Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဓာတ်ပြသနာ

ဆူးJune 19, 20111min69529

ဟော ဘကြီးပါလား ခရီးသွားတာပြန်လာပြီပေါ့လေ …
အေးဟ ဓာတ်ပေါင်းစု စေတီတွေ ဖူးတယ် ပြီးတော့ ဓာတ်တော်ချိုင့် ရေတံခွန် ကိုလဲ ဝင်သေးတယ် ..အခုတောင် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီကို ဖူးပြီးဓာတ်လှေခါးက ဆင်းလာခဲတာ လမ်းမှာ ကားက ဓာတ်ဆီဝင်ထည့်ရသေးတယ် အပြန် ဓာတ်တိုင်ကို ဝင်တိုက်မိလို့ ဓာတ်ကျိုးတွေ ပျက်ပါလေရော…. ဒဏ်ရာနဲနဲရလို့ ဓာတ်မှန်ရိုက်ကြည့်တာ ဓာတ်ကင်ရမယ်တဲ့……..အခုတော့ သက်သာနေပါပြီ ဓာတ်ရှင်တောင် သွားကြည့် လိုက်သေးတယ် ဓာတ်ရှင်မင်းသားက ချောလို့လေ…. ဒီမလာခင် ဓာတ်ပြားတချပ် ဓာတ်စက်ထဲထည့်ပြီးနားထောင်ခဲသေးတယ်.မျိုးကြီးရဲ့ ဓာတ်ပြားဟောင်းကြီး.တော်တော်ကောင်းပဲ ဒီကပြန်ရင်တော့လက်နိပ့်
ဓာတ်မီးထဲ ထည့်ဖို့ ဓာတ်ခဲ ဝယ်ရအုံးမယ် ပြောသာပြောရတာ ဓာတ်သီးကလဲ ကျွမ်းနေပြီိ…မီးတွေပျက်နေတယ်.အိမ်မှာတော့ ဓာတ်အိုးနဲ့ ဓာတ်ချောင်းပဲသုံးရမယ်ထင်တယ်..
ဟေ့..ဒါနဲ့စကားမစပ် ညီးအစ်မရော
ရှိပါ ဘကြီးသောက်ရအောင် ဓာတ်ဗူးထဲ ရေနွေးထည့်နေတယ်။ ဓာတ်ဘူးက ဓာတ်သား မကောင်းလို့ သိပ်ကြာကြာ မပူဘူး ဖြစ်နေတယ်။ အခုတလော သူလဲ ဓာတ်စာတွေစားပြီး ဓာတ်ပျက်နေလို့ ဓာတ်လုံးကို ရေစိမ်သောက်လိုက်တာ ဓာတ်မှန်လိုက်တာများပြောမနေပါနဲ့ ဘကြီးရယ် ဓာတ်ပျော့ သွားတာ ဓာတ်ခဲ မဟုတ်တော့ဘူး ကြည့်ပါလား ဓာတ်ပုံကြီးကို ဟီးလို့……..

29 comments

  • ဆူး

    June 19, 2011 at 10:02 am

    ဓာတ်ပြသနာ ပိုစ်က ဆူး ရေးတာ မဟုတ်ပါဘူး
    သူငယ်ချင်းတယောက်က သူရေးပေးတာကို တင်ပေးတာပါ။
    ရေးပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။

  • nature

    June 19, 2011 at 10:32 am

    ဆူးရဲ့ ဓါက်စာတွေဖတ်ပြီး ဓါက်လဘိုင်ဖြစ်သွားပြီ။

  • hmee

    June 19, 2011 at 11:23 am

    မနက်က ဓါတ်မီးဖို ကိုင်မိတာ ဓါတ်လိုက်ခံရသေးတယ်။ 🙂

    • ဆူး

      June 19, 2011 at 11:30 am

      ဓါတ်မသိတော့ ဓါတ်ထိ သွားတာ မဆန်းပါဘူး မမှီရယ်.. 😛

  • akswe

    June 19, 2011 at 11:58 am

    အင်း ဆူးရဲ့ပိုစ့်ဖတ်ပြီး ဓာတ်ရှောနေတဲ့ အဘတောင် စိတ်ဓာတ်တက်သွားပြီး ဓာတ်ကြိုးကိုမောင်ကိုင်မယ်ဖြစ်သွားတယ်

  • naywoonni

    June 19, 2011 at 12:00 pm

    စိတ်”ဓါတ်” ကျတယ်…စိတ်”ဓါတ်” ကျတယ်…ဟေ့……….
    သီချင်း ဆိုသွားသည်။။။။။။။။။။

  • cobra

    June 19, 2011 at 12:01 pm

    လူကိုဓာတ်ကြောင်အောင်လုပ်လိုက်တာလား..။

  • bigcat

    June 19, 2011 at 12:09 pm

    ဆူးပြောချင်တာ ဓာတ်ပေါက်တယ်ဗျို့….စက်သေနတ်ပစ်သလို ဒက်ဒက်ဒက်နဲ့ ဒက်ထိပဲ၊ 😉

    • ဆူး

      June 30, 2011 at 11:47 am

      ဦးကြောင်ကြီး ဓာတ်ပေါက် သွားပုံကနေ တဆင့် ပေါက်ဖွားလာတာကတော့ သဂျောင်း အကြီး သဂျီး အကြောင်း ပါပဲ။ ကွန်မန်းတွေ ဒက်ဒက် ဒက်ဒက် နဲ့ကို ဖြစ်သွားတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 19, 2011 at 12:10 pm

    မဟာဘုတ်လေးပါးတို့ ဟူသည် အဘယ်တို့နည်း၊
    မြေဓာတ် ( ပထဝီ )၊
    ရေဓာတ် ( အာဘော )၊
    အပူ အအေး (မီး)ဓာတ် ( တေဇာ )၊
    လေဓာတ် ( ဝါယော ) တို့တည်း။
    ၃၀၂။ မြေဓာတ်သည် အတွင်း ဖြစ်သော မြေဓာတ်သည် ရှိ၏၊ အပ ဖြစ်သော မြေဓာတ်သည် ရှိ၏။
    အတွင်း ဖြစ်သော မြေဓာတ် ဟူသည် အဘယ်နည်း။
    မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကို စွဲ၍ ဖြစ်သော ခက်မာ ကြမ်းတမ်းခြင်းသို့ ရောက်သော စွဲယူအပ်သော ရုပ်တည်း။
    ဤရုပ်တို့ ဟူသည် အဘယ်နည်း၊
    ဆံပင် မွေးညင်း ခြေသည်း လက်သည်း သွား အရေ၊
    အသား အကြော အရိုး ရိုးတွင်း ခြင်ဆီ အညို့၊ နှလုံး အသည်း အမြှေး အဖျင်း အဆုတ်၊
    အူမ အူသိမ် အစာသစ် အစာဟောင်း၊
    တစ်ပါးလည်း ဖြစ်သော အမှတ် မရှိ အလုံးစုံသော မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကို စွဲ၍ ဖြစ်သော ခက်မာ ကြမ်းတမ်းခြင်းသို့ ရောက်သော စွဲယူအပ်သော ရုပ်သည် ရှိ၏။
    ဤရုပ်ကို အတွင်းဖြစ်သော မြေဓာတ် ဟူ၍ ဆိုရ၏။
    အတွင်းဖြစ်သော မြေဓာတ်သည် လည်းကောင်း၊ အပဖြစ်သော မြေဓာတ်သည် လည်းကောင်း မြေဓာတ် သာတည်း။

  • padonmar

    June 19, 2011 at 12:13 pm

    ညီးအမကို သတိပေးအုံးဆူးရဲ့။ လူဆိုတာ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာ။ပထဝီ တေဇော အာပေါ ဝါယော ညီမျှအောင် နေရစားရတယ်။ ဓာတ်ပျက်တယ်ဆိုတာ အာပေါလွန်ကဲလို့ ယိုစီးနေတာ။
    အဲဒီတော့ရပ်သွားအောင် ဓာတ်ဘဲက ရတဲ့ ဘဲဥနဲ့ ဖရဲသီးကိုခေါက်ပြီး ဓာတ်ရထားပေါ်မှာ စားခိုင်းလိုက်။မမေ့နဲ့နော်။

    • ဆူး

      June 19, 2011 at 12:38 pm

      ဓာတ်ရထားပေါ် မတက်ခင် ဓာတ်သွားချင်လို့ ဓာတ်တိုင်နောက်က အိမ်သာ ကို အသွား အိမ်သာ မီး မဖွင့်ထားလို့ အလျင်စလို ဓာတ်မီးနဲ့ ရှာပြီး ခလုပ်ဖွင့်တာ ဓာတ်လိုက်သွားတယ်

  • MaMa

    June 19, 2011 at 12:46 pm

    ဓာတ်ပျက်လို့ ဓာတ်ဆားရည်သောက်ပြီး ဓာတ်စာတွေဖတ်လို့ ဓာတ်ရိုက်ဓာတ်ဆင် လုပ်လိုက်ပါသည်။

  • nozomi

    June 19, 2011 at 2:11 pm

    ဆူးမမ တစ်ယောက် ဓါတ်တဲ့ မဲ့ ဓါတ်တူနာမ်တူ တစ်ယောက်နဲ့ ဓါတ်ကျ နေတယ်လို့ ဓါတ်စာ တစ်စောင် ဓါတ်တိုက်ကရထားပါတယ် ရွာထဲမှာ ဖြန့်ပေးရမလား

  • windtalker

    June 19, 2011 at 3:04 pm

    ဓါတ်ပျက်နေလို ့ဓါတ်ရည်အလို ့ငှါ တိုက်ဘီယာ ပဲ သောက်တော့မယ် ။

  • shweminthar

    June 20, 2011 at 1:38 am

    ဓါတ်ခဲ နာရီဓါတ်ခဲ ဓါတ်ဆိုဒ်မမှီ
    ဓါတ်ပုံသည် ဓါတ်ပုံလုလု ဓါတ် ပုပု
    ဓါတ်မသိလို့ ဓါတ်ကြည့် လိုက်တော့
    ဓါတ်ထိသွားမှ သိ ဓါတ် ကို
    အဆံကြည့်တော့ ခက်သေးသေး
    အခြစ်ခံကျောက်လောက် သူ့ပုံလေး မီး ချစ်
    သူ့အားအပြည့် ဓါတ်မမေ့ သူ့နေရာဝယ် သူလေကွယ်
    ခွန်အားထုတ်လို့ စွမ်းလေ တယ် ။ ။

    သူသာလျှင် သူ့ဘဝရှင်သန်ရေးအတွက် သူရှိမှ ဖြစ်မယ်။ သူသိပါကွယ်။

  • ကဲ ရွာထဲက လူတွေအားလုံးကြည့်ရအောင်
    ိုကိုပေါက် က ဓါတ်ပေါက်ပြီး
    ဓါတ်ပုံ ပို့လိုက်မယ်နော်

    • ဆူး

      June 20, 2011 at 7:20 am

      ကိုပေါက် ဓါတ်ပေါက်ရင် အားလုံး နှာခေါင်း သာ ပိတ်ထားကြလို့ ပြောတာပါ။
      ဓါတ်ပုံ ပို့မယ် ဆိုရင်တော့ ဆေးရုံကို ပို့သင့်ပါတယ်။
      ပညာရှင်မှာ သေချာ စစ်ဆေးပြီး အကြောင်းပြန်ပါလိမ့်မယ်။

  • chitpyae

    June 20, 2011 at 4:24 am

    ဓါတ်ပျက်နေတဲ့သူတွေ …. ဓါတ်သွားပြီးရင် လက်ကို သေချာဆေးကြအုံးနော် … ဓါတ်တော (Dettol) နဲ့ 🙂
    ဓါတ်တော ကိုယ်စားလှယ် အသစ် မှ ကြော်ငြာဝင်သွားပါသည် ရှင် ….

  • shwe ni

    June 20, 2011 at 6:32 am

    ဓာတ်ပြသနာ ကို ဓာတ်စက်ကနေ ဓာတ်ခွက်နဲ့ ကြေညာ ဖို့ ဓာတ်ခဲလိုနေတယ် ဆူးရေ

  • kai

    June 20, 2011 at 9:11 am

    ဘာမှန်းမသိ ဓါတ်နဲ့ညှိ

    • ဆူး

      June 30, 2011 at 11:49 am

      ရွာထဲက ချုပ်ချုပ်ကြီး ဖြစ်တဲ သဂျီး ခမျှာ အခုတော့ ကြောင်ကြီး ရဲ့ ဓါတ်နဲ့ ညှိ ခံရတာ.. ဒက်ဒက် ဒက်ဒက် နဲ့ ပွိုင့်တွေ အတော် ထွက်သွားတယ်။ အဟိ.

  • natthamee

    June 20, 2011 at 10:05 am

    ဓါတ်ချုပ်လို့ ဆေးတွေသောက်လိုက်တာ အခုတော့ ဓါတ်တွေအရမ်းသွားနေပြီ …. 😛

  • kosharshi

    June 20, 2011 at 11:12 am

    ဓီနေ့ ဓါတ်ဆီသွားတန်းနေတုန်း ဓါတ်ကြိုး ခိုးခံလိုက်ရတယ်၊ ဓီညတော့ ဓါတ်မီးနဲ့ပဲ ငှဲငှဲငှဲ…

  • ရွှေမင်းသား ဓါတ်ပြောင်းသွားခြင်း
    သူ့ကော်မင်းကိုဖတ်ကြည့်တဲ့အခါ

    ဓါတ်ခဲ နာရီဓါတ်ခဲ ဓါတ်ဆိုဒ်မမှီ
    ဓါတ်ပုံသည် ဓါတ်ပုံလုလု ဓါတ် ပုပု
    ဓါတ်မသိလို့ ဓါတ်ကြည့် လိုက်တော့
    ဓါတ်ထိသွားမှ သိ ဓါတ် ကို
    အဆံကြည့်တော့ ခက်သေးသေး
    အခြစ်ခံကျောက်လောက် သူ့ပုံလေး မီး ချစ်
    သူ့အားအပြည့် ဓါတ်မမေ့ သူ့နေရာဝယ် သူလေကွယ်
    ခွန်အားထုတ်လို့ စွမ်းလေ တယ် ။ ။

    သူသာလျှင် သူ့ဘဝရှင်သန်ရေးအတွက် သူရှိမှ ဖြစ်မယ်။ သူသိပါကွယ်။
    ကဲအခုဘယ်လိုလုပ်မလဲ ရွှေမင်းသားကတော့ ပုပု ကိုဇာတ်လမ်းတွေဆင်ကုန်ပြီ
    ဘယ်သူ ကြက်ဖ ဘယ်သူကြက်မဆိုတာကိုတော့
    ဒုန် ဒုန် ဒုန်

  • မေ့သွားတယ်
    ရွှေမင်းသားရေးတာကို
    တစ်ကြောင်းကျော်ဖတ်ရင် ဓါတ်ပျက်စရာ ဇာတ်ကွက်ပေါ်လာမှပါ။

  • ဆူး

    June 20, 2011 at 1:53 pm

    ဓါတ်ပြသနာ မှာ လည်း ပုပု နဲ့ ညှိ နေပါကောလား..
    ပုပုက ယပလက်က ဆိုတော့ အမြဲ မြင်နေကျ ဆိုတော့ သူလည်း အသည်းစွဲနေတဲ့ သူလည်း ရှိမှာပေါ့လေ..
    ကြက်ဖ နဲ့ ကြက်မ ၂ကောင်လုံး အမွှေး အကုန်နုတ် ထားတဲ့ ဈေးဗန်းထဲမှာ ခေါင်းမပါပဲ ကိုယ်ကြီးပဲ ဆိုရင် ခွဲခြမ်း စိတ်ဖြာဖို့ ခက်မယ် ထင်တယ်။

  • Yin Nyine Nway

    June 20, 2011 at 2:16 pm

    အင်းသား လူမျိုးရဲ့ စကားရှိတယ်လေ
    အိမ်သာကို ဓါတ်ခန်းလို့ခေါ်တာ

  • ဆူး

    June 21, 2011 at 5:32 am

    ရွှေမင်းသား ရေးထားတဲ့ ကဗျာက တကြောင်းကျော်စီ က နောက်ဆုံး စာလုံးတွေ စီလိုက်ရင်
    ပုပု ကို ချစ် တယ် ဖြစ်ပါတယ်။

Leave a Reply