Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငါး ဆနယ်(ဆားနယ်) ကိုဆားမငန်အောင် ချက်နည်း(ရခိုင်နည်းပညာ)..

we R oneJuly 5, 20111min56624

အားလုံပဲ မင်္ဂလာပါ ပရိတ်သတ်ကြီးရေ.. အဲမှားလို့ ရွာသူရွာသားတွေရယ်… မတွေ့တာလည်း ကြာပြီ နေကောင်းကြတယ်မဟုတ်လား.

ဒီနေ့ ကျွန်မ ရေးချင်တဲ့ အကြောင်းအရာ က တော့.. ငါးဆနယ်(ဆားနယ်) ဆားနှတ်နည်း (သို့မဟုတ်) ဆားမငန် အောင်ချက်နည်းပါ။

ဒီနေရာမှာ တစ်ခု သိချင်တာက ဒီကလူတွေ ဆားနယ် ရခြင်း အကြောင်းရင်းပါ။ ဆားဘာဖြစ်လို့နယ်ကြတာလဲ? တမင်သက်သက် အငန် စားချင်လို့လား? ဒါမှ မဟုတ် ရေခဲသေတ္တာ တော့ မရှိတဲ့ အခါ အထားခံအောင် ဆားနယ်ကြတာလား?

ကျွန်မ၏ မွေးဖွားကြီးပြင်ရာ နေရာသည် အိမ်ခြေ 100 လောက်သာရှိသော ရွာလေးတစ်ရွာဖြစ်ပါတယ်။ မြန်မာ နိုင်ငံ ရဲ့ အနောက်ဘက် မှာ ရှိတဲ့ ရမ္မာဝတီ ခေါ် ရမ်းဗြဲ ကျွန်းပေါ်မှာ တည်ရှိပါတယ်။ ရေခဲ သေတ္တမပြောနဲ လျှစ်မီးလည်း မရှိပါဘူ။ အဲလို နေရာမျိုးမှာ ငါးတွေဝယ်ထားပြီး ၊ ငါးတွေ ရောင်းမကုန် ပြီဆိုရင် ဘာလုပ်ထားကြမလဲ။ သေချာပါတယ် အာလုံး ဟာ ဆားကို နိုင်နိုင် နယ်ထားကြပါတယ်။

အဲလို ဆားကို အများကြီး ထည့်ပြီး ထားမှ တော့ အဲဒီ ငါးကိုချက်စားတဲ့ အခါ ဆားခဲ့ ကြီးကို စားရသလို ဖြစ်နေမှာပေါ့။ ဒီကလူတွေ တော်တော် များများ ကြုံဖူးကြမှာပါ။

ကျွန်မ ကြုံဖူးတဲ့ ရန်ကုန် က လူတွေ တော်တော် များများ ငါး ကို ဆားနယ် ပြီတော့ ဆားမငန် အောင် ဘယ်လိုလုပ်ရမလဲ တစ်ခါ မှ မစဉ်စားဖူးကြလားမသိဘူး။ သူတို့ ကချက်တဲ့ အခါအရမ်း မငန် အောင် ဆားနယ် ကတည်းက ဆားလျှော့ နယ်ကြတယ်။ 2 ရက်လောက်ထားလိုက်ရော အဲးဒီ ငါးက သိပ်မကောင်းချင်တော့ဘူး ။ ဆားလျှော့ပြီး နယ်လည်း စားမိရင် ဆားခဲကြီးကို စားရသလိုပဲ။

ကျွန်မ တို့လုပ်တဲ့ နည်းကတော့ ငါးမပုပ်အောင် ၊ အကြာကြီးခံအောင် ဆားနိုင်နိုင်နယ် တယ်။ ပြီးရင် ချက်တဲ့အခါ မငန် အောင် ဆားပြန်နှတ်တယ်

ဆားနှတ်ပုံ နှတ်နည်းကတော့ …. လွယ်ပါတယ်။ ဆားနယ်ထားတဲ ငါးကို ရေ 2 ထပ်လောက်ဆေးလိုက် ၊ ပြီးရင် အဲဒီ ငါးကို ဇလုံတစ်ခု ထဲမှာ စာရွက်(စက္ကူ) ရယ် ၊ ထမင်းကြမ်း ရယ် နဲ ရော ြ့ပီး ၁ဝ မိနစ်လောက် စိမ်ထားလိုက်ပါ။ (စက္ကူ) စာရွက်ရယ် ၊ ထမင်းကြမ်း ရယ်က ငါးအနည်း အများ ပေါ်မူတည်ပါတယ်။ များများ ထည့်ရင် ပိုကောင်းပါတယ်။)။ ပြီရင် ရေစင်စင် ဆေးပြီး ချက်လိုက်ပါ။ ပုံမှန် စားနေကြ ( ဆားမနယ်တဲ့) ငါးလို ပြန်ဖြစ်နေတာ ကိုတွေ့ရလိမ့်မယ်။ မယုံရင် စမ်းကြည့်လိုက်ပါ။ လုံးဝ အားမခံပါတယ်…။

 

ကျေးဇူးတင်ပါတယ်

weRone

24 comments

  • weiwei

    July 5, 2011 at 4:56 am

    စာရွက်ဆိုတာ ဘာကိုပြောတာလဲ … စက္ကူကို ပြောတာလား … အရွက်နံမည်လား ?

  • pan pan

    July 5, 2011 at 5:00 am

    ဗလာစာရွက်လား
    သတင်းစာက စာရွက်လား

    • weRone

      July 5, 2011 at 5:03 am

      သတင်းစာရွက် ဖြစ်ဖြစ် ဂျာနယ်စာရွက်ဖြစ်ဖြစ်၊ ဘာစာရွက် မဆို….

  • weRone

    July 5, 2011 at 5:00 am

    ဆောရီး မဝေ.. စက္ကူ ကိုပြောတာပါ။ ပြန်ပြင်လိုက်ပါ့မယ်..။ အခုလို ထောက်ပြ ပေတး 10Q… 😀

  • ဆူး

    July 5, 2011 at 6:32 am

    ဒီတိုင်း နယ်ထားယုံပဲလား.. ရေဆေးထားတာ ဆိုတော့ ရေ အစိုဓါတ်တော့ ရှိရမယ် ထင်တယ်နော်..
    ဒါနဲ့ စကားမစပ် အဲဒီ ငါးဆားနယ် ဆားနတ်ပြီး ချက်ရင် ငါး အရသာ ချိုပါ့မလား။

    • weRone

      July 5, 2011 at 10:30 am

      အရင် ကလောက်တော့ ချိုချင်မှ ချိုလိ်မ့်မယ် မဆူး ၊ ဒါပေမဲ့ ဆားခဲ ကို ကိုက်စား နေရသလို မဖြစ်တာတော့ အမှန်ပဲ။ စားလို့ ပိုကောင်းလာပါတယ်။ စမ်းကြည့်လိုက်ပါလား..

  • etone

    July 5, 2011 at 9:57 am

    စမ်းကြည့်ဦးမယ် … ငပိကောင်ဆိုလျှင်ရော အဲ့လို လုပ်စားလို့ အငံလျှော့သွားမှာလားဟင် … ။
    နောက်ပြီး စက္ကူက ငါးကို ပတ်ထားရမှာလား … အခင်းကျင်းပုံစံက ဘယ်လိုလေးလဲ ထင်သာမြင်သာလေးဖြစ်အောင် ပြောပြပါဦးနော် ။

    • weRone

      July 5, 2011 at 10:28 am

      စက္ကူ က ငါးကို ပတ်ထားရမယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ငါး ရယ်၊ စက္ကူရယ်၊ ထမင်း ရယ်ကို ရောထွေးပြီးထားရမှာ ။ စမ်းသပ်ကြည့်လိုက်ပါ့။ အဆင်ပြေ မပြေ ဒီ post မှာ ပြန်ပြောပေါ့နော်။

      • etone

        July 6, 2011 at 9:53 am

        ကျေးဇူးအစ်မရေ လုပ်စားကြည့်ဦးမယ်… ဒီရက်ပိုင်းတော့ ဟင်းမချက်စားဖြစ်ဘူး … အလုပ်ရှုပ်နေတာနဲ့ ဝယ်စားလိုက်တာပဲ ။ 😀

  • forever

    July 5, 2011 at 12:52 pm

    ထိုင်းမှာတော.တီလားဗီးယား ငါးတွေဆို
    အစိမ်းကိုသန်.စင် ဆားနယ်ပြီး နေ တနေပြပြီးမှ
    လိုသလိုချက်စားကြော်စား ကြတယ်
    တွေ.ဘူးတာ မစားဘူးတော.ဘယ်လိုအရသာလဲတော.မသိ

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 5, 2011 at 1:03 pm

    ကျုပ်တွေ့ဘူးတဲ့နည်းလေးကတစ်မျိုးဘဲ
    ဒါပေမယ့် ဝရုန်း 😀 ရဲ့နည်းလောက်တော့ကောင်းဘူး
    ဆားဖိုတစ်ခုထည်းမှာတွေ့ဘူးတယ်
    ငန်တူးနေတဲ့ငါးခြောက်တွေကို
    ဆားရည်ဖျော်ပြီးစိမ်လိုက်တယ် နာရီဝက်လောက်
    နောက် ရေချိုနဲ့ဆေးလိုက်တယ်
    နောက်တစ်နည်းကတော့
    တောနက်ထည်းမှာပါ
    အဲ့လိုဘဲ ငါးခြောက်တွေငန်နေလို့
    ရေခွက်ထည်းကို မီးသွေးတုံးတွေ ငါးခြောက်တွေနဲ့ရောပြီး
    ရေစိမ်ထားလိုက်တယ်
    တော်တော်အငန်သက်သာတယ်
    ငါးအဆိုတိုင်းတော့ဖြစ်မလာဘူး
    ငါးကို အဆိုတိုင်းစားခြင်ရင်တော့ ချောင်းထဲဆင်းဖမ်းပြီး
    မီးဖုတ်စားတယ်
    ငါးတွေဆိုတာ မီးထဲမှာ ခုန်စွ ခုန်စွနဲ့ ကျက်တဲ့အခါ စားလို့ကောင်းမှကောင်း
    ကြာပါပြီ လွန်လေပြီးသောအတိတ်ကပါ

    • Foreign Resident

      July 6, 2011 at 7:16 am

      I don’t think her name is “ဝရုန်း”
      most probably, weRone = we are one

    • MaMa

      July 6, 2011 at 7:32 am

      ငါး အဆိုတော် နဲ့ မှားနေပြီ
      ငါးအစိမ်း= ငါးစို (ငါးအစို၊ ငါးခြောက်မဟုတ်)
      ******* ငါးဆားပေ့ါအောင် လုပ်နည်းများ မှန်သော်လည်း ဆားငံရည်နှင့်အတူ အချိုဓာတ်များပါ ပါသွားတတ်၍ စားမကောင်းပါ။ အကောင်းဆုံးမှာ မူလကတည်းက ဆားပေ့ါ မှ ကောင်းပါသည်။

    • weRone

      July 6, 2011 at 6:18 pm

      ရက်စက်ပါ့ ကိုဂျော်နီအောင်ဘုရယ်… weRone (we are one) ပါ ရှင့်။ ဘယ်နယ်ဝရုန်းဖြစ်ရတာလဲ။ နောက်မှ အဲဒီနာမည် ဘယ်လိုရလဲ ဆိုတာ ကို သေချာရှင်းပြတော့ မ.ယ်။။ 😀

  • maythakhin

    July 5, 2011 at 2:17 pm

    နည်းတွေကတော့ အမျိုးမျိုးရှိတယ်။နောက်တစ်နည်းက အရမ်းငန်တဲ့ ငါးကိုရေစိမ်တဲ့အခါ မုန့်ဟင်းခါးထဲမှာ ထည့်စားတဲ့ ရခိုင်ငှက်ပျောအူလေးတွေကို လှီးပြီးရောစိမ်ထားတဲ့ နည်းလည်းရှိတယ်။ သူလည်းအမှန်အကန် ဆားပေါ့တယ်။ ထမင်းကြမ်းနဲ့လည်း စိမ်လို့ရတယ်။ weRone လိုတော့ စကူမထည့်ဘူးပေါ့။သူကတော့ ထမင်းရဲ့ အနေအထားကို ကြည့်ပြီး ဆားဓါတ်ကိုလိုသလိုလျော့လို့ရတယ်။ ထမင်းလေးတွေ ဖွေးပြီးပွလာတဲ့ အနေကို ကြည့်ပြီး ဆားကိုနှုတ်လို့ရတယ်။ ဆားကို ဆားရည်နဲ့ နှုတ်တာကတော့ အချိန်နည်းနည်းကြာတယ်။ ကျန်တဲ့နည်းတွေက တော့ မြန်တာပေါ့။ ဒါပေမဲ့ သူတို့တွေက ငါးအဆိုအတိုင်းတော့ အရသာမရှိကြဘူး။ ဆားက နှပ်ထားသလိုဖြစ်နေတော့ အသားသေသွားတာပေါ့။ရေစိမ်တဲ့နည်းတွေ ငန်တဲ့ငါးခြောက်တွေကို သုံးတဲ့နည်းတွေပေါ့။ ဗမာပြည်မှာ ရောင်းတဲ့ဆားနယ်တွေက တော့ အခုဆားနယ်လုပ် အခုရောင်း ဆိုတော့ သိပ်တော့လည်းမငံပါဘူး၊ရေစိမ်လိုက်ရင်လည်း ခဏပဲစိမ်ရတယ်။နို့မိုဆို အသားပြဲသွားတယ်။weRone ပြောတဲ့ ငါးဆားနယ်ဆိုတာရခိုင်ဘက်ကလာတာကို ပြောတာလား။ရခိုင်ဘက်က ဆားနယ်တွေကတော့ အသားမာတယ်။ နောက်ပြီးတော့ ““ရမ်းဗြီးသမလေးတွီ လှရေလို့ ပြောဟာကယားဖူးတိမ်နော့၊လားနာကြည့်ဖို့မလို တွီးယုံနဲ့တင်လှကရေလို့ လီးပြောကြရေ။အကရောင်းကြားဖူးဟာ“

    • weRone

      July 7, 2011 at 2:06 pm

      အမလေး ဖြေဖြေး ပြောပါ မမေသခင် ရယ်။ 😀 .. အစ်မ ပြောတာ ကိုကြည့်ပြီး လန့်လန့်သွားတယ်.. ။ ဒါပေမယ့် ရမ်းမ္မာဝတီသူတွေလှ တာက တောတကယ်… လို့မှတ်လိုက်တော့.. 😀

      • maythakhin

        July 7, 2011 at 9:04 pm

        “ အမလေး ဖြေဖြေး ပြောပါ မမေသခင် ရယ်။ 😀 .. အစ်မ ပြောတာ ကိုကြည့်ပြီး လန့်လန့်သွားတယ်.. ” ဆိုတဲ့ အတွက် sorry ပါ။ ဒို့က အသိချင်းဖလှယ်တဲ့ သဘောတရားနဲ့ပဲ ဝင်ရောက်ဆွေးနွေးတာပါ။ လန့်စရာတွေပြောနေတာမဟုတ်ပါဘူး။ ဗဟုသုတလေးတွေရမယ်ထင်လို့ ဝင်ပြောမိတာပါ။ ဒို့ပြောတာ မင်းအတွက် လန့်သွားတယ်ဆိုရင်တော့ sorry………….

        • weRone

          July 8, 2011 at 3:19 pm

          မမေသခင်ရယ် စိတ်မဆိုးပါနဲ။ ကျွန်မ ဆိုလိုတာ က အစ်မ ပြောတဲ့ ရခိုင်စကားသံ ကို ““ရမ်းဗြီးသမလေးတွီ လှရေလို့ ပြောဟာကယားဖူးတိမ်နော့၊လားနာကြည့်ဖို့မလို တွီးယုံနဲ့တင်လှကရေလို့ လီးပြောကြရေ။အကရောင်းကြားဖူးဟာ“ ကို ပြောတာ ပါ။ တကယ်တော့ ကျွန်မ က အစ်မ ကို စ, လိုက်တာ ပါ။ စိတ်အနှေက်အယှက်ဖြစ်ရရင်တော့ စိတ်မရှိပါနဲလို့ နော်…. 🙂

  • nature

    July 5, 2011 at 2:24 pm

    နည်းကောင်းလေးတခုပါပဲ။ ငါးသလောက်ပေါင်းအရိုးနူးမြန်ချင်ရင်တော့ ကွမ်းသီးထည့်ရတယ်ကြားဖူးပါတယ်။

  • windtalker

    July 6, 2011 at 10:53 pm

    လူချင်းတွေ ့မှ
    ချက်ကျွေးခိုင်းမယ်နော်
    ဝီ အာ 1

    • weRone

      July 7, 2011 at 2:13 pm

      ကျွန်မ က တော့ လူချင်းတွေ့ရင်တောင် ချက်ကျွေးမယ့် အစီအစဉ် မရှိပါ…. 😀
      ဝင်းတော့ကာ ရယ်… ကိုယ့်တိုင်ချက်စား တော့ ကိုယ်ကျွမ်းတာပေါ့.. ဒါမှ မဟုတ်ရင် နည်း ကိုမှတ်ထားပြီး.. အိမ်က မိန်းမ ကိုချက်ကျွေးခိုင်းလိုက်ပါ… 😀

  • kai

    July 8, 2011 at 3:38 pm

    အယ်လ်အေမှာ… ရခိုင်ကျွန်းသူတွေ(လူအချိုးနဲ့ချတွက်ကြည့်ရင်)တော်တော်များများရှိတယ်ပြောရမယ်..။
    အသိထဲတင် ၃ယောက်…။
    ရခိုင်တွေလည်း တော်တော်များပါတယ်..။ အုပ်စုတောင့်ကြတယ်..။
    မကြာခင်မှာတင်.. နယူးယောက်မှာ ရခိုင်သင်္ကြန်လုပ်တော့မယ်တဲ့..။
    2011 Rakhaing Thingyan – 17th Annual Burmese New Year Water Festival
    Sunday, July 17 at 11:00am
    Location: 100 West 84th Street, PS9 Playground between Columbus Avenue and Amsterdam Avenue – New York, NY

    ဂျာနယ်တွေ..သတင်းစာတွေတော့ ထည့်မစိမ်ပါနဲ့..အထဲမှာ..ပုံနှိပ်စာလုံးမှင်တွေက.. ခဲဓါတ်ပါတယ်..။
    အဆိပ်ပဲ..။

    ရေးပေးထားတဲ့နည်းလမ်းတွေအတွက် ကျေးဇူးပါနော..။ 🙂

  • Yin Nyine Nway

    July 8, 2011 at 7:53 pm

    ချက်စားကြည့်အုန်းမယ်
    ဟင်းချက်တာကြိုက်တဲ့ ရွာထဲက လူတွေအတွက်
    ငါးဒုက္ခချက်နည်းလေး ပိုစ့်တင်ပေးအုန်းမယ်

Leave a Reply