Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

iPhone နှင့် ဂျီအက်စ်အမ် စံနစ် အင်တာနက် အသုံးပြုမည့် သူ များအတွက်

leonus007July 2, 20111min1621

အခုရက်ပိုင်း အတွင်းမှာပဲ မြန်မာ့ ဆက်သွယ်ရေးက ဂျီအက်စ်အမ် စံနစ်သုံး မိုဘိုင်းဖုန်း အားလုံးကို အင်တာနက် တပ်ဆင်ခွင့် လျှောက်ထားနိုင်ပါတယ်ဆိုလို ့ ကျွန်တော် သွားလျှောက်ခဲ့ပါတယ်။ ကုန်ကျစားရိတ်က တော့ ၁၁၀၀၀/- လောက်ပါပဲ။ Service အပ်ရင်တော့ ၁၅၀၀ဝ နဲ ့ ၂၀၀၀ဝကျပ် ကြားမှာ ကုန်ကျပါတယ်။ ကုန်တဲ့ အချိန်ကတော့ တစ်နေ ့လုံးပါပဲ။ ကုန်တဲ့ အင်အားကတော့ ပေ ၂၀၀ဝ လောက်မြင့် တဲ့တောင်ကို အတက်အဆင်း တစ်ခေါက် လုပ်လိုက်ရသလိုပါပဲ။ အင်တာနက် ကို ၂၄ နာရီအတွင်း သုံးလို ့ရပါတယ်။ ကိုယ်စမ်းသပ်ထား သလောက် ကြုံ တွေ ့ရ တဲ့ အခက်အခဲလေးတွေကို နောက် လူတွေ အတွက် လွယ်သွားအောင် ပြန်ပြီး ဝေမျှပေးချင်လို ့ပါ။

လျှောက်လွှာတင် ငွေသွင်းပြီးနောက် ပထမဆုံး အဆင့် အနေနဲ  ့ မြန်မာ့ဆက်သွယ်ရေးက ပေးထားတဲ့ Access Point Name ( APN ) ကို mptnet ရိုက်ထဲ့ပေးရမယ်။ နေရာကတော့ Setting>Generel> Network> Cellular Data Network> Cellular Data နဲ ့ Internet Tethering မှာပဲ ဖြစ်ပါတယ်။ Username နဲ ့ Password ကို မထဲ့ထားလဲ ရပါတယ်။ ပြီးရင် Network option မှာ Cellular Data နဲ့ Data Roaming ကို ON ထားပေးရမှာဖြစ်တယ်။

ဒုတိယ အနေနဲ ့ iPhone ကို reboot ပြန်လုပ်ဖို ့လို ပါတယ်။

EDGE စံနစ် နဲ့ အင်တာနက် ချိတ်ဆက်မိသွားရင်တော့ Signal Bar ဘေးနားလေးမှာ E သင်္ကေတလေးပေါ်လာပါလိမ့်မယ်။ ဒါ ဆို Safari Browser ကို ဖွင့်ပြီးအင်တာနက် သုံးလို ့ရပါပြီ။

iPhone ကို ကြားခံပြီး Laptop နဲ ့ PC ကို သုံးချင်တဲ့သူ အတွက်က တော့ iPhone ရဲ ့ USB Cable ရှိယုံနဲ ့ရပါတယ်။ သီးခြား software မလိုပါဘူး။ ဦးဆုံး ဖုန်းနဲ ့ ကွန်ပြူတာကို USB cable နဲ ့ဆက်သွယ်ပြီး ။ Setting >General > Network option ရဲ ့ အောက်ဆုံး သုံးကြောင်းမြောက်မှာ Internet Tethering ဆိုတဲ ့ Menu ထဲဝင် ပြီး ON လိုက်ပါ။ Pop up menu ပေါ်လာရင် USB Only ကို ရွေးလိုက်ပါ။ ကွန်ပြူတာက အလိုအလျောက် သိ ပြီး Network setup တစ်ခု လုပ်ပါလိမ့်မယ်။  ကွန်ပြူတာရဲ ့ Task bar မှာ Network သင်္ကေတ မတွေ ့ရင် Control Panel ထဲက Network Connection မှာ ရှာကြည့်လို ့ရပါတယ်။ အဲဒီမှာ Connected ဖြစ်သွားရင် အင်တာနက် သုံးလို ့ရပါပြီ။ Bluetooth နဲ ့သုံးချင်တဲ့သူ တွေ လဲ Pairing တစ်ဆင့်ပဲကွာတာပါ။ ကျန်တဲ့ အဆင့်မှာ အတူတူပါပဲ။

iPhone ကို ကြားခံပြီး 3G မဟုတ်တဲ့ Wifi Ipad, Laptop,နဲ ့အခြား wifi အသုံးပြုတဲ့ device အတွက်ကတော့ software တစ်မျိုးလိုပါတယ်။ စမ်းသပ်ထားတာကတော့ MyWi 4.0 ဆို တဲ့ software လေးက တော်တော် လေးကောင်းပါတယ်။ အဲဒီ software ကို Cydia ကနေ ဝယ်လို ့ရပါတယ်။ မဝယ်ချင်သေးရင်တော့ Install လုပ်ပြီး ၃ ရက် စမ်းသုံးလို ့ရပါတယ်။ Cydia ရဲ ့ Search မှာ MyWi 4.0 လို ့ ရိုက်ထဲ့ပြီးရှာလိုက်ရင် တွေ့ပါလိမ့်မယ်။

Mywi 4.0 ဟာ cable, bluetooth, wifi သုံးမျိုးလုံးကို အထောက်အကူပေးပါတယ်။ MyWi 4.0 က iPhone နဲ ့ Wifi Hot spot တစ်ခု ဖန်တီးပေးပြီး တခြား wifi သုံး စံနစ် တွေကို Sharing လုပ်ပေးတာကြောင့် wifi connection နဲ ့ စက် လေး၊ ငါး လုံးလောက် ကို တစ်ပြိုင်တည်း အင်တာနက်သုံးနိုင်ပါတယ်။ Mywi software ကို ဝယ်ဖို ံ ကတော့ Amazon Payment နဲ ့လုပ်ရမှာဆိုတော့ အခက်အခဲရှိနိုင်ပါတယ်။ အခုတလော ကြေငြာ နေတဲ့ Online Shopping Service တွေက လုပ်ပေးနိုင်မယ် ထင်ပါတယ်။

iPhone 3G, 3Gs အသုံးပြုပြီး စမ်းသပ်ထားချက်တွေဖြစ်တာကြောင့် တခြား ဖုန်းအမျိုးအစား နဲ ့တော့ မကိုက်ညီနိုင်ပါဘူး။ တခြားဖုန်းအမျိုးအစား တွေနဲ ့ စမ်းသပ်ချက်ကို စိတ်ဝင် စားမယ်ဆိုရင်တော့ နောက်တစ်ပိုစ့် မှာ တင်ပါမယ်။

One comment

  • cum min

    July 13, 2012 at 11:50 am

    လာဖတ်သွားတယ်နော…..

Leave a Reply