အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၂၃)

ဂူဒီယာ အိမ်ပြန်လာပြီတဲ့။ကျွန်တော်တော့ မြင်ကိုမမြင်မိသေးဘူး။သူ့အဖေကြီးက သိတယ်မဟုတ်လား..

သူတို့အိမ်ထဲ ဘယ်ငနဲမှ အဝင်ခံတာမှမဟုတ်တာ။ဘွားတော်ကတော့ ပြောရှာပါတယ်။သူ့ယောက်ျားက သူလုပ်

တာတွေမှားမှန်း သိသွားပါပြီ။သူ့ကိုယ်သူလည်း ပြုပြင်ဖို ့လုပ်နေပါပြီ..ဘာညာနဲ့။သူ့ယောက်ျား အဖတ်ဆယ်လို့မရတော့

ဘူးဆိုတာ သူ့စိတ်ထဲ ကောင်းကောင်းကြီး သိနေပေမဲ့ ဖာထေးပြီး ပြောတာပဲဖြစ်မှာပါ။အဲ..ဘွားတော် မသိတာက သူ့

ယောက်ျား ဘယ်လောက်ထိ မိုက်တွင်းတူးနိုင်ဦးမလဲဆိုတာပဲဗျ။

ဘာကြာလို့တုန်း..ဂူဒီယာ ဆေးရုံကဆင်းပြီးလို့ တစ်ပတ်လောက်ပဲရှိဦးမှာ ဘိုးတော်က ဂူဒီယာ့ကို ကိုင်ချင်

တွယ်ချင် လုပ်လာသတဲ့ဗျာ..။အဲ..ကိုင်တယ် တွယ်တယ်ဆိုလို့ အဖေတစ်ယေက်လိုမထင်နဲ့။ဒီငနဲကြီး

ခွေးဇာတ်ခင်းချင်နေတာ။ပထမတော့ ကျွန်တော်လည်း အူလည်လည်နဲ့ပဲ။ကြားရတာ ဘိုးတော်က သူ့သမီးကို

သနားသလိုလို စိတ်မကောင်းဖြစ်ရသလိုလိုနဲ့ ပြောနေပုံမျိုးဗျ။နောက် ဘွားတော်က ထအော်ပါလေရော။နောက်

ဂူဒီယာကလည်း အော်ပြန်ရော။သူ့ကိုမထိနဲ့ဆိုပြီး သူ့အဖေကို အော်နေတာ။

ဂူဒီယာရဲ့ ငိုညည်းသံကြားတော့ ကျွန်တော့်ခေါင်းထဲ တစ်ခုခုက ဆတ်ခနဲ ပုတ်လိုက်သလိုမျိုးဖြစ်သွားတာပဲ။

သူတို့အခန်းထဲ ပြေးဝင်ပြီး ဘိုးတော်ကို လက်ဗလာနဲ့ သေအောင်ထိုးပစ်ချင်လာတယ်။ကျွန်တော့် သတ္တိတွေ

ကောင်းကောင်းမစုစည်းနိုင်ခင်ဘဲ သူက တခူးခူး တခေါခေါ နဲ့တောင်ဟောက်နေပြီ။ဘိုးတော်တော့ ကျိုးသွားပြီ။

ဂူဒီယာကတော့ တအီအီနဲ ့ငိုနေတုန်းပဲ။သူ့ငိုသံက နံရံမှာ နားနဲ့ကပ်ပြီး နားထောင်စရာတောင်မလိုဘူး။

သူငိုနေတာ ကျွန်တော့်ကို အနေရအထိုင်ရခက်လာစေတယ်ဗျာ။အစ်မတစ်ယောက်ရဲ့ ပူဆွေးသောက ကို

မောင်တစ်ယောက်က ဘယ်လိုမျိုး နားထောင်ပြီး ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ ကျွန်တော် မသိ

ဘူးလေ။မသိဆို ကျွန်တော်က တစ်ကောင်ကြွက် တစ်မျက်နှာ။အစ်မဆိုတာမရှိခဲ့ဘူးသလို မောင်တစ်ယောက်

လည်း ဖြစ်ခဲ့တာမှမဟုတ်တာ။ဒါပေမဲ့ ဂူဒီယာ့ကို တစ်နည်းနည်းနဲ ့တော့ နှစ်သိမ့်ပေးရမယ်ဆိုတာတော့ ကျွန်တော်

သိနေတယ်။ကံဆိုးချင်တော့ ဟိုဘက်ခန်း ဒီဘက်ခန်း နံရံခြားနေတော့ ဘယ့်နှယ်လုပ်ပါ့မလဲ။နံရံက သူ့ဘာသာ

ပါးပါးထူထူ..ဟိုဘက်ခန်းကလူကိုနှစ်သိမ့်ဖို့ဆိုတာ လွယ်မှ မလွယ်ဘဲလေ။အဲ..ဒါပေမဲ့ နံရံရဲ့ ညာ

ဘက်အောက်ခြေမှာ ရေပိုက်တွေသွယ်တဲ့ အပေါက်လေးကို ကျွန်တော် သတိထားမိတယ်။

အပေါက်က ကျွန်တော့်လက်တော့ ကောင်းကောင်းကြီး ဝင်ဆံ့မှာ။ဒါနဲ့ ကျွန်တော်လည်း အိပ်ယာပေါ်က

ခုန်ဆင်းပြီး ကြမ်းပြင်မှာ ပက်လက်ကြီးလှဲ။လက်ကိုဆန့်ပြီး အဲဒီအပေါက်ထဲကို လက်တစ်ဆုံးထိုးထည့်လိုက်တယ်။

“မမ မငိုနဲ့..ဒီမှာ ကျွန်တော့်လက်ကိုကိုင်ထား..”

တစ်စုံတစ်ခုက ကျွန်တော့်လက်ကို လာဖျစ်တယ်။နောက် သူ့လက်ချောင်းလေးတွေက မျက်မမြင်တစ်ယောက်လို

ဟိုစမ်းသည်စမ်းနဲ့  ကျွန်တော့် လက်မောင်းတို့ တတောင်ဆစ်တို့ လက်ကောက်ဝတ်တို့ ကိုစမ်းပြီး နောက်ဆုံး

လက်ချောင်းလေးတွေအချင်းချင်း တင်းတင်းကြီး ဆုပ်မိတော့တာပဲ။အဲဒီလို သူ့လက်လေးတွေနဲ ့ကျွန်တော့်

လက်ချောင်းတွေအချင်းချင်းဆုပ်ကိုင်မိတဲ့ ခဏမှာ အလွန်ထူးဆန်းပြီး အင်အားပြင်းထန်တဲ့ စွမ်းအင်

တစ်မျိုးပဲဆိုဆို၊တန်းခိုးသတ္တိလို့ပဲ ပြောပြော၊မေတ္တာတရားရဲ့ အစွမ်းပဲလို့ ဖွင့်ချင်ဖွင့် ကျွန်တော်မဆိုတတ်တဲ့

အဲဒီအရာက သူ့နဲ့ကျွန်တော့်ကို တသားတည်း ပေါင်းစည်းပေးလိုက်သလိုမျိုးဖြစ်သွားတာပဲဗျာ..။

သူ့ဝေဒနာကို ကျွန်တော်ခံစားလို့သွားတယ်။

အဲ့ဒီအချိန်မှာ ဆလင်းက သူ့အိပ်ယာပေါ်မှာ ငုတ်တုတ်လေးထိုင်ကြည့်ပြီး တအံ့တဩဖြစ်နေတာ။

“ဟာ..မိုဟာမက်..မင်း..မင်းဘာလုပ်နေဆိုတာ မင်းသိရဲ ့လား..မင်းလက်ထည့်ထားတဲ့ အဲ့ဒီအပေါက်က

ကြွက်တွေ ပိုးဟပ်တွေတစ်ခန်းနဲ့တစ်ခန်း ကူးချည်သန်းချည်လုပ်နေတဲ့ အပေါက်နော်..။”

ကျွန်တော်လည်း ဆလင်းမကလို့ ဘယ်သူလာပြောပြော ဂရုမစိုက်နိုင်တော့ဘူး။ကျွန်တော် သူ့လက်ကို

ဘယ်လောက်ကြာအောင်ကိုင်ထားလည်းတော့မသိဘူး မနက်မိုးလင်းလို့ ကျွန်တော်နိုးလာတော့လည်း

ညဦးပိုင်းကအတိုင်းပဲ။ကျွန်တော်က ကြမ်းပြင်ပေါ်မှာပက်လက်။လက်ကလည်းအပေါက်ထဲ မှာ ထည့်

လျက်ကြီး။ပိုးဟပ် တစ်သိုက်ကလည်း ကျွန်တော့် အင်္ကျီအိပ်ထဲမှာ အေးအေးလူလူ အိပ်နေလို့ဗျ..။

 

***************************

 

နောက်ညလည်း ဟိုငနဲကြီးက မူးပေပြီး ထုံးစံအတိုင်း ဂူဒီယာကို ပေါက်ပန်းဈေးတွေပြောပြန်တာပဲ။

ဒီလူကြီး စိတ်ဖောက်သွားပြီလို့ထင်တာပဲ။ဖအေက သမီးကို အဲဒီလိုရိသဲ့သဲ့ပြောတာမျိုးကို ခင်ဗျားတို့ကြားဖူး

မှာတောင်မဟုတ်ဘူး။ဘွားတော်ကတော့ သူ့ယောက်ျားကို အော်ဟစ်ပြီး တားတာပဲ။ဟို ငနာကြီးက သူ့မိန်းမကို

နည်းနည်းမှတောင် ဂရုမစိုက်ဘူး သူပြောချင်ရာပြောနေတာ..။

“ဂူဒီယာ..အချစ်ကလေး..သော်တာလဝန်းလေး..မင်း မနေ့က ရှောင်ပြေးနိုင်ပေမဲ့ ဒီနေ့တော့

ငါ့လက်က မလွတ်တော့ပါဘူးကွယ်..ဟဲဟဲဟဲ..”

“သေချင်းဆိုကြီး ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း..” ဘွားတော်အော်ပြောတယ်။

“စိတ်မပူပါနဲ့ ဂူဒီယာရယ်..အဟေး..ဟေး ဘာပြဿနာမှမရှိဘူး..ဟုတ်လား..နော်။ဟိုတုန်းက

ဧကရာဇ်ကြီး ရှားဂျဟန်လည်း သူ့သမီးဂျဟန်ဧရာ ကို ကြိုက်လို့ယူဖူးတယ်မို့လား..အဟားဟား..

ဒီမယ်..ကိုယ်စိုက်တဲ့ အပင်က သီးတဲ့ အသီးကိုယ့်ဘာသာခူးတာ ဘာဖြစ်လဲ..ဘယ်သူပြောမှာလဲ..”

မိစာ္ဆကြီး..

ဘွားတော်က အော်တယ်။နောက် ပုလင်းကွဲသံတွေကြားရပြန်တယ်။ပြီးတော့ ဂူဒီယာရဲ ့ငယ်သံပါအောင်အော်

လိုက်တဲ့ အသံက စီခနဲ စူးစူးကြီးထွက်လာတော့..ကျွန်တော့် ဦးနှောက်တွေကို ဂဟေဆော်တဲ့ မီးတောက်နဲ့ ထိုးပြီး

ဖျော်ချလိုက်သလိုမျိုး..၊သံရည်ပူတွေကို နှလုံးသားထဲလောင်းချလိုက်သလိုမျိုး တပြိုင်နက်ခံစားလိုက်ရတယ်။

ကျွန်တော်လုံးဝသည်းမခံနိုင်တော့ဘူး။ဒါနဲ့ မစ္စတာ ရာမကရစ်ရှနားရဲ့အခန်းပြေးပြီး ဖြစ်ကြောင်းကုန်စင်

သွားပြောပြလိုက်တယ်။အဲ..သူကလည်း ခပ်အေးအေးပဲဗျ။သူ့ကို အလ္လာပ သလ္လာပ လာပြောနေသလိုမျိုး။

“ဒီမယ်..ကောင်လေး..မင်းတို့အခန်းဘေး ဘာဖြစ်ဖြစ် အဲဒါသူတို့ကိစ္စပါကွဲ့..ဟုတ်လား။တို့သွားပြီး

ဝင်စွက်လို့မရဘူး။ မင်းက ငယ်သေးလို့ပါကောင်လေးရယ်..ဘဝကို မင်းမသိသေးဘူး။ငါတော့

ဒါမျိုးဟာတွေ နေ့တိုင်းကြားနေရတာပဲ။မယားကို နှိပ်စက်တာတွေ၊မူးရူးသောင်းကျန်းတာတွေ

၊သွေးရင်းသားရင်း ပြန်ယူကြတာတွေ၊ မုဒိန်းမှုတွေ အို.. စုံလို့ပါကွာ။ဒါတွေက မွမ်ဘိုင်း တစ်မြို့

လုံးက ဆင်းရဲသားရပ်ကွက်တွေ၊ဟောဒီလို လူတွေပြွတ်သိပ်နေတဲ့ တန်းလျားတွေမှာ

အမြဲလိုလို ဖြစ်နေကြတာကွ..။အေး..တို့ အိန္ဒိယသားတွေကတော့ ဩချလောက်တယ်။

ဒါမျိုးတွေတွေ့နေ မြင်နေ ကြားနေကြပေမဲ့လည်း ဘာသိဘာသာ နေနိုင်ကြတာပဲ။အဲဒီတော့

မင်းလည်း မွမ်ဘိုင်းသားတစ်ယောက် အနေနဲ ့ မျက်စိကိုမှိတ် တံခါးလေးကို ပိတ် ပါးစပ်ကလည်း

တစ်ခွန်းမှသွားမဟနဲ ့။ဒါဆို မင်းလည်း ငါ့လို ခပ်အေးအေးနေနိုင်သွားမှာပဲ။ကဲ..ကဲ

ပြန်တော့ကောင်လေး..ငါ အိပ်တော့မယ်..။”

ကဲ..ကောင်းပါလေရော။ကျွန်တော် အခန်းကို ချက်ချင်းပြန်ပြေးချလာတယ်။ဟို အကောင်ကြီး

ကတော့ ဟောက်တောင်ဟောက်နေပြီ။ဂူဒီယာကတော့ တငိုငိုတရီရီနဲ့ သူ့ဘဝညစ်နွမ်းသွားပါပြီ။

မသန့်ရှင်းတော့ဘူးဘာညာနဲ့ အော်ဟစ်နေတယ်။

“မထိနဲ့..ဘယ်သူမှ ကျွန်မကို မထိကြနဲ့..အကုန်လုံး ကူးစက်သွားမယ်..မလာကြနဲ့..”

သူတော့ စိတ်ဖောက်နေပြီ။ သွက်သွက်လည်သွားပြီလို့တောင်ကျွန်တော်ထင်မိတယ်။ကျွန်တော်လည်း လွတ် သွားပြီ။

“ကူး ကူးဗျာ..ကိုင်း..”

ကျွန်တော့်လက်ကို နံရံအောက်ခြေက အပေါက်ထဲ ထိုးထည့်လိုက်ပြီး အော်ပစ်လိုက်တယ်။ဂူဒီယာက

ကျွန်တော့်လက်ကို လှမ်းဆုပ်ပြီး-

“ငါ..ငါ..ကြာကြာမနေချင်တော့ဘူး ရမ်..ငါ့ကိုယ်ငါ သတ်သေပစ်လိုက်တော့မယ်..သိလား”

သူ့ နာကျင်မှုက နံရံက အပေါက်ကို ဖြတ်ပြီး ကျွန်တော့်အပေါ်ကို စိမ့်ဝင်လွှမ်းခြုံလာတော့တာပဲ။

မထိန်းနိုင်တော့ဘူး။ကျွန်တော် ငိုမိတယ်။

“နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေရဘူး..ကျွန်တော် ကတိပေးတယ်..ဒါ..ဒါ အစ်မတစ်ယောက်အတွက်

မောင်ကပေးတဲ့ ကတိစကားပဲ..”

ဆလင်း မျက်မှောင်ကုပ်ပြီး ကျွန်တော့်ကို ကြည့်တယ်။ကတိစကားပြုလိုက်တာပဲ.. ရာဇဝတ်မှုကျူး

လွန်လိုက်သလိုမျိုး။အဲဒီအချိန်မှာ ကျွန်တော် မှန်တာ မှားတာ ဘာမှမသိတော့ဘူး။မစဉ်းစားတော့ဘူး။

ဂူဒီယာ ရဲ့ ပိန်သွယ်သွယ် အရိုးပေါ်အရေတင်လက်ချောင်းလေးရယ် သူ့လက်ဖဝါးလေးရယ်ပဲ ကျွန်တော့်

အတွေ့မှာ ရှိတော့တယ်။ကျွန်တော်တို့နှစ်ယောက်က အမဲလိုက်ခံရတဲ့ သားကောင်တွေလိုမျိုး ဖြစ်နေပြီလား။

အမှားတစ်ခု ကိုအတူတကွ ကျူးလွန်မိကြသူတွေလား။ကျွန်တော်မသိတော့ဘူး။ကျွန်တော့် အမှားက

ကျွန်တော့်လို မိဘမဲ့ မျက်နှာမွဲလေးတစ်ယောက်အနေနဲ ့ သူများ ပြဿနာ ကိုယ့်ပြဿနာ လုပ်မိတာပဲ။

ဒါပေမဲ့ ဂူဒီယာ ကျတော့ရော..သူက သာမန်ရိုးရိုး မိန်းကလေးတစ်ယောက်ပဲ။ရှမ်တာရမ်က သူ့အဖေပဲ။

*********************

One comment

  • antimoe

    June 9, 2011 at 2:30 pm

    ဖတ်လို့ကောင်းတယ်။
    အရှေ့က…ပို့စ်တွေကိုလည်း ပြန်ဖတ်ပါ့မယ်။

Leave a Reply