဲ ့တန်ဖိုးကိုလည်း အသိအမှတ်ပြုကြရပေပြီ။ သူမအား အရှင်မမှ အခိုင်းအစေ အထိန်းတော်ဘဝမှ လွတ်မြောက်ခွင့်
ပေးလိုက်ပါပြီ။တရားတော်နဲ ့သီလရဲ ့ဂုဏ်ကျေးဇူးတော်ကြောင် ့သူမ ကျွန် ဘဝမှကင်းလွတ်ရပါပြီ။
“အို..အမေ.ပြုဖွယ်ကိစ္စမှန်သမျှ ဘာမျှမလုပ်ပါနဲ ့တော့ အမေ၊ မိခင်အရာမှာနေပြီး ဆုံးမသွန်သင်ပါ။ဆရာအဖြစ်နှင့်
နည်းပေးလမ်းညွှန်ပါ။ ဗုဒ္ဓဟောကြားသမျှတရားတော်များကို သမီးတော်တို ့ကိုယ်စား သွားရောက်နာကြားပြီး တဆင့်ပြန်လည်ဟောပြောပေးဖို ့အမေတာဝန်ယူပေးပါ”
သူမအား အရှင်မကအစ မိခင်နေရာမှာထားပြီးဆည်းကပ်ရိုသေမှုပြုကြလေပြီ။သူမ၏ရုပ်နာမ်အစုသည် ကြည်ညိုဖွယ်မဟုတ်
သီလ သမာဓိ သိက္ခာ ပညာ ဆိုတဲ့ ဓမ္မတရား ကိန်းဝပ်နေသော စေတီအိမ်ကြီး အဖြစ် မြင့်မြတ်သောဂုဏ်ဆောင်ခြင်းသည်သာလျှင် ဖြစ်ကြောင်းကောင်းစွာသဘောပေါက်ပါ၏။
ထိုအချိန်ကာလကစပြီး သူမမှာ နေ့စဉ်ပန်းတော်ဝယ်ဆက်ရမည့်တာဝန်အစား ကောသဗ္ဗီပြည်အတွင်းဗုဒ္ဓကြွမြန်းတော်မူလေရာ
သွားရောက်ဖူးတွေ ့ပြီး တရားနာရစမြဲ။ဗုဒ္ဓဟောတော်မူအပ်သော ဓမ္မဂါထာ အဖြာဖြာကို နာယူမှတ်သားခွင့်ရစမြဲ။
နာအပ်ပြီးသော တရားတော်တို ့ကိုလည်း ဗုဒ္ဓကို ကိုယ်တိုင်ဖူးမြော်ခွင့် မရရှာသော အရှင်မနှင့်အခြွေအရံများအားတဆင့်ပြန်လည်ဟောပြောခွင့်ရပါသည်။
သူမသည် မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော တရားတော် ကို တစ်ကြိမ်တစ်ခါနာကြားရုံဖြင့် အာဂုံဆောင်ပြီးပြန်လည်ဟောပြနိုင်သော
ညဏ်ကြီးရှင်တစ်ယောက်ဖြစ်ပါ၏ ပညာပါရမီထူးချွန်သူလည်းဖြစ်ပါ၏
သူမ၏ ထိုးထွင်းညဏ်နှင့်ပါရမီကို မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကပင်ချီးကျုးလျှက်
“အကြားအမြင် ဗဟုသုတ အရာတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ဘွ ဲ့” ကို ပေးသနားတော်မူ၏။
အရှင်မအားတဆင့်ပြန်လည်ဟောပြခဲ့သည့်တရားတော်
စုစုပေါင်း(၁၁၂)သုတ် ရှိပြီး က္ကတိဝုတ္တပါဠိတော် ဟူသောအမည်ဖြင့် သင်္ဂါယနာတင်ရာတွင် ပါဝင်သည်အထိ ပိဋိကတ်တော်တွင်
စာတင်ခံရသော စံပြ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါသည်.။
ဤကဲ့သို ့မြတ်စွာဘုရားချီးမြှင်တော်မူသော “ဧတဒဂ်” ဂုဏ်ထူးဘွဲ ့ကို သူမအချီးအနှီးရခဲ့သည်မဟုတ်ပါ။ခါးကုန်းပြီး ရုပ်ဆိုးသော ကျွန်မ ဘဝရောက်ခဲ့ရတာလဲ
တမင်ရောက်ခဲ့ရခြင်းမဟုတ်ပါ။အတိတ်ဘဝက သူမကိုယ်တိုင် ပြုခဲ့သော ကာယကံ ဝစီကံ မနောကံ ကုသိုလ် အကုသိုလ် အကျိုးဆက်ကြောင့်သာဖြစ်ပါသည်။
“ခုဇ္ဇုတ္တရာ ”မည်သော သူမသည်..ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက်တော်အခါက ပင် ဧတဒဂ်ဆု ကိုပန်ဆင်ကာ နိတယဗျာဒိတ် ရခဲ့ပြီးသူဖြစ်ပါသည်။
ထိုကာလမှစပြီး ဘဝတစ်သိန်းပတ်လုံး သူဌေးသမီးအဖြစ် လူ ့ပြည်မှာ ဘဝပေါင်းများစွာ ၊နတ်ပြည်မှာ ဘဝပေါင်းများစွာ၊ ကာမသုဂတိ ဘုံတို ့၌သာ အခါခါကျင်လည်ခံစား
ခဲ့ရပါ၏ ဤဘဒ္ဒ ကမ္ဘာမှာ ကဿပမြတ်စွာဘုရားရှင် ပွင့်တော်မူသည့်အခါ ဗာရာဏသီပြည်တွင် သူဌေးသမီးဖြစ်ခဲ့ရပြန်ပါသည်. ထိုသူဌေးသမီးနှင့်ခင်မင်ရင်းနှီးသော
အာသဝေါကုန်ခမ်းပြီးနေသည့် ရဟန္တာ ထေရီတစ်ပါးသည် ညနေချမ်းအချိန်တွင် သူဌေးသမီးဖူးမြော်ခွင့်ရစေရန် ရောက်လာပါသည်။
သူဌေးသမီးကားကြေးမုံထက်တွင် အလှပြင်နေဆဲမို ့အနီးအနားမှာ ခိုင်းစေရမည့်သူ တစ်ဦးတစ်ယောက်မှမရှိ၊ရဟန္တာ ထေရီမက မလှမ်းမကမ်းမှာ ထိုင်လိုက်သည်။
တပည့်တော်မ အလှပြင်ဆဲမို ့ဝစီကံမနောကံနဲ ့ပဲ ရှိခိုးပါသည်။တပည့်တော်မကိုသနားသဖြင့် လက်ဝတ်လက်စာ ဘူးလေး
ယူပေးပါဦး.ညောင်စောင်းပေါ်က ခေါင်းအုံးအောက်မှာ ရှိပါတယ်။ရိုင်းပျကြမ်းတမ်းစွာ အမိန် ့ပေးခိုင်းစေမျိုးလည်းမဟုတ်ပါ.
အလွန်ယဉ်ကျေးချိုသာစွာဖြင့်အကူအညီတောင်းသည့်သဘောမျိုးဖြင့် ခိုင်းခဲ့မိပါသည်။
ထိုအခါရဟန္တာဖြစ်တော်မူတဲ ့ထေရီမက သူမရဲ ့ရှေ ့ရေးကို ကြံဆတွေးမြင်တော့.
“ဒီမိန်းကလေး သူခိုင်းတာကိုယူမပေးရင် ငါ့ကိုစိတ်ဆိုးရန်ငြိုးဖွဲ ့ပြီး ငရဲရောက်တော့မှာပဲ။ယူပေးပြန်ရင်လဲ သူတစ်ပါးရဲ ့ကျွန်
ဘဝရောက်ရလိမ့်မယ်။ငရဲကျတာနဲ ့စာရင် ကျွန်ဖြစ်ရတာတော်ချည်းသေးရဲ ့လို ့တွေးမိပြီး သူဌေးသမီးခိုင်းတာယူပေးလိုက်ပါသည်။
ရဟန္တာမြတ်ဖြစ်တော်မူသောသူတော်ကောင်းတို ့မည်သည် မိမိအကျိုးထက် သူတစ်ပါးအကျိုးကို အမြဲကြည့်တတ်ပါသည်။
အမှတ်တမဲ့လေးခိုင်းစေမိခဲ့သော်လည်း သူမခိုင်းစေလိုက်သူမှာ ကိလေသာပြည့်နေတဲ ့သာမန်လူမှမဟုတ်ပါဘူး။
သူမထက်မြင့်မြတ်တဲ့
သီလ သမာဓိ သိက္ခာ ပညာ နဲ ့ပြည့်စုံတဲ့ အရိယာနွယ်ဝင် ရဟန္တာဖြစ်သောကြောင့် ဘဝ ပေါင်း ၅၀ဝ တိတိ သူတစ်ပါး၏အိမ်တွင်
အခိုင်းအစေကျွန်မ ဘဝဖြစ်ခဲ့ရရှာသည်။
“ခုဇ္ဇုတ္တရာ”မည်သော သူမ ခါးကုန်းရသည်က သဗ္ဗင်ညုတဘုရားရှင်တစ်ဆူနှင့်တစ်ဆူကြား သာသနာပ အခါကာလများတွင်
ပစ္စေက ဗုဒ္ဓါ အရှင်မြတ်များပွင့်ထွန်းပေါ်ပေါက်တတ်ပါသည်။
ပစ္စေကဗုဒ္ဓါ ဆိုတာက…..သစ္စာလေးပါးတရားကို ကိုယ်တိုင်ပဲသိပြီးသူတစ်ပါးကိုမဟောပြနိုင်ပါဘူး။ဘုရားတော့ဘုရားပါဘဲ.နားလည်အောင်ပြောရင်တော့ဘုရားငယ်ပေါ့.
သမ္မာသဗ္ဗုဒ္ဓ ဗုဒ္ဓွါ..ဆိုတဲ့မြတ်စွာဘုရားကတော့ သစ္စာလေးပါးတရားတော်ကို ကိုယ်တော်တိုင်လည်းသိပြီး ဝေနေယျသတ္တဝါအများကိုနားလည်အောင်ဟောပြနိုင်ပါတယ်။
ဂေါတမဆိုတဲ့သမ္မာသဗ္ဗုဒ္ဓ ဘုရားမပွင့်မီဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းပြုစဉ်အခါက သူမဟာ ဘုရင်မင်းမြတ်ရဲ ့မောင်းမမိဿံ တစ်ဦးဖြစ်ခဲ့ပါသည်။နန်းတော်သို ့ဆွမ်းခံကြွလာသော ပစ္စေက ဗုဒ္ဓါ အရှင်မြတ်ရှစ်ပါးအနက် တစ်ပါးသည် ခါးအနည်းငယ်ကုန်းနေ၏ ဤသည်ကိုမြင်သော မောင်းမငယ်သည် ကမ္မာလာရုံ၍ရွှေခွက်ကိုကိုင်ကာ ခါးကုန်းသော ပစ္စေကဗုဒ္ဓါအသွင်ပမာ လှည့်လည်လျှက် သူငယ်ချင်းများအား ကုန်းကွကုန်းကွ လုပ်ပြကာ အရှင်မြတ်နောက်ကွယ်တွင် လှောင်ပြောင်ပျက်ရယ်ပြု၍ဟားတိုက်ရယ်မောခဲ့ပါသည်။ သူတော်ကောင်းတို ့အားလှောင်ပြောင်စော်ကားမိသော အကုသိုလ်ကံ
စေတနာကြောင့် သူမမှာ ခါးကုန်းမ ဘဝရောက်ခဲ့ရပါသည်။
မပြောပလောက်သော အသေးအမွှားဟုထင်မိမှားကာ အမှတ်တမဲ့ပြုခဲ့သော မကောင်းမှု၏အကုသိုလိကံ အကျိုးဝိပါကသည်
ရံဖန်ရံခါ ဘဝသံသရာတစ်လျှောက် ကျောကော့အောင်ခံရတတ်သည်။ မြွေပွေးကိုငယ်သည်ဟုအလမ္မယ်မပြပါနှင့်
ဆိုသည့်စကားအတိုင်း အကုသိုလ်ကံကိုလည်း ဒါလေးများဟု ယောင်မှားကာ မပြုမိဖို ့သင်ခန်းစာယူဖွယ်ကောင်းလှပါသည်။
ဂေါတမမြတ်စွာဘုရားရှင်လက်ထက် တွင်
့“အကြားအမြင်ဗဟုသုတအရာတွင်အသာဆုံးအမြတ်ဆုံးဧတဒဂ်”ဆုကိုသူမရခဲ့သည်က
ဗာရာဏသီနန်းတော်တွင်းဝယ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်များရှစ်ပါးအားနို ့ဃနာဆွမ်းပူကို သပိတ်အပြည့်လောင်းလှုလိုက်ရာ
အရှင်မြတ်များမှာ ပူလွန်းသောကြောင့် လက်တစ်ဖက်နှင့်တစ်ဖက် ပြောင်းကာကိုင်ကြရကုန်သည်။အရှင်မြတ်တစ်ပါးအားခါးကုန်းဟန်ပြ၍လှောင်ပြောင်ခဲ့သောသူမသည် အရှင်မြတ်တို ့လက်အပူသက်သာစိမ့်သောငှာ မိမိ၏လက်ကောက်ရှစ်ဖက်ဖြင့် သပိတ်ခြေပြုရန်လှုဒါန်းပြီး
“အရှင်ဘုရားတို ့သိသော တရားများ သိရပါလို၏” ဟုဆုတောင်းတောင်းခဲ့ဖူး၍ ယခု ဂေါတမဘုရားရှင်လက်ထက် ခါးကုန်း၍အရုပ်ဆိုးစေကာမူ “အကြားအမြင်ဗဟုသုတဧတဒဂ်”ဘွဲ ့ထူးကိုဆွတ်ခူးရရှိခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်သည် ဆင်းရဲချမ်းသာမခွဲခြားပါ.မျက်နှာကြီးငယ်မလိုက် ..အရုပ်ဆိုး ရုပ်လှတာနဲ ့မဆိုင်
မျိုးရိုးအဆင့်အတန်း မရှိ ဂုဏ်အနိမ့်အမြင့်မရှိ အတိတ်ဘဝက ပြုခဲ့ဖူးသည့်ကုသိုလ်၊ပန်ဆင်ခဲ့ဖူးသည့်ဆုထူးနှင့်
ဖြည့်ဆည်းခဲ့သောပါရမီအထုံတို ့သည်သာ ပဓာနဖြစ်လေရာ ..
ခါးကုန်းပြီးအရုပ်ဆိုးအကျည်းတန်လှတဲ့ သူမမှာ“ဧတဒဂ်ဘွဲ ့ထူးရသော အမျိုးသမီးဆယ်ဦး” တွင် ပါဝင်ခွင့်ရခဲ့လေသည်။
အဘယ်မှာလျှင် ဆင်းရဲသဖြင့် အားငယ်စရာလိုပါတော့အံ့နည်း။ အဘယ်မှာလျှင် ခါးကုန်းရုပ်ဆိုးသဖြင့် ဝမ်းနည်းဖွယ်ရှိပါတော့အံ့နည်း။
ယခုအချိန်မှတော့သူမဟာမြင့်မြတ်လှသည့် သောတပန်ဆိုသည့်အရိယာပုဂ္ဂိုလ်ဖြစ်ခဲ့ပါပြီ..
ဘဝဟူသည်..အတိတ်သံသရာမှာ မိမိပြုခဲ့သည့်(ကောင်းမှု..မကောင်းမှု) ကံစီမံရာအတိုင်းသာခံကြရ၏ ကံကိုမထိန်းချုပ်နိုင်လျှင်
နွေဦး၏လေရူးတိုက်သောရွက်ကြွေပမာ လွင့်ချင်ရာလွင့်ပြီးကျချင်ရာကျနေတတ်ပါ၏
ဖြစ်ချင်ရာဖြစ်တတ်သောကံကို ထိန်းချုပ်ထားနိုင်ရန်မှာကား ဝိပဿနာ ညဏ်သာလျှင်ဖြစ်ပေတော့သည်.။
။…………………….ပြီး…ပါ…..ပြီ…………………………။
ဒီပိုစ့်လေးက မလေးငြိမ်ရဲ ့(အဆင့်မြင့်ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ) ထဲက သံဝေဂယူစရာကောင်းတဲ့
“ခုဇ္ဇုတ္တရာ”ရဲ ့ရာဇဝင်လေးပါ။မြတ်စွာ ဘုရားရှင်လက်ထက်မှာ
စံပြုထိုက်တဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဆယ်ဦး ရှိပါတယ်။
(၁) သာမာဝတီ မိဖုရား…“အသာဆုံးအမြတ်ဆုံးမေတ္တာရှင်(မေတ္တာဝိဟာရီ) ဧတဒဂ်ဘွဲ ့”
(၂)ခုဇ္ဇုတ္တရာ ကျွန်မ……..“အကြားအမြင် ဗဟုသုတ အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ ့”
(၃)သူဌေးမလေးဥတ္တရာ…“မေတ္တာဈာန်ဝင်စားရာမှာ အသာဆုံးအမြတ်ဆုံးဧတဒဂ်ဘွဲ ့”
(၄)သူဌေးသမီး…သုဇာတာ..“ပထမဦးစွာသရဏဂုံတည်သောအရာဝယ် အသာဆုံးအမြတ်ဆုံးဧတဒဂ်ဘွဲ ့”
(၅) ရဟန်းအမကြီး ကာတိယာနီ… “သာသနာတော်ကိုမတုန်မလှုပ်သက်ဝင်ယုံကြည်သည့်အရာတွင်အသာဆုံးအမြတ်ဆုံးဧတဒဂ်ဘွဲ ့”
(၆)ဥပါသိကာမ….ကာလီ..“တဆင့်ကြားရုံဖြင့် ရတနာသုံပါအား ကြည်ညိုသောအရာတွင် အသာဆုံးအမြတ်ဆုံးဧတဒဂ်ဘွဲ ့”
(၇)ဥပါသိကာမ သုပ္ပိယာ….“သူနာကိုထူးချွန်စွာပြုစုသော အရာဝယ် အသာဆုံးအမြတ်ဆုံး (ဂိလာနုပဌာကီ )ဧတဒဂ်ဘွဲ ့”
(၈)သုပ္ပဝါသာ(ရှင်သီဝလိ မယ်တော်) “မွန်မြတ်သောလှုဖွယ်ဝတ္ထုတို ့ကို ပေးလှူသောအရာဝယ် အသာဆုံးအမြတ်ဆုံးဧတဒဂ်ဘွဲ” ့
(၉)ကျောင်းအစ်မကြီး ဝိသာခါ.“မြတ်ဘုရားနှင့်သံဃာတော်တို ့ကိုအလုပ်အကျွေးပြုရာတွင်အသာဆုံးအမြတ်ဆုံး ဒါယိကာ ဧတဒဂ်ဘွဲ ့”
(၁၀)နကုလ၏မိခင်(မြတ်ဗုဒ္ဓ၏ ဘဝဟောင်းမှ မိခင်) “ခင်ပွန်းအပေါ်၌မေတ္တာသစ္စာကြီးမားသော၊ ခင်ပွန်းသည်အားတရားဓမ္မဖြင့်ဆုံးမတတ်သောစံပြ ဇနီးကောင်းဆု”
အဲ့ဒီစံပြုထိုက်တဲ့ ဆယ်ဦးထဲက .သံဝေယူစရာ မှတ်သားစရာ အတုယူစရာ ကောင်းတဲ့ သူတွေက
(၁)သာမာဝတီ
(၂)ခုဇ္ဇုတ္တရာ
(၃)ဥတ္တရာ
(၄)သုပ္ပဝါသာ……တို ့ပါဘဲ…
ကျန်တဲ့ သုးံယောက်အကြောင်းကို ဗဟုသုတရဖို ့ နောက်လတွေမှာ ချမ်းချမ်းပိုစ့်အဖြစ်တင်ပေးပါ့မယ်..
အရှင်ဇဝန(မေတ္တာရှင်ရွှေပြည်သာ) ကလောကမှာ လူ သုံးမျိုး ရှိပါတယ်။
(၁)ပညာညဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာ သူတစ်ပါးရဲ ့အမှားကို ကြည့်ပြီး ကိုယ်တိုင်က မမှားအောင် သင်ခန်းစာယူတတ် သံဝေဂယူတတ်တယ်။သူတို ့လိုမမှားအောင် ကို်ယ့်ကိုယ်ကို ဆင်ခြင်တယ်။
(၂) ပညာညဏ်နည်း တဲ့သူတွေကတော့ သူတစ်ပါးရဲ ့အမှားကို ကြည့်ပြီး သင်ခန်းစာမယူတတ်ဘူး။ကိုယ်တိုင်က အမှားကျုးလွန်တော့မှ မှားမှန်းသိပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်တယ်တဲ့။
(၃)ပညာညဏ် လုံးလုံးမရှိတဲ့သူတွေဟာ ကိုယ်တိုင်က မှားနေတာတောင် သင်ခန်းစာမယူတတ်ဘူး။ကိုယ့်ကိုယ်ကို ကောင်းအောင်မနေတတ်ဘူး မပြုပြင်တတ်ဘူးတဲ့။
ဗုဒ္ဓဘာသာဝင် များအတွက် မှတ်သားထားရမယ့်အချက်က …
့ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားတဲ့ ဓမ္မ ဟာ
အလုပ်မလုပ်ဘဲနဲ ့ကိုယ်ပိုင်အရည်အချင်းမရှိဘဲ ကျိုးစားအားထုတ်မှု မရှိဘဲ အချောင်ပေးနိုင်တဲ့ ဘာသာမဟုတ်ဘူးတဲ့ ။
လိုချင်တာကို လက်ဖြန် ့ဆုတောင်းတိုင်း ရတဲ့ အရာတွေမဟုတ်ဘူးတဲ့။
ဘာလို ့လဲဆိုတော့..
မြတ်စွာဘုရားဟာ ဖန်ဆင်းရှင် တန်ခိုးရှင် God . Godhead မဟုတ်လို ့ပါဘဲ.။ဒါကိုဗုဒ္ဓဘာသာဝင်တွေ လေးလေးနက်နက်မှတ်သားစေချင်ပါတယ်။
သီတဂူဆရာတော်ဘုရားကြီး (အရှင်ညာဏိဿရ) က
ဗုဒ္ဓရဲ ့ဟောကြားထားထားတဲ့ “Dhama” ဆိုတဲ့ “တရား” သည် “ Religion” မဟုတ်ပါတဲ့…
Religion for Belief,Worship,and Prayer . ယုံကြည်မှု .ကိုးကွယ်မှု. ဆုတောင်းမှု တွေပြုတာဟာ Religion ပါ။
ဗုဒ္ဓဟောတဲ့ ”Dhama”မှာတော့ ယုံကြည်မှု = belief,ကိုးကွယ်မှု = worship,ဆုတောင်းမှု =prayer .ဆိုတဲ့ အဓိပ္ပါယ်မျိုးမပါပါဘူး။
ဗုဒ္ဓဟောထားတဲ့ “Dhama” မှာတော့..
For Learning…….သင်ကြားဖို ့
For Practice…….. ကျင့်ဖို ့
For Penetration….ထိုးထွင်းသိမြင်ဖို ့
တဲ့ …
ကိုယ်လိုချင်တဲ့ လောကီ လောကုတ္တရာ ချမ်းသာခြင်းတွေကို
ကိုယ်တိုင်က သင်ကြားရလိမ့်မယ်.
ကိုယ်တိုင်က ကျင့်ကြံ ကြိုးစားရမယ်..ပြီးတော့
ကိုယ်ပိုင်ညဏ်နဲ ့မှန်ကန်စွာ ထိုးထွင်းသိမြင်ရပါလိမ့်မယ်..
စစ်မှန်တဲ့ထေရဝါဒ ဗုဒ္ဓဘာကို ကိုးကွယ်ခွင့်ရတာ၊ သီလ သမာဓိ သိက္ခာ ပညာ နဲ ့ပြည့်စုံတဲ့ သံဃာကောင်းတွေ
ဖူးမြော်ခွင့်ရတာ မြန်မာနိုင်ငံတစ်နိုင်ငံပဲရှိပါတယ်။
ဒီခေတ်မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ တော်တော်များများ ကိုယ်ကျင့်တရားဖောက်ပြန်ပျက်စီးနေတာ
မြန်မာအမျိုးသမီးတွေ လမ်းပေါ်ရောက်ပြီး ပျက်စီးနေတာ
ဆင်းရဲငတ်ပြတ်နေတာကို လူတွေက အစိုးရ မကောင်းတာလို ့ပဲ အပြစ်တင်ကြတာများတယ်.နော်.
ဥပမာတစ်ခုပေးမယ်.အခုဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံက ထိုင်းဘုရင် ကို တစ်နိုင်ငံလုံးက ချစ်ကြပါတယ် .
မင်းကျင့်တရား (၁၀)ပါနဲ ့လဲ တိုင်းပြည်ကိုအုပ်ချုပ်ပါတယ်.စီးပွါးရေးလဲ ကောင်းကြပါတယ်.
ဒါပေမယ့် ကိုယ်ကျင့်တရားတော့ လူတိုင်းမကောင်းပါဘူး.စုတ်ပြတ်သတ်နေတဲ့ ဆင်းရဲသားလဲ အများကြီးပါပဲ။
သူခိုးဂျပိုး မုဒိမ်းသမားလဲအများကြီးပါဘဲ။ ဒါကို ဘုရင်အသုံးမကျလို ့ပြောလို ့ရလား။
ကဲ ချမ်းသာတဲ့ အမေရိကားလိုအနောက်နိုင်ငံကလူတွေရော တန်ဖိုးရှိတဲ့ပိုက်ဆံကိုကိုင်ခွင့်ရနေတာပဲ
လိုချင်တာ လွယ်လွယ်နဲ ့ရနေတာပဲ.ဘာလို ့များ
လိင်မှုကိစ္စတွေ .ရာဇဝတ်မှုတွေ လူသတ်မှုတွေ
များနေရတာလဲ..အဲ့ဒါလဲ သမ္မတကြောင့်လို ့ပြောလို ့ရလား..
ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်က ကျင့်ရတာလေ.
ကိုယ့်သိက္ခာ ဆိုတာလဲ ကိုယ်တိုင်က ထိန်းရတာလေ
ချမ်းသာဖို ့ကိုယ်တိုင်က အလုပ်ကြိုးစားရတာလေ.
မိမိကိုယ်သာကိုးကွယ်ရာလေ…
ချမ်းချမ်းကြားဖူးတဲ့ စကားပုံလေးက..
“Money is Second God!” ငွေဟာဒုတိယ ဘုရားသခင်တဲ့..
မှန်တာပေါ့..
အဲ့ဒီငွေကြောင့်ပဲ လူတွေ တစ်နေ ့တစ်နေ ့ပင်ပင်ပန်းပန်း နဲ ့အလုပ်လုပ်နေကြရလေ.
ခိုးဆိုးတိုက်ခိုက် လုယက်နေကြရတာလေ။
လိမ်လည်ပြီးမတရားစီးပွါးရှုာနေကြတာလေ.
ရလာတော့ရော..
ကိုယ့်ကိုယ် စစ်မှန်တဲ့ငြိမ်းချမ်းခြင်းတွေတစ်ကယ် ပေးလား..သေချာစဉ်းစားပါ.
တစ်လောကဗျာလေးတစ်ပုဒ်ဖတ်လိုက်ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို တိုင်တည်ထားတဲ့ကဗျာလေးပါ..
”
မြင်စေချင်လိုက်တာ အဖေရေ
အဖေအသက်နဲ့ရင်းခဲ့တဲ့နိုင်ငံလေ
အဖေပျောခဲ့သလို ဖာနိုင်ငံကိုဖြစ်လို.
ညနေရီတရော ရန်ကုန်မြို.လည်တကျော
ဖာတွေပေါများနေတာ။
မြန်မာနိုင်ငံ ဖာနိုင်ငံဖြစ်လာပြီဆိုတာ တစ်ကယ်ပဲလား.
ပြည်သူတွေငတ်ပြတ်နေတာရောတစ်ကယ်ပဲလား.
မြန်မာနိုင်ငံဟာ ဆိုမာလီယာလို ပူပြင်းခြောက်သွေ ့တဲ့ရေမြေမဟုတ်ပါဘူး.
သီးပင်စားပင်တွေ အိမ်တိုင်းစိုက်ပျိုးနိုင် ပါတယ်..
ချဉ်ပေါင်ရွက် ကန်စွန်းရွက်များဈေးကြီးလိုက်တာတဲ့ ။
ကိုယ့်အိမ်က ပိုတဲ့မြေကွက်လေးမှာ ချဉ်ပေါင်.ငရုတ်ပင်တော့စိုက်လို ့ရပါသေးတယ်.။
ခြံစည်းရိုးလေးမှာ ဗူးပင်လေး သခွားပင်လေး စိုက်လို ့ရသေးတယ်။
မြန်မာစကားပုံရှိတယ်လေ.အိမ်နောက်ဖေးဈေးဆိုင်တယ်တဲ့.
အမေမွေးထားတဲ့ခြေလက်နှစ်ဖက်က သမာအာဇီဝနဲ ့ကိုယ့်ဒူးကိုယ်ချွန် အလုပ်လုပ်နိုင်ပါသေးတယ်။
အချာင်လိုချင်တဲ့စိတ်လေးသာ မမွေးမိအောင်ကြိုးစားပါ။
မြတ်စွာဘုရား ချမှတ်ထားတဲ့ လောကလူသားချမ်းသာဖို ့အခြေခံ ကျင့်ဝတ် (၅)ချက်က
သူ့အသတ်သတ်ခြင်း
သူ ့ဥစ္စာ ခိုးယူခြင်း
လိမ်လည်လှည့်ဖျားခြင်း
သေရည်သေရက် သောက်စားခြင်း
သူတစ်ပါးသားမယားပြစ်မှားစော်ကားခြင်း(သူတစ်ပါး မရင်ငယ် လင်ငယ် နေခြင်း)
ဆိုတဲ့ကျင့်ဝတ်လေးသာ ဗုဒ္ဓဘာသာဝင်တိုင်း ကျင့်ကြံနေထိုင်နိုင်ကြဖို ့ပဲလိုတာပါ.
လူလူချင်း ကိုယ်ချင်းစာစိတ် စာနာစိတ်နဲ ့တစ်ဦးကိုတစ်ဦး ဖေးမကူညီနိုင်ဖို ့ပဲလိုပါတယ်။
သမာအာဇီဝ နည်းနဲ ့စီးပါွး ရှာတတ်ဖို ့ပဲလိုပါတယ်။
ကိုယ့်ဘဝ ကို မှန်ကန်တဲ့ အမြင်နဲ ့ပြုပြင်ဖို ့ပဲလိုပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ“ခုဇ္ဇုတ္တရာ” ကို သံဝေဂယူပါ.
ဒီဘဝမှာ ဆင်းရဲခြင်းအကြောင်းတရားကို အတိတ်က အကုသိုလ်ကံလို ့မှတ်ပြီး မေ့ပစ်လိုက်ပါ။
လက်ရှိဘဝကို ပဲ မှန်ကန်တဲ့ အတွေးအမြင်တွေရှိအောင် ကြိုးစားပါ။
မြတ်ဗုဒ္ဓရဲ ့အဆုံးအမနဲ ့ကိုယ့်ဘဝကို တည်ဆောက်နိုင်အောင်ကြိုးစားပါ..
ပစ္စည်းဥစ္စာ ဆင်းရဲတာ သနားမယ့်သူရှိပါတယ်.
ကိုယ်ကျင့်တရားပျက်စီးတာ သိက္ခာ ဆင်းရဲတာ သနားမယ့်သူမရှိ ပါဘူး.
ဘဝမှာ လူချမ်းသာဖို ့ထက် စိတ်ချမ်းသာဖို ့ရှိအောင် နေတတ်မှ
ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်မယ်လို ့ထင်ပါတယ်..
မြန်မာအမျိုးသမီးများ မှန်ကန်တဲ့အတွေးအမြင်နဲ ့ငြိမ်းချမ်းတဲ့ဘဝလေးပိုင်ဆိုင်ခွင့်ရကြပါစေလို ့
ဆန္ဒပြုလျှက်..
***Difference Between Having And Living***
***ဘဝတွင်ကြွယ်ဝချမ်းသာခြင်းနှင့် လူဖြစ်ရကျိုးနပ်အောင် နေထိုင်ခြင်းတို ့၏ ခြားနားချက်ကိုသိပါ***
ချမ်းချမ်း(ရွာသူလေး)့http://www.haymonchan.blogspot.com
2 comments
MaMa
June 5, 2011 at 12:28 pm
ဗုဒ္ဓစာပေတွေကို ခုလို အားကြိုးမာန်တက် ရေးသားတင်ပြနေတာ ချီးကျူးပါတယ်။ အရေးအသားကလည်း ကောင်းလို့စွဲဆောင်မှုရှိပါတယ်။ တတ်နိုင်သလောက် ရေးသားတင်ပြပေးပါဦးလို့ တောင်းဆိုပါတယ်။
nature
June 5, 2011 at 2:15 pm
စောင်ခြုံရေ…အဲ..ချမ်းချမ်းရေ၊ နာမည်လေးခေါ်ရတာရေခဲရေနဲ့လောင်းလိုက်သလို စိမ့်သွားတာပဲ။ အမျိုးသားတွေရော ဖတ်လို့မရဘူးလား။