ခေါင်မိုးနဲ ့အမိုး တူပါသလား
တကယ့်အဖြစ်အပျက် လေးပါ။ ချမ်းချမ်း တို ့သူငယ်ချင်း သုံးယောက် အနီးကပ်စာမေးပွဲသွားတက်တဲ့အချိန်တုန်းကပေါ့။
ချမ်းချမ်းတို ့ မြို ့လေးကနေ မော်လမြိုင်တက္ကသိုလ် ကိုရောက်ဖို ့တစ်နာရီကျော်လောက်ကားစီးရပါတယ်။
ကားက ဟိုင်းလက်စ် အမိုးနဲ ့ကားတွေပါ။ယောကျင်္ားလေးတွေက ကားခေါင်မိုးပေါ်မှာထိုင်ရပါတယ်။ အမျိုးသမီးတွေက
ကားဝမ်းထဲမှာ အယောက် ၂ဝ ကျော်လောက်ထိုင်ရပါတယ်။နယ်မြို ့လေးဆိုတော့ ကားရပ်ဖို ့သီးသန် ့ဂိတ်တွေ မရှိဘူး။
လမ်းမှာရှိတဲ ့ခရီးသည်ကတွေ ့တဲ့နေရာမှာတက်စီးလို ့ရတယ်။ လမ်းတစ်လျှောက်မှာတော့ မုကျိ နတ်ကြီးချောင် ကျုံက
ရွာလေးတွေတော့အများကြီးပေါ့။
နတ်ကြီးချောင်ဆိုတဲ့ရွာလမ်းဝကနေ တောင်ပေါ်လမ်းကိုသွားရင်
တောထဲမှာတကယ့်ကရင်အစစ်တွေနေတဲ ့ကရင်ရွာလေးတွေတော့အများကြီးပဲ။နတ်ကြီးချောင်ဂိတ်ရောက်ရင်တော့
မြို ့ကိုတက်မယ့် ကရင်ရွာ လေးက ခရီးသည်ကိုစောင့်ဖို ့ ကားကခဏ ရပ်ပါတယ်။ အဲ့ဒီအချိန်မှာ ကားပေါ်က်ို
အသက် ၆ဝ နီးပါး ကရင်လင်မယား ၂ယောက်တက်လာပါတယ်။ နေ ့လည် ၁၁ နာရီဆိုတော့ နေ လည်းပူနေပြီမို ့
အသက်ကြီးတဲ ့ကရင်ကြီးကို စပယ်ယာလေးက သနားပြီး ကားခေါင်မိုးပေါ်မတက်ထိုင်ခိုင်းပဲနဲ ့ကားဝမ်းထဲမှာပဲ သူ ့မိန်းမနဲ ့အတူထိုင်ခိုင်းပါတယ်။
ကျုံက ဆိုတဲ့ရွာလေးကိုရောက်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ ့မိန်းကလေး ၅ ယောက်လောက် ကားပေါ်တက်တော့
စပယ်ယာ မွန်လေးက ကရင်အဖိုးကြီးကို
“ဖထီး..ဖထီး အမျိုးသမီးတွေကားပေါ်တက်လာပြီဗျ ဖထီး အမိုး ပေါ်တက်ထိုင်ပေးလိုက်ပါ”
ကရင်အဖိုးကြီးက..
“ဘာကွ.မင်းဘာစကားပြောတာလဲ စပယ်ယာလေး.ငါ လူကြီးခ ပေးထားတယ်လေ မထိုင်နိုင်ဘူးဝေ့
.မင်းတို ့စပယ်ယာတွေအကြောင်းမသိရင်ခက်မယ်ဝေ့.ခရီးသည်တွေကို ငါးချဉ်လို သဘောထားပြီးတင်ချင်သလိုတင်နေတာဝေ့
ဒီမှာ ငါတို ့အသက်ရှုပေါက်တောင် ပိတ်နေပြီဝေ့”
လို ့စိတ်တိုတိုနဲ ့ပြောထည့်လိုက်တော့
စပယ်ယာမွန်လေးကလဲ ကတိုးကော့နှပ်ရွာ က မွန်စစ်စစ်..ကရင်အဘ ကလဲ တောင်ရှေ ့ရွာက ကရင်စစ်စစ်..
သူစစ် ကိုယ်စစ်ဆိုတော့ ဗမာလို ပြောတာတော်တော်ဝဲပါတယ်..ဘေးကလူတွေတောင် သေချာနားထောင်မှ နားလည်တာပါ။
ချမ်းချမ်းလဲ ဗမာလို မပီပါဘူးမွန်သံဝဲပါတယ်. တချို ့မွန် တွေက သ နဲ ့တ နဲ ့မပီလို ့ဝဲတာ ချမ်းချမ်းက စ နဲ ့ ရ နဲ ့မပီတာ
ချမ်းချမ်းကို ““ရှိလားလို ့မေးရင် ရှိတယ်ဆိုရင်တော့ စိတယ်.မရှိဘူးဆိုရင်တော့ မစိ ဘူး””
လို ့ပဲပြန်ဖြေပါတယ်။စ နဲ ့ ရ နဲ ့မပီတာလေ .ဟီး..
အခုစပယ်ယာ ကိုမွန်လေး ကလဲ ကရင်အဘိုးကြီးနားလည်အောင်ဗမာလိုနောက်တစ်ခေါက် ကြိုးစားပြောရှာပါတယ်။
““ဖထီး ဖထီးက ယောကျင်္ားလေးပဲ အမိုးပေါ်တက်ထိုင်ပေးလိုက်ပါဗျာ .အမျိုးသမီးခရီးသည်တွေအားနာစရာဗျ””
ကရင်အဘ(ဖထီး)ကလဲ..
““ဟ.စပယ်ယာလေးရ .နင့်အမိုးကိုယ်လုံးက သေးသေးလေးဝေ့ ငါသူ ့အပေါ်တက်ထိုင်ရင် သူခံနိုင်မှာမဟုတ်ဝေ့
ငါက မင်းအဘ (မင်းအဖေ) အရွယ်ရှိတယ်ဝေ့””
အမ်..ကရင်အဘ ပြောတော့မှ ချမ်းချမ်းတို ့အားလုံးပြုံးချင်သွားတယ် မွန် နဲ ့ကရင်ပြောနေကြတာတော့ တစ်ခုခုလွဲနေပြီ..
““အာ..ဖထီး ကျွန်တော်ပြောတာက ဖထီးမိန်းမ အမိုးကိုပြောတာမဟုတ်ဘူးဗျ.ကားခေါင်မိုး. (အမိုး)ပေါ်ကိုပြောတာဗျ””
ကရင်လို အဖေကို (ဖထီး) အမေကို (အမိုး) လို ့ချမ်းချမ်းတို ့ဘက်မှာခေါ်ပါတယ်.
အသက်ကြီးတဲ ့ကိုယ့်အဖေအရွယ် ကရင်တွေကိုတွေ ့ရင် ဖထီး နဲ ့အမိုး လို ့ပဲတော်တော်များများကခေါ်ပါတယ်။
်အခု ကိုမွန်လေးပြောလိုက်တဲ ့စကားကို ကရင်အဘ(ဖထီး)ကြီး ထင်လိုက်တာက
““ဖထီး ဖထီး အမိုးပေါ်တက်ထိုင် အမိုးပေါ်တက်ထိုင်”” ပြောတာကို
““ အဖေ အဖေ အမေ့ပေါ်တက်ထိုင် အမေ ့ပေါ်တက်ထိုင်””
သူ ့မိန်းမ ကရင်အဖွားကြီး ပေါ်တက်ထိုင်ခိုင်းတယ်လို ့ထင်လိုက်တာပါ။
ကားခေါင်မိုး အိမ်ခေါင်မိုးတွေကို အမိုး လို ့ပဲ လွယ်လွယ်နဲ ့ ခေါ်နေကြတာလေ။
အခု အမိုး ချင်းမှားသွားတော့ ရှုပ်ကုန်တာပေါ့။
ခေါင်မိုး လို ့ခေါ်တာမှန်လား အမိုးလို ့ ခေါ်တာမှန်လား။သူငယ်ချင်းတို ့ကရောဘယ်လိုခေါ်ကြလဲ.
Written…By….ချမ်းချမ်း(ရွာသူလေး)
9 comments
padonmar
June 4, 2011 at 3:11 pm
အနားမှာ အဖွားကြီးအမိုးလည်းရှိနေတဲ့ အချိန်ဆိုရင်တော့ မမှားအောင် ကားခေါင်မိုးလို့ ပြောလိုက်ပေါ့နော်။
ဒါမှမဟုတ် ကားကျောကုန်းပေါ် လို့ သုံးလိုက်ပေါ့။
zaw2zaw
June 5, 2011 at 1:20 pm
ကျွန်တော်လည်း ယောသူယောသားများနဲ့ ပခုက္ကူတက္ကသိုလ်မှာ ကျောင်းသား ဘဝက ကြုံခဲ့တာလေး ပြောပြချင်ပါတယ်။ သူတို့ယောမှာက ငသတ်ကို နသတ် နဲ့ လှယ်ပြီးသုံးပါတယ်။ ထမင်းဆို ထမန်း၊ ဟင်းဆို ဟန်း စသဖြင့် အသံ ထွက်ပါတယ်။ “ဟေ့ ထမန်းစားပြီးပြီလား” “ဘာဟန်းနဲ့လည်း” “ဘာပန်းကြိုက်လဲ” “နှမ်းဆီပန်း” အဲဒီလို ပြောကြတာကိုး။ တစ်နေ့တော့ ကျောင်းကနေ ရွှေမုဌော ဘုရားဘက်ကို သွားဖို့ ပါ။ စက်ဘီးက သုံးစင်း၊ လူက ငါယောက် ဆိုတော့ နောက်က carrier ပေါ်မှာ နှစ်ယောက်လိုက်ရမှာပါ။ ယောက်ျားလေးက ကျွန်တော်တစ်ယောက်တည်းပါ။ စက်ဘီးက သူတို့ဘီး။ ယောသူက မေးတယ် စက်ဘီးကို နင်နန်းမလား ငါနန်းမလားတဲ့။ “အေး ငါနန်းမယ်” လို့ ပြောလိုက်မိတယ်။ ဘာမပြော ညာမပြော ကျွန်တော့် ရင်ဘတ်ကို အုန်းကနဲ ထုလိုက်ပါတယ်။ သူ့စကားကိုယောင်ပြီး “နန်း” လိုက်မိတာပါ။ အမှန်က “အေး ငါနင်းမယ်”လို့ပဲ ကိုယ့်စကားနဲ့ ဖြေသင့်တာကိုး။ တော်သေးလို့ ပါးရိုက်မခံရပါတယ်။
ဆူး
June 5, 2011 at 1:47 pm
ဝယ်နေကျ အသီးသည် ဆိုရင် အမ ဆိုရင် ဆော့ပေးမှာပေါ့.. ဆော့ပေးမယ်နော်.. ဆိုရင် ရီချင်တယ်.. ဝဋ်လည်မှာ စိုးလို့.. စ နဲ့ ရ မကွဲဘူး ဖြစ်နေတာ။
MaMa
June 5, 2011 at 1:48 pm
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပါပဲ။ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ မြို့ထဲလျှောက်လည်ရင်း ကျွဲကောသီးတွေတွေ့တော့ တစ်ယောက်က ဟာ ရှောက်ပန်းသီးတွေ ဝယ်စားရအောင်တဲ့။ ကျန်တဲ့လူတွေက ဝိုင်းရီကြတာပေါ့။
ဆူး
June 5, 2011 at 2:04 pm
အိမ်မြှောင်ကို ပိန်ချောင်တဲ့.. ရီလည်း ရီရတယ်.. သူ့ အသံထွက်နဲ့ သူ မှန်မှာပေါ့နော်..
unclegyi1974
June 5, 2011 at 3:50 pm
မမ ရေ အမှန်ကကျွဲကောသီးနဲ့ရှောက်ပန်းသီးမတူပါဖူး
အသီးပုံစံတူပေမဲ့စားရတဲ့အရသာကွာပါတယ်
ကျွဲကောသီးကလူမမာစားလို့ရပါတယ် မြန်မာဆေးဆရာတွေက
ဓာတ်စာအဖြစ်တောင်သုံးပါတယ်
ရှောက်ပန်းသီးကိုဓာတ်စာအဖြစ်သုံးရကြောင်းမကြားမိကြောင်းပါ
ချမ်းချမ်း ရေအမိုးလည်းမမှန်ဖူးခေါင်မိုးလည်းမမှန်ဖူး
ကားအမိုး ကားခေါင်မိုးလို့ပြောမှမှန်ပါမယ်
bigcat
June 5, 2011 at 5:10 pm
zaw2zawရေ… ကျနော်သဆို ကိုယ့်ကိုမညှာမတာ ရင်ဘတ်ထုသွားတဲ့ ယောနယ်သူလေးကို အမှားပြောအောင်ထောင်ချောက်ဆင်၊ ပြီးတော့ သူ့လိုပဲ ကိုယ်ထိလက်ရောက်နဲ့ လက်စားပြန်ချေလိုက်မှာ။ ကြောင်ကြီးတို့က ရဘူး စိတ်ကြီးတယ်။ 😡
အင်း.. အန်တီဆူးလည်း ရှနဲ့ လျှနဲ့ မကွဲဘူး။ ငိုချင်တယ် 🙁
Snowy
June 6, 2011 at 7:06 am
ကျွဲကောသီး ကို တာအုံးသီးလို့ လဲခေါ်တယ်နော် … 🙂 မကြားဘူးတော့လူတွေဆိုရင်ရီစရာပေါ့
သူ့အရပ်သူ့ဒေသ မှာအခေါ်အဝေါ်တွေမတူကြဘူးနော် …
ချစ်စရာြ့မန်မာလူမျိုးတွေပါ …..
pasi
November 25, 2011 at 4:40 pm
ချမ်းချမ်း စိလား