တစ်ယောက်တစ်လှည့်ပေါ့ (တစ်မျိုးမမြင်နဲ့ ဖတ်ကြည့်မှ သိမယ်) :P
ကျွန်တော်တို့ရဲ ဘဝအမောတွေကို ပြေပျောက်ဖို့အတွက် ရွာသူ/သားတွေရဲ့ ဒီတစ်ပတ်အတွင်း အကြိုက်ဆုံး
ဟာသလေးတွေကို အောက်မှာ comments လေးတွေ ရေးပေးပြီး ဖော်ပြပေးဖို့ တောင်းဆိုပါတယ် ….
ကဲ .. ကျွန်တော်ကပဲ အစဆုံး ဈေးဦးဖောက်လိုက်ပါ့မယ် …
သိခွင့်ရတဲ့ ဟာသလေးကိုတော့ ဘယ်ကနေ ဘယ်လိုသိခွင့်ရတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး
လက်ဆင့်ကမ်းကြားသိတာလေးကို ပဲ ပြန်လည်မျှဝေပေးလိုက်တာပါ အဲဒီအတွက် မူရင်းကိုမဖော်ပြပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပါ သူငယ်ချင်းတို့ကတော့ မူရင်းသိရင် ဖော်ပြပေးကြပေါ့ဗျာ …
သမ္မတ အိုဘားမား . ကျွန်တော်တို့တိုင်းပြည်မှာ ဝန်ထမ်းတွေဟာ ဒေါ်လာ ၄၀၀၀ လောက်ရကြတယ် စားဝတ်နေရေးအတွက် ဒေါ်လာ ၃၀၀ဝ လောက် ကုန်ကျတယ်။ ကျန်တဲ့ ဒေါ်လာတစ်ထောင် သူတို့ ဘာလုပ်လုပ် ကျွန်တော် ဂရုမစိုက်ဘူး …..
မြန်မာနိုင်ငံအစိုးရ အကြီးအကဲဟောင်း . ကျွန်တော်တို့ဆီမှာတော့ ဝန်ထမ်းတွေက လစာ လေးသောင်းလောက်ရကြတယ်. စားဝတ်နေရေးအတွက် ၁ သိန်းလောက်ကုန်ကျတယ်။ ကျန်တဲ့ ၆ သောင်းဘယ်ကရလဲ ကျွန်တော်ဂရုမစိုက်ဘူး ….
ကဲ အားလုံးရဲ့ တစ်ပတ်အတွင်း အကြိုက်ဆုံးလေးများ သိချင်ပါသေးရဲ့
😛 😛 😛 😛
15 comments
king
June 9, 2011 at 9:50 am
အားလုံးပဲ ဟာသ စဉ်းစားရဘူးနဲ့တူတယ်
ဒါဆိုရင်တော့ ………………………………….. 😛
Big Defender
June 9, 2011 at 10:07 am
လူတကာနဲ့အပေါင်းအသင်းမလုပ်တော့ဘူးဘုန်းကြီးဝတ်ထားတာကို
Big Defender
June 9, 2011 at 10:11 am
” ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ ”
” ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား
windtalker
June 9, 2011 at 12:13 pm
လောလောဆယ် မင်းသား သူထူးစံ အကြောင်းပြောပြချင်ပါတယ်..ရွာသူများအတွက်ပေါ့ ။ သူထူးစံ ရဲ ့အားနည်းချက် က မိန်းကလေးတွေ ကြည်ကြတာပါ ပဲ တဲ ့။ ကဲ ကျွန်တော်တို ့ရွာသူများကော ။ 6.6.2011 နံနက်ခင်း ဂျာနယ်ထဲ ပါတာ ပါ
OQ23
June 9, 2011 at 2:38 pm
အစိုးရကဒီလောက်ထိမဆိုးဝါး ပါဘူး အပြင်ကုမ္မဏီသူဌေး တွေကပဲဖြစ်နေတာပါ။ ဥပမာ-သဘောင်္သားကုမ္မဏီ တခုဆိုရင်ဝန်ထမ်းတယောက်ကို လစာပေးတာအောက်ခြေဝန်ထမ်း (30000) မကြားဖူးဘူးနော်။ စိတ်ပျက်စရာကြီးနော်။(ဗိုလ်တထောင်)မြို့နယ်မှာရှိပါတယ်။
santds
June 10, 2011 at 3:16 am
အောက်ခြေဝန်ထမ်းတွေက လစာ25000လောက်ပဲ ရတဲ့နေရာတွေတောင် ရှိကြပါတယ်။
ရွေးစရာမရှိတော့ ရတဲ့အလုပ်ကို လုပ်ကြရတာပါပဲ။
chitlay
June 10, 2011 at 3:39 am
နှာဘူးပါတဲ ့ ဘုရား
ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ
အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ…ဥပမာ..
ပြွန်တန်ဆာတဲ့…နောက် ဂွေးချိုတဲ့..အဲ…ပြတိုက် ရောက်ဖူးတဲ့
ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ…အဲလိုပါ..ဘာကြောင့်
ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ
မသိရပါဘူး….။
ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ
အကြောင်းလေး ပြောပြချင်လို့ပါ…ရွာနာမည်က ဂွေးကြီးရွာတဲ့..
ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော်
ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ…။
ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ
လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်
စရာ မလိုပဲ ‘ဂွေးကြီးဆရာတော်’ ရယ်လို့ နာမည်တွင်သွားတာပေါ့.
ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့
အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့..
မဖြစ်ချေဘူး…ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့
လုပ်မှပေါ့လေ..ဒါနဲ့ ကုသို်လ်ရလဲ နာမည်လဲ လှအောင် စေတီလေး
တစ်ဆူတည်မယ်ပေါ့..။
ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။
စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ
စည်သွားတော့တယ်…” ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်” တဲ့.
ဇာတ်က မပြီးသေးဘူးဗျ…
တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး
မဲဖောက်လှူကြတာကိုး…။ အစီအစဉ်ကြေငြာတဲ့ သူကလည်း
ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ
မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀ဝ ပါဘုရား…..
တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ…အလှည့်
ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။
ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ…အစီအစဉ်
ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ်
” ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား”
ကဲ …ကောင်းရော…ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး
လေ…ဘာကွ…လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန်
ပြင်အော်တယ်…
နှာရှူဗူးမဲပေါက်တာပါဘုရား….တဲ့…။
ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ
လို့ ပြန်ကြွသွားလေတော့သတဲ့…
myanpyithar
June 10, 2011 at 4:15 am
ကျွန်တော်အလုပ်လာလျှောက်သူတယောက်လျှောက်လွှာဖြည့်တာတွေ့ဖူးတယ် အိမ်ထောင်ရေးအခြေအနေဆိုတဲ့ကွက်လပ်မှာဘာဖြည့်ထားတယ်ထင်လဲ
ဲကောင်း တဲ့
နောက်တစ်ဦးက စည်းလုံးညီညာ တဲ့
susunosuki
June 10, 2011 at 5:50 am
ကျွန်တော်တို့ရုံးမှာလာတင်တဲ့ ကောင်မလေးတစ်ယောက်ကျတော့ အိမ်ထောင်ရေးအခြေနေမှာ virgin လို့ရေးထားတယ်။
နွယ်ပင်
June 10, 2011 at 4:40 am
အမူးသမားတစ်ယောက်သည် ဈေးဝယ်ပြန်လာခဲ့သော အမျိုးသမီးတစ်ယောက်၏ နောက်မှလိုက်လာရာ တစ်နေရာ
တွင် အမျိုးသမီး၏ဈေးဝယ်အိတ်ထဲမှ အထုပ်တစ်ထုပ်ထွက်ကျသည်ကို သတိပြုမိလိုက်၏။ အမျိုးသမီးခပ်ဝေးဝေး
ရောက်သွားသောအခါ အမူးသမားက အထုပ်ကိုကောက်ယူပြီး ဖြည်ကြည့်လိုက်၏။ အား ဟား ဝက်အူချောင်းတွေပါ
လား၊ နိပ်ဟ…
ဘေးလူတွေမသိအောင် သူက ဘောင်းဘီဇစ်ကိုဖြုတ် ခပ်မြန်မြန် ထည့်လိုက်၏။ ထို့နောက် သူ ဘက်စ်ကားမှတ်တိုင်
ဘက် လျှောက်သွားလေသည်။
ဘတ်စ်ကားပေါ် ရောက်သည့်အခါ ထမင်းဆာလာသဖြင့် ဇစ်ကိုဖြုတ်၊ ပါလာသော ဓားလေးဖြင့် ဝက်အူချောင်းကို
နည်းနည်းဖြတ်ယူစားလိုက်သည်။ ထိုအခါ သူနှင့်မျက်နှာချင်းဆိုင် ထိုင်နေသော အမျိုုးသမီး မူးမေ့သွားသည်။
မကြာခင် ထပ်ဆာလာပြန်၏။ ထို့ကြောင့် ယခင်နည်းအတိုင်းဝင်အူချောင်း နည်းနည်းဖြတ်စားပြန်သည်။ ထိုအခါ မျက်နှာချင်းဆိုင်က ဒုတိယ အမျိုးသမီး မူးမေ့သွားပြန်သည်။
မကြာခင် ထပ်ဆာလာပြန်သည်တွင် ဇစ်ကိုဖြုတ်၊ ဓားကိုထုတ်ပြီး ဖြတ်စားလိုက်ပြန်သည်။ သည်တစ်ခါတော့ သူကိုယ်
တိုင်ပင် မူးမေ့သွားလေတော့သည်။
susunosuki
June 10, 2011 at 5:53 am
မိန်းကလေး။ ။ မောင်မနက်က ဒီကဖုန်းဆက်တာကို ဘာလို့ချ ချပစ်တာလဲ။
ယောကျင်္ားလေး။ ။ မင်း အိမ်သာတတ်ရင်း စကားပြောလား။
မိန်းကလေး။ ။ ဟင့်အင်း
ယောကျင်္ားလေး။ ။အေး ကိုယ်လည်းဒီလိုပဲ။ ။
(ကိုယ်တိုင်းစဉ်းစားမိတာလေးပါ။)
king
June 10, 2011 at 11:08 am
သူကြီးလည်း ဟာသတွေ မဖတ်ဘူး/ မကြားဖူးဘူးထင်တယ်
ဒါကြောင့် …
😛
shwemanthar
June 10, 2011 at 11:55 am
ကောင်းပါတယ်
ဆက်တင်ကြပါဦး
ကျွန်တော်ကတော.စောင့်ပဲဖတ်တော့မယ်
king
June 10, 2011 at 12:27 pm
စောင့်ဖတ်နဲ့ ဒီအတိုင်း ရိုးရိုးလေး ထိုင်ဖတ်
😛 😛 😛 😀 😀 😛 😛 😛
mnoe
June 12, 2011 at 4:54 am
တစ်ခါက ရဲအရာရှိနှစ်ဦးသည် သမင်ပစ် ထွက်လာခဲ့ကြသည်။ တစ်ဦးမှာ ယခင်က တစ်ခါမျှ သမင်ပစ်မလိုက်ခဲ့ဘူးပေ။ ထိုသူသည် သမင်ပစ်ရန် နေရာတစ်နေရာတွင် ဝင်ပုန်းနေလိုက်သည်။ မကြာခင်မှာပင် သမင်တစ်ကောင်သည် သူပုန်းနေသော နေရာအနီး ချူံပုတ်တစ်ခုအတွင်း ရောက်ရှိလာသည်။ ထိုရဲအရာရှိမှာ သမင်ကိုစောင့်ကြည့်ရင်း စိတ်လှုပ်ရှားလာလေသည်။ ရင်လည်းတဒိတ်ဒိတ် ခုန်နေသည်။ သမင်ကလည်း ချူံပုတ်အတွင်းမှ ထွက်လာရာ ရဲအရာရှိက ပုန်းနေရာမှ ခုန်ထွက်လိုက်ကာ လေထဲသို့ သေနတ်တစ်ချက် ပစ်ဖောက်လိုက်ပြီး အော်ပြောလိုက်သည်။
“ ဟေ့ ရဲတွေက မပြေးနဲ့”
ထိုအခါ သမင်မှာ ကြောက်လန့်ပြီး တစ်ဟုန်ထိုး ထွက်ပြေးသွားလေတော့သည်။
(တင်ဆွေမိုး၏ ဧည့်ခံဟာသများ-၂ မှ)