Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သဘာဝတရားရိပ်သာ (သို့) အားကိုးရာအစစ်ကို ရှာဖွေသူများအတွက်

True AnswerJune 18, 20111min3218

သဘာဝတရားရိပ်သာသည် ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ တာဝတက္ကသိုလ်အနီး (သို့) သန်လျှင်ဘုရားကုန်း ကျိုက်ခေါက်ဘုရားအနီး တွင် ရှိပြီး၊ ဧက ၆ဝ ကျော် ကျယ်ဝန်းပါသည်။

ဘုရားရှင်၏ သာသနာကျယ်ပြန့်ဖို့ ဘုရားရှင်ကို နမူနာယူပြီး တရားအားထုတ်သော အလုပ်ကိုသာ အဓိက ထားသည့် ရိပ်သာဖြစ်ပါသည်။

တရား ရိပ်သာ အဖြစ် ဝိပဿနာ-ပရိပတ်လုပ်ငန်းကို အဓိကထားသင်ကြားပေးသည့်အပြင် –
တရားအားကိုးချင်သော်လည်း အခြားရိပ်သာများမှ လက်မခံ နိုင်သော သက်ကြီး ရွယ်အိုများ၊ လူမမာများကိုပါ ကူညီစောင့်ရှောက် ပေးသောနေရာဖြစ်သဖြင့် သက်ကြီးရွယ်အိုများ၊ အဖေါ်မဲ့ အထီးကျန် ခိုကိုးရာမဲ့များ မှီခိုအားထားရာ နေရာ ဖြစ်ပါသည်။

တရားအားထုတ်သဖြင့် စိတ်ပူပန် ဖိစီးမှု လျော့နည်း သွားသော ကြောင့် လူမမာများ အတွက်လည်း ရောဂါသက်သာပျောက်ကင်းရာ နေရာ ဖြစ်ပါသည်။ ဒုကိ္ခတများ၊ မျက်မမြင်များ၊ ဆရာဝန်လက်လျော့သော ကင်ဆာရေဂါသည် နှင့် အခြားဝေဒနာသည်များ၊ အိပ်ယာထဲလဲနေသူများ၊ ပင်စင်စားများ စိတ်သက်သာ အေးချမ်းစွာ တရားရိပ်ခိုလှုံရာ နေရာ ဖြစ်ပါသည်။

အဓိကလိုအပ်ချက်များဖြစ်သော စားဝတ်နေရေးနှင့် ကျန်းမာရေး ပြဿနာများ ပြေလည်စေရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ဖြေရှင်း ပေးထားသောကြောင့် လူကြီးလူငယ် မရွေး၊ လူမမာ များပါမကျန် တရား အလုပ်တစ်ခုတည်းကိုသာ ဇောက်ချလုပ်နိုင်သော နေရာဖြစ်ပါသည်။

ဘုရားသာသနာ၏အနှစ်သာရဖြစ်သော မှန်ကန်သည့်မဂ္ဂင် အကျင့်စစ်ကို နားလည်အောင် အမှန်တကယ် ကြိုးစားအားထုတ် နေသူများ၏ စုဝေးရာနေရာလည်းဖြစ်ပါသည်။

အိုးပစ် အိမ်ပစ်ဖြင့် ရိပ်သာတွင် အပြီးနေထိုင်ပြီး တရားအလုပ်ကို ဇောက်ချလုပ်နေသူများလည်း အများအပြားရှိပါသည်။

အပေါ်ယံ ကျင့်ကြံအားထုတ်ဖို့က လွယ်သော်လည်း နက်နက်နဲနဲ လိုရင်း ရောက်အောင် ကျင့်ကြံ အားထုတ်ဖို့က ခက်ခဲပါသည်။ ဟောကြားသော တရားတိုင်းသည်လည်း တကယ်ကျင့်ကြံအားထုတ် နေသူများအတွက် ထိရောက်သော လမ်းညွှန် အလုပ်ပေးတရားများသာဖြစ်ပြီး ဘုရားရှင် ကျင့်စေချင်သည့် လိုရင်း (ဓမ္မာနုပဿနာထိ) ရောက်အောင် ကျင့်ကြံအားထုတ် တတ်စေရန် ကိုယ်တိုင်ကျင့်ကြံအားထုတ်ခဲ့သည့်အတိုင်း ပြန်လည် အကူအညီ ပေးခြင်းသာဖြစ်ပါသည်။

ထက်သန်သောစေတနာရှင်အများအပြား၏ လှူဒါန်းငွေများဖြင့် လိုအပ်သူများကို လိုအပ်သလို ကောင်းမှုကုသိုလ်ပြုရာ နေရာလည်း ဖြစ်ပါသည်။

ရိပ်သာမှ အစစအရာရာ အခမဲ့ကူညီမှုအပြင် ပြင်ပမှ အလှူရှင် များ၏ မကြာမကြာ လာရောက်လှူဒါန်းမှုနှင့် ယောဂီအချင်းချင်း မိသားစုလို ဝိုင်းဝန်းကူညီ ထောက်ပံ့မှုတို့ကြောင့် ဆွေမျိုးရင်းချာ အမာခံ ထောက်ပံ့မည့်သူ မရှိလျှင်လည်း အဆင်ပြေသော နေရာဖြစ်ပါသည်။

တရားအားထုတ်သောယောဂီတိုင်း၏ စားဝတ်နေရေး၊ ကျန်းမာရေး နှင့် စိတ်ချမ်းသာရေးတို့ကို တရားအလုပ်ဖြင့် ဝိုင်းဝန်း ကူညီ ဖြေရှင်းပေး နေသည့် ဤသို့သောနေရာတစ်ခုရှိနေခြင်းကြောင့် မြန်မာပြည်သူ ပြည်သားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နေနိုင်ရေး အတွက် အားကြီး သော အကူအညီ အထောက်အပံ့ တစ်ရပ်လည်း ဖြစ်ပါသည်။

အများအကျိုး ဆောင်ရွက်သော်လည်း အများအကျိုးဆောင် လုပ်ငန်းက အဓိကမဟုတ်ဘဲ တရားနားလည်စေဖို့ အဓိကထားပြီး ကူညီပေးခြင်း ဖြစ်ပါသည်။ အပေါ်ယံ ဘာသာရေးမဟုတ်သည့် အပြင် ပရိပတ် ကျင့်ကြံအားထုတ်မှုကိုသာ အဓိကထားသဖြင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဘက် ယိုင်သွား၊ နွယ် သွားစရာအကြောင်း လုံးဝမရှိပါ။ တရားအလုပ်ဖြင့် ဘုရားရှင်၏ ပဋိပတ္တိသာသနာကျယ်ပြန့်လာစေသည် နှင့်အမျှ လူအများစိတ်လွတ်လပ်ပေါ့ပါး ငြိမ်းချမ်းရေး အတွက်လည်း ထိရောက်စွာ အကူအညီပေးလျှက် ရှိပါသည်။

ရိပ်သာသို့ရောက်လာလျှင် ပိုက်ဆံစွဲ၊ ပညာစွဲ၊ ဂုဏ်ပကာသနစွဲ၊ မာန်မာနစွဲများ လျော့နည်းသွားခြင်းကြောင့် စိတ်အေးချမ်း သက်သာမှု ရှိကြသဖြင့် ရိပ်သာ နေယောဂီများ များပြားခြင်းဖြစ်ပါသည်။ ရိပ်သာသို့ သေသေချာချာ လာရောက်လေ့လာသူတိုင်း အမှန် တကယ်စေတနာ အပြည့်ဖြင့် အများအကျိုးဆောင် ရွက်နေခြင်း ဖြစ်ကြောင်း နားလည် သွားကြသည် ချည်းသာဖြစ်ပါသည်။

သဘာဝတရားရိပ်သာသည် မြန်မာပြည်တွင် သာမက ကမ္ဘာ ပေါ်တွင်ပါ ရှားပါးနေသေးသည့် လူတိုင်းပါဝင်၍ အားကြီးသော ကုသိုလ် ကောင်းမှုများ ပြုလုပ်နိုင်သောနေရာဖြစ်ပါသည်။ နိုင်ငံရပ်ခြားအချို့ တွင်ပါ ထိုသို့သောရိပ်သာနေရာမျိုး ဖြစ်ပေါ်လာစေရန် ဆန္ဒရှိနေ ကြပါသည်။ NGO အဖွဲ့အစည်များ မကြာခဏ လာရောက် လေ့လာကြသောနေရာလည်း ဖြစ်ပါသည် ။

အစိုးရပိုင်မြေ၊သူများပိုင်မြေပေါ်တွင် ရိပ်သာဆောက်ခြင်း မဟုတ်ဘဲ စေတနာဖြင့်လှူဒါန်းထားသောနေရာများနှင့် စီးပွားရေး၊ ကျန်းမာရေး အခက်အခဲများကြောင့် အကူအညီပေးပါရန် တောင်းပန်သူ များ၏ ပြန်လည်ရောင်းချသော မြေနေရာများကိုသာ တရားအားထုတ်ရန် အများပိုင်ရိပ်သာ နေရာအဖြစ် အသုံးချထားခြင်းဖြစ်ပါသည်။ ရိပ်သာဝင် ယောဂီများမှာလည်း သူတို့စေတနာ အလျောက် လာရောက်အားထုတ် ကြခြင်း ဖြစ်သဖြင့် ရိပ်သာတွင် လူမမာယောဂီများအပါအဝင် – ယောဂီ ဦးရေ ၄၀ဝ မှ ၅၀ဝ ပုံမှန် တရားအားထုတ်နေကြပါသည်။

လူများသဖြင့် ယောဂီအချင်းချင်း ပြဿနာတက်မှု မျိုး တခါတရံ ရှိသော်လည်း တရားအားကိုးပြီး စားဝတ်နေရေး အပါအဝင် ပြဿနာမျိုးစုံကို ဖြေရှင်းခြင်းသည် ဘုရားရှင်ကိုယ်တိုင် လမ်းပြသွားသော မှန်ကန်သည့် အလုပ်ဖြစ်သဖြင့် ရေရှည်တွင် ပြဿနာအားလုံး အမြစ်ပြတ် အဆင်ပြေ သွားမည်သာဖြစ်ပါသည်။ ယာယီအားဖြင့်လည်း တာဝန်ယူနိုင်သူများဖြင့် ဝိုင်းဝန်းကြီးကြပ် ဖြေရှင်းပေးလျှက်ရှိပါသည်။

သဘာဝတရားရိပ်သာသည် လူဦးရေများ ပြားသော်လည်း လိုအပ်သလို ဝိုင်းဝန်းကူညီလုပ်ကိုင် ပေးနေသော ငယ်ရွယ်သန်စွမ်းသူ အနည်းငယ်သာ ရှိပါသည်။

ယောဂီများထဲမှ အိုမင်းမစွမ်း၊ မှီခိုရာမဲ့၊ ဒုက္ခိတနှင့် ရောဂါသည်များ၏ (၂၁.၉.၂၀၁၀) စာရင်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

ပိုမို အသေးစိတ်သိရှိလိုပါက ….
ဖတ်ရှုရန် –

8 comments

  • ဆူး

    June 18, 2011 at 4:12 pm

    သဘာဝ ရိပ်သာ ကို ကိုယ်တိုင် သွားပြီး တနေ့လောက် လေ့လာဖို့ လာခဲ့ပါအုန်းမယ်။
    ရှာရ လွယ်လား။ ခက်မယ် ဆိုရင် နည်းနည်း လမ်းညွန်စေချင်တယ်။

    • Ko Malt

      July 28, 2012 at 9:08 pm

      တာဝ တက္ကသိုလ်သွားတဲ့ ကားစီးပါ. သဘာဝမှတ်တိုင်မှာ ဆင်းပြီး ဆိုင်ကယ်စီးသွားလို့ရပါသည်

  • တညင်သား

    June 18, 2011 at 5:56 pm

    တာဝ တက္ကသိုလ် (သန်လျှင်) မရောက်ခင် တမှတ်တိုင်မှာ ဆင်းလျှင် တွေ့နိင်ပါတယ်… ဒါမှမဟုတ် အန်တီဆူး လေ့လာဖို့ဆို လိုက်ပို့ပေးနိင်ပါတယ်..အဲ ကျန်တဲ့ ရွာသား၊ရွာသူ အားလုံးရောပေါ့……………

  • True Answer

    June 19, 2011 at 1:10 am

    ဟုတ်ကဲ့ပါ အန်တီ ဆူး – တညင်သားပြောသလို တာဝတက္ကသိုလ် မရောက်ခင် မှတ်တိုင် (ညောင်ပင်မှတ်တိုင်) မှာ ဆင်းပါ။ ရွှေပေါ်ကျွန်းမုဒ်ဦး ကြီးရှိတဲ့ လမ်းက ဝင်ပါ။

    မြို့ထဲ အမှတ်(၄၅)၊ ၄၅လမ်း (ဝိုင်အမ်စီအေ နဘေး) ၊ ဗိုလ်တစ်ထောင်မြို့နယ် မှာ နေ့လည် ၁၁ နာရီလောက်သွားစောင့်နေရင် လည်း ရတယ်။ အဲဒီကနေ ရိပ်သာကို ဆွမ်းနဲ့ဟင်း ပို့တဲ့ကားတွေ သွားတယ်။ အဲဒီကားတွေနဲ့ လိုက်သွားလို့ ရတယ် အန်တီဆူး။

  • weiwei

    June 19, 2011 at 4:13 am

    အဲဒီနေရာကိုသိတယ် …. ဂီလာနဖြစ်နေတဲ့ အဖိုးအဖွားတွေကိုတောင် လက်ခံပြုစုစောင့်ရှောက်ပေးနေတဲ့နေရာဖြစ်လို့ လူဦးရေ တော်တော်များများရှိနေတာဖြစ်ပါတယ် … ရက်ပိုင်းအတွင်းသေနိုင်တယ့် လူမမာကိုတောင် လက်ခံပြီး တရားပြပေးနေပါတယ် … ရည်ရွယ်ချက် အလွန်ကောင်းပါတယ် … ဒါပေမယ့် လူအများနဲ့လုပ်နေတာဆိုတော့ စည်းကမ်းပိုင်းမှာ မနိုင်မနင်းဖြစ်တာတွေ အလေအလွင့်ဖြစ်တာတွေလဲ များတယ်လို့ ရိပ်သာနဲ့နီးစပ်သူတစ်ဦး ပြောပြတာ ကြားဖူးပါတယ် ..

  • bigcat

    June 19, 2011 at 4:38 am

    ရောက်ခဲ့ရင် ဆူနာမီဆရာတော်ကို ဖူးဖြစ်အောင်ဖူးပါ။ တရားပြဆရာမ မချစ်မြတ်နိုးနဲ့ အခြားဆရာ၊ ဆရာမများလည်းရှိတယ်။ မဖူးခင် ကိုစိုးဝင်းထွဋ် http://www.trueanswer.co.cc ဆိုက်က ဆရာတော် တရားအချို့ကို နာသွားပါ။ အထူးသဖြင့် ဆရာတော်ကို တရားစစ်လျောက်တဲ့ အသံဖိုင်ကိုပါ။ ကိုစိုးဝင်းထွဋရေ အဲဒီဖိုင်လင့်ခ်လေး ကွန်မန့်မှာ ထည့်ပေးပါအုံး။ ကျနော်ဆီမှာ လက်ခံမရှိတော့ဘူး။ အခြားလူတွေလည်း နားထောင်ချင်နားထောင်လို့ရအောင်။ မိမိကိုယ်တိုင် အကဲဖြတ်ပါ။ ကျနော်ကတော့ အသံပဲ နာနိုင်ပါသေးတယ်။ ကျနော်မြန်မာပြည်ရောက်ရင် ဖူးမယ့်ဆရာတော်တွေထဲမှာ ဆူနာမီဆရာတော် ထိပ်ဆုံးကပါတယ်။
    ၄၅လမ်းမှာရှိတဲ့ ဌာနခွဲက အထက်လမ်း ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထားလမ်းကြားလို့ ထင်ထားတာ။ ဝိုင်အမ်စီအေဘလောက်ဆိုတော့ အောက်ဘလောက်ပေါ့နော်။

  • True Answer

    June 20, 2011 at 2:32 am

    ဟုတ်ကဲ့ ကို ကြောင်ကြီး …..နေ့ချင်းပြန် တရားအားထုတ်နိုင်တဲ့ ၄၅လမ်း ရိပ်သာခွဲ က လမ်းတိုလေး အောက်ဘလောက်မှာဖြစ်ပါသည်။

    http://www.mediafire.com/MTSM45#rrvksy93hrkj9,1
    ဆရာတော်ကို BLOGGER များ တရားစစ်လျောက်တဲ့ အသံဖိုင် လင့် ဖြစ်ပါသည်။ နံပါတ် ၅- ၆ ဖြစ်ပါသည်။

    ဆရာတော်ဟာ တရားများဟာ ပရမတ္ထဒေသနာကို တိုက်ရိုက်ရှင်းပြခြင်းဖြစ်ပြီး ၊ တစ်ခုခု၊ တစ်ယောက်၊ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်ပဲ ဖောက်ပြန်ပျက်စီးမှု စွမ်းအင် ဖြစ်စဉ် များသက်သက်ဖြစ်ကြောင်း တခါတည်း လက်ခံနှလုံးသွင်းစေကာ ဒိဌိဖြုတ်ပေးသောတရားများဖြစ်ပါသည်။ ဓမ္မါနုပဿနာ ကို တခါတည်း သင်ပြခြင်းဖြစ်ပါသည်။ ဘာမှ၊ ညာမှ၊ ဘယ်သူမှ၊ ဘယ်ဝါမှ ဆိုပြီး တစ်ခုခု၊ တစ်ယောက်၊ ပုဂ္ဂိုလ်စွဲ ကြီးမားပါက နားမလည်နိုင် လက်မခံနိုင်ဖြစ်တတ်ပါသည်။ စိတ်ရှည်စွာဖြင့် အချိန်ပေးကာ နာယူဖို့လိုအပ်ပါသည်

Leave a Reply