Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်ကလေးများ လမ်းသွားရင် သတိထား..

we R oneJune 16, 20111min47318

အခုတစ်လော မှမဟုတ် ၊ အရင် ကလည်း ရှိမှာပါ။ လမ်းသွားနေတဲ့ မိန်းကလေးတွေ ကို လိုက်နှောက်ယှတ် တာမျိုး ၊ ကားပေါ်မှာ လိုက်နှောက်ယှက်တာမျို။ နှောက်ယှက်တယ် ဆိုတာမျိုးက အမျိုးမျိုးရှိတယ်။ ရည်းစားစကား လိုက်ပြောရင် ပြန်မကြိုက်နိုင်တဲ့ မိန်ကလေး အတွက်တော့ အနှောက်အယှက်ပဲ။

အခု ကျွန်မ သူငယ်ချင်းကြုံ တွေ့ခဲ့တာ က တော်တော့ ကို စိတ်ပျက် ၊ ရွံ ရှာဖွယ်ကောင်တယ်။ကျွန်မ သူငယ်ချင်း က အင်းလျားလမ်း က Company တစ်ခုမှာ အလုပ်လုပ်ပါတယ်။ မနက် ၈ နာရီခွဲ အရောက် ဝင်ရပါတယ်။ မနေ့က မနက်ပိုင်း 8 နာရီကျော်ကျော် လောက်မှာ သူ့ လုပ်ဖော်ကိုင်ဖက် ကောင်မလေး တစ်ယောက်နဲ အတူ လှည်းတန်းက နေ သူ့ အလုပ်သို့ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း စကားတပြောပြောနဲ လမ်းလျှောက်လာပါတယ်။ သူတို့ နောက်ကနေ လူတစ်ယောက်စကား ပြောပြီးလိုက်လာတာ ကိုတော့ 2 ယောက်စလုံးက သိတယ်။ သူလည်း သူ့လည်း သူသွား ကိုယ်လည်း ကိုယ့်လမ်း ကို သွားလို့ တွေးမိပါတယ်တဲ့။ သူပြောတဲ့ စကားသံ ကိုသေချာတော့ မကြားရဘူးလို့ ဆိုပါတယ်။ နောက် အဲဒီ လူက တဖြည်းဖြည်း နီးလာ ပြီ ပြောတဲ့စကားလုံးတွေ က လည်း ပိုုပြီး ပီပြင်လာတယ် ။ အဲဒီ လူက မိန်းကလေး တစ်ယောက် ဘယ်လိုမှ နားထောင်လို့မရတဲ့ မကြားဝံမနာ သာ စကားလုံးတွေ ဖြစ်နေတယ်။ ပြောရရင်တော့ ပါးစပ်နဲ အရသာခံ လိုက်စော်ကားတာပါပဲ။

ကျွန်မ သူငယ်ချင်တင်မက ဘူး နောက်မိန်းကလေး လည်းတွေ လည်း တော်တော် များများ ကြုံတွေ့ရဖူးတယ်တဲ့။ တချို့ က နုတ်နဲ မဖွယ်မရာ ပြောတယ်။ တစ်ချို့ က ကိုယ်အမူအရာ နဲ မဖွယ်မရာ လုပ်ပြတယ်။တစ်ချို့လည်း ကားပေါ်မှာ။

တော်တော့ ကို စိတ်ပျက် ရွံရှာဖွယ်ကောင်းတဲ့ အပြုအမူ အပြောအဆိုတွေပါဘဲ။ နှမချင်း ကိုယ်ချင်းစာ ဖို့ ကောင်းပါတယ်။

weRone

18 comments

  • နွယ်ပင်

    June 16, 2011 at 7:54 am

    ဒီလိုလူမျိုးတွေက အများကြီးပါ မနေ့ကတောင် အဲလိုလူမျိုးတစ်ယောက်နဲ့ ကြုံခဲ့တဲ့အကြောင်းကို သူငယ်ချင်းက ပြောပြေနေသေးတယ် . သူတို့က ပါးစပ်နဲ့လဲ အရသာခံပြီးပြောတက်သလို အမူအရာနဲ့လဲ အရသာခံတက်ကြတယ် .

  • cobra

    June 16, 2011 at 8:35 am

    ဒီလိုကောင်မျိုးတွေအများကြီးပါ။
    busပေါ်မှာလည်းထောက်လှမ်းရေးတွေကရှိသေးတယ်။

  • king

    June 16, 2011 at 9:07 am

    ဘာတွေပြောကြပါလိမ့်ဗျာ ….
    ပြော့မယ့်အစား ရွာထဲမှာ လျှောက်ရေးရင်
    ပွိုင့်တွေရမှာ ..
    😛

  • နီလေး

    June 16, 2011 at 9:14 am

    မိ်န်းကလေးတွေအတွက် သတိထားလို့ရတာပေါ့

  • ဆူး

    June 16, 2011 at 11:37 am

    ကြုံရာနဲ့ လှည့်တီး လိုက်ပါလား။
    လက်သံ ပြောင်မှန်း သိရင် မလုပ်ရဲတော့ဘူး။

    • maythakhin

      June 16, 2011 at 5:05 pm

      ဟုတ်တယ်။ဒါရှက်စရာမှ မဟုတ်တာ။ ပိုက်ဆံအိတ်နဲ့လည်း မျက်နှာကို ဖြတ်တီးလို့ရတယ်။ မေတို့ ငယ်ငယ်တုန်းက ပွဲဈေးတွေသွားရင် ချိတ်ကြီးတစ်ချောင်းဆောင်သွားတယ်။ လက်သရမ်းလို့ကတော့ ချိတ်ကအပ်နဲ့ထိုးပစ်လိုက်တာပဲ။သူတို့လုံးဝမအော်ရဲဘူး သူတို့အပြစ်နဲ့သူတို့လေ။ ဒီကိစတွေကကြောက်စရာမလိုဘူး။ လူပြတ်တဲ့နေရာမှာဆိုရင်တော့တမျိုးပေါ့။လူရှိတဲ့နေရာမှာဆိုရင်တော့ လှည့်သာတီးထည့်လိုက်။

    • nature

      June 17, 2011 at 6:48 pm

      ဆူးရေ၊ မိန်းခလေးတွေဟာ ယောကျာင်္း လေးတွေကို အားချင်းယှဉ်လို့မနိုင်နိုင်ပါဘူး၊ တဖက်လူကတကယ်ကို မိုက်ရိုင်းရမ်းကားတဲ့သူတွေဖြစ်ရင် အငြိုးနဲ့ စောင့်ပြီးလုပ်ကြံမှာစိုးရတယ်၊ အားရှိတဲ့သူကိုယှဉ်ပြိုင်ရင် ဉာဏ်ကိုသုံးရတယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့ မသင့်ဘူးလို့ထင်တယ်။ ဒါပေမဲ့သူတို့မျက်နှာကိုတော့ မှတ်မိအောင်ကြည့်ထားပြီးတွေ့ရင်ရှောင်တာကောင်းမယ်ထင်တယ်။

      (မိမိကြံရေးမရောက်သေး၊ချိန်လေးဤအတွင်း
      ရန်သူကိုပင်ပခုံးတွင်၊ထမ်းစင်သို့ဆောင်နှင်း
      အကြံအောင်မှုယင်းရန်သူခွဲယူဖျက်ကြမင်း
      ကျောက်၌ဆောင်ရွက်အိုးတူမြွက်၊ခွဲဖျက်ပမာချဉ်း။)

  • စုံ စုံ

    June 16, 2011 at 11:48 am

    ဒါဆိုရင်တော့မနေ့ကမှကိုယ်တွေ့ကြုံခဲ့တာကိုပြောလိုက်ဦးမယ်
    မနေ့ကပေါ့ဘားလမ်းမှတ်တိုင်ကနေသုံးနေကြအင်တာနက်
    ဆိုင်ကိုလမ်းလျှောက်သွားတာ.အလွန်ဆုံးကြာမှ၅မိနစ်လောက်ဘဲ
    ကြာမှာပါ.မိုးကလဲရွာနေတယ်ဆိုတော့ထီးတဖက်နဲ့လမ်းကိုသေချာ
    လျှောက်နေရတာလေ.အနောက်ကနေစကားသံတော့ကြားတယ်
    ပထမတော့သတိမထားမိဘူး.နောက်မှသတိထားမိတော့
    အမယ်လေးလေး…ပြောနေတဲ့စကားကဘယ်လိုမှကိုသူများကို
    ပြန်ပြောလို့မကောင်းတဲ့စကားဖြစ်နေတယ်လေ.
    အဲ့ဒါနဲ့အင်တာနက်ဆိုင်ထဲကိုဝင်ခါနီးအနောက်ကိုလှည့်ကြည့်လိုက်တော့လေ
    မုတ်ဆိတ်ထူလဗျစ်နဲ့ကုလားကြီးဖြစ်နေတယ်.
    ရွံလိုက်တာအရမ်းဘဲ
    အဲ့လိုမျိုးဘဲဘားလမ်းထဲမှာအပြောခံရတာ၂ခါရှိနေပြီ
    အပြောခံရတဲ့၂ခါလုံးလဲယူနီဖောင်းနဲ့ဘဲ
    အဲ့လိုမျိုးလူယုတ်မာတွေရှိနေတာအမျိုးကောင်းသမီးတွေဘယ်လို
    သွားလာရမှန်းကိုမသိတော့ပါဘူးတကယ်
    စိတ်ပျက်ဖို့အလွန်ကောင်းတယ်:(

  • antimoe

    June 16, 2011 at 12:38 pm

    တခါမဟုတ် နေ့တိုင်းကြုံနေရတယ်ဆိုရင်..
    HP , MP3 တခုခုနဲ့ အသံသွင်းဖို့ ကြိုတင်လုပ်လာပါ။
    နဘေးမှာ လာကပ်ပြောတာနဲ့…ခလုတ်နှိပ်ပါ။
    လမ်းထိပ်မှာ ရဲတွေရှိတယ်။
    အဲဒီလူကို လက်ညှိုးထိုးပြီး …နေ့စဉ်လိုက်နှောင့်ယှက်နေကြောင်းပြောပြပါ။
    အားလုံးသိုသိုသိပ်သိပ်လုပ်။
    လုပ်ဖြစ်အောင်လုပ်။

    • king

      June 16, 2011 at 3:26 pm

      အဲလိုမျိုးတွေလုပ်ကြစမ်းပါ
      မြန်မာပြည်က မိန်းကလေးတွေ အရာရာကို ရင်ဆိုင်နိုင်ကြောင်းပြလိုက်ပါ
      ဒီလူတွေကြောင့်လည်းခက်ပါတယ်
      သူတို့ကြောင့် နာရည်းစားမရရင်တော့ …..
      အားလုံးကို ဖြတ်ပစ်မယ်
      (မှတ်ချက် သံယောဇဉ်)
      😛

  • unclegyi1974

    June 16, 2011 at 3:20 pm

    ဒီဂျစ်တယ်ခေတ်ကြီးမှာ
    အသံနဲ့ရုပ်က်ိုရအောင်ယူ
    သက်ဆိုင်ရာကိုတိုင်သင့်ပါတယ်
    သက်ဆိုင်ရာကလည်းထိရောက်စွာအရေးယူသင့်ပါတယ်
    ရုူနီ ကအင်းယားလမ်းဆိုတော့မပြောလိုသော်လည်း
    စုံစုံကလူအများကြီးရှိတဲ့ဘားလမ်းမှာပါ
    ဘယ်သူမှဘာမှဝင်မပြောဖူးလား
    ကြားသူရှိရဲ့နဲ့ဘာမှဝင်ပြော ဝင်မတားရင်
    ဒါကောင်းတဲ့လက္ခဏာမဟုတ်ပါဖူး
    နောက်ဆိုဒါထက်ဆိုးတာတွေဖြစ်လာမှာပါ
    သက်ဆိုင်ရာကလည်းမိလို့ပစ်ဒါဏ်ချရင်မှတ်မလောက်တဲ့ပစ်ဒါဏ်ချသင့်ပါတယ်
    ဥပမာ ထောင်ဒါဏ် ၅ နှစ်

  • စုံ စုံ

    June 17, 2011 at 2:43 am

    ဒီလိုunclegyi ရဲ့
    ပထမစကားသံတော့ကြားတယ်
    သူပြောနေတာလဲအကျယ်ကြီးမဟုတ်ဘူးဆိုတော့
    သူများတွေတော့ကြားလောက်မယ်မထင်ဘူး
    ကိုယ့်ကိုပြောနေတယ်လို့လဲမထင်ဘူးလေ
    နောက်တော့မသင်္ကာတော့မှသေချာနားထောင်ကြည့်တော့မှ
    ကိုယ့်ကိုပြောနေမှန်းသိတာ
    သိသိချင်းတော့အဲ့လောက်ရိုင်းရိုင်းတွေပြောနေတာကိုချက်ချင်း
    လဲလှည့်မကြည့်ရဲဘူးလေ
    လှည့်ကြည့်လိုက်လို့ကိုယ့်ကိုဒီထက်မကထပ်ပြောလာမှာကိုလဲ
    မသိစိတ်ကစိုးရိမ်မိသွားတာလဲပါပါတယ်
    နောက်တခါဒါမျိုးကြုံရင်တော့သတ္တိရှိအောင်မွေးထားမှ
    အန်တီမိုးတို့အန်ကယ်ကြီးတို့ပြောသလိုလုပ်နိုင်အောင်ပေါ့

  • chitlay

    June 17, 2011 at 4:19 am

    မိန်းကလေးတော်တော်များများ အဲ့လိုအဖြစ်မျိုး ကြုံဖူးကြပါတယ်..။
    တကယ်တမ်း တိုင်ဖို့ကြတော့ သူတို့ပြောတဲ့ဟာတွေကို ကိုယ့်နှုတ်က ပြန်ပြောဖို့မဝံ့တာရယ် အဲ့လိုအခြေအနေနဲ့ကြုံတဲ့အချိန်မှာ လူကထူပူပြီး ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ချက်မချနိုင်တာတွေကို အခွင့်ကောင်းယူပြီး သူတို့ကကျူးလွန်နေကြတာပါ..။
    antimoe ပြောသလို အသံသွင်းထားတယ်ဆိုရင်တော့ သက်သေကလည်းရှိတော့ သူတို့လည်းငြင်းလို့မရတော့ဘူးလေ ..။

  • ဆူး

    June 17, 2011 at 4:09 pm

    ဒါနဲ့ စကားမစပ် ဒီပိုစ်မှာ ကွန်မန်းတွေကို အနုတ်လိုက်ပေးနေတဲ့ လူက မိန်းမတွေကို လိုက်နှောက်ယှက်တာကို ဝါသနာ ထုံတဲ့ လူတွေ နဲ့တူတယ်။
    တုန့်ပြန်ချက်တွေ ဆွေးနွေးချက်ကို ကြားတော့ အသည်းခိုက်အောင် နာတယ် ထင်ပါရဲ့..
    ကဲ ကိုယ့် အကြောင်း ကိုမလုံရင်တော့ နောက်ထပ် တခါ အနုတ် ပေးလို့ရတယ်။

  • yin min

    June 17, 2011 at 5:06 pm

    i made it + .so – it already delete

  • nature

    June 17, 2011 at 5:47 pm

    ရဲစခန်းကိုကြိုပြီးတိုင်ထားလို့မရဘူးလား။ ဒီအချိန် ဒီနေရာမှာ လိုက်နှောက်ယှက်နေပါတယ်ဆိုပြီး ရဲစခန်းမှာတိုင်ထားပြီးစောင့် ဖမ်းရင်ရောမကောင်းဘူးလား။ အသံသွင်းတာလည်း ကောင်းတာပဲ။

  • etone

    June 18, 2011 at 4:42 am

    အဲ့ဒီလို အပြောခံရတဲ့အခါ မိန်းကလေးအတော်များများက တခြားလူကို ပြန်ပြောရမှာ အကူညီတောင်းရမှာ ရှက်သလို ကိုယ်တိုင်လည်း ထိရောက်တဲ့ တုံ့ပြန်မှူမျိုး လုပ်တာ မတွေ့ရဘူး … ။ ခဏတာကြောင်သွားမိတာပါ … တခါမှလည်း မကြားဖူးပဲကိုး ။

    etone ကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါတယ်… ။ လျှပ်တပြတ်သူဘာပြောလိုက်ပါလိမ့်…. တွေးနေတဲ့အချိန် လေးငါး စက္ကန့်…. သတိဝင်လာပြီး ဖိနပ်နဲ့ ချွတ်ပေါက်မိလိုက်တယ်… ။ မရှောင်ရင် လွတ်တယ်ဆိုတဲ့ တွတ်ပီရဲ့ ပစ်ချက်လိုပဲ မထိလိုက်ဘူး …။ ငနဲက မြန်မှမြန် လမ်းချိုးထဲ လစ်သွားရော… ။ ဘေးကလူတွေကတော့ ဒီကောင်မလေး ရိုင်းလိုက်တာ ဖိနပ်နဲ့တောင် ပစ်တယ် ထင်ကြမှာပဲ … ထင်ချင်တာထင်ပေါ့ ဂရုမစိုက်ဘူး … ခပ်တည်တည်နဲ့ ဖိနပ်လိုက်ကောက် ၊ပြန်စီးပြီး လိုရာခရီးဆက်သွားတော့တယ်… ။ အဲ့ဒါက တယောက်တည်းလမ်းလျှောက်ပြီး ၊ ကျောင်းတတ်တုန်းက အဖြစ်ပျက်ပါ … အခုတော့ ဒါမျိုးတွေ မကြုံရတော့ပါဘူး ။

  • winnmyo

    June 18, 2011 at 5:04 am

    ရဲစခန်းဘက်ကိုမယောင်မလည်နဲ့ခေါ်သွားပြီးဖမ်းခိုင်းရမှာ။ အဲဒါမှသေနာကောင်တွေမှတ်မှာ…..

Leave a Reply