မျှော်လင်.ခြင်းကိုကျောပိုးထားတဲ.ကလေးငယ်တွေ
ဇွန်လကျောင်းတွေဖွင်.တော. သားငယ် ကိုကျောင်းလိုက်ပို.ရင်း ခလေးတွေကို မြင်ရတဲ.အခါ ဖြစ်ပေါ်လာတဲ.ခံစားချက်တခုပါ
တစ်တန်း နှစ်တန်း ကစလို. လေးငါးတန်းကျောင်းသားကျောင်းသူလေးတွေရော အားလုံးသောကလေးတွေဟာ ကျောပိုးအိတ်ကြီးတွေလွယ်
လက်တဖက်က ဆွဲခြင်းကိုမနိင်.တနိင်ဆွဲ စာသင်ခန်းဆီသွားနေကြတဲ.မြင်ကွင်းက ကြည်နုးစရာလဲကောင်းပါတယ် သနားစရာလဲကောင်းနေပြန်ရော
ဘာလိုလဲဆိုတော.သူတို.လေးတွေဟာ မိဘတွေရဲ.မျှော်လင်.ခြင်းတွေကို အရွယ်နဲ.မလိုက်အောင် ထမ်းပိုးထားကြရတယ်လို.ခံစားမိလို.ပါ
မိဘတွေက ကို.သားသမီးတွေကို ဖြစ်ထွန်းစေချင်တဲ.နေရာမှာတော. ဆင်းရဲချမ်းသာမရွေးအားလုံးတူတူပါဘဲသူတို.လေးတွေကို အောင်မြင်စေချင်တဲ.
ဆန္တ တွေကြောင်. ကျောင်းဆင်းရင်တောင်အိမ်ပြန်မဆော.နိင်တော.ဘဲကျုရှင်ဆိုတဲ.စာသင်ခန်းဆီရောက်ကြရပြန်တယ်တကျုရှင်ကနေနောက်တကျုရှင်
နဲ.နောက်ဆုံးတချို.ကလေးတွေဆိုကားပေါ်မှာထမင်းစား ကားပေါ်မှာဘဲအဝတ်လဲနဲ.မနက်အစောကနေထွက်လိုက်တာ ညမိုးချုပ်မှအိမ်ပြန်ရောက်ကြရတော.တယ်
ကျွန်တော်တို.ကျောင်းသားဘဝတုန်းကဆိုရင် ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ.လွယ်အိတ်နဲ.ထမင်းဘူးကိုယူ၊ ဝတ်ထားတဲပုဆိုးကိုစာလွယ်သိုင်း
ကျောင်းဘေးကဘောလုံးကွင်းဆီကိုပြေးတော.တာဘဲ အားရအောင်ဆော.ပြီးမှ အိမ်ပြန်ဘို.သတိရတော.တယ်၊ ကျူရှင်ဆိုလို. (၇)တန်းရောက်မှတက်ဖူးတာ၊ အခုခေတ်မှာတော. သူငယ်တန်းတောင်ကျူရှင်နဲ.ဂိုက်နဲ.မအားရရှာတဲ. ခလေးတွေရဲ.အဖြစ်က ဘယ်သူ.ကိုအပြစ်ပြောရမလဲ မိဘတွေကိုလား ဆရာဆရာမတွေကိုလား ခေတ်ကိုလား ပညာရေးစနစ်ကိုလား တခုခုမှားနေတာကတော.သေချာပါတယ်
10 comments
Shwe Tike Soe
June 24, 2011 at 3:17 am
ဟုတ်ပ ဗျာ ကလေးတွေက ကလေးသဘာဝ မနေကြရတော့ နောက်ပိုင်း လူကြီးတွေလို ဖြစ်နေတော့တာပဲ..
ကလေးလေးတွေရဲ. ဖြူစင်တဲ့ လွတ်လပ်မှုတွေ မခံစားရတော့ဘူးပေါ့…..
မိဘတွေကလဲ စာစာ နဲ. လုပ်မနေကြပဲ.. ကလေးတွေ အတွက် ထည့်စဉ်းစားသင့်တယ်လို.ထင်ပါတယ်
အခုကလေးတွေကြည့်လိုက်ရင် ကျောပိုးအိတ် ထဲ စာအုပ် အလေးကြီးတွေသယ်ပြီး ကျောင်းသွားနေကြရတာ…
နွယ်ပင်
June 24, 2011 at 3:44 am
ဒါက တိုးတက်လာတဲ့ခေတ် နဲ့ စနစ်ကြောင့်ဖြစ်မယ်ထင်တယ် နွယ်ပင် တူမလေးဆိုလဲ အခုမှ (3) တန်းပဲရှိသေးတယ် သူ့မှာ မနက်ဆိုရင်လဲ ကျောင်းတက်ဖို့ 6း30 AM လောက်ထရတယ် ကျောင်းက (12း00) လွတ်တော့လဲ အိမ်ပြန်ပြီးတောင် ထမင်းမစားနိုင်ဘူး သွားကြိုတဲ့သူက ထမင်းဘူးလေးယူသွားပြီး လမ်းက အအေးဆိုင်မှာစား ပြီးရင်ကျူရှင်တန်းသွား နေ့လည် (2း30 /3း00) နာရီလောက်မှပြန်လာ ခဏနား ပြီးတာနဲ့ အင်္ဂလိပ်စပီကင်သင်တန်းသွား အဲ့ကပြန်လာတော့ ကျောင်းစာလုပ်နဲ့ တကယ်ကို (3) တန်းကလေးနဲ့ မလိုက်အောင်ပါပဲ ဒါတောင် စနေ တနင်္ဂနွေကို တရုတ်စာသင်တန်း ထားမလို့ အချိန်ညှိနေတယ်တဲ့
MaMa
June 24, 2011 at 3:53 am
ကျမတို့ ၁ဝတန်း အောင်စာရင်းတွေထွက်တော့ သူငယ်ချင်းတစ်ယောက် ကျပါတယ်။ ခင်တဲ့ သူငယ်ချင်းလည်း ဖြစ်ပြန်၊ သူ့မိသားစုအခြေအနေကလည်း နောက်တစ်နှစ် မထားနိုင်မှန်းသိတော့ သူငယ်ချင်းကို ဘယ်လိုစကားပြောရမှန်းကို မသိဘူး။ အဲဒီအချိန်မှာ သတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖတ်ပြီး အရမ်း သဘောကျတာနဲ့ အဲဒီ သူငယ်ချင်းကို ပေးဖတ်လိုက်တယ်။ ဆောင်းပါးက ၁ဝတန်း အောင်တဲ့လူတွေအတွက် ရေးထားတာ မဟုတ်ဘူး။ ကျတဲ့လူတွေကို စိတ်ဓာတ်မကျအောင် ရေးထားတာ။
ဆောင်းပါးရှင်က-( ၁ဝ တန်းအောင်တဲ့ ကလေးတွေကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ၁ဝတန်း မအောင်တဲ့ ကလေးတွေကိုလည်း နှိမ့်ချစရာ မလိုပါဘူး။ ၁ဝတန်းစာမေးပွဲဟာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။ တစ်ဘဝလုံးနဲ့ စာရင် ၁နှစ်ဆိုတဲ့ အချိန်ဟာ နည်းနည်းလေးပါ။ ကြိုးစားမှုနည်းသွားလို့ ဒီနှစ်ကျရင် နောင်နှစ်ကို ပိုကြိုးစားမယ်လို့ သနိ္ဓဋ္ဌာန်ချပြီး ပိုကြိုးစားပါ။ အကယ်၍ ကျောင်းပြန်တက်နိုင်တဲ့ အခြေအနေမရှိဘူး ဆိုရင်လည်း ဘာမှ အားငယ်စရာမရှိပါဘူး။ ဘဝတက်လမ်းအတွက် လက်မှုပညာ အမျိုးမျိုးတွေ သင်ယူပြီး အသက်မွေးဝမ်းကြောင်း ပြုနိုင်ပါတယ်။)
အဲဒီစာကိုဖတ်ပြီးတဲ့အခါမှာ သူငယ်ချင်းလည်း ဘာလုပ်ရမလဲဆိုတာ စဉ်းစားမိသွားတယ်။ နောက်တော့ မိသားစုနဲ့ တိုင်ပင်ပြီး စက်ချုပ်သင်တန်းတက်ပါတယ်။ စက်ချုပ်ပြီး မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ရှာဖွေပေးနိုင်လို့ သူ့ထက်ငယ်တဲ့ မောင်နှမတွေကို ကျောင်းထားပေးနိုင်ခဲ့ပါတယ်။
pan pan
June 24, 2011 at 3:59 am
အင်း….အဲလိုမျှော်လင့်ချက်မျိုးစုံနဲ့ ကျောင်းသားမိဘများ၊ ကျောင်းသားများအတွက်(ကြီးကြီးကျယ်ကျယ်ပြောရရင် နောင်အနာဂါတ်အတွက်) ကျောင်းသားများတကယ်ပညာတတ်သွားဖို့ အရေးကြီးတယ်။
forever
June 24, 2011 at 4:38 am
ကလေးတွေကို ကျောင်းမှာပျော်စေချင်တယ်
စာသင်ရတာ သူငယ်ချင်းတွေနဲ.ဆော.ရတာ ဒီလိုကျောင်းနေတုန်းဘဲ
အခွင်.အရေးရှိတာ မနက်ကနေည အထိတချိန်လုံး ကျောင်းစာ အိမ်စာ ကျုရှင်စာ
အပြင်စာ တွေနဲ.သာဆို …………
windtalker
June 24, 2011 at 6:37 am
ကလေးတွေ ကို ဆော့ကစား ချိန် ပေးဖို ့လိုပါတယ် ။ ဆော့ကစား မှ လည်း ကိုယ်လက် သန်စွမ်းကျန်းမာ မယ် လို ့ထင်ပါတယ် ။ ဒါ့အပြင် ဆော့ကစား ရင်းနဲ ့မှ အပေါင်းအဖော် အသစ်များနှင့် ထပ်မံ တွေ ့ရှိနိုင်ကာ ကျောင်းနေရမှာပျော် တဲ့ ကလေးများ ဖြစ်လာမယ် လို ့ထင်ပါတယ်
fatty
June 24, 2011 at 7:15 am
ရုပ်ဝါဒီကြီးစိုးလာရင် ဒီလိုပါဘဲ။
kai
June 24, 2011 at 7:25 am
ကလေးဘဝက ရိုက်သွင်းသလောက် အသိဉာဏ်တွေဝင်တယ်..။
အပူအပင်လည်းမရှိ… အစွဲအတေးလည်းမရှိပါဘူး..။
ဘာလုပ်ရလုပ်ရ..ပျော်နေတာပါပဲ..။
ဆိုတော့..
ဒီလိုဘဝအချိန်ကို အကျိုးရှိအောင်..လူကြီးတွေက လုပ်ပေးရတာပါ..။
ကျူရှင်တွေဒလစပ်ထား..။ အားကစား..လူမှုရေး..။အနုပညာ.. အနားမရအောင်ကို ဒရစပ်လုပ်ခိုင်းတာဟာ..ကောင်းတယ်လို့ထင်ပါတယ်..။
ကလေးအတွက်ရော.. ကလေးမိဘအတွက်ရော.. တိုင်းပြည်အတွက်ရော…
ဒါကြောင့်..
ယူအက်စ်အပါအဝင် တိုးတက်တဲ့ နိုင်ငံကကလေးတွေ.. တရက်တရက်..အသက်တောင် မှန်မှန်ရှုကြရဲ့လား ထင်ရပါတယ်..။
စုံပလုံနေအောင် ..တက်ကြတာလေ..။
မြန်မာကလေးတွေ..တက်ကြပါစေဗျာ…။ တတ်နိုင်ရင်..အနုပညာ..အားကစား တခုခုကို စွဲမြဲဝါသနာပါအောင် လုပ်ပေး..သင်တန်းပေးတက်စေပါ..။
MaMa
June 24, 2011 at 8:18 am
အကျိုးရှိတဲ့ သင်တန်းတွေ တက်နေတာတော့ ကောင်းပါတယ်။ အားကစားပဲဖြစ်ဖြစ်၊ အနုပညာပဲ ဖြစ်ဖြစ်၊ ခုဟာက ကျောင်းသွားတက်တာ ဘာအဓိပ္ပါယ်မှန်းတောင် မသိတော့ဘူး။ အလကား ကျောင်းသွား အချိန်ကုန်ခံသလို ဖြစ်နေတယ်။ သူငယ်တန်း မတက်ခင်ကတည်းက မူကြိုတက် သူငယ်တန်းစာ ကြိုသင်ထားရတယ်။ ကျောင်းတက်တော့လည်း ကျောင်းစာကို သူငယ်တန်းကစပြီး ကျောင်းဆရာမကျူရှင်၊ ဘာသာစုံကျူရှင်တွေနဲ့ ဘယ်နှစ်ထပ်ကွမ်းမှန်း မသိအောင်ကို တက်နေရတာ။ အားကစားတွေ၊ အနုပညာတွေ ဝါသနာပါရာကို လုပ်ဖို့ အချိန်တောင် မရှိတာကိုတော့ မကောင်းတဲ့ဖက်ကပဲ မြင်ပါတယ်။
zoe
June 24, 2011 at 9:21 am
ဒီက ခလေးတွေလဲ ဒီလိုပါပဲ ။ အများအားဖြင့် မိဘနှစ်ယောက်လုံးက အလုပ်သွားတာဆိုတော့ မနက်ကျောင်းပို့၊ ကျောင်းချိန်ပြီးတာနဲ့ ကျောင်းမှာကျုရှင်ဆက်တက် ်စာအပြီးလုပ် ထမင်းစား ဖို့လဲ ကျောင်းက စီစဉ်ပေး နိုင်တယ် ။ ညကိုးနာရီလောက်မှ ခလေးတွေအိမ်ပြန်ရောက်ကြတာ ။ ကျောင်းက ခလေးပါ ထိမ်းပေးတဲ့ သဘောပေါ့ ။