အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၂၆)

နောက်တော့ ကျွန်တော်လည်း ဂေဟာက ချာတိတ်တွေနဲ့ တော်တော်ကြီးရင်းနှီးလာတယ်။တချို့လည်း

ကျွန်တော့်ထက်ငယ်တယ်။တော်တော်များကတော့ ကျွန်တော့်ထက်ကြီးကြတယ်။ မွန်နား၊ကာလူး၊ပယာရီ၊

ပါဝမ်း၊ဂျာရှင်၊အာဖန်။ သူတို့နဲ့ အပေါင်းအသင်းဖြစ်လာတယ်။ဖာသာတီမိုးသီ ဆီကနေ ဟောဒီဂေဟာ အပို့ခံ

လိုက်ရတာ ကျွန်တော့်အဖို့တော့ နတ်ပြည်ကနေ ငရဲပြည် ပို့လိုက်သလိုပဲ။ဒါပေမဲ့ ဒီက ချာတိတ်တွေနဲ့ အပေါင်း

အသင်းဖြစ်လာတော့မှ ဒီနေရာက သူတို့အတွက် နတ်ပြည်တမျှဖြစ်နေတာ သိလိုက်ရတာ။သူတို့က ဘီဟာတို့

ဒေလီတို့မှာ ရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေကလာကြတာလေ။တစ်ချို့လည်း တိုင်းစွန်နယ်ဖျား၊ မြို့စွန်မြို့ဖျား

က။တစ်ချို့ဆို ဟိုး..နီပေါဘက်ကတောင်ရောက်လာကြတာတဲ့။သူတို့တွေရဲ့ ဘဝဇာတ်လမ်း အဖုံဖုံကို

နားထောင်ရတာလည်း အကောင်းရယ်လို့တောင် မပါဘူး။ဆေးသမား ဖအေ နဲ့ ကြေးစားမအေ က ပေါက်ဖွား

လာတဲ့သူရှိတယ်။လောဘကြီးတဲ့ ဦးလေးတွေနဲ့ ညှဉ်းပန်းတတ်တဲ့ အဒေါ်တွေလက်ထဲမှာ အနှိပ်စက်ခံကြီးပြင်း

လာသူတွေပါတယ်။မဝရေစာနဲ့ အလုပ်ကြမ်းအခိုင်းခံနေရသူတွေ၊အကြွေးမဆပ်နိုင်လို့ ကျွန်ခံနေရသူတွေ၊

မိသားစုတွင်းက မတော်မတရား ကိစ္စတွေ၊ အဲဒါမျိုးတွေ ရှိတယ်ဆိုတာ ကျွန်တော်သိလာတယ်။သူတို့ပြောတာနဲ့

ရဲဆို ကျွန်တော် ကြောက်နေမိတယ်။အဲဒီ ရဲတွေပေါ့..ချာတိတ်တွေကို ဖမ်းပြီး ဒီဂေဟာပို့တာ။လမ်းဘေးမှာ

မုန့်လေး ပဲလေး ခိုးမိတဲ့ ချာတိတ်တွေတို့၊ ရုပ်ရှင်ရုံမှာ မှောင်ခိုလက်မှတ်လေးယူရောင်းမိတဲ့ ချာတိတ်တွေတို့

အဖမ်းခံရတာ။အင်းလေ..သူတို့ကတော့ ရဲသားတွေကို ဘယ်လာပြီး လာဘ် ထိုးနိုင်ပါ့မလဲ။အတော်များများ

ကတော့ ဘလိုင်းကြီး အဖမ်းခံရပြီး ဒီအပို့ခံရတာတဲ့ဗျ။ပြောတာတော့ ရာဇဝတ်အုပ်မင်းများက သူတို့မျက်

ခွက်တွေ သိပ်အကဲမရလို့တဲ့ဗျာ။အင်း.အင်း..ပွင့်ပွင့်လင်းလင်းတစ်ယောက်ပြောတာဖြင့် တို့သောက်ခွက်တွေ

ကို သူတို့က သောက်မြင်ကပ်လို့ပေါ့ကွာတဲ့။

ဒီက ချာတိတ်တော်တော်များများက ရပီတာ (repeaters) တွေ။အဲဒါဘာလဲဆိုတော့ ဒီဂေဟာအုပ်

ချုပ်ရေးဘုတ်အဖွဲ့ဆီကနေ တစ်ယောက်ယောက်က သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်တောင်းပြီး ခေါ်

သွား။နောက်..အဆင်မပြေတော့ ဒီဂေဟာပဲ ပြန်အပို့ခံရတဲ့ ချာတိတ်တွေ။မွန်နားဆိုသူ့အပေါ် ဆိုးဝါးလွန်းတဲ့

သူ့မိထွေးကြောင့် ပြန်ရောက်လာတာတဲ့။ဂျာရှင်ကျတော့ ကြမ်းတမ်းရက်စက်တဲ့ သူ့အစ်ကိုက မနေနိုင်အောင်

ဆော်လွှတ်လို့ ပြန်ပို့ခံရတာတဲ့။ပါဝမ်းကျတော့ သူ့အမျိုးတွေကြောင့်တဲ့။သူ့ကို ဒီက ပြန်ခေါ်ထုတ်သွားပြီး

အရင်အလုပ်ဟောင်းမှာ ပြန်သွင်းပေးကြသတဲ့။အရင်ကအနုပ်စုတ် ကုပ်စုတ် မော်တယ်လေးတစ်လုံးမှာ

သူလုပ်တာတဲ့။ အဲဒါနဲ့ အဲဒီအလုပ်ကိုပြန်လုပ်ရင်း ရဲကမိသွားတော့ ဒီပြန်ပြီး အပို့ခံရတာပဲ။ဒီလို အတွေ့

အကြုံတွေရှိပေမဲ့ ဒီကကောင်လေးတွေအတော်များများကတော့ အရင်တစ်ခါနေလာခဲ့တဲ့ဘဝကို ပြန်လို

ချင်လို့ တသသနဲ့။ဆီပူအိုးထဲပူလို့ ဘယ်ရောက်ရောက်ဟဆိုပြီး ခုန်ထွက်ဖို့လည်း အဆင့်သင့်ပဲ။သေချာ

တာတော့ မီးဖိုထဲရောက်ရင်ရောက်၊မရောက်ရင် ပြာပူထဲကျမှာပဲ။

ဘာမှတောင် မကြိုးစားရဘဲနဲ့ သူတို့ထဲမှာ ကျွန်တော်ဆရာကြီးဖြစ်လာတာ။ကျွန်တော်ကထွားလို့လဲ

မဟုတ်ဘူး။ဖိုက်တာလုပ်လို့လည်း မဟုတ်ဘူး။ကျွန်တော့် အင်္ဂလိပ်စာစွမ်းရည်ကြောင့်ပဲ။ကျွန်တော့်လို

မိဘမဲ့ချာတိတ်ကလေးက ဒီလိုမှော်ဘာသာစကား(သူတို့အထင်ပါ)ကို ပြောတတ် ဖတ်တတ်တာကြောင့်

ဂေဟာအုပ်ချုပ်ရေးပိုင်းကလူတွေတောင် လှုပ်လှုပ်ရှားရှားဖြစ်သွားသေးတယ်။ဂေဟာအုပ်ချုပ်ရေးမှူး

ကတော့ ကျွန်တော့်ကို ရံဖန်ရံခါ ဘယ်လိုလဲကွ ဘာညာ မေးဦးမှာပဲ။အားကစားနည်းပြကတော့

ရှေ့ဝင်းထဲက ကရော်ကမယ် ကစားကွင်းမှာ ခရစ်ကတ်တွေ ဘာတွေတောင်ကစားဖို့ ခွင့်

ပြုသေးတယ်။လေးပွဲ ငါးပွဲလောက်တော့ ကောင်းကောင်းဆော့လိုက်ရပါတယ်။နောက်တော့

မွန်နားကြောင့် အဆောင်မှူး ပြတင်းပေါက်မှန်ကွဲပြီးကတည်းက ဘာအားကစားနည်းမှ ကွင်းထဲ

မဆော့ရတော့တာ။မျက်နှာကြောတင်းတဲ့ စာဖိုမှူး(အမှန်တော့ စာဖိုမှူးလို့ခေါ်ထိုက်တဲ့သူ မဟုတ်ပါဘူး

..ထမင်းချက်လို့ ပဲဆိုသင့်တဲ့သူ)တောင် တစ်ခါတလေ ကျွန်တော့်ကို ဟင်းလေးကျွေးလေး ပိုထည့်ပေး

တတ်သေးတယ်။ဂုတ်ပတား လည်း ဘယ်တော့မှ ညပိုင်း သူ့အခန်းထဲ ကျွန်တော့်မခေါ်ပါဘူး။ဂေဟာ

ဆရာဝန်ကလည်း အေးဆေးပဲ။ကျွန်တော် အာရုံနောက်လာပြီဆို သီးသန့်ဆောင်ထဲ ချက်ချင်း ရွှေ့

့ပေးတာပဲ။(သူတို့မျက်နှာသာပေးတာ ဘာကြောင့်ဆိုတာ နောက်တော့ သိလာမယ်။အဲဒီချိန်တော့

မသိသေးဘူးပေါ့။)

 

**********************************

 

သီးသန့်ဆောင်မှာ ကျွန်တော်တစ်ယောက်တည်း အေးအေးလူလူ နေနေတာ နှစ်ပတ်လောက်ပဲ။

နောက်ခုတင်တစ်လုံး မရောက်ခင်ထိပေါ့ဗျာ။ချာတိတ်အသစ်လေး တစ်ယောက်ရောက်လာတယ်။တော်တော်လေး

အခြေအနေဆိုးတယ် ပြောတာပဲ။ဟုတ်မှာဗျ။ နေ့လည်ပိုင်းလောက်မှာ သူ့ကိုလူနာတင်တဲ့ ထမ်းစင်နဲ့တောင်

သယ်ပြီးခေါ်လာတာ။သူဝတ်ထားတဲ့ လိမ္မော်ရောင် စွပ်ကျယ်အင်္ကျီလေးက စုတ်ပြဲနေတာပဲ။ဘောင်းဘီတိုလေး

ကလည်း ညစ်ထေး ပေါက်ပြဲလို့။လည်ပင်းမှာ အဝါရောင်ကျုတ်လေးနဲ့ လက်ဖွဲ့လားအဆောင်လား

မသိဘူး။အဲဒါလေး ဆွဲလျက်နဲ့။အဲဒါ ကျွန်တော်နဲ့ ဆလင်း..ဆလင်းအီလျာဆီ စတွေ့တဲ့အခါပဲ။

ဆလင်းနဲ့ ကျွန်တော်နဲ့ကတော့ ဘာမှမဆိုင်ဘူး။ကြည့်လေ ဆလင်းက အသားအရည်က ဖြူဖြူစင်စင်။

မျက်နှာကလည်း ကြည်လင်လင်နဲ့ အပြစ်ကင်းစင်တဲ့ ပုံ။  ပြုံးလိုက်ရင် ပါးချိုင့်လေး နှစ်ဘက်နဲ့။သူ့အသက်က

ခုနစ်နှစ်သားပဲ ရှိသေးပေမဲ့ စိတ်ကတော့ ဒဏ်ရာကြီးကြီးရထားတဲ့ပုံ။လူကတော့သွက်သွက်ထက်ထက် ရှိပေမဲ့

စိတ်ဒဏ်ရာကြောင့် မယုံသင်္ကာနဲ့ မေးလားစမ်းလား တော့ရှိတယ်။သူ့ဘဝအကြောင်းကိုတော့ ခပ်တိုတို

ပဲပြောပြပါတယ်။သွက်သွက်လက်လက်တော့မရှိဘူး။အထစ်ထစ်အငေါ့ငေါ့နဲ့။

သူက ဘီဟာနယ်ထဲမှာရှိတဲ့ ရွာလေးတစ်ရွာက ဆင်းဆင်းရဲရဲ မိသားစုကတဲ့။ရွာမှာတော့ အများအားဖြင့်

ဆင်းရဲသားလယ်သမားတွေများတာ။ပိုက်ဆံရှိတဲ့ လယ်ရှင်တချို့တော့ ရှိသတဲ့။တစ်ရွာလုံးလိုလိုကတော့

ဟိန္ဒူတွေချည်းပဲ ဆိုပါတော့။အဲ..ဆလင်း တို့လို မူဆလင်မိသားစုတွေလည်း တစ်စုနှစ်စုတော့ ရှိတယ်။

သူ့အဖေကတော့ လယ်ကူလီ အလုပ်ကြမ်းသမား။အမေကတော့ အိမ်မှာပဲ အိမ်မှုကိစ္စလုပ်ပေါ့။သူ့အစ်ကို

ကတော့ ရွာလက်ဘက်ရည်ဆိုင်လေးမှာ စားပွဲထိုးလုပ်တယ်။ဆလင်းကတော့ ရွာကကျောင်းလေးမှာပဲ

ကျောင်းတက်နေတာ။နေတာတော့ အစွန်အဖျားမှာ သက်ကယ်မိုး တဲကုပ်လေးနဲ့။

လွန်ခဲ့တဲ့ တစ်ပတ်က.. အေးစက်ပြီး မြူတွေထူလွန်းတဲ့ ဇန်နဝါရီလထဲမှာ သူတို့ရွာက

ဟာနုမာန်ကျောင်းတော်မှာ ပြဿနာတစ်ခု ဖြစ်သွားခဲ့တာတဲ့။ဖြစ်ပုံက အဲဒီဟာနုမာန်ကျောင်းတော်

ထဲကို တစ်ယောက်ယောက်က ခိုးဖောက်ဝင်ပြီး မျောက်မင်းရုပ်တု ကို မတော်တရော် လုပ်သွားခဲ့သတဲ့။

ဘယ်လို မတော်တရော်လဲဆိုတာတော့ ဆလင်းလည်း သေချာမသိရှာဘူး။အဲ..ကြမ္မာဆိုးကတိုးချင်တော့

အဲဒီကျောင်းက ဘုန်းတော်ကြီးက မူဆလင်ချာတိတ်တွေ ကျောင်းနားမယ် လမ်းသလားနေတာ မြင်မိ

တယ်လို့ ဆိုလိုက်တာပဲ။ဟား..အဲဒီစကားလည်းကြားရော ဟိန္ဒူတွေ ဒေါသအမျက် ချောင်းချောင်းထွက်

လာသပေါ့။ဘာပြောကောင်းမလဲ တစ်ရွာလုံးက ဟိန္ဒူတွေ ရရာလက်နက်စွဲပြီး မူဆလင်အိမ်တွေကို ဝိုင်း

ကြတာပေါ့။မြက်ရှင်းဓားတွေ၊ပေါက်ဆိန်တွေ၊တုတ်တွေ၊ မီးတုတ်တွေ ကိုင်လို့ ဒေါသတကြီးနဲ့ကို

အော်ဟစ်ပြီး ဝိုင်းထားကြတာ။ဆလင်းက အဲဒီအချိန် အပြင်မှာ ဆော့နေတာ။သူ့အဖေ၊သူ့အမေ၊သူ့အစ်ကို

သုံးယောက်စလုံးက တဲထဲမှာ လက်ဘက်ရည်သောက်နေကြတာ။နောက်တော့..အင်း..ဆလင်း..

သူ့မျက်စိရှေ့မှာပဲ သူ့မိသားစုတစ်စုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတော့ပဲ။

ဘယ်သူ့မှ အလွတ်မပေးဘူး အဲဒီလူရမ်းကားတွေက။နောက်ဆုံး သူတို့တဲကို မီးနဲ့တင်ရှို့လိုက်တာ။သူ့

အမေရဲ့ တွန့်လိမ်သွားတဲ့ အမူအရာ၊သူ့အဖေရဲ့ နာနာကျည်းကျည်း အော်လိုက်တဲ့အသံ၊သူအစ်ကိုရဲ့

ကြောက်လန့်တကြားငိုကြွေးမြည်တမ်းသံ..အဲဒါတွေက ဆလင်း မျက်လုံးထဲက..နားထဲက ဘယ်တော့

မှ မထွက်နိုင်အောင် ပဲ့တင်ထပ်ပြီးကျန်ခဲ့တာပေါ့။ဆလင်းလည်းဘူတာဘက်ကို အသားကုန်ပြေး

တွေ့ရာရထားကိုတက်စီးလာခဲ့တာပေါ့။အဲဒီရထားက သူ့ကို ဒေလီ ပို့လိုက်တာပဲ။အစာမရှိ၊အဝတ်မရှိ၊

မျက်နှာသိလည်းတစ်ယောက်မှ မရှိတဲ့ ဒေလီ။ပလက်ဖောင်းပေါ်မှာ အငတ်ငတ်အပြတ်ပြတ်နဲ့

နှစ်ရက်လောက် ခမျာလေးမှာလဲနေရှာတယ်။ဇန်နဝါရီလကြီးဆိုတော့ အဝတ်အစားတောင်

လုံလုံခြုံမရှိတဲ့ ဆလင်းတစ်ယောက် အေးလွန်းလို့ ..သတိလစ်မတတ်လည်း ဖျားနေတော့တာပေါ့။

ရဲသားတွေ အချိန်မီတွေ့သွားလို့သာ သူမသေတာ။ရဲတွေကပဲ သူ့ကို ဒီဂေဟာပို့လိုက်တာပေါ့။

ဆလင်းက ညညဆို သူအိပ်မက်ဆိုးတွေမက်တာပဲတဲ့။လူရမ်းကားတွေရဲ့ သွေးဆာနေတဲ့

ဒေါသတကြီး အော်ဟစ်ကြုံးဝါးသံတွေ၊သူ့အမေ ရဲ့တွန့်လိမ်သွားတဲ့ အမူအရာ၊နာကျင်စွာအော်လိုက်တဲ့

အသံတွေ နားထဲကမထွက်ဘဲ ပဲ့တင်ထပ်နေတယ်။ပြီးတော့ သူ့အစ်ကို မီးတောက်တွေထဲမှာ သွေး

ရူးသွေးတန်း ပြေးလွှားနေတာ။နောက်တော့ ဆလင်း က ဟိန္ဒူတွေဆို ကြောက်လည်းကြောက်၊

မုန်းလည်း မုန်းတီးလာမိတော့သတဲ့ဗျာ။သူ ပြောလို့ပြီးတော့ ကျွန်တော့်ကို လှမ်းကြည့်ပြီး

နာမည်မေးတယ်။

“ငါ့နာမည် မိုဟာမက် ပါ” လို့ ကျွန်တော်ပြောလိုက်မိတယ်။