အနာဂါတ်က ဆယ်တန်းအထက်မှာလား?

Yan ShinJune 23, 20111min2114

မဝေရဲ့ “၁ဝ တန်းအောင်ပြီးနောက် ဘယ်ဘာသာယူရင် ကောင်းမလဲ” ဆိုတာလေးဖတ်ပြီးတော့ Comment ရေးရင်း ရှည်နေတာနဲ့ ထင်မြင်ချက်ကို Post တစ်ခုရေးလိုက်တာပါ။

ကျွန်တော်တို့ကိုယ်တိုင် ခုထိကိုယ့်ဘဝ ဘယ်လမ်းနဲ့လျှောက်မလဲ ဝေဝါးဆဲပါ။
ဘာတွေကြောင့်လဲတော့ (မရှင်းလိုပါ) မသိနိုင်တဲ့ အကြောင်းကြောင်းတွေကြောင့် ကြုံသလို အဆင်ပြေသလို လျှောက်နေရဆဲပါ။
(eg. တိကုဘွဲ့ရ စာဟောဆရာ( တိန် ်)၊ ဆရာဝန် ကျူရှင်ဆရာ)

အဲဒီတော့ကာ ကျွန်တော်တို့ ကလေးတွေကို ဘယ်လိုညွှန်မလဲ
မိဘတောင်ဝေဝါး ကလေးက ဘယ်လို ရွေးနိုင်ပါ့မလဲ။

ဒါပေမဲ့ မျှော်လင့်ချက်တော့နဲနဲ သန်းလာသလိုပဲ
၂၀၁ဝ တက္ကသိုလ် ဝင်ခွင့် အမှတ်တွေကို June လထုတ်ဂျာနယ်တစ်စောင်မှာတွေ့လိုက်ပါတယ်။
သေခြာတာတစ်ခုကတော့ ဆေးတက္ကသိုလ် စက်မှု့(နည်းပညာ)တက္ကသို်လ်တွေက ထိပ်ဆုံးနေရာတွေမှာ ရှိမနေတော့တာပါပဲ။ ဒါဟာ ရွေးချယ်တတ်မှု ရွေးချယ်နိုင်မှု ရွေးချယ်လိုမှု ရွေလျားခြင်းတစ်လား……
မျှော်လင့်ချက်လား…..

ကျွန်တော်တို့ မိဘတွေက မြင်ကွင်းကျုယ်ကျယ်မြင်လာနိုင်ပြီး ကိုယ့်ကလေးကို ကိုယ့်အမြင်ထဲကို အတင်းမောင်းမသွင်းမိဘို့နဲ့
ကိုယ့်ကလေးကိုတိုင်က သူ့လှေကို သူကိုယ်တိုင် ပဲ့ကိုင်နိင်အောင်နဲ့ ပဲ့ကိုင်နိုင်ခွင့် ရှိလာခဲ့မယ်ဆိုရင်တော့……..

နောက်တစ်ခုက
ကျွန်တော်တို့ နိုင်ငံမှာ ဘာသာရပ်တစ်ခုကို လျှောက်လာသူတွေထဲက လက်ခံနိုင်မဲ့ အရေအတွက်ကို အပေါ်ဆုံးက လူတွေကိုပဲ ဖြတ်ယူမဲ့အစား
ကိုလျှောက်မဲ့ တက်လိုတဲ့ ဘာသာရပ်ကိုလျှောက်ရာမှာ အမှတ်ပေါင်းကလဲတစ်စိတ်တစ်ပိုင်း ပါဝင်သလို တက်ရမဲ့သူတွေကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုခိုင်းဘို့ လိုပါလိမ့်မယ်။ ဝင်ခွင့်စာမေးပွဲဆိုရာမှာ အဲဒီမိမိတက်လိုသော ဘာသာရပ်အပေါ်မှာ လျှောက်ထားသူဟာ ဘယ်လောက်စိတ်ဝင်စားမှု့ရှိသလဲ ဘယ်လောက်လိုလားမှု့ရှိသလဲဆိုတာကို သိရှိနိုင်မဲ့မေးခွန်းမျိုးလေးတွေဖြေဆိုပြီးမှ အဲဒီဘာသာရပ်အပေါ်မှာ အမှန်တကယ် စိတ်ဝင်စားမှု့ရှိမယ်လို့ယူဆသူများကိုမှ ဝင်ခွင့်သတ်မှတ်ပေးမယ်ဆိုရင်…
(ကျွန်တော့်အမြင်ကိုပြောတာပါ လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ရှိပါတယ်)

4 comments

  • zinmyotun

    June 23, 2011 at 4:44 am

    Very Good.
    It should be like that long ago.
    I was also follow by my parents wish.
    But, now I do what I want to be.
    I regret only the time I spent for what I don’t want to.
    Now I trying the best what I want to and forget the past.

  • zaw min

    June 23, 2011 at 7:26 am

    ကျွန်တော့်အမြင်ကတော့ အနာဂတ်တည်ဆောက်မယ့်သူပေါ်မှာမူတည်မယ်လို့ထင်ပါတယ်။ကိုယ်တကယ်လိုချင်တဲ့အရာ၊ လိုချင်တဲ့ဘဝကို မလျှော့သော ဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ရည်မှန်းချက်ပန်းတိုင်ထိရောက်အောင်လျှောက်ဖို့ပဲလိုပါတယ်။
    သင်..ဘာလုပ်ချင်သလဲ….လုပ်နိုင်တာကိုလုပ်ပါ။(ဝါသနာ ပါသောအလုပ်)
    ဘယ်အချိန်လုပ်မလဲ…ယခုပင်စလုပ်ပါ။
    ဘယ်လောက်ကြာအောင်လုပ်မလဲ…ရည်မှန်းချက်ပြည့်ဝသည်အထိ

  • moethidasoe

    June 23, 2011 at 10:02 am

    ဝင်ခွင့်စာမေးပွဲတွေ ထပ်မလုပ်ပါနဲ့တော့ ..
    တို့အချိန်တုန်းက ဆယ်တန်းလဲ အောင်ရော .. ဒေသကောလိပ်ဆိုတာကြီး ပေါ်လာတယ် ..
    ဒေသကောလိပ်မှာ ၂ နှစ်တောင် ကြာသွားတယ် .. နောက်ပြီးတော့ တက္ကသိုလ် ဝင်ခွင့် ဆိုတဲ့ စာမေးပွဲ ထပ် စစ်ပါလေရော .. တက္ကသိုလ်ရောက်ဖို့ စာမေးပွဲ (၄)ခါ ဖြေခဲ့ရတယ် .. တက္ကသိုလ် ရိုးရိုးဘာသာတွဲ ယူတဲ့လူအတွက်တော့ (၁) ကြိမ်ပဲ ပို ဖြေရပေမယ့် ဆေးကျောင်း တက်ရတဲ့လူအတွက် (၂) ကြိမ် ပိုဖြေခဲ့ရတယ် .. ရိုးရိုးဘာသာတွဲက တတိယနှစ်မှာ စ တက်ရတယ် .. ဆေးကျောင်းက ဒုတိယနှစ်မှာ စတက်ရတယ် ..
    ဒါကြောင့် တက္ကသိုလ် ဝင်ခွင့်ရဖို့အတွက် ကလေးတွေကို စာမေးပွဲတွေနဲ့ ထပ် မနှိပ်စက်လိုက်ပါနဲ့ ..
    အခုခေတ် ကလေးတွေဟာ ကျောင်းက လပတ်စစ်တာတွေ .. ကျူရှင်က အပတ်စဉ် စစ်တာတွေ နဲ့ စာမေးပွဲ သံသရာထဲမှာ မျောနေရတဲ့ကြားထဲ ထပ်ပြီး စစ်ရင် စာတတ်ဖို့ သင်ခဲ့ရတာ မဟုတ်ပဲ .. စာမေးပွဲ ဖြေဖို့ စာသင်နေရတာ ဖြစ်နေမှာ စိုးလို့ပါ

  • intro

    June 24, 2011 at 3:01 am

    ဝင်ခွင့်စာမေးပွဲဆိုတာကလဲ ကျွန်တော်တို့ ခေါက်ရိုးကျိုးနေတဲ့ အတွေးတွေနဲ့ တွေးရင် ရယ်ချင်စရာကြီးပါ… ဒါပေမယ့် သေသေချာချာ ကြပ်ကြပ်မတ်မတ်လုပ်မယ်ဆိုရင်တော့ ဖြစ်သင့်ပါတယ်…
    ( စာမေးပွဲရမှတ် + ဝင်ခွင့်စာမေးပွဲအမှတ် = ဝင်ခွင့်(လိုချင်သောတက္ကသိုလ်) )
    ဒါပေမယ့် မရိုးသားမှုတွေ မရှိရအောင် ကြပ်ကြပ်မတ်မတ် စစ်ဆေးပေးနိုင်မှ ကောင်းမယ်ဗျာ….

    ပညာရေးဆိုတာလဲ အမြဲတမ်း update လုပ်နေရင် တည်ငြိမ်မှု မရှိနိုင်သလို၊ ရှေးရိုးစွဲမူတွေကို ဖက်တွယ်နေရင်လဲ နောက်ကျကျန်ခဲ့ဖို့များပါတယ်…

Leave a Reply