Spider-ပင့်ကူတစ်ကောင်နဲ့ အိပ်ကြည့်ပါ…
တစ်နေ့က အိပ်ရာကတစ်ရေးနိုးတော့ ခြင်ထောင်မှာ ပင့်ကူတစ်ကောင်ကပ်နေတာ တွေ့လိုက်တယ်။ ဘေးမှာ အသင့်တွေ့ရတဲ့ ပေတံကို ထောင်ပြီး ဓါတ်ပုံရိုက်ယူလိုက်ပါတယ်။
ခြင်တစ်ကောင်နဲ့ အိပ်ကြည့်ပါဆိုတဲ့ စာအုပ်တစ်အုပ်အကြောင်းကြားဖူးပါတယ်။ ပင့်ကူတစ်ကောင်နဲ့ အိပ်ရတဲ့ အရသာကိုတော့ စာဖတ်သူများ ခံစားကြည့်ပါဦး။
5 comments
susunosuki
June 18, 2011 at 8:22 am
ပုံတင်တာ ကြာပါတယ်လို့ထင်နေတာ ဆိုဒ်ကြီးဖြစ်နေပါတယ်။ ကွန်မကောင်းလို့ ကြည့်မရလဲ သည်းခံပေးပါဦး။
kai
June 19, 2011 at 8:25 am
ပုံသေးပေးလိုက်ပါတယ်..။
ဘာလို့ ပင့်ကူနဲ့တူတူအိပ်ချင်ရတာလည်း..။ တညလုံး.. အိမ်မက်ဆိုးတွေမက်ရော့မယ်..။
မတော်နားထဲဝင်ရင်.. ဆေးရုံမရောက်လား..။
သတ်ပစ်လိုက်ဖို့ကောင်းတယ်..။
သတ်ချိန်ဟာ.. စုစုပေါင်း ၅စက္ကန့်တောင် ကြာမှာမဟုတ်ပေမဲ့.. တညလုံးအကုသိုလ်စိတ်တွေ ဝင်နေထွက်နေမှာတွေအတွက်… အင်မတန်တန်ဖိုးရှိမှာပဲ..။
ဆူး
June 19, 2011 at 9:14 am
ငယ်ငယ်က နေတဲ့ အိမ်မှာ ဆို ပင့်ကူ အကြီးကြီးတွေ လျှောက်သွားနေတာ မြင်ရတယ်။
ပင့်ကူ ဥက ဖြူဖြူကြီး မတ်စိလို အဝိုင်းပြားပြားကြီး..
အခုတော့ အဲဒီလို ပင့်ကူမျိုး သိပ်မမြင်ရတော့ဘူး။
char too lan
June 19, 2011 at 9:45 am
ပေတံနဲ့ ဘာလို့ကောက်တိုင်းရသေးတာလဲ ဘယ်လောက်ကြီးလဲ ကြွားချင်ဒါလား ….. 😛
intro
June 19, 2011 at 11:22 am
သတိထားဗျို့… နောင်ဆို မြွေတစ်ကောင်နှင့် အိပ်စက်ခြင်းတွေ ဖြစ်လာနိုင်တယ်….. 🙂