စိတ်ဓာတ်သာအရးကြီးပါ၏
ဒီခေါင်းစဉ်နဲ.စာရေးတာက တော.ကျွန်တော်နေ.စဉ်ကြုံတွေ.နေရတဲ. လူနှစ်ယောက်ကိုနှိုုင်းယှဉ်ကြည်.ပြီး ရေးဖြစ်တာပါ။ ကျွန်တော် နေ.စဉ် တာမွေဈေးဗလီ ကိုအမြဲ
ရောက်နေပါတယ်။ အလုပ်ကအပြန် ကားကနှစ်ဆင်.စီးရတာဆိုတော. ဗလီထိပ်ကနေ ပြောင်းစီးရတာဆိုတော. အမြဲလိုလိုတွေ.နေရတာပါ။ အဲဒီထဲက တစ်ယောက်က
အမြဲတမ်း အစ်ကို ကားခလေး ကူညီပါဆိုပြီး နေ.တိုင်းတောင်းနေတဲ.လူတစ်ယောက်ပါ ကျွန်တော်လည်း အရင် နှစ်ရက်လောက်ကတော. ပေးပါသေးတယ်။ တကယ်
အကူညီတောင်းတယ်ထင်ပြီးပေးတာပါ။ နောက်ပိုင်းကျတော. နေ.တိုင်းတွေ.နေရတော. ထင်တာနဲ.တလွဲ တောင်းစားတာပါပဲ။ဒါကလည်း
မှန်မှန်ကန်ကန် ပြောတောင်းပေါ.ဗျာ။ လူတွေကိုလိမ်တောင်းသေးတယ် လူကြည်.တော.လည်း အသက်က အလွန်ဆုံးရှိမှ 50 ပတ်ဝန်းကျင်ပါပဲ။ သန်သန်မာမာပဲရှိ
ပါသေးတယ်။တကယ်လုပ်စားမယ်ဆို လုပ်စားနိုင်ပါသေးတယ်။ဘာ.လို. ဒီလိုအလွယ် လိုက်တောင်းတာလည်းဆိုတာကတော. မစပ်စုကြည်.မိပါဘူး။
ကျွန်တော်ကတော.သူ.ကိုသိပ်စိတ်တိုင်းမကျမိပါဘူး။ နောက်ပိုင်းကျတော. မသိချင်ယောင်ပဲဆောင်နေရပါတယ်။ စိတ်ကတော. သနားမိပါတယ်။ ဒါပေမဲ.လည်း
နောက်ပိုင်းကျတော. တစ်ခါမှမပေးမိတော.ပါဘူး။ ကိုယ်.စိတ်က ကိုမပေးချင်တော.တာပါ။ ပေးမယ်ဆိုရင်တော. သူဘယ်လိုပဲ လိမ်တောင်းနေပါစေ ကိုယ်.စိတ်က
ကြည်ကြည်ဖြူဖြူနဲ. လှူလိုက်ရင် ကုသိုလ်ရတယ်ဆိုတာသိပါတယ်။ စိတ်ကဘယ်လိုမှကို သဘောမကျမိတော.လို. နောက်ပိုင်း သူအဲလိုကူညီပါပြောတိုင်း မသိချင်
ယောင်ဆောင်ပြီး ဆက်သွားနေရပါတော.တယ်။သူဒီလို ဘဝကို လွယ်လွယ်ပဲ ဘာ.လို.အရှုံးပေးတာလည်းဆိုတာကိုလည်းစဉ်းစားလို.မရမိအောင်ဖြစ်ရပါတယ်။
နောက်တစ်ယောက်ကို ကျတော. ကျွန်တော် သူ.ကိုတော်တော် ကိုလေးစားမိပါတယ် ဘာ.လို.လည်းဆိုတော. စောစောကလူနဲ. စိတ်ဓာတ်က ဆီ နဲ. ရေ လိုကွာခြား
နေလို.ပါ။ ဘယ်သူလည်းဆိုတာ ရန်ကုန်က တာမွေဗလီထိပ် သွားဖူးလာဖူးတဲ.လူတွေ အကုန်သိလောက်ပါတယ်။ အရပ်ရှည်ရှည် အသားညိုညို ဒေါင်ကောင်းကောင်း
နဲ. လိုင်းကားတွေကို ဘယ်ရောက်တယ် ဆိုတာကို ကားသမားတွေ အကြာကြီး ဗလီထိပ်မှာ ထိုင်တဲ.အခါ လိုက်အော်ပေးပါတယ်။ သူအဲလို ရောက်တဲ.မှတ်တိုင်တွေ
အော်ပေးနေတဲ.အချိန်တွေမှာ စပါယ်ယာတွေက ကွမ်ယာလေးဝါး ရေလေးသောက်နဲ. နားနေရပါတယ်။ ပြီးလို. ကားထွက်ခါနီးဆို စပါယ်ယာတွေက သူ.ကို 100
(သို.) 200 ပေးခဲ.ပါတယ်။ ကျွန်တော် ရန်ကုန်ရောက်ခါစက အဲဒီလူကြီးက ရာထူးနိမ်.ပါသေးတယ်။ အခုတော. ရာထူးက တက်သွားပါပြီ။ ဘာရာထူးလည်းဆိုတော.
ကျွန်တော်ရန်ကုန်ရောက်ခါစက သူဖိနပ်မဝယ်နိုင်သေးလို. ဆိုပြီး ဝယ်မစီးသေးပါဘူး အခုကျတော. ဖိနပ်တွေဘာတွေနဲ. ဖြစ်နေပါပြီ။ဘာပဲပြောပြောသူ.ကိုတော.
ကျွန်တော်လေးစားမိပါတယ်။ ကျွန်တော်စပ်စုကြည်.တော. သူက သူများဆီက အလကားမတောင်း ချင်ဘူးတဲ.။ အခုလို တန်ရာတန်ကြေး ရအောင်လုပ်ပေးပြီးမှ
ငွေယူရတာမှ လိပ်ပြာသန်.တယ်တဲ.ဗျာ။ သူတကယ်ဆို ဒီအလုပ်မလုပ်ချင်ဘူးတဲ. ဒါပေမဲ. သူကပညာမတတ်တော. အသက်ကလည်းကြီးနေတော. ဒီအလုပ်က
ဘာမှမလိုဘူး အေးအေးဆေးဆေးပဲ အသံပဲစိုက်ရတာဆိုပြီးလုပ်တာတဲ.။ သူကအမြဲလိုလို အရက်သောက်တတ်တယ်တဲ.။ ကျွန်တော် တို.လည်းသူ.ကို
အင်တာဗျူးမိတာကလည်း ညဘက်ကြီး သူ.ကို ဘယ်ကားဘယ်ရောက်လည်းမေးရင်းနဲ.စကားစပ်မိလို. သူပြောပြလို.သိတာပါ။
တစ်နေ. သူ.အတွက် အရက်ဖိုးနဲ. ထမင်းစရိတ်တော. ရတယ်တဲ.ဒီအလုပ်က။ ကျွန်တော်ကတော.ဘာပြောပြော သူ.စိတ်ဓာတ်ကိုတော. စောစောကလူထက်စာရင်
အများကြီး လေးစားမိတယ်။သူများဆီကပိုက်ဆံကို တန်ရာတန်ကြေး ပေးဆပ်ပြီးမှ ယူတဲ. သူ.ကိုတော. ကျွန်တော် ဘယ်တော.မှ မလေးစားပဲမနေဘူးဗျ။
ဘာပဲပြောပြော လူရယ်လို.ဖြစ်လာရင် အလုပ်တော.လုပ်ရမယ်လို. ကျွန်တော် ထင်တယ်ဗျ။ အလုပ် လုပ်ရင်လည်း စိတ်ဓာတ်က အရမ်းကိုအရေးကြီးပါကြောင်း
စိတ်ဓာတ်ကောင်းဖို.လိုသလို အခက်ခဲကြုံရင်လည်း စိတ်ဓာတ်ခိုင်မာဖို.လိုပါတယ်။ စာဖတ်သူလည်း အထက်ကလူနှစ်ယောက်မှာ ကိုယ်ဘယ်သူ.စိတ်ဓာတ်နဲ.
တူသလည်းဆိုတာကို ပြန်လည်စစ်ဆေးကြည်.ပါဗျာ။ ဘာပဲဖြစ်ဖြစ်အမှားသိလို. ပြင်နိုင်ရင် အောင်နိုင်ခြင်းပါပဲ။ ဒီ ဆိုဒ်မှာအဖွဲ.ဝင်ထားမှတော. စာဖတ်တဲ.လူ
တွေချည်းလို.ထင်ပါတယ် စိတ်ဓာတ်ကျလွယ်တဲ.လူ စိတ်ဓာတ်မကောင်းတဲ.လူမပါဘူးလို.လည်းထင်ပါတယ်။
9 comments
ဆူး
June 18, 2011 at 3:31 pm
ကောင်းလေစွ ကောင်းလေစွ..
၁ဝတန်း လောက်တုန်းက ကျူရှင်တွေ တက်တော့ နေ့တိုင်း ကျူရှင် သွားတဲ့ လမ်းမှာ အသက်ကြီးကြီး မိန်းမကြီးတယောက် လာလာပြီးတော့ ကားစရိတ်မရှိလို့ လာတောင်းတယ်။
စစခြင်းတော့ တော်တော် သနားသွားတယ် ကျောင်းသူ ဆိုတော့ ပို်က်ဆံ ဘယ်လောက်မှ ပါတာ မဟုတ်ဘူး ရှိတာလေး ထုတ်ပေးလိုက်တယ် သူ့စရိတ် လောက်မှာမဟုတ်ဘူး ထင်ပြီး စိတ်တောင် မကောင်းဘူး။
နောက်တနေ့ ဒီအတိုင်း လာပြီး တောင်းတယ် သူက တောင်းပြီး လူမေ့တယ် ကိုယ်က သနားမိလို့ လူမမေ့ဘူး။ နောက်တခါတော့ ပြောလိုက်တယ်.. ဒေါ်ကြီး တနေ့ကပဲ လမ်းစရိတ်မရှိလို့ တောင်းတာ ပေးပြီးပြီ မညာနဲ့တော့လို့ ပြောတော့ အေး ဟုတ်လားတဲ့.. ခပ်တည်တည်ပဲ ထွက်သွားတယ်။
နောက်တခါ မှတ်မှတ်ရရ မြို့ထဲမှာ ဈေးသွားနေရင်း အဘွားကြိးတယောက် ပိုက်ဆံ ညာတောင်းပြန်တယ်။ နောက်တကွေ့ကျတော့ ထပ်တွေ့ပြန်ကော.. အဒေါ်ကြီး စောစောကပဲ ပေးထားတာလေ ဆိုတော့ အော်.. မေ့လို့နော်တဲ့။
padonmar
June 18, 2011 at 3:35 pm
ဟုတ်ပါရဲ့။ကိုယ်နိုင်တဲ့ဝန်တော့ ထမ်းမှ လူလို့ခေါ်ချင်ပါတယ်။
ကိုပေါက်(မန္တလေး)
June 18, 2011 at 3:55 pm
သိပ်ဟုတ်တာပေါ့
အချောင်ခိုချင်သူ မရှက်တတ်သူက တစ်လိုင်း
ရှက်တတ်သူ ကတစ်လိုင်း ပါဘဲ။
ဒါကတော့ လူတစ်ယောက်ချင်းနဲ့ဘဲဆိုင်ပါတယ်။
unclegyi1974
June 18, 2011 at 4:01 pm
တောင်းတာကအလွယ်ကူဆုံးပိုက်ဆံရဖို့နည်းပဲလေ
လူ့အောက်ကျတယ်ပြောပြော
သူတို့ရဲ့တနေ့ဝင်ငွေကနည်းမှတ်လို့ဒါကြောင့်လည်းတောင်းနေကြတာပ
ပြောမယ်ဆိုအရလွယ်လို့ နောက်စိတ်ဓာတ်ညံ့လို့ အချောင်သမားစိတ်များလို့
တချို့ခြေနှစ်ဖက်စလုံးမရှိဖူး
လက်တွန်းစက်ဘီးနဲ့မီးခြစ်ဂက်စ်ဖြည့်ပေးတယ် ထီရောင်းတယ်
တချို့မျက်စိမမြင်ဖူး ဗေဒင်ဟောစားတယ် မှန်တယ်နော်
တချို့လက်နှိပ်ပညာနဲ့ထမင်းစားတယ်
သူများဆီကအလကားမတောင်းဖူး သနားလို့ပေးတာမယူဖူး
ဒါသူ့တို့ရဲ့စိတ်ဓာတ်ပဲ
ဒီလိုစိတ်ဓာတ်မျိုးရှိတဲ့သူတွေများလာရင်တိုင်းပြည်တိုးတက်ပြီ
shweminthar
June 19, 2011 at 3:48 am
တောင်းစားတဲ့ ကိစ္စ နဲ့ ပါတ်သတ်ပြီး ကျနော် ငယ်ငယ်က ခြင်းခတ်တုန်းက အဖိုးကြီးတစ်ယောက် ပြောတာလေး မှတ်မိသေးတယ်။
သတောင်းစားကိစ္စနဲ့ ပါတ်သတ်ပြီး ငြင်းကြရင်းက အဖိုးကြီးတစ်ယောက် ပြောဖူးတယ်။
မင်း တောင်းစားတာများလွယ်တယ် မှတ်လို့ မာန် မချ နိုင်ရင် တောင်းလို့ ကို မရဘူးကွ။ တဲ့ သူပြောတာလဲ ဟုတ် သလိုလိုပါဘဲ။
သာမာန်လူ တစ်ယောက်အနေနဲ့ ဘယ်လို တောင်းမလဲ။ ဘယ်လိုမျက်နှာကြီးနဲ့ တောင်းစားရမလဲ
သူများသနားအောင် ဘယ်လိုပြောမလဲ။ မာန တွေ မာန် တွေ မချ ဘဲ နဲ့ ဘယ်လိုမှ ပြောလို့ မရဘူးနော်။
မိုက်ကယ်ဂျော်နီအောင်ပု
June 19, 2011 at 6:33 am
တောင်းစားတဲ့သူကိုသူတောင်းစားလို့ခေါ်တာပေါ့လေနော ( အရပ်စကား )
ငယ်ငယ်ကဖတ်ဘူးတဲ့ သမိန်ပေါသွပ်ရဲ့ကာတွန်းမှာ သိတဲ့သူများမှာပါ
သမိန်ပေါသွပ်က အဆစ်တောင်းတာဝါသနာပါတယ်ဆိုဘဲ
ဒီလိုနဲ့မိန်းမသွားတောင်းတာ
တောင်းတာက အမကြီးကို
အငယ်မလေးကို အစစ်တောင်းလို့ပြေးရလေသတတ် ( ဤကားစကားချပ် )
ဆိုတော့ကာ
ယူအက်စ်မှာတောင် တောင်းစားတဲ့သူတွေရှိတာဘဲ ( သဂျီးလေသံဖြင့်ဖတ်ပါ )
သူများနဲ့မတူအောင်တွေးပြီးရေးရမယ်ဆိုရင် ( ဒါက သဂျီးမြှောက်ပေးတာ )
ကျုပ်အမြင်ကတော့
လူမှုဘဝတစ်ခုရဲ့ ငယ်စဉ်တောင်ကြေးကလေးဘဝ အစပထမတွေဟာ
တော်တော်စိတ်ဝင်စားဘို့ကောင်းတယ်
လူတစ်ယောက်ရဲ့
ငယ်စဉ်တောင်ကြေးကလေးဘဝက
သူနေထိုင်လာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ဓလေ့စရိုက်တွေကသူ့ကို
အရွယ်ရောက်တဲ့အချိန်မှာ
သူငယ်စဉ်က အတွေ့အကြုံပေါ်မူတည်ပြီး
လှုပ်ရှားရုန်းကန်ဘို့
အလေ့အကျင့်တွေပေးလိုက်တဲ့သဘောလည်းရှိတယ်လို့ထင်မိပါတယ်
( ပတ္တမြားမှန်ရင် နွံနစ်လည်း တရုပ်ပြည်ကိုရောင်းစားလို့ရတယ် ဘာညာကတော့ တစ်မျိုးပေါ့ )
ဒါ့ကြောင့်ဆိုလိုတာက
အားလုံးတော့မဟုတ်ဘူးပေါ့နော
အများအားဖြင့်တော့
ဒီလိုမျိုး နိမ့်ကျခံပြီး ( လောကုတ္တရာ မာန်ဖြုတ်ခြင်းမဟုတ်ပါ )
တောင်းစားတတ်တဲ့အကျင့်တွေဟာ
သက်ဆိုင်သူရဲ့ငယ်စဉ်တောင်ကြေးကလေးဘဝမှာလည်း
အတိုင်းတာတစ်ခုထိ အခြေခံမယ်လို့ထင်မိပါတယ်။
ဒါကတော့ ကိုယ်ထင်တာကို ကိုယ်ဖောလ်တာပါ
ပြောလို့သာပြောတာ
ကျုပ်ကတော့ တောင်းဘို့သိပ်ဝါသနာမထုံဘူး
ဥပမာဗျာ
ကျုပ်ကောင်မလေးကို
ကျုပ်လိုခြင်တာကို ကောင်းကောင်းပြောလို့ပေးရင်ပေး
မပေးလို့ကတော့ ကျုပ်ကပွဲကြမ်းဘလိုက်ဒါဘဲ
ဘာရယ်မဟုတ်ပါဘူး
နဂတ်လေးဘာလေးဖြုတ်ပြီး
ငွေနည်းနည်းလှည့်ဘို့ကောင်းရာကောင်းကြောင်းပြောတာကို
မရလို့ကြမ်းတာကိုဆိုလိုတာပါ
hmee
June 19, 2011 at 8:18 am
ရွှေမင်းသားရေ တောင်းစားတာ မလွယ်ဘူးဆိုတာ မင်းသိင်္ခ ဝတ္ထုမှာ ဖတ်ဖူးတယ်။ ပရောဖက်ဆာ ဒေါက်တာဆိတ်ဖွားဝတ္ထုမှာ ထင်တယ်။ တပည့်နာမည်တော့ သိပ်မမှတ်မိတော့ဘူး အိုလံ လို့တော့ ထင်တယ်။ တောင်းစားတာဟာ မာန်ချရတယ် အသံ၊ မျက်နှာအမူအရာ အများကြီးပဲ မလွယ်ဘူးဆိုတာ စာရေးဆရာက ရေးထားတာ ဖတ်ရတော့ အော်… ဟုတ်ပါလားပေါ့။ အချောင်ခိုတဲ့သူရော၊ တကယ်မစွမ်းသူရော တောင်းစားရတော့ လွယ်မယ်တော့ မထင်ပါဘူး။သူ့အကြောင်းနဲ့ သူတော့ရှိကြမှာပါ။ တခါက ဆိုင်မှာ လာတောင်းတဲ့ မိန်းမ တယောက်ကို ဆိုင်ကအကူ မောင်လေးတယောက်က “သွား.. မပေးနိုင်ဘူး သန်သန်မာမာနဲ့ လုပ်ကိုင်စားပါလား” လို့ ပြောတော့ တောင်းစားတဲ့ အမျိုးသမီးက “ နင်အရင်းအနှီး ထုတ်ပေးမှာလား၊ နင့်ဆိုင်မှာ ခန့်မလား” လို့ ပြန်ပြောလို့ သူထွက်သွားမှ ပြောပြောပြီး ရယ်လိုက်ရတာ။
MaMa
June 19, 2011 at 9:40 am
ဖတ်ဖူးတဲ့ စာတစ်ပုဒ်မှာ သခင်စိတ်နဲ့ ကျွန်စိတ်ဆိုပြီး ရေးထားတာရှိတယ်။ သူများဆီက တောင်းစားချင်တာ၊ သူများခိုးယူချင်တာ၊ အလုပ်လုပ်ရင်တောင် သူများခိုင်းမှ လုပ်ချင်တာ အဲဒါ ကျွန်စိတ်တဲ့။ ကိုယ့်စိတ်ဓာတ်ကို မြင့်မားအောင် ကိုယ်ကိုယ်တိုင်က မြှင့်တင်မှရမယ်။ ကိုယ့်ကိုကိုယ် မြှင့်တင်ချင်စိတ်ရှိတာ၊ သူများခိုင်းအောင် မစောင့်ပဲ ကိုယ့်ကိုကိုယ်ခိုင်းတာ အဲဒါမှ သခင်စိတ်။
windtalker
June 20, 2011 at 4:51 am
မမှီ ရေ ခင်ဗျားမေ့နေတဲ့ နာမည် က သင်းကြိုင် တဲ့ ။ ယူပြီ နာမည် ပြောခ ၁ဝ ။ ဟီဟိ