mdyleaks – သဂျီး Final

index
သဂျောင်းအကြီး သဂျီးအကြောင်း

MDY Leaks
ဇွန်လ၂၉ ဒီပို့စ်တင်တာ ၁ဝရက်လောက်ရှိပြီ၊ မှတ်ချက်များလည်း ရတန်သလောက် ရပြီမို့ သဂျီးအကြောင်း သဂျောင်းအကြီး ပေါင်းစည်း မောင်းတီး ပါတော့မယ်။ မီညောင် မီညောင်……
အများစိတ်ဝင်စားတဲ့ သဂျီး အီရပ်ပြန်ဆိုတာ ဒီလိုပါ။ သူက တခုခုလုပ်ရင် ရိုုးအီသွားမှ ရပ်ပြီးပြန်ပါတယ်။ ဒါကြောင့် အီရပ်ပြန်လို့ နာမည်တွင်ပါတယ်။ အမေရိကန်ဝင်တိုက်တဲ့ အီရတ်နိုင်ငံ မဟုတ်တာ စာလုံးပေါင်း သတ်ပုံမှာ တွေ့နိုင်ပါတယ်။ ကျနော်က အီသွားရင် ရန်လုပ်ပြီးမှပြန်လို့ အီရန်ပြန်တွင်တာပါ။ စကားစပ်လို့ ပြောရရင် သဂျီးကတော်ကတော့ အီသွားရင် ဂျစ်ကြပြီးမှပြန်လို့ အီဂျစ်ပြန် ခေါ်ပါတယ်။ သဂျီးဦးခိုင်နဲ့ကျနော် အသက်ပေးချစ်ပုံက ဒီလိုပါ။ မြန်မာပြည်မှာရှိစဉ် အသက်ဆိုတဲ့ ဇယားမလေးကို အခကြေးငွေပေးပြီး ချစ်ကြပါတယ်။ (မှတ်ချက် – သဂျီးလူပြိုဘဝတုန်းကပါ၊ အခုတော့ အမဲမှ အသဲ ထင်ပါတော့တယ်) :opps:
၁၉၈၈ခုနှစ် အရေးအခင်း အစောပိုင်းကာလမှာ သဂျီးပါခဲ့တာက ကြောက်-ျီးပါ။ သူများစက်မှုကျောင်းသားတွေ တပ်ဦးရှေ့ဆုံးမှာ သွေးသံရဲရဲ သေကြေဒဏ်ရာရနေချိန်မှာ သဂျီးက ဗိုက်နာနေပါသတဲ့။ ဩဂုတ်လ ၂၈ရက်နေ့ မဆလခေတ် စစ်အုပ်ချုပ်ရေးရုပ်သိမ်းတော့မှ ဝမ်းသွားတာရပ်ပါတယ်။ စက်တင်ဘာာ ၁၈ရက်နေ့ကြတော့တခါ ဗိုက်ပြန်နာလို့ အိမ်အပြင်မထွက်နိုင်ဘူး ဆိုပါတယ်။ ဒါကြောင့်သူ ၈၈၈၈အရေးတော်ပုံမှာ သူဆန္ဒပြတဲ့ပုံတွေ ကြည့်လိုက်ရင် အပစ်အခတ်အဖမ်းအဆီး မရှိတဲ့ အချိန်တွေမှာ နဖူးစည်း၊ လက်မောင်းစည်းနဲ့ အလံကိုင်ပြီး ချီတက်နေတာပါ။ (ပြောရရင်တော့ သဂျီးတယောက်ထဲ မဟုတ်ပါဘူး။ ပြောစမှတ်တွင်သူ အခြားသုံးဦးလည်း ရွာထဲရှိပါသေးတယ်။ ကြုံလို့ဖေါ်ရရင် အန်တီဝေဆိုသူကျောင်းသူက အရေးအခင်းဖြစ်ကထဲက သူ့မြို့မှာ လူသူ လက်နက်စုဆောင်းမယ်ဆိုပြီး ပြန်သွားလိုက်တာ နောင်သုံးနှစ်အကြာ ကျောင်းပြန်ဖွင့်ချိန်အထိပါ။ သူ့ကိုဖမ်း စစ်တော့ ကျမဘာမှမလုပ်ပါ၊ အဝေးကနေပဲ စာသင်အံလေ့လာနေပါတယ်ဖြေပါတယ်။ သူ့ရဲ့ဖြေဆိုချက်ကို ဗိုလ်ချုပ်ခင်ညွှန့်က သဘောကျပြီး အဝေးသင်ပညာရေးစနစ် တီထွင်ပါတယ်။ အဝေးသင်တက္ကသိုလ် မိခင်ကြီး အန်တီဝေဖြစ်ပါတယ်။ ဦဖက်ဆိုသူရွာသားလည်း စက်မှုတက္ကသိုလ်ကျောင်းဆင်း တဦးပါ၊ သူ့ကိုစစ်ကြောရေး ဝင်တော့ တချိန်လုံး ရဲရဲဝံ့ဝံ့ဘူးခံငြင်းပါသတဲ့ ။ ဒီမိုကရေစီကို မထောက်ခံဘူးလို့ ငြင်းတာပါ။ နောက်ဆုံးတဦး ကတော့ မမ ဆိုသူပါ။ အရေးအခင်းတုန်းကတော့ ဆန္ဒပြရောင်ဆောင်ပြီး မြို့ပတ်ရထား အလာကား ……အဲ သူ့အကြောင်းတော့ မသိပါဘူး။ 🙄
သဂျီးကတော်နဲ့သဂျီး အပျို၊လူပျိုဘဝတုန်းက အိမ်မက်ဆိုတဲ့ စတိုးဆိုင်မှာဆုံပါတယ်။ အဲဒီတုန်းက မီးပျက် နေလို့ ဖယောင်းတိုင်မီးမှိန်ပျပျအောက်မှာ လူခြင်းမသဲကွဲခဲ့ပါဘူး။ သဂျီးကတော်က မုန့်ဝယ်နေစဉ် အနားက အရက်ဖြူဆိုင်မှာ အမြီးကုန်သွားလို့ မြေပဲလာဝယ်တဲ့ သဂျီးနဲ့ဆုံမိတာပါ။ နောက်တော့ သဂျီးနဲ့ မြို့ထဲမှာ ထပ်တွေ့ပြီး ကျားဆိုးကြီးရဲ့ မာယာကျော့ကွင်းမှာ ရွှေသမင်မလေး ကျဆင်းသွားပါတော့တယ်။ 😮
သဂျီးကတော် ခါးပတ်နက်ဝတ်ပုံကတော့ ထမီအထက်ဆင်အမဲ ခါးမှာပတ်ထားတာကို ကရာတေးသမား ခါးပတ်နက်တွေနဲ့ မှားတာလို့သိရပါတယ်။ သဂျီးကတော် အောင်ဆန်းကွင်းမှာ အေရိုးဗစ်သွားဆော့တော့ ဂျူဒိုသမားတွေနဲ့ အခန်းခြင်းကပ်လျက်ပါ။ အဲဒီမှာ အဝေးကမြင်သူက လူခြင်းရောသွားပုံရပါတယ်။ 😀
သဂျီးက မြန်မာထေရဝါဒ ကမ္မဗုဒ္ဓဝါဒကနေ ပစ္စုပ္ပန်ဗုဒ္ဓဝါဒကို ပြောင်းသွားသူတဦး ဖြစ်ပါတယ်။ သူရဲ့စာတွေ မှတ်ချက်တွေမှာ အတိအလင်းတွေ့နိုင်ပါတယ်။ သူနဲ့ကျနော် အတိတ်ဘဝမှာ ဆွေမျိုးတော်စပ်ကြောင်းကို ဗုဒ္ဓမြတ်စွာဘုရားက သံသရာမှာ သတ္တဝါတိုင်း မတော်စပ်ဘူးသူ မရှိလို့ ဟောထားလို့ ညီအကိုဖြစ်ခဲ့ကြောင်း ပြောရခြင်း ဖြစ်ပါတယ်။ စင်္ကာပူကိစ္စက ဒီလိုပါ။ ပုဇွန်တောင်မှာရှိတဲ့ စင်္ကာပူဘုန်းကြီးကျောင်းမှာ သဂျီးလောင်း ခလေးဘဝနဲ့ သင်္ကန်းစီးဖူးပါတယ်။ အဲဒီမှာ သင်္ကန်းတောင်း စာအံစာကျက်လုပ်ရပါတယ်။ :O:
သဂျီးအသားအရည် ဘယ်လိုရှိလည်း မသိရိုးအမှန်ပါ။ အတွင်းသတင်းအရ သဂျီးကတော်က သူ့ကိုချစ်စနိုးနဲ့ ဒါလင်ကျောက်ကျောလို့ နှစ်ကိုယ်ကြားခေါ်ကြောင်း မှတ်တမ်းတော့ရှိပါတယ်။ ကျောက်ကျောဆိုတာ အရောင် အမျိုးစုံရှိလို့ ဘာအရောင်လည် သိရန်ခက်ပါတယ်။ တချို့ကလည်း သဂျီးခဏခဏပြောတဲ့ ကံဆိုတာညာတာ တကယ်မရှိလို့ ပြောတာကို မသဲမကွဲနဲ့ အိုဘားမားအဖေဇာတိ ကင်ညာနိုင်ငံနဲ့ မှားပါတယ်။ 
ပါဝင်မှတ်ချက်ပေး ဖတ်ရှုသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း သဂျီးကိုယ်စား ပြောကြားပါရစေ။ ဒီပို့စ်မှာ ရေးတဲ့မှတ်ချက်တိုင်းကို သဂျီးက အပိုပွိုင့် ၅၀၀၊ ဝင်ရောက်ဖတ်ရှုသူတိုင်းကို အပိုပွိုင့် ၁၀ဝစီ ပေးထားကြောင်း သတင်းကောင်း လက်ဆင့်ကမ်းလိုပါတယ်။ အကယ်၍ site admin > cube point အောက်မှာ အပိုပွိုင့်တိုးထားတာမတွေ့ရင် သဂျီးထံ တင်ပြတောင်းခံနိုင်ကြောင်း အသိပေးအပ်ပါတယ်။

 


ဇွန်လ၂၈
အခုဆို တဦးချင်းမှတ်ချက် ၄၈ဦးရှိပြီမို့ ၅ဝပြည့်ရန် ၂ဦးသာ လိုပါတော့တယ်။ ပြည့်ပြည့် မပြည့်ပြည့် မနက်ဖန် နောက်ဆုံး အပ်ဒိတ်ပို့စ် တင်ရန်ဆုံးဖြတ် လိုက်ပါပြီ။ ဘကြီးအောင်ပု ဖေါ်မယ်တကဲကဲ ကြိမ်းနေတာကြောင့် တကြောင်းပါ။ အကယ်၍ ၅ဝကျော်ခဲ့မယ်ဆိုရင် ကြောင်ကြီးဓာတ်ပုံ တပုံကိုပါ အပိုဆုအနေနဲ့ တင်ပါမယ်။
သဂျီးကတော်နဲ့ သဂျီးမှာ လူမသိသူမသိ ဇာတ်လမ်းလေး တပုဒ်ရှိပါတယ်။ သူတို့အချင်းချင်း အိမ်မက်ထဲမှာ စတွေ့ကြတာပါ။ အဲဒီတုန်းကထဲက သဂျီးဖြစ်မဲ့ကောင်လေးကို သဂျီးကတော်လောင်းလျာ ကောင်မလေးက တိတ်တခိုး စွဲလန်းခဲ့ပေမယ့် ဝိုးတဝါး အဝေးကနေ မြင်ရတဲ့ ပန်းချီကားလို ဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် ဖူးစာရှိတဲ့အတိုင်း အပြင်မှာ သဂျီးနဲ့ထပ်ဆုံပြီး မေတ္တာနှောင်ကြိုး ရစ်တွယ်မိတာပါ။
သဂျီး အာရ်အိုင်တီ စက်မှုကျောင်းဆင်း တဦးဆိုတာ သူကြွားတဲ့အခါ (ဆောရီးယောင်လို့) ရံဖန်ရံခါ သူမန်းတဲ့အခါ တွေ့ဖူးကြပါလိမ့်မယ်။ ၁၉၈၈ခုနှစ် မတ်လ ကိုဖုန်းမော် အရေးအခင်း၊ အင်းလျားကန်ဘောင် အဓိကရုဏ်းတွေဖြစ်တော့ သူပါခဲ့တာ ပြောစမှတ်ရှိပါတယ် to be continued !

 

ဇွန်လ၂၇ ကျနော့်ကို ပွိုင့်ရဖို့အတွက် လိမ်ညာနေတယ်နဲ့ ပြောဆိုကြတာတွေကို မြင်တွေ့နေရတော့ စိတ်မကောင်းပါဘူး။ ပြောလိုက်ပါမယ်၊ ငွေကြေး၊ ဓန၊ ဥစ္စာ၊ စည်းစိမ်၊ နာမည်၊ ဂုဏ်ဒြပ် စတဲ့ပကာသနတွေ မလိုချင်ပါဘူး။ ကြောင်ကြီးမက်တာ အမှန်တရားပါ။ တဦးချင်း မှတ်ချက်ပေးသူ ၄၅ဦးရှိပြီမို့ အချက်အလက် အသစ်တခုနဲ့ မေးခွန်းအချို့ကို ဖြေပါ့မယ်။
သဂျီးဦးခိုင်က ဘာသာပြောင်းထားသူ တဦးဖြစ်ပါတယ်။ ဘယ်ကနေ ဘယ်ကိုဆိုတာ တဦးချင်းမှတ်ချက် ၅ဝကျော်ရင် မကွယ်မဝှက် ပြောပါမယ်။
မHmee မေးတဲ့ သဂျီးကားမောင်းပြိုင်ပွဲ ကိစ္စမသိပါဘူး။ ဒါပေမဲ့ သူ့မှာ ပိုရှည်ဆိုတဲ့ ဟာကြီးရှိပါတယ်။ ပြိုင်ကားလား၊ ဒုံးပျံလား မသိပါဘူး။ သဂျီးနဲ့သဂျီးကတော် အတူစီးတာ သေချာပါတယ်။ လမ်းကြုံ အခြားသူကိုလည်း တင်ချင်တင်မှာပေါ့လေ။ ဒါသူ့ကဏ္ဍပါ။ ဝေဖန်စရာ မရှိ၊ မုဒိတာ ပွားပေးပါတယ်။
ဒေါ်မိုးသီတာမေးတဲ့ သဂျီးနဲ့ သမတ အိုဘားမား အမျိုးတော်မတော်ဆိုတာ နိုင်ငံတော် လျှို့ဝှက်ချက်ဖြစ်လို့ ပြောခွင့်မရှိပါဘူး။ ပြောနိုင်တာ ကံညာနဲ့သဂျီး အတော်နီးစပ်ပါတယ်။

ဇွန်လ၂၆ ဖြစ်သင့်တာ ၅၀။ ရထားတာ ၄၁၊ ပြောပြန်ရင်လည်း ကြောင်မင်းလွန်ရာကြမယ်၊ သဂျီးဆောက်တဲ့ အိမ်မှာနေ၊ သူကျွေးမွေးတာတော့ မျိုဆို့နေကြပြီး၊ သဂျီးအကြောင်းကြတော့ အားနာပါနာနဲ့တောင် စိတ်ဝင်စားဟန် မပြုကြဘူး။ ကိုယ်နဲ့မဆိုင်သလို နေရက်တဲ့ ရွာထဲက တကိုယ်ကောင်း ငါ့ဖို့သမားတွေကို ပြောပါတယ်။ သဂျီးကျေးဇူးသိတတ်သူများအတွက် တန်သလောက် ထပ်ပြောရရင် သဂျီးအရင်က စင်္ကာပူ ရောက်ဖူးပါတယ်။ တိတိကျကျပြောရရင် စာအံဖူးတာပါ။ ကိုယ်ရေးကိုယ်တာ နဲနဲဖွရရင် သဂျီးနဲ့ကျနော် အတိတ်ဘဝတုန်းက ညီအကိုတော်ပါတယ်။ အထောက်အထားလည်း ရှိပါတယ်။ ယုံကြည်မှုနဲ့တော့ ဆိုင်မှာပေါ့လေ။ သက်သေ အထောက်အထားများကိုတော့ တဦးချင်း မှတ်ချက်ပြုသူ ငါးဆယ်ကျော်မှ ထုတ်ဖေါ်ဝန်ခံ ပါရစေ။

ဇွန်လ၂၅(၂) အထင်တော်မလွဲ ဆင်တော်မဆွဲကြပါနဲ့။ ကျနော်ကြောင်ကြီး တကယ်ကို မလိမ်ရဲပါဘူး။ အကုန်လုံး မခြွင်းမချန်ပြောဖို့ကတော့ ၅ဝနဲ့ အထက်ရှိမှ ဖြစ်မှာပါ။ အဲဒါကလည်း ပို့စတင်ကထဲက ပြောပြီးသားပါ။ မလည်ရှုပ်လုပ်ခြင်း မဟုတ်ရပါဘူး။ အခုဆိုရင် မှတ်ချက်စုစုပေါင်း ၈၁ခုမှာ တဦးချင်းအနေနဲ့ဆို ၄ဝ ပြည့်သွားလို့ ပြောသင့်ပြောထိုက်တာတွေ အမှန်အကန်ထပ်ပြောပါမယ်။ ဘောနပ်စ်အနေနဲ့ ကျနော်အကြောင်းပါ နဲနဲပြောပါမယ်။ ၅ဝကျော်သွားတာနဲ့ မရှင်းမရှင်း ရေးထားသမျှအားလုံးကို စိတ်ကျေနပ်အောင် ရှင်းပေးပါ့မယ်။
ဒီပို့စ်ကိုစရေးတော့ သဂျီးနဲ့ရင်းနှီးသူအချို့က ဒီကြောင်ဘာမိုလီု့ ရာရာစစ သဂျီးအကြောင်းကို ရေးရတာလဲနဲ့ မကျေမနပ်ဖြစ်ပါတယ်။ ရွာသားအချို့ကလည် ကြောင်ကြီးဂွင်ဖန်တယ် ထင်ပါတယ်။ သဂျီးအကြောင်းကို သူ့မိဘများ အသိဆုံးဖြစ်မှာပါ။ သူတို့ထက်ပိုသိသူကတော့ သဂျီးကတော်ဖြစ်ပါတယ်။ အားလုံးထက်ပိုသိသူကတော့ အသက်ပေးချစ်ကြသူများပါ။ ကျနော်က သာမညကြောင်ကြီးမဟုတ်ပါဘူး၊ အီရန်ပြန်ဖြစ်ပါတယ်။ သဂျီးကတော့ ပြောထားတဲ့အတိုင်း အီရပ်ပြန်ပါ။ ဒီလောက်ဆို ဘာအားကိုးနဲ့ သူ့အကြောင်းကို ပိုင်စိုးပိုင်နင်း ပြောရသလဲဆိုတာ နဲနဲတော့ ရိပ်စားမိဖို့ သင့်ပါပြီ။

ဇွန်လ၂၅ သဂျီးအကြောင်းပြောချင်တာလည်း ရင်ထဲမှာကားနေတာပဲ။ ရွာသားအများက စိတ်ဝင်စားမှု ထင်သလောက် မပြတော့ခက်တယ်။ မန်းသူစုစုပေါင်း ၇၂ဦးကို တဦးချင်းပြန်စစ်လိုက်ရင် ၃၆ဦးပဲ တကယ်ရှိတယ်။ လေးဆယ်မကျော်ဘဲနဲ့ အကုန်ဘယ်ပြောလို့ေ ကာင်းမလဲ။ ဘဝဆိုတာ အသက်လေးဆယ်ကျော်မှစတယ်ဆိုတဲ့ စကားလည်းရှိသားပဲ။ ဘာပဲဖြစ်ဖြစ် သဂျီးအကြောင်းကို စိတ်ရှည်ရှည် နားလည်မှုအပြည့်နဲ့ စောင့်မျှော်ပေးသူများကို အားလည်းနာတယ်၊ ခင်လည်းခင်တယ်။ စိတ်မပျက်သွားအောင် သိသင့်တာလေးတခု ထပ်ပြောပါ့မယ်။ လူမပြည့်သေးလို့ တစချင်းထုတ်ပြောရတာ ခွင့်လွှတ်ပေးကြပါ။
အမေရိကားကို မလာခင် သဂျီး စင်္ကာပူကိုလည်း ရောက်ဖူးပါတယ်။ သဂျီးကတော်ကတော့ မြန်မာပြည်မှာရှိစဉ် သိုင်းပညာဝါသနာထုံပုံရပြီး ခါးပတ်နက်ပတ်ထားတာ တွေ့သူများရှိကြောင်း သတင်းသိုးသိုးသန့်သန့်ကြားမိပါတယ်။ အတိအကျကိုတော့ ရုံလူပြည့်မှ ပြောပါရစေခင်ဗျား။

သတင်းလွတ်လပ်ခွင့် အမှန်တရား လိုလာသူ ပြည်သူ့သတင်းထောက် ဦးကြောင်ကြီး 😎

ဇွန်လ၂၄ ခွီးထဲမှပဲ၊ မှတ်ချက်ပေးသူများလာလို့ ဝမ်းသာအားရ ကြည့်မိပါတယ်၊ အဘဆွေကစလိုက်တဲ့ အပေါင်းအနှုတ်ကိစ္စတွေ မပြီးနိုင်တော့ဘူး။ သူများခြံထဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ လာမပွားကြပါနဲ့။ ပြောလို့မရရင် နောက်ထပ်ဒီကိစ္စဆက်ရှည်နေသူတွေကို အနှုတ်ပေးမည် ဖြစ်ပါသည်။
တဦးချင်းမှတ်ချက်ပေးသူ ၃၃ဦး ရှိပြီမို့ သဂျီးရဲ့ လျှို့ဝှက်ချက်တခုကို ပြောပါမယ်။ သဂျီးက နယ်နယ်ရရတော့ မဟုတ်ပါဘူး၊ အီရပ်ပြန်တဦးဖြစ်ပါတယ်။ အသေးစိတ်ကတော့ တဦးချင်းမှတ်ချက် ၄ဝကျော်မှ ပြောပါရစေ။ ဈေးကိုင်တယ် မယူဆစေလိုပါဘူး၊ သဂျီးရဲ့ ကိုယ်ရေးကိုယ်တာဖြစ်လို့ အများတောင်းဆိုမှုနဲ့ ဂုဏ်ပြုချင်လို့ပါ။
သဂျီးသမီးအကြောင်း သိလိုသူများအတွက် နဲနဲဆက်ပြောရရင် သဂျီးသမီးက အသားဖြူဖွေးနေပါတယ်။ မိဘတွေနဲ့ မတူပါဘူး၊ အထူးသဖြင့် သဂျီးနဲ့ပါ။ သူ့အသားအရည်နဲ့ အမှောင်ထုနဲ့ မကွဲလို့ လူအတိုက် ခဏခဏ ခံရပါတယ်။ ဒါကြောင့် ရုပ်ရှင်သွားကြည့်ရင် သဂျီးအတွက် သူ့သမီးက မပါမဖြစ် အရေးကြီးလှပါတယ်။

ဇွန်လ ၂၃ ပြောပြန်ရင်လည်း ကြောင်မင်းလွန်ရာကြမယ်…မန်းဂေဇက်မှာ ပုံမှန်ဝင်ရေးသူရာဂဏန်းနီးပါး၊ ပင်တိုင်ဖတ်သူထောင်ဂဏန်း၊ အဖွဲ့ဝင်ထောင်ပေါင်းများစွာရှိပေမဲ့ ကိုယ်ရပ်ရွာအကြီးအကဲ အကြောင်းကြတော့ စိတ်ဝင်စားသူ ၃ဝမပြည့်ဘူး။ အခုချိန်အထိ မှတ်ချက်ပေးသူ စုစုပေါင်း ၄၆ဦးရှိပေမဲ့ တဦးတမဲပြန်ခွဲလိုက်ရင် ၂၉ဦးပဲရှိတယ်။ ဘယ်နှယ်ဗှာ လျှော့ဈေးနဲ့ရောင်းရအောင် ဟင်ရွက်ကန်စွန်းလည်းမဟုတ်၊ မရောင်းပဲထားလို့ ပုပ်သိုးသွားမဲ့အစာလည်းမဟုတ်ဘူး။ ဒီတော့ များများပြောဖို့ သတ်မှတ်ဦးရေ၃ဝပြည့်ရန် ၁ဦးလိုနေသေးသမို့ ရုံဝင်လူစောင့်ရင်းနဲ့ နဲနဲလေးထပ်ပြောပါမယ်။ မေ့သွားမှာစိုးလို့ ထပ်ပြောရရင် လူ၃ဝပြည့်ရင်များများ၊ လူ၄ဝပြည့်ရင် အမှန်အကန်နဲ့ ၅ဝနင့်အထက်ဆိုရင် အကုန်ပြောမယ်ဖြစ်ပါတယ်။
သဂျီးသမီးအကြောင်းကတော့ တန်သလောက်ပြောပြီးသွားပြီဖြစ်လို့ စာဖတ်သူအချို့မေးတဲ့မေးခွန်းများကို ဖြေပါမယ်။
ဒေါ်ပဒုမ္မာမေးတဲ့ သဂျီးအိမ်တန်ဖိုးကိုဖြေရရင် ကြောင်ကြီးက အိမ်မြေအကျိုးဆောင်မဟုတ်လို့ မသိပါဘူး။
WINDTALKER မေးတဲ့ သဂျီးကို ဘယ်မှာမွေးတာလဲဖြေရရင် အင်္ဂါဂြိုလ်မှာမွေး၊ မြန်မာပြည်မှာပျက်၊ ဂျပန်ပြည်မှာပြင်၊ အမေရိကားမှာ ကြီးပွားပါတယ်။
အခြားသူများမေးတဲ့ သဂျီးသမီးအကြောင်း၊ သဂျီးအကြောင်း စတာတွေကို အပြည့်အစုံပြောဖို့ရာကိုတော့ ရုံဝင်လူမပြည့်သေးလို့ သီးညည်းခံကြပါအုံးလို့ တောင်းပန်ပါတယ်။
ဇွန်လ ၂၂၊ မနောက်ကြပါနဲ့ဗျာ။ ထောင်တန်တဲ့စကား ရယ်ရင်ပေါ့တဲ့၊ နောက်တယ် ထင်နေကြပါအုံးမယ်။ အခုအချိန်ထိစုစုပေါင်းမှတ်ချက် ၃၁ခုရှိပြီး ၂ခါပြန်၊ ၃ခါပြန် သမားတွေကို တခုစီထားတွက်လိုက်ရင် စုစုပေါင်း တောင်းဆိုသူ ၂၃ဦးရှိပါတယ်။ ဒီတော့ ကတိအတိုင်း နည်းနည်းထပ်ပြောပါမယ်။ ဒီလိုပါ ဒန်တန်တန်….
သဂျီးသမီးက သဂျီးနဲ့သဂျီးကတော်ကနေ မွေးတာပါ။ သူ့တက်နေတဲ့ကျောင်းက အသက်မပြည့်သေးလို့ ပြောခွင့်မရှိပါဘူး။ နာမည်ကိုလည်း အလားတူပါပဲ။ စိတ်မပျက်သွားကြပါနဲ ရွာကာလသားများ၊ ကျန်ပါသေးတယ်။ သူ့နာမည်ကတော့….. မသိပါဘူး။
သဂျီးစီးတဲ့ကားက နောက်ဆုံးပေါ်ပါတယ်။ ဘယ်လိုပေါ်သွားလည်းဆိုရင် သဂျီးကတော်ပိုက်ဆံနဲ့ စိုက်ဝယ်ပေးထားတာပါ။ သူတို့အချင်းချင်း ရန်ဖြစ်တဲ့အခါ အသံထွက်လာပါတယ်။ ဒီတော့ သဂျီးကတော်ကားလို့လည်း ပြောရင်မမှားပါဘူး၊ နှစ်ကုန်လို့ စိုက်ထားတဲ့ပိုက်ဆံ ပြန်မပေးနိုင်ရင် ကြွေးရှင်သဂျီးကတော်က သိမ်းမှာမိုလို့ပါ။
သဂျီးအလုပ်လုပ်တာတော့ ရုံးဌာနအကြီးကြီးတခုမှာပါ။ ဘယ်လောက်ကြီးလည်းဆို ဒိုင်နိုစော၊ ဂေါ်ဇီလာ၊ ကင်းကောင် သုံးကောင်ပေါင်းတောင် သူ့ရုံးကြီးကြယ်ပုံကို မမှီပါဘူး။ ဒါကြောင် သူဂျီးက အမြဲထောင်ထောင် ထောင်ထောင်ဖြစ်နေလို့ သဂျီးကတော်က မကြာခဏ ဆုံးမရပါတယ်။ အဲဒီအခါမျိုးဆိုရင် သဂျီးခင်မျာ ပင်ပန်းတယ် အကြောင်းပြပြီး အလုပ်ကနေ ခွင့်ယူနားနေရပါတယ်။ (စိတ်ကောက်ပြီး မနိုင်နိုင်ရာ မဲတဲ့သဘောပါ)။
၃ဝ မပြည့်သေးတော့ သဂျီးကတော်အကြောင်း၊ သဂျီးမင်းရဲ့ ရုပ်ရူပကာ၊ အကျင်စရိုက်၊ လူအများနဲ့ပေါင်းသင်းဆက်ဆံရေး စတာတွေ ပြောလို့မဖြစ်သေးဘူး။ သိပ်ပေါသွားမှာ စိုးလို့ပါ။ ရွေဥကြီးပေးပေးနေတဲ့ ဘဲငန်းကြီးကို တခါထဲနဲ့ ချက်မစားရက်ပါဘူး.. 😀

ဇွန်လ ၂၁၊ မှတ်ချက်ပြုတောင်းဆိုသူ အများကို ကျေးဇူးတင်ပါတယ်။ ယခုအချိန်ထိ ကွန်းမန့်ပေါင်း ၂၁ခုရရှိပြီး ကင်း၊ ဆူး၊ မဝေ၊ မမ လေးယောက်က နှစ်ခါစီ မန်းထားလို့ ခိုင်လုံတဲ့မဲ စုစုပေါင်း ၁ရခု ရပါတယ်။ (ဒီနေရာမှာတော့ ငါက ကြက်ဖွတ်အစိုးရထက် အပုံကြီး သမာသမတ်ရှိတယ်ကွ)။ ဒီတော့ ၂ဝမပြည့်လို့ ကတိအတိုင်း နည်းနည်းပြောပါမယ်။
သဂျီးနာမည်က တနင်္လာနဲ့ အင်္ဂါနံ ကျားနဲ့ခြင်္သေ့ပေါင်းစပ်ထားတာပါ။ Liger သို့မဟုတ် Tigress ကြောင်ကြီးမျိုးနွယ်အုပ်စုဝင် တဦးဖြစ်ပါတယ်။
နေရပ်ကတော့ ကယ်လီဖိုးနီးယားပြည်နယ် အာကားဒီးယားကောင်တီ ဟိုလမ်း အိမ်အမှတ် ဟိုဒင်းမှာပါ။
လူပြိုများအတွက် စိတ်ဝင်စားစရာ သတင်းကောင်းကတော့ သူမှာသမီးချောတယောက်ရှိပါတယ်။ အသက်က…..အင်း ရေးဖို့ တောင်းဆိုသူတွေကလည်း ထင်သလောက် မများဘူးဗျာ။ စိတ်မဝင်စားကြဘူးနဲ့တူတယ်။ သူများသမီးပျိုအကြောင်း ကျနာ်ပြောလို့ ပရိုက်ဗေစီ ချိုးဖောက်မှုနဲ့ တရားအစွဲခံရရင် ဒီပရိတ်သတ်နဲ့ တွက်ခြေမကိုက်သေးဘူး။ ပြောချင်တာတော့ ရင်ထဲအပြည့်ပါပဲ 😉
ဇွန်လ၂၀၊
ရွာသားများခင်မျာ…
ရွာအကြီးအကဲ အုပ်ရှောင် သဂျီးမင်းအကြောင်း မသိချင်ကြဘူးလား၊ သူက ကိုယ်ဖျောက်တာ တော်လွန်းတော့ နတ်လိုလို သိကြားလိုလို မှတ်သူတွေ မှတ်နေကြတယ်။ ကျနော် သူ့အကြောင်းသိထားပေမဲ့ စိတ်ဝင်စားသူ မရှိဘဲ ထုတ်ပြောရန် မသင့်လို့ ငိုချင်လျက်လက်တို့ ဖြစ်ချင်နေပါတယ်။ ကွန်းမန့်ပေး တောင်းဆိုသူ ဆယ်ဦးခန့်ရှိပါက နည်းနည်းပြောမယ်၊ နှစ်ဆယ်ပြည့်ပါက ပိုပြောပြမည်၊ သုံးဆယ်ရှိလျင် များများပြောမည်၊ လေးဆယ်ဆိုပါက အမှန်အကန်ပြောမည်၊ ငါးဆယ်နှင့်အထက်ဆိုလျင်တော့ အကုန်ပြောမည် ဖြစ်ပါသည်ခင်ဗျား…

သောက်ကျိုးနဲ့တော် တော်တီးတီးတော်ြသော ရွာသားအပေါင်း၏ ပြန်ကြားချက်ကို စောင့်မျှော်လျက်

သတင်းပေးကြောင်ကြီး

135 comments

  • Big Defender

    June 23, 2011 at 12:45 pm

    မီးနီပြလိုက်ရင်တော့ချလမ်ဖြတ်ပြီးနေလိုက်ယုံပေါ့လွယ် လွယ်လေးပေါ့
    မဟုတ်ဘူးလား။

  • windtalker

    June 23, 2011 at 1:39 pm

    အေးဗျာ ခင်ဗျားပြောသလို ပါပဲ ချလမ်ပဲ ဖြတ်လိုက်ပါတော့မယ် ဗျာ

  • ကျနော်လဲ အခုရက်အလုပ်ဖြစ်နေတယ်။
    မပေးသင့်ဘဲ လက်ဆော့လို့ အနီကဒ်ပြထားရင်
    ကျနော်ကလဲ အစိမ်းကဒ်ပြန်ပြပေးတယ်။
    အဲလိုလုပ်ပေးနေတာ တော်တော်များပြီဗျ။

  • captainamerica

    June 23, 2011 at 4:56 pm

    ခက်တော့ခက်သား။ဘာမှန်းညာမှန်းမသိဘဲဝင်ပြီးလက်ဆော့တဲ့သူတွေကရှိနေတာကိုး…..အခုကျွန်တော်
    မန်းတာလည်းနီလေက်တယ်။ ကို X MEN ပြောတာမှန်တယ်လို.ထင်တယ်။သူပြောတာဖြစ်နိုင်တယ်။
    သူလည်း Admin တစ်ယောက်ပဲ.. http://www.eainlwanthu.comက ကို X MAN ကြီးစိတ်ဆိုးရဝူးနော်….
    အမှန်ပြောတာကို…… 😀 😀 🙂 🙂

    • xman

      June 23, 2011 at 5:32 pm

      ဟောဗျာ-
      အဲဒီနံမည်တူရှိသလား ?
      ကျေးဇူးကြီးပါပေရဲ့ ကက်ပတိန် ရယ်။ သူပြောမှသိရတယ်။
      ရွာသားများခင်ဗျား …။ နောင်မကြာမီရက်အတွင်း ကျွန်တော့်ကိုယ်ကျွန်တော် နာမည်သစ်ပေး ကင်ပွန်းတပ်ပါမယ်။
      အကျွေးအမွေးကတော့ အခုတလော ရွာထဲမှာလာလာတင် ထားတာတွေကိုက အလွန့်အလွန်များနေလို့ အဲဒါတွေအရင်သုံးဆောင်ကြပါလို့ …။ (ပစ်လိုက်ရရင်နှမြောစရာကြီးနော)

  • weiwei

    June 24, 2011 at 2:54 am

    တစ်နေ့ ၁ဝ တော့ ဝင်ယူမှာပဲ … 😛 😛

  • PinkCandy

    June 24, 2011 at 3:03 am

    ကိုကြောင်ကြီးက သတင်းကို ကပ်စီးနည်းလွန်းတယ်
    နည်းနည်းချင်းပြောနေတယ်
    စောင့်နေရတာမောတယ်

  • forever

    June 24, 2011 at 3:39 am

    အကိုကြောင်ကြီးရေ ကျွန်တော်လဲသိချင်တာရှိလို.ဝင်ပါလိုက်တယ်
    သူကြီးဦးခိုင်ရဲ.နောက်ကအကြောင်းတွေကိုတော.မဟုတ်ပါဘူး
    သူကလူကြီးဆိုတော.ဟိုကဆော် ဒီကဆော်နဲ.ဒဏ်ရာတွေတော.ရှိမှာပေါ.
    ကျွန်တော်သိချင်တာကအခုကျွန်တော်တို.ရွာသူကြီး ကပါဝါတဆင်.တက်ပြီး
    အမေရိကားမှာလွှတ်တော်အမတ်တို.နောက်တဆင်.သမ္မတတို. ဝင်ရွေးဘို.အကြံများရှိလားသိချင်တာပါ
    ကန်မြင်.ရင်ကြာတင်.ဆိ်ုကလို သူကြီးအမတ်ဖြစ်ရင် ဒီရွာကြီး လဲဂုန်တင်.မှာမို.ကိုကြီးကြောင်ရေ
    တွေးဆပြီးဖြေပေးပါအုံး

  • pan pan

    June 24, 2011 at 4:08 am

    အလို…သူကြီးက အီရတ်ပြန်ဆိုပါလား။ ဘယ်တုန်းက ဘာကိစ္စနဲ့ သွားလိုက်တာပါလိမ့်…??

  • usnczn

    June 24, 2011 at 4:10 am

    နီတဲ့ စိမ်းတဲ့ လူတွေ နီတဲ့အခါ စိမ်းတဲ့အခါ နာမည်နဲ့ တကွ ပေါ်နေမယ်ဆိုရင်
    သူတို့ လုပ်ကြပါ့မလား။ ပုဆိုးခြုံထဲက လက်သီးပုန်း ပြသလိုမျိုးလား သတ္တိမရှိတဲ့
    သူတွေရဲ့ လုပ်ရပ်မို့လို့ ရှုံ့ချ ပါတယ်။
    မကြေနပ်က အများကြီး နီပေး နိုင်တယ် …ဟားဟား မကြောက်သေးဘူး..
    (သူကြီး အားကိုးနဲ့…..ဟဲဟဲ)

  • bigcat

    June 24, 2011 at 4:33 am

    king နဲ့ usnczn ကို အနီကတ်ပြပါတယ်။ ပြောထားရဲ့သားနဲ့ ကျုပ်ခြံထဲဝင် သေးပေါက်လို့ပါ။ နောက်တခါဆို ဖြတ်ပစ်မယ်။ :angry:

    • king

      June 24, 2011 at 5:41 am

      အရှင် ရုက္ခစိုးမင်း(ကိုကြောင်းကြီး) ခင်ဗျားး…
      ကျွန်တော့် မသိပဲ အရှင်ရဲ့ ခြံဝင်းထဲမှာ ရှူရှူးဝင်ပေါက်မိတဲ့အတွက် ခွင့်လွှတ်ပါ၊ ကျွန်တော့်ကို ဗွေမယူပါနဲ့ (မြန်မာဇာတ်လမ်းများတွင်ပါသော ကျန်းမာရေးပညာပေးအစီအစဉ်မှ ဖြတ်ညှပ်ကပ်လုပ်ပြီး ကော်ပီယူခဲ့ပါသည်) …. 😀
      အနီကတ် ကို အယူခံ ဝင်ပါတယ် … သုံးပွဲတော့ အပယ်မခံနိုင်ပါဘူး
      ပွဲကြပ်တွေ ကန်ဖို့ ရှိသေးလို့ ….. 😀

  • fatty

    June 24, 2011 at 4:53 am

    သူကြီးခင်ဗျား …. ကိုယ့်အကြောင်းကိုစောစောစီးစီး ဝန်ခံလိုက်ရင်ကောင်းမည်ထင်ပါသည်။

  • windtalker

    June 24, 2011 at 6:31 am

    အကောင်ကြို ပြောသလို သူကြီး က အီရတ်ပြန် ဆိုရင်တော့ အမေရိကန် မှာ နိုင်ငံသားဖြစ်တာ ၁၅နှစ် ၁၆နှစ် လောက် ရှိပြီ လို ့ မှန်းဆကြည့်မယ်ဗျာ ။

  • MaMa

    June 24, 2011 at 9:06 am

    ဦးဖက် ပြောသလိုပဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာက သက်သာမည် ဖြစ်ပါသည်။ ဒါမှမဟုတ် ပဒုမ္မာleak ပြောသလိုများ ဖြစ်နေပြီလားမသိ။

  • Foreign Resident

    June 25, 2011 at 4:18 am

    ” တဦးချင်းပြန်စစ်လိုက်ရင် ၃၆ဦးပဲ တကယ်ရှိတယ်။
    လေးဆယ်မကျော်ဘဲနဲ့ အကုန်ဘယ်ပြောလို့ေ ကာင်းမလဲ ”

    Dear Big Cat:
    I also want to know about our “Thu Gyee”
    May be, I am 37th.
    🙂

  • natthamee

    June 25, 2011 at 4:42 am

    နဲနဲတော့လျှော့လိုက်ပါ ကိုကြောင်ကြီးရယ် … နော်။ 37 နဲပဲ ထားလိုက်ပါ။ 😛

  • pooch

    June 25, 2011 at 6:13 am

    ဉီးကြောင်ကြီး ဝဋ်လိုက်မယ်နော် သိချင်ပါတယ်ဆိုမှ အနော်တို့ကို ဆန့်တငင်ငင်ဖြစ်အောင် လုပ်နေတယ် … 🙂

  • koyewin80

    June 25, 2011 at 8:12 am

    မပြောသေးဘူးဆိုကာမှ …. ပိုသိချင်လာပြီ …။

  • MaMa

    June 25, 2011 at 10:59 am

    koyewin80 တဲ့ ၈ဝ ရှိပြီ။ ကိုကြောင်ကြီး ပြောလို့ရပြီပေ့ါ နော်။

  • parlayar46

    June 25, 2011 at 12:25 pm

    ၄၀
    ကျုပ်အသက်မဟုတ်ဘူးနော်
    (သက္ကရာဇ်လာဖြိုနေတယ် အပြောခံရမှာစိုးလို့။)

  • ဆူး

    June 25, 2011 at 1:03 pm

    ရွာထဲမှာ တကယ် ဝင်ရေးနေတာ လူ ၄ဝ တောင် ပြည့်မယ် မထင်တော့ဘူး။
    သဂျီးကတော့ မန်ဘာ ဦးရေ ၄၀၀ဝ ရှိတယ် လစဉ် ကြည့်တဲ့ လူ သိန်းချီ ရှိတယ် ပြောနေတာ.. ဟီးဟီး..
    တညိုးတော့ တညိုးပါလားနော်.. :indifferent:

  • weiwei

    June 25, 2011 at 1:47 pm

    ကြွက်ကလေးတွေကို ဖမ်းပြီး ကြောင်ကြီးက ကစားနေသလိုမျိုး လှည့်စားနေတာ 😛
    တော်ပြီ .. မသိချင်တော့ဘူး ..

  • PinkCandy

    June 25, 2011 at 2:45 pm

    သာမညကြောင်ကြီးမဟုတ်သော အီရန်ပြန်ကြောင်ကြီးဆိုပါလား
    ဘင်လာဒင်ဖမ်းတုန်းက ပါတဲ့ကြောင်က ဦးကြောင်ကြီးတပည့်လားဟင် ?

  • MaMa

    June 25, 2011 at 2:55 pm

    အခုမှပဲ အီရန်နဲ့ အီရတ်စစ်ပွဲအကြောင်း သိရတော့တယ်။

  • ဆူး

    June 25, 2011 at 3:05 pm

    ၅ဝ ပြည့်ရန် သိပ်မလိုတော့ဘူး ဆိုပါလား.. ဒီလရဲ့ စိတ်ဝင်စားမှုအများဆုံး ပိုစ်တောင် ဖြစ်သွားမလားပဲ..

  • shweminthar

    June 26, 2011 at 2:23 am

    ကိုကြောင်ကြီးနဲ့သဂျီးက ခေါင်းပေါင်းအဖြူကြီးနဲ့ မုတ်ဆိတ်တွေနဲ့လား
    အီရမ်ပြန်၊ အီရပ်ပြန်တွေ ဆိုတော့…..

  • pan pan

    June 26, 2011 at 11:06 am

    ဦးကြောင်ကြီး မြန်မြန်ပြောအောင် မန့်လိုက်ပြီ
    သိချင်တာလေးပါ မေးလိုက်ဦးမယ်
    ဦးကြောင်ကြီးက အီရန်ကိုဘာပြုလို့ သွားခဲ့တာလဲ
    သူကြီးကလည်း အီရတ်ပြန်တဲ့
    စပ်စုတယ်မထင်ပါနဲ့နော် 😀

  • nature

    June 26, 2011 at 12:23 pm

    (မျှော်တော်ယောင်)၂ ၊ မျှော်တော်ယောင် ဘဝကကျွတ်ချင်ပြီ ၊ (သူမဖော်ရင်)၂ မျှော်တော်ယောင်ဘဝက ကျွတ်ဖို့လမ်းမမြင်ဘူး။
    congratulation ပါ bigcat ရေ။ popular အူဝဲ၊ တင့်တင့်ထွန်း နဲ့ ဝိုင်းစု စကပ်နား ကပ်လိုက်နိုင်တာ bigcat တယောက်ပဲရှိတယ် တိုက်တေနီယမ် တိုက်ကွမ်ဒို မန်ဘာကြီးရေ။

  • ဆူး

    June 26, 2011 at 2:33 pm

    အားဂျား အားဂျား.. ကြောင်ကြီး.. ကွန်မန်း အရေ အတွက် အများကြီး ရစေဖို့ အားသစ်လောင်း ထပ်မန်းလိုက်တယ်။ ပွိုင့် စနစ် ပြောင်းသွားတော့ ဒီမှာ လာမန်းတဲ့ လူတွေ တခါမန်းပြီးရင် ပွိုင့်မရတော့ပါဘူး။ မန်းရင် ပွိုင့်ရတဲ့ သူက ပိုစ်တင်သူပါ။ ပွိုင့် မရပေမဲ့ အနစ်နာ ခံပြီး တင့်တင့်ထွန်း နဲ့ ဝိုင်းစု ကို ကျော်ဖို့ မန်းလိုက်လေ သတည်းးးးးးးးးးး။
    နောင်တချိန် သဂျီး ပြောသလို ကွန်မန်း အများဆုံး ရတဲ့ ပိုစ်တွေ ကြည့်တဲ့ လူ ရှိရင် သဂျောင်းအကြီး သဂျီးအကြောင်း လူသစ်တွေ သိသွားတာပေါ့.. ဟဲဟဲ..

  • maythakhin

    June 26, 2011 at 4:26 pm

    သူကြီးက ကောမန့်တွေကို ကြည့်ပြီး “ငါကွ သူကြီး”ဆိုပြီး မိန့်မိန့်ကြီးပဲပြုံးနေမလားဘဲ။

  • nature

    June 26, 2011 at 5:52 pm

    သူကြီးသတင်းစုံစမ်းရတာ ဘင်လာဒင်သတင်း စုံစမ်းရတာထက်တောင် ခက်သေးတယ်..ဟူး….။ မရရင်တော့ ကြောင်ကြီးသတင်း သူကြီးဆီကပြန်စုံစမ်းရမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 27, 2011 at 3:07 am

    အချိန်သိပ်ကြာနေရင်တော့
    အထုပ်ဖြေတော့မည်ဖြစ်ပါကြောင်း
    အသိပေးအပ်ပါသည်။
    ………………………..ပုံ
    ………………………….မိုက်ကယ်ဂျော်နီအောင်ပု

  • weiwei

    June 27, 2011 at 4:51 am

    ကိုကြောင်ကြီးက ကွန်မန်း ၁၀ဝ ရရင် ပွိုင့် ၅၀ဝ ရမှာဆိုတော့ မမန်းမန်းအောင် လုပ်နေတာ …
    ပွိုင့်မရပေမယ့် ကိုကြောင်ကြီး ပွိုင့်တိုးစေရန်အလို့ငှာ တစ်ခါ ထပ်မန်းပေးလိုက်ပါတယ် ….

  • Ko Ko Aung

    June 27, 2011 at 6:15 am

    တဖြေးဖြေးနဲ့ သူကြီးအကြောင်းထက် ကိုကြောင်ကြီးအကြာင်းတောင် ပိုသိကုန်တော့မယ်။ 😀

  • pan pan

    June 27, 2011 at 7:47 am

    သိချင်ပါသော်ကော…။
    ဘယ်၍ ဘယ်မျှ အချိန်ရွှေ့နေပြီးတော့….။ 🙁

  • hmee

    June 27, 2011 at 8:29 am

    တခါဖတ်ဖူးတယ် ဟုတ်မဟုတ်တော့ သိပ်မသေချာဘူး။ သဂျီးက ကားပြိုင်ပွဲ ဝင်ဘူးတယ်ဆိုလား။

  • MaMa

    June 27, 2011 at 8:54 am

    အမှန်အကန် hmeeleak ကိုပဲ ယုံကြည်လိုက်တော့မယ်။

  • shweminthar

    June 27, 2011 at 9:40 am

    ကွန်မန်းတွေ ဖတ်ပြီး သဂျီးက တော့ တစ်ယောက်တည်း ကျိတ်ပြီး ပြုံးနေမှာသေချာတယ်။
    ငါအကြောင်းကို တော်တော်စိတ်ဝင်စားကြတာဘဲ ဆိုပြီး…..
    နောက် ရွေးကောက်ပွဲတောင် ဝင်ပြိုင်ဖို့ စီစဉ်နေလောက်ပြီ။
    🙂
    သဂျီး ရွေးကောက်ပွဲဝင် ရင် သဂျီးကို ဘဲ မဲပေးမယ်။

    • MaMa

      June 27, 2011 at 11:41 am

      ရွှေမင်းသားရေ-လူကိုခင်လို့ ပုဂ္ဂိုလ်မင်တာလား။ ပုဂ္ဂိုလ် ခင်လို့ လူကို မင်တာလား။ ကိုယ့်ရွာသဂျီးပဲဆိုတဲ့ အတွေးနဲ့တော့ မဲမပေးနိုင်ပါဘူး။ ရွေးကောက်ပွဲ မဝင်ခင် ပြောတာတွေ နားထောင်ကြည့်ရဦးမယ်။
      🙂

      • shweminthar

        June 27, 2011 at 2:36 pm

        ရွေးကောက်ပွဲက ဝေးကြီးလိုပါသေးတယ်။ မဲပေးရင်လဲ ဘေးက အကာပါတယ်လေ ကြိုက်တာ အမှန်ခြစ်လို့ရတယ်။ ကိုယ်ဘာလုပ်လုပ် ကိုယ်က လွဲပြီး ဘယ်သူမှမသိပါဘူး။ ကိုယ်ဘယ်သူကိုမဲပေးပေး ပြသနာ မရှိ။ လောလော အချိန်မှာတော့ သဂျီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် သဂျီးကို ဘဲ မဲပေးမှာ…..
        ဘယ်သူတွေ ဘာပြောပြော သဂျီးကို ဘဲ မဲပေးမှာ……( ရွေးကောက်ပွဲအချိန်ထိ စိတ်မပြောင်းသွားရင်ပေါ့)
        သဂျီး မှာလဲ ကောင်းတာတွေ ရှိပါတယ်။
        နောက်ပြီး ရွာသူရွာသားပေါ်မှာ သဂျီးလောက်သဘောကောင်းတဲ့သူရှိမယ်မထင်။
        တော်ကြာ ကန့်ကွက်တယ် ထအော်လိုက်၊ တော်ကြာ အရူးလို့ ပြောသွားလိုက်နဲ့ သဂျီး မို့လို့ သည်းခံနိုင်တာ။ သူဘက်က ပြန်ကြည့်ရင်လဲ ဒီလို ရွာတစ်ရွာထိန်းရတာ လွယ်မယ်မထင်။
        အကုန်လုံးက အစွမ်းထက်လှတဲ့ တိုက်ပင်လက်နက် ကိုယ်စီနဲ့ဆိုတော့…. ထိန်းရတော့ တော်တော်ခက်မှာဗျ။ ဒီကြားထဲ မထင်ရင် မထင်သလို ပိုစ့်နဲ့တစ်မျိုး ၊ ကွန်မန်းနဲ့တစ်မျိုး တိုက်ပင်အစွမ်းက ပြကြသေးတယ်။
        ကျနော်တို့ သဂျီးက လူကြီးပီသပါတယ်ဗျာ။
        ကဲ မသိမသာ တမျိုး၊ သိသိသာသာ တမျိုး ဖားထားတယ်နော်။

Leave a Reply