Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သက်ဆိုင်ရာကို အမှုဖွင့် တိုင်ကြားချင်လို့ပါ..

ဆူးJuly 3, 20111min43026

မတရားပါဘူး ဗျို့…..
Violence, Non-Violence and Terrorism – ခင်မမမျိုး
– kai |38- Hits|
Posted by kai on Jul 2, 2011 in Contributor, Columnist, Opinions & Discussion, Think Tank

လူစာရင်း
– kai |61- Hits|
Posted by kai on Jul 2, 2011 in Myanma News, Opinions & Discussion, Press Announcements |

Burmese Community Center Fundraiser Event – July 9, 2011
– kai |48- Hits|
Posted by kai on Jul 2, 2011 in Events/Fundraise |

ဂျူလိုင် ၂ရက်နေ့ ဒိတ်နဲ့ ပိုစ် ၃ခု တွေ့နေပါတယ်။

12. မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

အဲဒီတော့ သဂျီးကိုယ်တိုင် ထုတ်ထားတဲ့ စည်းကမ်း သဂျီး ကိုယ်တိုင် ခြေနဲ့ ဖျက်နေတာ ဖြစ်ပါတယ်။
စည်းကမ်းကို ပြင်မှာလား..
ဥပဒေ ရဲ့ အထက်က သဂျီး ဖြစ်နေပါတယ် ဗျို့..

ဒီမိုကရေစီ သဂျီး သဂျီး ဒီမိုကရေစီ.. လုပ်ကြပါအုန်း ဗျို့..

ရွာသားများ.. တယောက်အားနဲ့ မစွမ်းသာ အများအားနဲ့ ပေါင်းစည်းမှ ဖြစ်ပါတော့မယ်။

စည်းကမ်းသည် လူ၏ တန်ဖိုး…

ရွာသားများ ဘယ်လို လုပ်ကြမလဲ..

ဝိုင်းပြီး တိုင်ပေး ဆွေးနွေးပေးကြပါအုန်း။

 

 

26 comments

  • weiwei

    July 3, 2011 at 2:46 pm

    ခက်တော့နေပြီ …
    အဲဒါက သူကြီးလေ … သူက အယ်ဒီတာချုပ် … သာမန်မန်ဘာမဟုတ်ဘူး ….

    စည်းကမ်းဆိုတာ မန်ဘာတွေအတွက်ပဲ ထုတ်ထားတာ …. ရွာထဲမှာ စည်းကမ်းမလိုက်နာဘဲ နေပေမယ့် သူကြီးက မသိချင်ယောင် (မမြင်ချင်ယောင်) ဆောင်နေတဲ့ မန်ဘာတွေလဲ တစ်ခါတစ်လေ တွေ့ရတယ် … သူတို့က အထူးမန်ဘာတွေလဲ ဖြစ်နိုင်တာဆိုတော့ ….
    အဖြေမရှာတတ်ကြောင်းပါ …. 😛

  • ကဲ သူကြီးရေ တိုင်ချက်တော့ ဖွင့်ကုန်ပြီ။
    မှားတင်ထားတာ မှန်ရင် တပုဒ်ကိုရက်ပြောင်းပေးလိုက်ပါ။
    စည်းကမ်းက စည်းကမ်း။
    ဒါကတော့ ရွာလူကြီးတစ်ယောက်အနေနဲ့ပြောပေးတာနော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 3, 2011 at 2:52 pm

    ဟဲ့ကလေးမ
    သဂျီးမင်းဂို အိုက်ဒီလို မပြောရဘူးကွဲ့
    ခက်တော့တာပါဘဲ ဒီကလေးတွေ
    သဂျီးမှန်းမသိ ဆယ်အိမ်ဂေါင်းမှန်းမသိ
    ခွင့်လွှတ်ပါသူကြီးမင်းခင်ဗျ
    မလိမ်မိုးမလိမ္မာလေးကိုခွင့်လွှတ်ပါခင်ဗျ
    ( ဒီလို ပို့စ်တွေတင်ပေးမှဘဲရပေမပေါ့ကွယ် ဒါမှ ကိုယ်တင်ထားတဲ့
    မကောင်းတဲ့ပို့စ်တွေကို ပြန်ကာမိမှာပေါ့နော 😀 😀 😀 )

    • MaMa

      July 4, 2011 at 3:11 pm

      အင်းးးးးးးးးးးဒီရွာထဲမှာတော့ ဒီသူငယ် အသိတတ်ဆုံးပဲ။ (သဂျီးမင်းသည် စိတ်ထဲက စဉ်းစားရင်း ပြုံးနေပါသည်။)
      ******** ပုံပြင်ထဲမှာတော့ ဒိသာပါမောက္ခကြီးက ဤကဲ့သို့ စဉ်းစားမိသော တပည့်အား သားမက် အဖြစ် ရွေးချယ် တတ်ပါသည်။
      ဤကား ပုံပြင် အလိုတည်း။
      😉

  • တညင်သား

    July 3, 2011 at 3:23 pm

    အော် ..အန်တီဆူးရယ် ” ငါပြောသလိုလုပ်..ငါလုပ်သလိုမလုပ်နဲ့” ဟိုတလော က ဘယ်သူလဲမသိဘူးပို့စ်တင်တာ ဖတ်ဘူးတယ်….

  • pooch

    July 3, 2011 at 3:44 pm

    ဟုတ်သားပဲ ဆူးပြောမှကြည့်မိတယ် ဗျို့သဂျီး့
    ခေါင်ကစပြီး မိုးယိုတာတော့ မကောင်းဘူးထင်တယ့်

  • ဆူး

    July 3, 2011 at 3:58 pm

    ဆေးရိုးထွက်လှန်း တဲ့ လူတွေ နဲ့ တူနေပြီ။

  • fatty

    July 3, 2011 at 4:16 pm

    do as i say not as i do ကို ကျုပ်ရေးဘူးတယ် ထင်တာဘဲ။

  • တညင်သား

    July 3, 2011 at 4:31 pm

    ဟုတ်ပါတယ် လေးဖတ် .. မှားသွားမလားစိုးရိမ်စိတ်ကြောင့် ထည့်မရေးဖြစ်တာပါ.. ကျွန်တော် ဖတ်မိတဲ့အကြောင်း ပြောရင်း ဂုဏ်ပြုပါတယ်ခင်ဗျား…………

  • မင်းပြည့်ရှိန်

    July 3, 2011 at 5:07 pm

    ဥပဒေအရတော့ဖြင့် အကျုံးဝင်သလား မသိ…
    မမဆူးရေ….

    “မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ” ဆိုသည်တွင်..
    သဂျီးသည် မည်ကဲ့သို့သော နေရာတွင် ရှိလေသနည်း မသိရ..

    အကယ်၍ ရွာ၏သဂျီးသည် မင်န်ဘာ ဟု ဆိုခဲ့လျှင်…
    နန်းတော်တိုင်ကို ထုံးသုတ်မိသော မင်းကဲ့သို့…
    ကိုယ့်အပြစ် ကိုယ်တိုင် စီရင်ရပေမည်…

    သို့မဟုတ်ခဲ့လျှင်မူကား…

  • zaw min

    July 3, 2011 at 5:42 pm

    သူကြီးသည် မန်ဘာမဟုတ်၊မန်ဘာမဟုတ်သောကြောင့် သူကြီးဖြစ်၏။ထို့ကြောင့် သူကြီးထုတ်သော ဥပဒေသည် မန်ဘာများနှင့်သာသက်ဆိုင်သည်။သူကြီးပါလို့ ဆိုနေမှ….
    သူကြီးဘက်မှရှေ့နေလိုက်ပေးသည် …အကျိုးတော်ဆောင်ခ ပွိုင့်(၅၀၀)ကျပါသည်။ထို အကျိုးတော်ဆောင်ခအား အမူတင်သွင်းသူ ဒေါ်ဆူးမအား ပေးဆောင်စေ။

  • noob

    July 3, 2011 at 7:22 pm

    ဒီရွာ ရဲ ကွမ်းတောင်ကိုင်က စပြီး တိုင်ကြားတော့ မနေနိုင်တော့ ဘူး သဂျီး
    သဂျီး ဘက်မပါနိုင်တာခွင့်လွှတ် ပါ (သူကရွာရဲ ့ကွမ်းတောင်ကိုင်ကိုဂျ) ဥပဒေ အထက် (စည်ကမ်း) တွင် မည်သူမှ မရှိစေရတဲ့ (ချိတ်ထမိန်နဲ ့ဦးလေကြီးပြောတာ) ခက်တာ ကအဲဒါ ကို သဂျီး က ဖောက်တယ်ဆိုတော့ ဥပဒေအရ သဂျီးကို ရာထူးချတယ် members တွေကို ပွိင့်တွေပေးခွင့် မရှိ အဲဒီလိုဆိုတော့လဲမဟုတ်သေးဘူး ရွာသားတွေ တိုင်ပတ်တော့မပေါ့ ဒါကြောင့် အယူခံဝင်ပါ သဂျီး

  • kai

    July 3, 2011 at 9:18 pm

    လစ်ဗျားကောင်းကင်ပေါ်.. လေယဉ်မပျံသန်းရအမိန် ့ထုတ်ထားတာကို .. ချိုးဖေါက်ပျံသန်းတဲ့..လစ်ဗျားလေယဉ်ကို… အဲဒီမှာပျံနေတဲ့ပြင်သစ်လေယဉ်က ပစ်ချလိုက်ပါတယ်..။ 🙂

    Libya plane shot down by French fighter jet enforcing no-fly zone
    BY LARRY MCSHANE
    DAILY NEWS STAFF WRITER
    Thursday, March 24, 2011

    A French fighter jet enforcing the no-fly zone shot down a Libyan plane Thursday near the besieged rebel-held city of Misrata, a U.S. official said.

    The French fighter destroyed a Libyan G-2/Galeb, a military trainer aircraft, apparently as it was trying to land, the official said. Other details remained sketchy about the mid-air confrontation.

    Coalition warplanes also blasted military targets on the outskirts of Misrata, but couldn’t keep the tanks of Col. Moammar Khadafy from entering the city.

    The artillery arrived under cover of darkness and shelled the neighborhood near the main hospital, according to one resident.

    • eros

      July 4, 2011 at 2:04 am

      သူကြီးရေ စည်းကမ်းက စည်းကမ်းနော်။ သူကြီးကစ လိုက်မနာရင် ကျန်သူက ဘယ်လိုလိုက်နာမှာတုံး။

  • bigcat

    July 4, 2011 at 2:09 am

    သဂျီးမင်းဖြစ်လို့ ဥပဒေချိုးဖောက်တာ ဟုတ်ဟန်မတူပါဘူး။ သူက အမေလိကန်စံတော်ချိန်နဲ့ ပို့စ်အချို့ကို တင်ပြီး အခြားပို့စ်ကိုတော့ ဆိုက်ကပြတဲ့ အခြားစံတော်ချိန်တမျိုးနဲ့ တင်လိုက်တဲ့အတွက် နှစ်ရက်ခွဲတင်တယ်လို့ ယူဆနိုင်ပါသည်။

  • နွယ်ပင်

    July 4, 2011 at 3:19 am

    ဒီဥပဒေက စထုတ်ထားကတည်းက သဂျီးက မန်ဘာတွေအတွက်သာ ထုတ်ထားခြင်းဖြစ်ပါတယ်တဲ့
    သူဂျီး အတွက်ထုတ်တားတာ မဟုတ်ပါတဲ့ 😀

  • etone

    July 4, 2011 at 3:27 am

    သဂျီးတင်တာကတော့ ခြွင်းချက်ဆိုပေမဲ့ … တခြားလူတွေ သဂျီးကို အားကျကုန်လျှင် မခက်ပေဘူးလား ။ အဲ့ဒီအချိန်ဆို …. ဖလန်းဖလန်းထပြီး ရွာတော့ပြန်ဆူဦးမယ်ထင်တယ် … ။

  • forever

    July 4, 2011 at 3:52 am

    ဥပဒေအထက်မှာ ဘယ်သူမှမရှိရ ၊
    ဥပဒေအပြင်ဘက်မှာ ဘယ်သူမှမရှိရ၊
    ဥပဒေထုတ်သူလက်ထဲမှာသာ ဥပဒေရှိရမယ်
    ပုံ
    ရွှေပန်းသူရ

  • လင်းဝေကျော်

    July 4, 2011 at 4:18 am

    ဥပဒေ ပြင်ဆင်ရေး အရေးပေါ်အစည်းအဝေး လုပ်လိုက်ပါလား

  • pan pan

    July 4, 2011 at 4:24 am

    မန်ဘာ = ရွာသူရွာသား
    သူကြီး != ရွာသူရွာသား
    ထို့ကြောင့် သူကြီး != မန်ဘာ

    သူကြီး = အစ်ဒမင်
    အစ်ဒမင် != မန်ဘာ
    ထို့ကြောင့် rules for members is not for admin
    😛 😀

  • shadowless

    July 5, 2011 at 6:00 pm

    အားလားလား…
    ဒီမို သဂျီး ထင်နေတာ အာဏာရှင် သဂျီး ဖြစ်နေတယ်
    လစ်ဗျားရဲ့ တိမ်မြုပ် ပျောက်ကွယ်နေတဲ့ သား အငယ် တယောက်
    အခုမှ သတိထားမိတယ် ကဒါခိုင် ဆိုပါလား.. ကြောက်ချာကြီး ဗျာ…
    ရွာသားတွေ ကို မငြှင်းပန်း နဲ့နော်
    အမရေးဂျာ..

  • ဆူး

    July 6, 2011 at 8:39 pm

    ဟုတ်ပါ့.. ဒီမိုကရေစီရွာ ထင်နေရင် မှားမယ်။
    လစ်ဗှား ရဲ့ ခေါင်းဆောင် ကဒါဖီ ရဲ့ သား အငယ် ကဒါခိုင် ဆိုပါလား.. ဟိဟိ..

  • nature

    July 6, 2011 at 8:54 pm

    သူကြီးတော့ MG က စသုံးလုံးနဲ့ တွေ့နေပြီ။

  • ဆူး

    July 6, 2011 at 10:42 pm

    စသုံးလုံး ဆိုတာ အစ သုံးလုံးပါ.. နဂိုကတည်းက ၃လုံးပဲ ရှိတော့ ကဒါခိုင် ဆိုတာ သိသွားတာ ဖြစ်ပါလိမ့်မယ်။

  • zawthulay

    August 3, 2011 at 1:48 pm

    အားလုံးဘယ်လိုပဲတင်တင်ပါ.. ကျွန်တော်ကတော့ တစ်နေ့ တစ်ခုတောင်မနည်း ခေါင်းစားရတယ်.. အဟိ တစ်နေ့သုံးခုတောင်ဆိုတော့ တော်ပါပေတယ် . မြှောက်ပြောတာမဟုတ်ပါဘူး .. တင်ပြောတာပါ (ဟဲနောက်တာ)

Leave a Reply