သူဌေးဖြစ်ချင်လား…ငါတို့ဘာတွေလုပ်ဖို့လိုမလဲ…
ဘယ်ခေတ်မဆို၊ ဘယ်နိုင်ငံမှာနေနေ၊ ဘယ်ဒေသပဲရောက်ရောက် ကျွန်တော်တို့အားလုံးအတွက် မရှိမဖြစ်က ဘာလဲလို့ စဉ်းစားကြရင် ငွေကြေးဆိုတာကို ထည့်မစဉ်းစားပဲ ဘယ်သူမှမနေနိုင်ဘူးလို့ထင်ပါတယ်။
ရှင်းရှင်းပြောရရင် ငွေရှိရင် ဘာမဆိုဖြစ်နိုင်တယ်ပေါ့…
ငွေကြေးနဲ့ ကျွန်တော်တို့ အနှိမ့်ဆုံး နေ့တိုင်းအစားအသောက်တွေစားဖို့၊ လိုအပ်တဲ့ အသုံးအဆောင်တွေဝယ်ဖို့အပြင်၊ ခေတ်မီစက်ကိရိယာတွေ၊ နောက်ဆုံးပေါ်ကားတွေ၊ ခမ်းနားတဲ့အိမ်ဂေဟာတွေကို ဝယ်ယူလဲလှယ်နိုင်ကြတယ်ပေါ့…
အဲဒီတော့ ကျွန်တော်တို့ ငွေကြေးကို ဘယ်လိုရှာကြမတုန်း….
တပါးသူတစ်ယောက်ဆီမှာ လုပ်ခစားဝန်ထမ်းလုပ်ကြမယ်…
ဝန်ထမ်းလုပ်ဖို့အတွက် လိုအပ်တဲ့ပညာအရည်အချင်းမရှိတဲ့သူတွေအတွက်တော့ ဈေးဗန်းဆွဲပြီး နေပူမိုးရွာမရှောင် ဈေးထွက်ရောင်းကြမယ်ပေါ့…ဒါဟာငွေကြေးရှာဖွေမှုရဲ့ အခြေခံတွေပါ…
ရှင်းပါတယ်…ပညာတတ်တဲ့သူတွေဟာ သူတို့တတ်တဲ့ပညာကို တန်ရာတန်ကြေးနဲ့ ရောင်းသလို…ပညာနည်းပါးတဲ့သူတွေဟာ သူတို့ရှိတဲ့ ငွေကြေးလေး၊ ဒါမှမဟုတ် ချေးငှားထားတဲ့ ငွေကြေးနဲ့ ဘဝအတွက် ငွေတိုငွေစလေးများရှာဖွေကြတယ်လေ
ဟုတ်ပီ…အဲဒါဆို ငွေကြေးရှာဖွေတဲ့နေရာမှာ အဓိကရှာဖွေတဲ့ပုံစံ (၂)မျိုးကွဲသွားတယ်လို့ ပြောကြည့်ကြပါစို့..
၁။ တတ်သိတဲ့ပညာကို အရင်းပြုပြီး ငွေကြေးအမြတ်အစွန်းကို ရှာတယ်
၂။ ရှိတဲ့ငွေတိုငွေစ၊ ကိုယ်ခန္ဓာကို ရင်းပြီး ငွေကြေးအမြတ်အစွန်းကို ရှာတယ်
ဒီထက်လွယ်လွယ်ပြောရင် ဝန်ထမ်းနဲ့ ကုန်သည်ကွာတယ်…
ကောင်းပါပြီ…ကျွန်တော်တို့တွေ ဘယ်လိုငွေကြေးရှာတဲ့သူတွေတုန်း….
မိမိတတ်ထားတဲ့အသိပညာကို လူအများလက်ခံနိုင်တဲ့ပညာဖြန့်ဝေတဲ့နေရာက လက်မှတ်တွေနဲ့ ကိုယ်နဲ့ကိုက်ညီမယ့်နေရာမှာ လျှောက်ထားပြီး ဝန်ထမ်းဝင်လုပ်ကြတယ်။
အဲဒါဆို ကျွန်တော်တို့အလုပ်လုပ်နေတဲ့နေရာရဲ့ ပိုင်ရှင်တွေကရော..ဘယ်လိုလူတွေလဲ…
သူတို့ ဆုပ်ကိုင်ထားတဲ့ စီးပွားရေးနယ်ပယ်တစ်ခုမှ အမြတ်တွေအတွက် ကျွန်တော်တို့ရဲ့လုပ်အားတွေကို အသုံးချနေတဲ့သူတွေလို့ မြင်ကြည့်ရအောင်
အဲဒီမှာ ကျွန်တော်တို့ကို သူတို့ တန်ရာတန်ကြေးပေးထားတယ်လို့တော့ သဘောထားရမယ်.. ဟုတ်ပီ အဲဒီမှာ ကိုယ့်လောက်မှ ပညာမတတ်တဲ့ သူဌေးတွေကို တွေ့ဖူးရင်တွေ့ဖူးလိမ့်မယ်.. ဘာလို့ သူတို့တွေ ငါတို့လောက်မှ ပညာမတတ်ပဲ ချမ်းသာနေရတာလဲလို့ တွေ့မိချင်မှ တွေးမိလိမ့်မယ်…
အဲဒီလိုတွေးမိရင်…သူတို့လုပ်ပုံလုပ်နည်းတွေကို သိတဲ့နေ့ ကျွန်တော်တို့ ချမ်းသာတဲ့နေ့လို့ စဉ်းစားကြည့်ရအောင်…အဲဒါဆို ကျွန်တော်တို့တွေ ချမ်းသာမယ့်နေ့ရက်တွေနဲ့ နီးလာပီပေါ့…
မြန်မာပြည်ကမခွာနိုင်လို့..မြန်မာပြည်ထဲမှာ ကုပ်ကပ်ပြီးနေနေတဲ့သူတစ်ယောက် မြန်မာပြည်နဲ့ နီးစပ်တဲ့ စီးပွားရေးအမြင်လေးတွေပဲ ဆွေးနွေးကြည့်ကြတာပေါ့…
သူဌေးဖြစ်ချင်တာလား…သူဌေးလုပ်ချင်တာလား
ဒီခေါင်းစဉ်ကို အရင်ဆုံးကျွန်တော်တို့ စဉ်းစားကြည့်ဖို့လိုနေတယ်ဗျ…
သင်ဘာလုပ်ချင်သလဲပေါ့….
အိမ်ကောင်းကောင်းတစ်ခုမှာ မပူမပင်ရတဲ့ငွေကြေးတစ်ခုနဲ့၊ ကားလေးတစ်စီးလောက်စီး၊ လိုချင်တဲ့ ဇိမ်ခံစရာတွေ၊ Electronic Device အကောင်းစားတွေနဲ့၊ အစားကောင်း အသောက်ကောင်းတွေစားချင်တယ်ဆိုတာ လူတိုင်းလုပ်ချင်တဲ့အလုပ်ပါ…ဟုတ်ပီ
အဲဒါဆို ကျွန်တော်တို့ သူဌေးလုပ်ချင်တာပါ…သူဌေးဖြစ်ချင်တာမဟုတ်ပါဘူး….
သူဌေးတစ်ယောက်ရဲ့ဇိမ်ခံရမှုတွေ…သူဌေးတစ်ယောက်ရဲ့ စည်းစိမ်တွေနဲ့နေချင်တာပါ..
ကျွန်တော်တို့ သူဌေးဖြစ်ချင်တာမဟုတ်ဘူးဆိုတာ ၁၀၀% သေချာနေပီဗျ…
ကဲ နေရိပ်အလာနေပူကစောင့်ဆိုတဲ့စကားပုံလို အဲဒီနေရိပ်ကြီးကို ထိုင်စောင့်နေလို့ဖြစ်ပါ့မလား…..
အဲဒီတော့ ကျွန်တော်တို့ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်ဦးမှာတုန်း….
အရင်ဆုံး ကျွန်တော်တို့ သူဌေးဖြစ်ချင်တာလား၊ သူဌေးလုပ်ချင်တာလားကို သေချာအောင် စဉ်းစားဖို့တော့လိုတယ်နော်..
(ဆက်ရန်….)
5 comments
pan pan
July 4, 2011 at 7:58 am
ဖြစ်အောင်လုပ်
လုပ်ရင်ဖြစ်
kai
July 4, 2011 at 9:25 am
“အရင်ဆုံး ကျွန်တော်တို့ သူဌေးဖြစ်ချင်တာလား၊ သူဌေးလုပ်ချင်တာလားကို သေချာအောင် စဉ်းစားဖို့တော့လိုတယ်နော်..”
ဆိုတဲ့.. အဲဒီအတွေးလေးကို ကြိုက်ပါတယ်..။ ဆက်ရေးကြည့်ပါဦး..။
အရင်ဘဝက… လှူခဲ့တန်းခဲ့လို့..အခုဘဝ သူဌေးဖြစ်တာပါဆိုတဲ့… အတွေးစဉ်းစားချက်မဟုတ်ရင်.. ဆွေးနွေးရေးသားတာတွေ..သေသေချာချာ စောင့်ဖတ်ပါ့မယ်..။ 🙂
MaMa
July 4, 2011 at 10:38 am
Smiegol ရေ first post မို့လို့ပဲ နော်။ အတွေးအခေါ်က good cial ပဲ ကောင်းပါတယ်။ ဆက်ရန်ကို စောင့်ဖတ်နေပါတယ်။ tab ကို think tank မှာ ထည့်ဖို့ ကောင်းတယ် နော်။ အကြံပေးကြည့်တာပါ။
ဆူး
July 4, 2011 at 1:48 pm
သူဌေး တယောက် ဖြစ်ချင်တာ လား သူဌေး လုပ်ချင်တာလား လိုက်မေးရင်တော့ လူတိုင်း သူဌေး လုပ်ချင်တယ် ပြောကြမှာပဲ။
သူဌေး လုပ်ရတာက ပင်ပန်းလိမ့်မယ်လို့ ယူဆတယ်။
နာမည်ကြီးတဲ့ သူဌေးတွေက သူတို့ ဘဝ ရဲ့ အချိန်တွေကို တော်တော် ပေးဆပ် ထားရတာ..
လက်ထဲကို အထုတ်လိုက် ရထားလည်း.. စည်းစိမ်ဥစ္စာ တည်မြဲစေဖို့ အားထုတ်ရတာပဲ။
forever
July 5, 2011 at 10:35 am
သူဌေးသားဘဲ လုပ်တော.မယ်
စားလိုက်အိပ်လိုက်ကလပ်တက်လိုက်
ပြိုင်ကားမောင်းလိုက်…..မကောင်းလား