ဂျူး ၊ ကျွန်တော်….နှင့် ဒီဇင်ဘာ အတွေးများ….
* ကျွန်တော် က စာပေအနုပညာသမား အဖြစ်ခံယူမယ်။ စာတွေရေးမယ်။ ဘာကြောင့်လဲ….လို့မေးလာခဲ ့ရင် အဖြေက အဆင်သင့်ပါပဲ။
ကျွန်တော်က တခြားသူတွေကို ပြောပြချင်တဲ ့ စကားတွေ… အများကြီးရှိနေတတ်လို့ပါပဲ။ ကျွန်တော် ့ရင်ထဲမှာ တွေးတော ခံစားမိတာတွေ
များ….များလာတဲ ့အခါ တစ်ယောက်ယောက်ကို ပြောပြချင်လာပါတယ်။ ကျွန်တော် ပြောချင်တာတွေကို လူတွေ အများကြီး နားထောင်နိုင်အောင်
လုပ်ဖို ့ အာဏာ မလိုချင်ဘူး။ လက်နက် မလိုချင်ဘူး။ ပြိီးတော့ ငွေ နဲ ့လည်း….မပြောချင်ဘူး ။
အဲဒီ ရုပ်ကြမ်းဝါဒ ဆိုင်ရာ နည်းတွေ နဲ ့ မပြောချင်ပါဘူး။ အနုပညာ နဲ ့ပဲပြောချင်ပါတယ်။ အနုပညာရပ်တွေထဲမှာမှ…..
စာပေအနုပညာကို ပို အားသာ တဲ ့အတွက် စာပေနယ်ထဲ တိုးဝင်မိပါတယ်။ စာပေအနုပညာကို အကြောင်းပြုပြီး ကျွန်တော် ့တိုင်ပြည်နဲ ့
လူမျိုး….ဒီထက်ပိုကောင်းလာအောင်..(တတ်နိုင်သလောက်) ကြိုးစားချင်ပါတယ်။
က၊ျွန်တော်တို ့ဟာ….. နောင် လာမယ် ့မျိုးဆက်အတွက် အပင်တွေ စိုက်ခဲ ့ဖို ့ တာဝန်ရှိနေတယ်လေ။ နောက် လာမယ် ့
မျိုးဆက်အသစ် အတွက် အရိပ်ရဖို ့ ၊ အသီးအပွင့်တွေ စား သုံး ရဖို ့ သစ်ပင်ကောင်းကောင်းတွေ စိုက်ခဲ ့နိုင်မှ ကျွန်တော်တို့ ့ တာဝန်ကျေမယ်။
အဲဒီလိုပဲ ကျွန်တော် ခံစား ယူဆ မိပါတယ်။ အဲဒီခံစားချက်တွေ ရှိနေချိန်မှာပဲ ကျွန်တော် မော်လမြိုင်မြို ့ကို ခရီး ထွက်ခဲ ့ပါတယ်။
တိုက်ဆိုင်စွာ ပဲ ဆရာမဂျူး ရဲ ့ စာပေဟောပြောမှု တစ်ခုနဲ ့ ကြုံဆုံ ခဲ ့ရပါတယ် ။
နောက်ထပ် တိုက်ဆိုင်တာက ဆရာမဂျူး ကလည်း မျိုးဆက်နဲ ့ သစ်ပင် အကြောင်း ထည် ့ပြောသွားပါတယ် ။
” ” မင်းသားလေးက မေးလိုက်တယ်။ အဘိုးရယ်……ဒီသရက်ပင်က အသီးတွေ သီးတဲ ့အချိန်မှာ အဘို့း က ရှိတော့မှာမှ မဟုတ်တာ….။
ဘာလို ့ စိုက်နေတာလဲ……….တဲ ့။ အဲဒီလိုမေးတော့ အဘိုးအိုက သိပါတယ် ။နောင်လာနောင်သားတွေ…စားဖို ့ စိုက်နေတာပါ……..
လို ့ ပြန်ဖြေလိုက်တယ်………။
အဲဒီ အဘိ်ုး အို တို ့ မျိုးဆက် က( ဆရာကြီးဇော်ဂျီ တို ့ မျိုးဆက် ပေါ့လေ…) ကျွန်မတို ့ အတွက် သရက်ပင်တွေ စိုက်ပေးခဲ ့တဲ ့
မျိုးဆက်ပါ။ အခု ကျွန်မ တို ့ကရော ….. နောင်လာမယ့် မျိုးဆက်အတွက် သရက်ပင်တွေ စိုက်ခဲ ့မယ် ့ မျိုးဆက်မှ ဟုတ်ရဲ ့လား…. ။” ‘
လက်ခုပ်သံများ…………….။ ကျွန်တော် ဂျူး ကို အားရကျေနပ်စွာ…. ကြည့်နေမိတယ် ။ ဂျူးက သူ့ ့ အတွေးကို ဆက်ပြောပါတယ် ။
” ” ကျွန်မ စာတွေရေးတယ် ။ ကျွန်မ စာတွေက လူတွေကို ဘယ်လောက် အကျိုးရှိစေမှာလဲ….. ။ မသေချာဘူး။
ဒီအချိန်မှာပဲ…. ကျွန်မ ကာတွန်း ပညာရှင် အော်ပီကျယ် ရဲ ့ ကာတွန်းလေးတစ်ကွက်ကို တွေ ့သွားတယ်။
ကားတွန်းးလေးက ထိ မိ် ပါတယ်။ ပုံပြင်ထဲက လိုပဲ အဘိုးအိုတစ်ယောက် သရက်ပင်ပေါက်ကလေးတွေ စိုက်နေတာကို
မင်းသားလေး တစ်ပါးက မေးနေတာ…..။
အဘိုးက နောင်လာနောင်သားတွေစားဖို ့ စိုက်နေတာ ပေါ့နော်….. တဲ ့။ အဲဒီလိုမေးတာကို အဘိုးအိုက ရိုးရိုးလေးပဲ
ပြန်ပြောလိုက်တယ်။
နောင်လာနောင်သားတွေစားဖို့ စိုက်နေတာ မဟုတ်ပါဘူး…။ သရက်ပင်ပေါက်ကလေးတွေ ရောင်းစား ဖို ့ စိုက်နေတာပါ……..တဲ ့။ ” ”
ခုဏ က ထက် ပိုကျယ်တဲ ့ လက်ခုပ်တီးလိုက်သံများ…….။ ဟေးးးးးးးးးး ခနဲ အော်လိုက်သံများ……….။ ကျွန်တော်လည်း ထိတ်လန် ့စွာ…
စိတ်တွေ လှုပ်ရှားသွားမိတယ်။
* ကျွန်မတို ့ မျိုးဆက်က သရက်ပင်ပေါက်ကလေးတွေ ရောင်းစားမယ် ့ မျိုးဆက် ဖြစ်နေပြီလား……**
လို ့ မေးလိုက်တဲ ့ ဂျူးရဲ ့ စကားက ကျွန်တော် ့ကိုယ် ကျွန်တော် ပြန်မေးနေမိတဲ ့ မေးခွန်းပါပဲ။
* * * * * *
တကယ်ပဲ အပင်ပေါက်ကလေးတွေ ရောင်းစားသွားမယ် ့ / ရောင်းစားနေတဲ ့ မျိူးဆက် ဖြစ်နေပြီလား…..
သေချာတာကတော့ ဒီမေးခွန်းကို မေးနေရပြီ၊ ဖြေ ဖို ့ အဖြေရှာနေရပြီ ….ဆိုကတည်းက ကျွန်တော်တို ့ရဲ ့
အခြေအနေက (နည်းနည်းတော့) စိုးရိမ်စရာ ကောင်းနေပြီ……..။ ။။။
* * * * * * * * *
30 .12 .2010 မော်လမြိုင်မြို ့ စာပေဟောပြောပွဲရောက် အမှတ်တရ ည
အလင်းဆက်
22 .6.2011 . 10း30 pm
alinsett.art@gmail.com
10 comments
windtalker
June 25, 2011 at 4:32 am
ကမ္ဘာကြီး က သစ်ပင်တွေ အရေးပေါ ်လိုအပ်နေချိန်ဆိုတော့ ဘယ်လို ပဲ ဖြစ်ဖြစ် ရောင်းတာပဲ ဖြစ်ဖြစ် စိုက်တာပဲ ဖြစ်ဖြစ် ကောင်းပါတယ် လို ့ပဲ ခံစားမိတယ် ဗျာ ။ ရောင်းစားဖို ့ရည်ရွယ်ခဲ့ရင်တောင် ကမ္ဘာမှာ ရှင်သန် လာမယ့် သစ်ပင်ပေါက် ကလေး ကို အရင် ပြုစုပျိုးထောင်ရမှာ မဟုတ်လား ။ ဝယ်စိုက်မယ့်သူ လက် မရောက်မချင်း ကိုယ့်လက်ထဲ မှာ ရှင်သန်စိမ်းလန်း နေအောင် ပြုစု ပျိုးထောင်နေရာမှာ ပဲ မို ့။ ဂွတ် ပါတယ် ။
Alinn Z
April 10, 2015 at 10:19 am
ဂဗာကြီးထဲ ဘယ်နေရာက သစ်ပင်တွေ အလိုအပ်ဆုံးလဲတော့ မသိ…
လောလောဆယ်.. ရန်ကုန်ကတော့ ပူလိုက်တာမှ…
:buu:
သစ်ရိပ်ဝါးရိပ်ကလေးများ လိုလိုက်တာမှ…
မြို့လယ်က ပန်းခြံတွေမှာ ဆို…အချိန်ပြည့် လူတွေ ပြည့်ကျပ်နေတယ်… ထိုင်စရာ နေရာလွတ်တောင်မရှိတော့ဘူး။
သစ်ပင်ပန်းခြံကောင်းကောင်းတွေလည်း အများကြီးလိုအပ်နေတယ်ဗျာ…
weRone
June 25, 2011 at 4:57 am
ရောင်းစားတယ် ဆိုရင်တော့ ဝယ်တဲ့ သူ့ ကလည်းအလကား တော့ ဘယ်ဝယ်ပါ့မလဲ။ ဒီသစ်ပင် ပေါက်က ချက်စားလို့လဲ မရဘူး။ ချက်ချင်း ကြီး သစ်ထုတ်လုပ်လို့လည်း မရဘူး ဆိုတော့ ဝယ်တဲ့ သူကလည်း စိုက်ပျိုးဖို့ ပဲ ဖြစ်နိုင်တယ်။ ကိုယ်တိုင်ပဲ ပျိုးစိုက်စိုက် ၊ သူများဆီက ပဲ ဝယ်စိုက်စိုက် သစ်ပင်စိုက်တာ ကောင်းတဲ့ အလုပ်ပါ။
cobra
June 25, 2011 at 9:10 am
ကျေးဇူးတင်ပါတယ် ကို အလင်းဆက်ရေ…ဆရာမရဲ့ အတွေးအမြင်လေးတွေ ပြန်ဝေငှပေးတဲ့အတွက်ရော၊ ခင်ဗျားတွေးတဲ့ အတွေးအတွက်ရောပါ၊ တကယ်ကို တွေးကြည့်ဖို့ကောင်းနေပါပြီ။ကျွန်တော်တို့မျိုးဆက်မှာ ဒီလိုမျိုးရောင်းစားမယ့်သူတွေ တကယ်ပဲများလာကုန်ကြပါပြီ၊ ခင်ဗျားရဲ့လူသားဆန်မှုအတွက် Bravo ပါဗျာ၊
zaw2zaw
June 25, 2011 at 12:20 pm
ဆရာမဂျူးရော၊ ဆရာ အော်ပီကျယ်ရော ပြောချင်တာက အပင်ပေါက်ကို မစိုက်ပဲ ရောင်းစားတဲ့ စိတ်ဓာတ် ကို ထင်ပါတယ်။ ပထမပုံပြင်က အဖိုးက စိုက်လည်းစိုက်မှာပါ အပင်ပေါက်ရှိရင်လည်း လိုချင်တဲ့သူကို အလကားပေးမယ့် စိတ်ဓာတ်မျိုးပါ။ သူ့ရည်ရွယ်ချက်က စေတနာသက်သက်ပါ။ ဆရာ အော်ပီကျယ်ရဲ့ ဒုတိယ ပုံပြင်ထဲက အဖိုးရဲ့ ရည်ရွယ်ချက်က ပထမအဖိုးနဲ့မတူပါဘူး။ အပင်သက်သက်ကို ဆိုလိုတာ မဟုတ်ပဲ စေတနာနဲ့ ရည်ရွယ်ချက် ကိုသာ ဆိုလိုပုံရပါတယ်။ ဒါကို သရော်တာလို့ ယူဆပါတယ်။ အပင် သက်သက်ဆိုရင်တော့ windtalker နဲ့ weRone ပြောတာ မှန်ပါတယ်။
weiwei
June 25, 2011 at 2:53 pm
အဲဒီနေ့ညက ဂျူးဖြေခဲ့တဲ့ ပညာသင်ရခြင်းအကြောင်းရင်းတွေကို ကြိုက်ပါတယ် … လူငယ်တွေ သိသင့်တယ်လို့ထင်တယ် …
ကိုပေါက်(မန္တလေး)
June 25, 2011 at 3:26 pm
လောကကြီးမှာ ရှာရဖွေရခက်လေ ကိုယ့်အတွက် ကိုယ်ပိုကြည့်မိလေပါ။
အဲဒီအထဲကမှ သူများအတွက်ကို ပိုကြည့်ဖြစ်သူတွေကတော့ လေးစားစရာလူတွေပေါ့ဗျာ။
pooch
June 25, 2011 at 6:25 pm
ဂျူးရဲ့အတွေးနဲ့အရေးကတော့အံ့မခန်းပါ အမှတ်ကရကို ဖတ်ပြီးတဲ့ အချိန်တုန်းကဆိုရင် မဖြစ်နိုင် မှန်းသိသိကြီးနဲ့ ရေနီမြောင်းဘေးရောက်တိုင် း အဲ့ဒီအိမ်လေးများ ရှိမလား ဆိုပြီးရှာကြည့်မိတယ် ဒါတောင်မနှစ် ကမှ အဲ့ဒီစာအုပ်ကိုဖတ်ဖူးတာ
nature
June 26, 2011 at 7:03 am
ပြောချင်တာတွေများတဲ့သူတွေအတွက် MG က အကောင်းဆုံးပါပဲ။(မြန်မာလိုပဲပြောနော် 🙂 ) နောင်လာနောက်သားတွေ အတွက် ဥစ္စာ အမွေအစား အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုး ကို အမှန်အတိုင်း ဆက်စပ်ဝေဖန် စဉ်းစားတွေးခေါ်နိုင်မဲ့ ပညာအမွေကိုပေးလိုပါတယ်။
captainamerica
June 26, 2011 at 1:13 pm
မျိုးဆက်ကတော့ရရင်အလွယ်တကူရောင်းစားမယ့်မျိုးဆက်သစ်တွေများပြားလာတာတော့တွေ.နေရတယ်။
သို.ပေမဲ့သူတို.ကိုလည်းအပြစ်မတင်ရပ်ပါ။စနစ်တကျဖျက်စီးခံထားရတဲ့ပညာရေးလက်အောက်မှာကြီးပြင်း
လာကြရတာကိုး။တော်တော်ကြီးကိုတော့ပြင်ယူရနိုင်တယ်။စိုးရိမ်မယ်ဆိုရင်စိုးရိမ်စရာကောင်းလောက်တဲ့
အခြေအနေပါပဲ…