Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖြစ် စဉ် များ

Yan ShinJune 11, 20111min58711

၁။ ဖြစ် စင်
ခေတ်မှီတိုးတက်ဖွံဖြိုးသော နိုင်ငံတော်သစ်ကြီးတည်ဆောက်မဲ့ နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတွင်း ဆင်ရဲမွဲတေမှု့ လျှော့ချရေးစီမံချက်စတင်အကောင်အထည်ဖေါ်နေပါပြီ။
စီမံချက်ထိရောက်ပုံကလည်း အံ့ဩဘနန်း ထိပဲထိရောက်မြန်ဆန်လွန်းပါတယ်။ ခုပဲရန်ကုန်မြို့တွင်းမှာ ကြည့်လေ ဆင်းရဲသားတွေ တော်တော်နဲသွားတာပဲ။ လမ်းဘေးဈေးသည်တွေ တော်တော်ပါးသွားပြီ၊ တစ်ချို့နေရာတွေဆို လမ်းဘေးဈေးသည်တွေ လုံးဝကို မတွေ့ရတော့ဘူး။
သေခြာမေးမြန်းကြည့်တော့မှ ဘယ်ရှိတော့ပါ့မလဲ ဆင်းရဲသားတွေ လမ်းဘေးဈေးသည်တွေကို ဖမ်းပြီးထောင်ထဲသွားထည့်ထားတာကိုး………….
ဪ…… ဆင်းရဲသားပပြောက်အောင် ဆင်းရဲသားတွေကို ဖမ်းပြီးထောင်ထဲထည့်ထားတာကိုး…..

(ခက်နေတာတစ်ခုက ကျွန်တော် ဆူးလေလမ်းကနေ ပန်းဆိုးတန်းဆိပ်ကမ်းကို သွးတော့ ရဲစခန်းပါတ်ဝန်းကျင်မှာ ကျူးကျော် လဘက်ရည်ဆိုင် မုန်းဟင်းခါး အသုပ်ဆိုင်တွေ တွေ့နေရသေးတယ်။ သတင်းပေးမယ့်သူ မရှိလို့ဖြစ်မယ်။ ဝေးတယ်လေ။)

၂။ ဖြစ် စင်
လဘက်ရည်ဆိုင် NGO အသိုင်းအဝိုင်းစားပွဲဝိုင်းနားမှာ ထိုင်နေမိတုန်း သူတို့ဆွေးနွေးနေသံကြားမိပါတယ်။ တစ်ယောက်သောသူက သူသွားခဲ့တဲ့ ဆွေးနွေးပွဲအကြောင်းကို ပြန်ပြောပြပြီး ဆွေးနွေးနေကြတာပါ။ သူသွားခဲ့တဲ့ ဆွေးနွေးပွဲက ရေလုပ်သားများပင်လယ်ပြင်လုပ်ငန်းခွင်အန္တရယ် လျှော့ချရေးဆွေးနွေးပွဲလို့ပြောပါတယ်။
ရေလုပ်သားများပင်လယ်ပြင်လုပ်ငန်းခွင်တွင်း အန္တရယ်ကျရောက်ခဲ့ရင် သေကြေပျက်စီးဆုံးရှုံးမှု့ လွန်အင်မတန်များပြားကြောင်း တစ်ယောက်ကပြောတော့
တစ်ယောက်က ဝင်ပြောပါတယ်၊
“လွယ်ပါတယ်ကွာ ငါးဖမ်းလှေတွေ ပင်လယ်ပြင်မှာ သွားပြီးငါးဖမ်းရတာ အန္တရယ်များရင် ကုန်းပေါ်မှာပဲ ဖမ်းခိုင်းပေါ့´´ တဲ့……….
(သူ့ပဲအဲဒီလုပ်ငန်းထောင်ခိုင်းရမယ်)

၃။ ဖြစ် စင်
ခုတလော ကမ္ဘာ့စကားဝိုင်း မြန်မာ့စကားဝိုင်းမှာ မပါမပြီး စူပါဟော့ကတော့ ဝက်နားရွက်ပြာရောဂါ(PRRS, Pig Reproductive& Respiratory Syndrome) ပါပဲ။ ကူးစက်နှုန်းမြန် သေနှုန်းပြင်းထန် ကုသဆေးမရှိ ကာကွယ်ဆေးမထုပ်နိုင်သေး (ထုတ်ပြီး တရုပ်ပြည်မှာသုံးသော်လည်း အဆင်မပြေပါသဖြင့်)
သူငယ်ခြင်းတွေစုပြီး စကား သတင်း ဗဟုသူတ ဖလှယ်ငြင်းခုန်နေတုန်း တစ်ယောက်က ဝင်ဆွေးနွေးလာပါတယ်။ သစ်လွန်းနေလို့ တိရိစ္ဆာန်ဆေးဝါးကောင်စီကိုတောင် တင်ပြရမလိုလိုပါပဲ။
သူပြောပုံကဒီလိုပါ။
ဝက်နားရွက်ပြာရောဂါ ကူးစက်မခံအောင် ဝက်နားရွက်တွေကို ကြိုဖြတ်ထားသင့်ကြောင်း အဲဒီဝက်မှာ အဲဒီနားရွက်မရှိတော့လျှင် ဝက်နားရွက်ပြာရောဂါပိုး ကူးစက်ရန်နေရာမရှိတော့သောကြောင့် ရောဂါဖြစ်ခြင်းမှ ကင်းဝေးစေမည်ဖြစ်ကြောင်း ဝက်တစ်ကောင်လုံးဆုံးရှုံးခြင်းထက် နားရွက်နှစ်ဖက်ကိုသာ ဆုံးရှုံးခံခြင်းဖြင့် ဝက်နားရွက်ပြာရောဂါ ကူးစက်မှု့ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း …….. အကျယ်တဝင့်ဆွေးနွေးတင်ပြသွားပါတယ်။ အဟောသိကံ… ကောင်းလေစွ…. ခုလိုပညာရှင်မျိုးရှိနေတာ ဂုဏ်ယူစရာပါပဲ။

ခက်ဆစ်ဖွင့်ဆိုချက်။ ။ ဖြစ်=ဖြစ်ညှစ်ခြင်း စင်=ထိမှန်၊ ပေ စင်ခြင်း (နဲနဲတော့နံမည်)
ဖေါင်ပိတ်သတင်း။ ။အထပ်ပါ ဖြစ် စင် (၂၊ ၃) တို့တွင်ပါဝင်ဆွေးနွေး အကြံပြုသူနှစ်ဦး ယ္ခုအခါ ရှောင်ပုန်းနေရကြောင်း သတင်းရရှိပါသည်။ အကြောင်းမှာ နိုင်ငံတော်သမတ အကြံပေးအဖွဲ့မှ ထိုသူနှစ်ဦးကို ၎င်းတို့နှင့် အတွေးအခေါ်ခြင်းတူညီပါသဖြင့် သမတ ကြံပေးအဖွဲ့ဝင်အဖြစ် အလိုရှိနေသောကြောင့် ဖြစ်ပါကြောင်း…….

တိန်။

11 comments

  • captainamerica

    June 11, 2011 at 4:46 pm

    ဒီမှာသူငယ်ချင်း ကိုလင်းဝေကျော်ရေးတဲ့ပို(စ်)ကိုအရင်ဖတ်ကြည့်ပါအုန်း။လက်တွေ.မကြုံးဖူးဘဲနဲ.ကြားဖူးနားဝစကားတွေ
    ဖြစ်နေတယ်။စာရေးဖို.ဆိုတာခက်တယ်။ဝေဖန်ရေးဆရာကတစ်ချက်လေးပြောလိုက်ရင်ပြီးပါလေရော။
    မင်းပြောသလောက်ပဲ့တဲ့အကြောင်းအရာတွေမဟုတ်ဖူး။မင်းပြောတာကတကယ်လက်တွေ.လုပ်နေတဲ့သူတွေ
    ကိုစော်ကားသလိုဖြစ်နေတယ်။ဦးမြင့်ရေးထားတဲ့စာကိုဖတ်ကြည့်အုန်း။ဉာဏ်မှီမှပြော …..သာမန်အတိုအစ
    ကြားဖူးနားဝစကားတွေလောက်နဲ.လာမပြောနဲ. မင်းစကားတွေကရီစရာဖြစ်သာွးလိမ့်မယ်။ဒီဆိုဒ်မှာတော်
    တော်များများကပညာတတ်တွေချည်းပဲ…

    • Mg Mg Fight

      June 12, 2011 at 12:49 pm

      ကိုလင်းဝေကျော်ပို့စ် က ဘာကိုပြောတာလဲ။ “လက်တွေ.မကြုံးဖူးဘဲနဲ.ကြားဖူးနားဝစကားတွေ” ဆိုပြီး ခင်ဗျားက ဘယ်မှာနေတာလဲ။ နာမည်ကတော့ အလန်းစားပဲ။ captain ဆိုတာရော america ဆိုတာရောနဲ့။ ခင်ဗျားကရာ ဘာပညာတွေ များတတ်ထားပါလိမ့်၊ သိချင်လိုက်တာ။ ကျွန်တော် ဉာဏ်မမီလို့ပါ ခင်ဗျ။

  • kai

    June 11, 2011 at 9:57 pm

    ဝက်နားရွက်ပြာ ဖြစ်စင်ကတော့ … တော်တော်ရီရတယ်..။
    ဆိုတော့..
    လူလည်း.. ကျောက်ကပ်ရောဂါဖြစ်ရင်… ကျွမ်းနေရင်.. ကျောက်ကပ်(အနည်းဆုံး တခြမ်းတော့) ထုတ်ပစ်လိုက်လို့ရတာပဲ..။
    လက်တွေ့ ကုသနည်းပေါ့…။ 🙂

    နောက်စာတွေကို.. Category ရွေးတင်ပါနော..။ ဒီလိုစာမျိုးဆို… Joke အောက်တင်သင့်တယ်..။

  • windtalker

    June 12, 2011 at 3:51 am

    ဆရာ ကံချွန်ကတော့ ကြားဖူးနားဝ ဟာသပုံပြင်များ ဆိုပြီး ရေးဖူးတယ် ။ ဆရာလေး ရန်ရှင်း က လဲ ကြားဖူးနားဝ ပြောစကားများ ပေါ့ ဗျာ ။

  • fatty

    June 12, 2011 at 9:35 am

    ကြိုးစားပြီးရေးကြည့်ပါအုံးဖြစ်သွားမှာပါ …….။ ဝါသနာတကယ်ပါတယ်ဆိုရင်ပေါ့။

  • သရော်စာရေးချင်တယ်ဆိုရင် ရိုးရိုးစာလေးတွေအရင်ရေးကြည့်သင့်တယ်။
    သရော်စာဆိုတာ မရေးတတ်ရင် ကလော်ဆဲလိုက်တဲ့အတိုင်းဖြစ်သွားတတ်ပါတယ်။

    • king

      June 12, 2011 at 2:08 pm

      လူကြီးလေသံနဲ့ ဝင်ဖြီးလိုက်အုန်းမှပဲ … 😛
      ဒါပေါ့ ဒါပေါ့ဗျာ
      ဒီလို ရှိတယ်လေဗျ
      ဘာတဲ့ အထိုင်မတတ်တော့ ဖြဲသလို
      အပြောမတတ်တော့ ဆဲသလို ဆိုထားတယ်လေဗျာ
      😛 ( * _ ^ ) 😛

  • manawphyulay

    June 12, 2011 at 1:29 pm

    ဟုတ်ကဲ့ပါ တရော်ကင်ပွန်း ဝယ်ပြီး ခေါင်းအရင်လျှော်ကြည့်ပါမယ် လေးပေါက်ရေ… 😛

  • Yan Shin

    June 12, 2011 at 2:46 pm

    ကျွန်တော် မောင်ရန်ရှင်းလေး နံမည်က ကက်ကင်းမမိဘူးဖြစ်သွားရင် တောင်းပန်ပါတယ်။ စာရေးခြင်တာရယ် ရီစရာ (သရော်တရော်) ရေးခြင်တာရယ် တစ်ခုပဲရှိတာပါ။ ဘယ်သူ့ကိုမှ တကယ်ထိခိုက်နစ်နာ စေလိုသော စေတနာတကယ်မရှိပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့ မပါပါ။ (အားလုံးကိုကျေးဇူးတင်ပါသည်။) မည်သို့ပင် ဖြစ်စေကာမှု ကျွနှုပ် ဆက်လက်ကျိုးစားသွားပါမည်။ သတ်ပုံကို ကြည့်ခြင်းဖြင့် ကျိူးစားမှု့ကို ကြံဖန်အာပေးပါ ခင်ဗျား။

  • captainamerica

    June 12, 2011 at 3:01 pm

    🙂 သတ်ပုံပါမှားနေတယ် သငယ်ချင်းရ……

  • captainamerica

    June 12, 2011 at 3:18 pm

    ကျွန်တော်တို.တကယ်လက်တွေ.လုပ်နေရတာပါ အိပ်ချိန်တေင်မရှိသလောက်ပါပဲ….အကူအဆင့်ပါပဲ
    လူကြီးတွေဘယ်လောက်အလုပ် လုပ်နေလဲကိုယ်တွေ.ပါ လက်တွေ.ကြုံမှနားလည်ျမှာပါ ….စစ်ဘက်မဟုတ်ပါ အရပ်ဖက် ရုံးပါ။ လုပ်တဲ့လူတွေတကယ်လူတွေတကယ်လုပ်နေကြပါတယ်………
    သရော်စရာကိစ္စမဟုတ်ပါ။ကိုယ်ချင်းစာကြည့်ကြပါ..အစိုးရအတွက်မဟုတ်ပါ..တိုင်းပြည်တိုးတက်အောင်တကယ်ကြိုးစားနေတဲ့လူတွေရှိပါတယ်..အစွန်းမရောက်ချင်ပါ…ကိုယ့်တိုင်းပြည်တိုးတက်အောင်လုပ်ဖို.ကိုယ်မှာလည်းအခွင့်အရေးရှိပါတယ်.. လက်တွေ.ကိုယ်ပတ်ဝန်းကျင်ကောင်းအောင်အရင်ကြိုးစားကြည့်ပါ….ကျန်တာ
    နောက်မှထပ်ပြောကြည့်ကြတာပေါ့

Leave a Reply