Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မဆုံးတဲ့….သီချင်း —၁

naywoon niJune 22, 20111min54915

တစ်ချို့ကပြောကြတယ်..။
အရက်သမား အမှားတစ်ရာတဲ့လေ..။ နောက်ဆရာကြီးတစ်ယောက်က ပြောပြန်တယ်..။ အရက်သမား အမှားတစ်ထောင်ပါတဲ့..။ ဒါပေမဲ့ နေဝန်းနီ ကိုယ်တွေ့ကြုံရတာကတော့ အရက်သမား အမှား ကမ္ဘာပါပဲ..။ တစ်ကယ်ပါ..။ အရက်ဆိုလို့ ချက်အရက်ကစ.. ဘီအီးဒီစီ (အခုတော့ အိုဘီ…အရက်ဆီပေါ့လေ)ကစလို့ နောက်ဆုံး ဗောလ်ကာ ဗက်69 ဂျော်နီအောင်ပု အဲဟုတ်ပါဘူး ယောင်လို့ ဂျောနီဝေါလ်ကား အထိ (ကြားဖူးတာမဟုတ်ပါ.. သောက်ဖူးသမျှ မှတ်မိသလောက်ကြွားလိုက်တာ )နံတဲ့ အရက် မွှေးတဲ့အရက်..။ ပူတဲ့အရက် အေးတဲ့အရက်..။ အဝင်ဆိုးတဲ့အရက် အဝင်ကောင်းတဲ့အရက်.. မျိုးစုံအောင်ယဉ်ပါးခဲ့ဖူးပါတယ်..။ သောက်ဖို့က လည်း လွယ်ကူနေတာကိုး..။ ထားပါ.. အဲဒါပြောနေရင် ဘေးရောက်သွားဦးမယ်..။ အခါတစ်ပါး ဆရာသမားတစ်ယောက်က ဆုံးမဩဝါဒပေးဖူးတယ်..။
ဆရာသမား။ ။အရက်သောက်တာမကောင်ဘူးကွ..။
တပြည့်များ။ ။ ဟုတ်ကောင်းတဲ့အရက်ဝယ်သောက်ပါ့မယ်..။
ဆရာသမား။ ။ ဖဲရိုက်တာလဲမကောင်းဘူး…။
တပြည့်များ။ ။ဟုတ်… အခုဖဲထုပ်က ခါးကျိုးနေလို့ ဖဲထုပ်အသစ်လဲပြီး ဆက်ရိုက်ပါ့မယ်…။
ဆရာသမား…။။ မိန်းမလိုက်တာလဲမကောင်းဘူး..ကွ…။
တပြည့်များ..။ ။ ဟုတ် ….မိန်းမတစ်ယောက်ကို ကောင်းမကောင်းစုံစမ်းပြီးမှ လိုက်ပါ့မယ်..။
ဟာသလေးပါ..။ အရက်သမားကြားက ဒီလိုဟာသလေးတွေရှိပါတယ်..။ ဒီလိုအရက်နဲ့ပါတ်သက်တဲ့ဟာသ လေးတွေ အရက်သမားမှန်ရင်ပြောတတ်ပါတယ်..။ အရက်သမားမှန်ရင်ပေါ့လေ..။
ကောင်းတဲ့ အရက်ဆိုလို့ဘာကိုပြောချင်တာလဲ အရက်သောက်ခဲ့တဲ့ 15နှစ်လောက်အတွင်းမှာ နေဝန်းနီ ရှာကြည့်ခဲ့ပါသေးတယ်..။ တစ်ကယ်မတွေ့ခဲ့ရိုးအမှန်ပါ..။ သောက်လိုက်ရင် လည်ချောင်းထဲ လျောကနဲ ကျသွားတာ အဝင်ကောင်းတာလား..။ အနံ့မွှေးပြီး လည်ချောင်ထဲကနေပူ ဆင်းသွားတာလား ပြီးမှ ရင်ဝလောက်လည်းရောက်ကရော….မီးစနဲ့ ထိုးလိုက်သလိုပူလာတာလား? အဲဒိလို အရက်တွေက ပိုပြီးဆိုးကျိုးဖြစ်စေနိုင်တယ်ထင်တာပဲ..။ သူတို့က တစ်ဖြေးဖြေး တစ်ရိပ်ရိပ်နဲ့မှ မူးစေတာ..။ မူးလို့မူးမှန်း မသိသာဘူး..။ စကားတစ်ပြောပြောနဲ့ နှစ်ယောက်ကို သုံးလုံးလောက်ကုန်ဘယ်လိုမှမနေပါဘူး..။ အဲ….ထိုင်နေရာကနေတော့မထလိုက်လေနဲ့။ ဂျွမ်းစိုက်သွားမယ် ။ဘာမှတ်လဲ….။ သောက်လိုက်တုန်းကတော့ ချောနေတာပဲ..။ လည်ချောင်းထဲကို လျောကနဲ လျောကနဲ..။အမြည်းတောင် စားဖို့မေ့နေတယ်..။ ခေါင်းထဲမှာလည်းရီဝေဝေ လေးပဲ..။ သေချာတာကတော့ ဒီလိုအရက်မျိုး ပြည်တွင်းဖြစ်မဟုတ်တာပဲ..။ ခုဆိုရင် ဈေးတောင်မမေးရဲအောင် သောင်းနဲ့သိန်းနဲ့ချီနေသတဲ့လေ….။အကောင်းစားအရက်တဲ့ ..။ပြောကြတာပဲ..။
အဲ တစ်ချို့ အရက်တွေ ကျတော့ အနံ့ သိပ်မပြင်းပါဘူး..။ သောက်လိုက်ရင်ချိုနေသလိုပဲ..။ လည်ချောင်းကနေဆင်းသွားပြီး ရင်ခေါင်းဝ ရောက်သွားတော့မှ မီးစနဲ့ထိုးလိုက်သလို …။ ရေသာအမြန်လိုက်သောက်ပေရော့…။နေဝန်းနီကလည်း အရက်ဆို ရေမှ ရောမသောက ်တတ် တာကိုး..။ရေရောရင် အသေစောတယ် ဆိုလား..။ကိုယ်လိုရာဆွဲပြောကြတာလေ..။
အရက်ဆိုရင်ပြီးရော…(ပိုက်ပိုက် ပြတ်တဲ့ အခါကျရင်တော့ )ချဉ်ချဉ်တူးတူး မူးပြီးရောဆိုပြီး တစ်လုံး12/-ကျပ်တန်(1992-လောက်ကဈေးပါ..) ချက်အရက်ဖက်လှည့်သွား ကြက်သွန်ဖြူလေးမြည်း အနံ့ပျောက်တယ်လိုပြောကြတာပဲ..။
အနံ့ပျောက်တယ်ဆိုလို့ ကြက်သွန်ဖြူကို သူများမီးဖိုချောင်က နှိုက်လာတာ..။ တစ်ကယ်တော့ အမြည်းဝယ်ရမှာနှမြောနေတာ…။အမြည်းဝယ်မဲ့ပိုက်ဆံသုံးကျပ်လောက်ကို နောက်ဆုံးပိတ် တစ်ခွက်လောက်သောက်လိုက်ချင်သေးတာလည်းပါတယ်..။ နေဝန်းနီက အရက်နဲ့ပတ်သက်ရင်လောဘကြီးတယ်ပဲပြောပါတော့..။
အဲဒိလိုပဲ ဘယ်အရက်ဖြစ်ဖြစ် ကြိုက်သလောက်သောက် မူးပြီးအိပ်လိုက် ။ တစ်ရေးနိုးတဲ့အချိန်ကျရင် ကိုယ့်ခံတွင်းက ထွက်တဲ့အနံ့ ကိုယ်မခံနိုင်..။ ပလုပ်ကျင်း သွားတိုက် ရေသောက်ပြီး ပြန်အိပ် ခဏပဲ..။ သောက်နေတုန်းမွှေးတယ်ဆိုတဲ့အရက်ကလည်းခဏပဲ..။ စောစောကချက်အရက်ကဆိုပိုဆိုး..။
အရက်သောက်ပြီးမှတော့နံမှာသဘာဝပဲလေ..။ ဒါပေမဲ့ အနံ့ပျောက်ပါတယ်ဆိုတဲ့ နည်းပေါင်းစုံသုံးကြည့်တယ်..။ မရ..။ မာကလာရွက်ဝါး ဆိုလို့လည်းဝါးလိုက်တာပဲ..။ သရက်ရွက်ကပျောက်တယ်ဆိုလို့လည်း လိုက်လုပ်လိုက်ရတာပဲ..။ လျှာတွေထူလာတာပဲ ထူးတယ်..။ အရက်နံ့ကတော့ မပျောက်ပါဘူး..။နောက်ဆုံးတော့နည်းတစ်ခုသွားတွေ့တယ်..။ တော်တော်လွယ်ကူပြီး အသုံးဝင်တဲ့နည်းပါ..။ အဲဒါကတော့ ဆန်စေ့လက်တစ်ဆုတ်လောက်ကို ဝါးတဲ့နည်းပါ..။ ဝါးရုံလေးဝါးလို့တော့ မရပါဘူး ။ ဝါးပြီသားအဖတ်တွေနဲ့ နှာခေါင်းကိုပွတ်ပေးရပါသေးတယ်..။ အုံပေးနိုင်ရင်ပိုကောင်းတာပေါ့….။ အရက်သောက်တာပဲဖြစ်ဖြစ် ဆေးလိပ်သောက်တာပဲဖြစ်ဖြစ် သောက်တုန်းကတော့ ပါးစပ်က သောက်လိုက်တာပါပဲ..။ ထွက်လာတဲ့အနံ့ကျတော့ အမြဲတမ်း ဝင်သက်ထွက်သက် ရှူရှိုက်နေတဲ့ နှာခေါင်းကပါထွက်ပါတော့တယ်..။ တော်တော်များများက ပါးစပ်က အနံ့ပျောက်ဖို့လောက်ပဲစဉ်းစားကြပြီး နှာခေါင်းက အနံ့ မထွက်တောင်တော့ မစဉ်းစားကြဘူးလေ……..။
အရက်သမားရဲ့ အားနည်းချက်က အရက်သောက်ပြီးအိပ်ယာဝင် အိပ်ယာကနိုးလာရင် အရက်နာကျတတ်တာပါပဲ..။ အဲဒိတော့ တန်းပြန်တယ်ဆိုပြီးပြန်သောက်တတ်ကြပါတယ်..။

15 comments

  • ကိနေ
    အခုအနံ့မပါတဲ့ အရက်စမ်းသပ်နေတာအောင်မြင်ပြီလို့အသံကြားတယ်ဗျာ။
    တကယ်ဟုတ်ရင်တော့ ခင်ဗျားအတွက်အဆင်ပြေပြီ။

    • kai

      June 22, 2011 at 6:30 pm

      http://www.absolut.com/us
      ဗော့ကာအများစုက.. အနံ ့မရှိသလောက်ပဲ..။
      အဲဒီထဲကမှ..အပေါ်က ဆွီဒင်ကထုတ်တဲ့.. အဘ်စလု ဗော့ကာက ..အရမ်းပျင်းပေမဲ့.. အရောင်ပါမရှိဘူး.။ သစ်သီးဖျော်ရည်နဲ့ ရောချနေရင်.. လူမသိဘူး..။
      ရုရှားက ကျောင်းသားတွေ ပိုသိမလားပဲ..။ 🙂

      • Snowy

        June 23, 2011 at 2:17 am

        Fruit Punch ကိုပြောတာလား… ရုရှားကိုမေးစရာတောင်မလိုဘူး ရန်ကုန်က လူငယ်တွေပိုသိ မလားပဲ .. အရက်ကြိုက်တဲ့ဘယ်သူ့မေးမေး အရက်ကဘာနံ့လဲ မေးရင် မွှေးနေတာပဲ လို့ပဲဖြေမှာ
        အရက်သောက်ပြီးရင် ဘာနဲ့မှအနံ့ ဖြောက်လို့ မရဘူး … အမူးလွန်ရင်နောက်နေ့ အထိအနံ့ကျန်တယ် …
        ဗော့ကာက ဝီစကီလော့တော့ မပြင်းဘူး အဝင်မဆိုးဘူး 😀

  • nature

    June 22, 2011 at 3:56 pm

    အရက်နံ့ ပျောက်အောင် ဆန်စေ့ ဝါးရတယ်ဆိုတာလေးတော့ အရက်သမားတွေထံက ကြားဖူးပါတယ်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 23, 2011 at 12:43 pm

      အရက်သောက်ပြီးအနံ့ထွက်တယ်ဆိုတာကတော့
      အရက်အမျိုးအစားမှာနည်းနည်းမူတည်တယ်
      အထူးသဖြင့် ပမာဏမှာ မူတည်တာပါ
      ဆိုလိုတာက
      တော်ရုံလောက်ချထားရင် တော်ရုံအရက်ဆိုအနံ့မထွက်ဘူးဗျ
      အထူးသဖြင့်အနံ့ထွက်တာက
      အရက်စုတ်စုတ်တွေပါ
      ဒါပေမယ့် ပြောခဲ့ပြီးသလို
      အရမ်းများရင်တော့ အရက်နံ့ကိုအသာထားဦး
      သေးပေါက်လိုက်တဲ့အခါမှာ
      အိမ်သာခွက်ထည်းကို ဆပ်ပြာရည်တွေ လောင်းထည့်လိုက်သလိုဘဲ
      အမြုပ်တွေဆိုတာ ပလုံစီနေတာဘာဘဲ
      သေးနံ့ကလည်း ဘာညှော်သလဲမမေးနဲ့
      တော်ယုံလောက်သောက်ထားလို့ကတော့
      ချလို့ပြီးပြီဆိုတာနဲ့ ပီကေကိုနာရီဝက်လောက်ဝါးလိုက်ရင်
      ပါးစပ်ကအနံ့မထွက်တော့ပါဘူး
      ဒါကပါးစပ်အနံ့တွက်ပါ
      ဒါပေမယ့် ဆိုးတယ်လို့ပြောရမလား
      ချွေးထွက်လာတဲ့ခါ ထွက်တဲ့အနံ့ကပိုပြီးရုပ်ဆိုးတယ်ဗျ
      ဒီလိုလေ
      သွေးကြောထည်းကို အယ်ကိုဟောတွေစီးဝင်သွားပြီလို့ပြောရမလား

  • windtalker

    June 22, 2011 at 5:59 pm

    အို ယမကာလုလင် အပေါင်းတို ့အသင်တို ့သောက်သုံးသည့်အခါ ပန်းသီး ။ အဆင်မပြေခဲ့လျှင် သခွါးမွှေး သို ့မဟုတ် ဖရဲသီး စသည့် အသီး တစ်မျိုးမျိုးဖြင့် မြည်းကြည့်ပါလေ ။ အရက်နာ လုံးဝ မကျ တော့ မဟုတ် ၊ အရက်နာ ကျ လုံးဝသက်သာစေသည် ။ သောက်သည့် ပမာဏ နည်းခဲ့မည် ဆိုခဲ့လျှင် အဆိုပါ အသီးများနှင့် မြည်းခဲ့ပါက အရက်နာ မကျသည်များပါကြောင်း သတင်းကောင်းလေး ပါးလိုက်ပါ၏ ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 22, 2011 at 6:18 pm

      မူးခြင်လို့ အခါးရည်သောက်ဘာဒယ်ချို
      ဖရဲသီးလာစားခိုင်းရသလားဟဲ့ လူဂျိုး

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2011 at 6:13 pm

    အရက်နဲ့ပတ်သက်ရင်
    ကျွန်တော့်ဆီမှာ ပြောစရာတွေ တော်တော်များများကိုရှိတယ်ဗျ
    ဒါပေမယ့် အလျှင်သင့်လို့ နည်းနည်းလေးပြောပြမယ်
    ကိုယ့်အမြင်နဲ့ကိုယ်ကတော့ပြောနေကြတာပါဘဲ
    တန်ဆေးလွန်ဘေးတို့ဘာညာတွေပေါ့
    သူများရဲ့အမြင်ဟာ သူများကိစ္စဘဲဖြစ်မှာပါ
    မူးယစ်ထုံထိုင်းစေတဲ့ အရာအားလုံးကို ဆေးဝါးပါလို့
    လစ်မစ် တွေနဲ့ အချိုးကြသောက်သုံးကြရင်တော့တစ်မျိုးပါ
    ကျွန်တော့်တစ်သက်တာ သောက်ခဲ့တဲ့
    လှော်ဇာ၊ ထန်းရေ၊ ဓနိရေ၊ ဂဇော်၊ ဘီယာ၊ အရက် တွေကို
    စုလိုက်မယ်ဆိုရင်
    အနည်းဆုံး
    ဂါလံ ထောင့်ခြောက်ရာ ဘောက်ဆာ
    တစ်စီးလောက်တော့အသာလေးရှိမယ်ထင်တယ်
    ဒါက ကိုယ့်ကိုယ်ကိုယ် ရှင်ရိုသေ လူရိုသေဖြစ်အောင်
    သက်သက်ညှာညှာလေးပြောတာပါ ( ပိုခြင်လည်းပိုပေမပေါ့ )
    ဒီလောက်များတဲ့သေရည်တွေကို
    တစ်ခါလေဘူးမှ ဆေးဝါးအဖြစ်သဘောမထားခဲ့ဘူးပါဘူး
    ပျော်လို့သောက်တယ်
    ပျင်းလို့သောက်တယ်
    သောက်ခြင်လို့သောက်တယ်
    စာရင်းချုပ်လိုက်တော့ သောက်တယ်ပေါ့ဗျာ
    ဒီလိုသောက်ခဲ့လို့ ကိုယ့်ဘဝတွက်ပေးဆပ်ခဲ့ရတာတွေလည်းတော်တော်များခဲ့ပါပြီ
    ပြောရရင်တော့ အများကြီးဗျ ကော်မန့်အနေနဲ့မဖြစ်နိုင်တော့ဘူး
    နောင်များကြုံရင်
    ကျွန်တော့်ဘဝရဲ့ အရက်သောက်ခြင်းကြောင့်
    ကြုံတွေ့ ခဲ့ရပုံတွေကို ဒီလိုဘဲပိုစ့်တစ်ပုဒ်လောက် ရေးနိုင်အောင်ကြိုးစားဦးမယ်ဗျာ
    တိုက်ဆိုင်တာတစ်ခုကတော့
    ဒီနေ့ထိ
    ကျွန်တော် မသောက်တာ ဆယ့်ခုနစ်ရက်တိတိ ကြီးများတောင် ရှိနေပါပြီ

  • chitpyae

    June 23, 2011 at 1:38 am

    တချို့များကျပြန်တော့လည်း သောက်ချင်သောက်ချင်တယ်မပြောကြဘူး …. ဆေးဖြစ် ဝါးဖြစ်ဆိုပြီး နာမည်တပ်လိုက်ကြသေးတယ် နော် …
    တန် ဆေး … လွန် ကောင်း … များ very good …ဆိုသလို လား မသိ 🙂

  • Shwe Tike Soe

    June 23, 2011 at 2:43 am

    တော်တော် အတွေ.အကြုံများလှတဲ့ ယမကာလုလင် ပါလားနော်..ဟဟဟ
    အင်းမှတ်သားစရာတွေကိုမှတ်သားထားလိုက်ပါတယ်…
    ယမကာလုလင်များ အရက်သောက်ရင် ကြက်ဥ ကို မဝါးပဲ အရင်သောက်ရင် အသဲ ကို ဖုံးပြီးကာကွယ်ပေးတယ်လို. ကြားဖူးတယ်… ဟုတ်လားတော့မသိ

  • captainamerica

    June 23, 2011 at 7:56 am

    သောက်ချင်လို.သောက်တယ်လို.သာမှတ်ပါသည်။ 🙂 🙂 🙂

  • pooch

    June 23, 2011 at 9:17 am

    အနော့် ဘဝမှာ အရက်ကြောင့် အဖေ့ကို ဆုံးရှုံးခဲ့ ရဖူးတယ်။ အရက်ကြောင့် broken child ဖြစ်ခဲ့ရတယ်။
    ။ အရက် ကြိုက်လို့သောက်ရင်လည်း အပြစ်မတင်ပါဘူး ။ဒါပေမဲ့ ကိုယ်သောက်ပြီးရင် ကိုယ့်ကြောင့်
    စိတ်ဆင်းရဲ စိတ်ညစ်ရမဲ့ လူများရှိနေခဲ့ ရင် တချက်လောက် ငဲ့ကြည့်ပေးပါလို့….. ။ ငဲ့စရာ မရှိတဲ့ သူများကိုတော့ ဘာမှမပြောလိုပါဘူး …

  • myanpyithar

    June 23, 2011 at 9:27 am

    အရက်ကိုတော့ကြိုက်လို့ကိုသောက်တာပါဗျာ မနက်အိပ်ရာထတိုင်းအရက်ဖြတ်ဘို့စိတ်ကူးတယ် ညနေရောက်ရင်သောက်ဖြစ်ပြန်တာပဲ အခုဆို၁၁နှစ်ရှိပြီ ကိုအောင်ပုလိုတွက်ကြည့်ရင်ဂါလံ၇၀ဝလောက်ရှိရောပေါ့
    ်ပြောရင်းနဲ့ညနေတောင်စေါင်းဘီ နဲနဲတော့သွားမေါ့လိုက်အုံးမှ
    ကိုနေဝန်းရေ ဆက်ရေးပါအုံး အားပေးနေတယ်
    အခုပြတ်ပြီးပြီဆိုလဲနည်းလမ်းကောင်းလေးမစပါဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 23, 2011 at 12:29 pm

    အရပ်စကားနဲ့ဘဲပြောမယ်ဗျာ သည်းခံကြပါ
    အကြောင်းကြောင်းကြောင့်
    အရက်ကိုသောက်လို့မူးသွားပြီဆိုရင်
    မူးနေတဲ့အချိန်မှာ အထူးသဖြင့်လွတ်နေတဲ့အချိန်ကိုပြောတာပါ
    အားလုံးတော့မဟုတ်ဘူးဗျ
    အချို့ပေါ့လေနော
    အဲ့သည် ရွဲနေတဲ့အချိန်မှာ
    ချီးကျွေးလို့မစားဘူးဗျ
    ဒါပေမယ့်ပေါက်ကရတွေလုပ် ပေါက်ကရတွေဖြစ်ပြီး
    အမူးပြေတဲ့အခါ
    ငါဘာဖြစ်ခဲ့ပါလိမ့်ပေါ့…ဘာမှကိုမမှတ်မိတော့ဘူးဗျ
    ( သူများကို မဆိုလိုပါ ကိုယ်ဖြစ်ဘူး၍ သူများဖြစ်မည်ဟုလည်း မမည်ပါ
    ကိုယ်လည်း ဘယ်တော့မှ မဖြစ်ဘူးလို့ မထင်ပါနဲ့ )
    ကောင်းတာလေးကတော့
    မူးနေလို့ပါဆိုပြီး ခပ်တည်တည်နဲ့ဖောလ်လို့တော့အရသား
    တစ်ခါတစ်လေ ဘယ်လိုကနေဘယ်လို
    အိမ်ကိုပြန်ရောက်လာမှန်းတောင်မသိဘူး
    တစ်ခါတစ်လေဆို
    အိပ်ရာထည်းမှာတောင် ဥဩဆွဲထားလိုက်သေးတယ် ( အံထားတာ )
    အရက်အံဖတ်ဆိုတာ ဘယ်လိုလဲသိခြင်သူများအတွက် အရက်အံဖတ်ကို
    DHL နှင့်ပို့ပေးပါမည်
    တစ်ခါတစ်လေဆို
    မူးမူးနဲ့အိပ်ရာထဲကိုဘယ်လိုရောက်လာလည်းမသိပါဘူး
    ကုတင်ပေါ်မှာဘဲအိပ်မှာပါ
    နိုးလာတော့ ကုတင်အောက်ရောက်နေလေရဲ့
    ( မူးပေမယ့် မိုးပြိုလို့မသေအောင် ကုတင်အောက်ဝင်အိပ်လားမသိ အစွမ်းထက်တာ အစွမ်းထက်တာ )
    ယုံခြင်ယုံမယုံနေ
    တစ်ခါတစ်လေ
    အိမ်သာတဲကို သေးဝင်ပေါက်ရင်းနဲ့ဖြစ်မှာပေါ့
    အိမ်သာထဲမှာဘဲအိပ်လိုက်လေရဲ့
    ဝိမုတ္တိဖြစ်တာ ဝိမုတ္တိဖြစ်တာ
    နိုးလာမှ
    ဪ…………….
    ( ဆက်ရန်…………………..)

Leave a Reply