Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးသည်းညက လိမ်လည်သူ

AKKOJuly 5, 20111min61516

မိုးသည်းသည်းထန်စွာရွာလွန်းတဲ့ည ကိုးနာရီမထိုးခင် လူနာရှင်းသွားတာကြောင့် ကျွန်တော်ဆေးခန်းစောစာပိတ်ကာ အိမ်ပြန်ရန် ပြင်ဆင်ပါတယ် … လာနေကြလူနာဟောင်းအဘွားအိုတဦး တစ်ဦးနှင့်အတူ အမျိုးသမီးငယ်တစ်ဦး ဆေးခန်းလာပြပါတယ် ..မိုးထဲ၊လေထဲက တကိုယ်လုံးအစိုခံကာလာခဲ့သဖြင့် ကျွန်တော်လည်း သော့ပြန်ဖွင့်ကာ လူနာပြန်ကြည့်ပေးရတော့တာပေါ့… ။ အဘွားအိုနဲ့ ခင်နေတာကြောင့် အဘွားအိုက မြေးဖြစ်သူကို ခေါ်လာဖြစ်ကြောင်း ရှင်းပြပါတယ်..။

ဘာရောဂါဖြစ်သလဲမေးတဲ့အခါ အမျိုးသမီးရောဂါ ဓမ္မတာထိန်ခြင်းပါ ။ ကလေးမကိုမေးတော့ အိမ်ထောင်မရှိပါဘူး၊ အပျိုဟုပြောပါတယ် ။ အဖွားဖြစ်သူကလည်း ဟုတ်ကြောင်းထောက်ခံတယ် ။ ရည်စားထားဖူးလား လက်ရှိတွဲနေတာရှိလားမေးတော့ မရှိပါဘူးတဲ့လေ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းနဲ့  ဆီးစစ်ကြည့်ရမှာပါလို့ပြောတဲ့အခါ အဘွားအိုက  ခင်မင်နေတဲ့ မျက်နှာထောက်ပြီး မစစ်ပါနဲ့ မိုးကလည်းရွာလွန်းလို့ ရေတွေ စိုနေတာကြောင့် အိမ်ပဲမြန်မြန်ပြန်ချင်ကြောင်း ဆေးကုသမှူသာ မြန်မြန်ခံယူလိုတဲ့လို့ ပြောပါတယ်… ။ ကျွန်တော်တို့ အလုပ်တွေမှာ ထုံးစံအတိုင်း စစ်ဆေးမှူ မပြုလုပ်လို့ မရတာကြောင့် အကြံအိုက်သွားပါတယ် … ။ အဘွားအိုကလည်း သူ့မြေးဖြစ်သူ ဓမ္မတာထိန်တာ သုံးလေးလသာ ရှိပါသေးတယ် ဆေးထိုးလျှင် ရာသီပြန်ပေါ်မှာဖြစ်တယ်လို့ပဲ ကလေးတယောက်လိုဆေးထိုးဖို့ ပူဆာခဲ့တယ် ။ ကိုက်ခဲလွန်းလို့ နေမရတာကြောင့် ပါလို့လည်း မြေးဖြစ်သူက ထပ်မံဖြည့်စွက်ပြောခဲ့ပါတယ် ။ အဘွားဖြစ်သူက တဖန် … ကျွန်တော့ရဲ့ ကုသမှူ အတွက်ဆီးစစ်တာ မလုပ်ပဲ နှောင့်နှေးမှူမရှိအောင် ရာသီသွေးပေါ်စေရန်ပဲ ဆေးထိုးခိုင်းနေတော့တယ်… ။ မြေးဖြစ်သူဘက်သို့လည်း လှည့်ကာ .. ညည်းရောဂါက မြန်မြန်ပေါ်မှသာ သက်သာမှာ မဟုတ်လျှင်ကိုက်ခဲနေတာ မြင်တဲ့လူ စိတ်မချမ်းသာဘူးလို့လည်း ငြီးတွားပါတယ် …။ ကျွန်တော်လည်း စကားအသွားလာကို ကြည့်ပြီး မရိုးသားဘူးဟု တဖက်သတ် စိတ်ထဲဖြစ်မိပါတယ် ။ ရာသီမမှန်လို့ ကိုက်ခဲတာတော့ ကိုက်ခဲတာပေါ့ … နေမရအောင်ကိုက်ခဲတာက ကိုယ်ဝန်နဲ့ ပတ်သတ်လို့ တခုခုဖြစ်နိုင်ပါတယ် ။ ဆီးစစ်ဆေးတာလည်း လက်မခံတဲ့ အပြင် … ညည်းရောဂါက မြန်မြန်ပေါ်မှသာ သက်သာမှာ မဟုတ်လျှင်ကိုက်ခဲနေတာ မြင်တဲ့လူ စိတ်မချမ်းသာဘူး ပြောထားတာကြောင့် … ယနေ့တော့ ဆီးစစ်လို့ကလည်း မဖြစ် … ဆေးထိုးပေးလိုက်လို့ကလည်း မဖြစ်တဲ့ အဆုံး … ။ အညောင်းညာပြေအောင်ပဲ တင်ပါးဆေးတလုံးထိုးပေးခဲ့ပါတယ်… ။ ဆေးကို ဆက်တိုက်ထိုးရမယ် မနက်ဖြန်လည်းလာလို့လည်း မှာလိုက်တော့ မျက်လုံးတွေ အရောင်လက်ကာ ကျေးဇူးတင်ကြောင်း တဖွဖွပြောပြီး ပြန်သွားကြပါတယ်…။ ကျွန်တော်ထိုးပေးလိုက်တာ ရာသီပြန်ပေါ်တဲ့ ဆေးမဟုတ်မှန်းတော့ သူတို့ မြေးဖွား သိမသွားကြဘူး .. ။ နောက်တရက်ပြန်လာပါတယ်… အဲ့ဒီအချိန်ကျမှ အပျိုလည်းဆီးစစ်သင့်တယ် လို့ နားဝင်အောင် စည်းရုံးရပါတယ်… ဒါမှ သားအိမ်ထဲက မီးယပ်ရောဂါတွေ  …ပုံမှန်မဟုတ်တဲ့ တခုခုများ ဖြစ်နေလျှင် ဆီးစစ်တဲ့အခါ တစ်ခါတစ်လေမြင်နိုင်တဲ့အကြောင်း စည်းရုံးတော့မှ မြေးဖြစ်သူက ပေါ့ပါးစွာ ဆေးစစ်မယ်လို့ လက်ခံပါတယ်… သူတို့စိတ်ထဲ မနေ့က ထိုးလိုက်တဲ့ဆေးကြောင့် ရဲတင်းနေတာလည်းပါပါလိမ့်မယ် ။ ကျွန်တော်ထိုးပေးတဲ့ဆေးက ကိုက်ခဲနေတာသက်သာဖို့အတွက်ပါဆိုတာ သူတို့မသိရှာတော့ ဆီးစစ်ခံပါတယ် ။

ဆီးစစ်လို့ အပြီးမှာ ထင်ထားသလိုပဲ ….. မျဉ်းနှစ်ကြောင်းပေါ်နေခဲ့တာပါ ။ ကိုယ်ဝန်ရှိပါတယ်လို ့ ကျွန်တော့ ပါးစပ်က ယောင်ထွက်သွားတဲ့အခါမှာ အဘွားဖြစ်သူက မဟုတ်ပါဘူး အပျိုပါဆိုတဲ့ စကားကို ထပ်ခါထပ်ခါ ပြောနေပါတော့တယ်… ။ ကိုယ်ခန္ဓာစစ်ဆေးပြီး ကိုယ်ဝန်ရှိကြောင်း အဖွားဖြစ်သူကို သက်သေပြလို့ကလည်း အဲ့ဒီလောက်ကြီး ဆေးခန်းတခုမှာ လုပ်ပေးဖို့ မလိုတာကြောင့် …. ဆီးကတော့ နှစ်ကြောင်းပေါ်နေတယ် ကိုယ်ဝန်ရှိတဲ့ လက္ခဏာပါ …..အပျိုမို့လို့ မယုံဘူး ..သေချာလေး သိချင်လျှင် ဗဟိုအမျိုးသမီးဆေးရုံသွားပါလို့ ပြောပြီး စာရေးပေးလိုက်ရတယ် … ။ တကယ့်သာ ကိုယ်ဝန်မှန်းသိလျှက်နဲ့ လာခဲ့တာဆိုလျှင်တော့ ဆေးရုံကို သွားမှာ မဟုတ်ပါဘူး … ။ မျက်နှာသိငါးပိမဝယ်နဲ ့ဆိုတာ ဒါကိုပြောတာပဲဖြစ်မယ် သိနေလို့ ကျွန်တော်လည်း အားနာပြီး ဆီးမစစ်မိလျှင် တွေးတောင်မတွေးရဲစရာပါပဲ … ။ ဆေးရုံကိုသွားပြီး ပြန်လာတဲ့ ညနေကျလျှင် ဝင်ခဲ့ဦးပြောပေမဲ့ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ ယနေ့တိုင်ပါပဲ… ။ သူတို့ ကြံရာပါထဲ ကျွန်တော့်ကိုပါ ဆွဲထည့်တော့မလို ့ … အားနာတာကလည်း တစ်ခါတလေမှာ ကိုယ့်ကိုပြန်ထိတတ်တာကြောင့် အားနာတဲ့ အကျင့်ကို ဖျောက်လိုက်ပါတော့မယ် ။

 

16 comments

  • etone

    July 5, 2011 at 10:17 am

    ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ် … လူတကိုယ် စိတ်တမျိုးဆိုသလိုပေါ့ … ။ ဆရာဝန်ဆီလာ ရဲတာ အတော်သတိ္တကောင်းတဲ့ မြေးဖွားပဲ… ။ တချို့ ဆို လက်သည်နဲ့ပဲ ရှင်းလိုက်ကြတယ်… ။

  • နွယ်ပင်

    July 5, 2011 at 10:26 am

    စာထဲမှာ ရေးထားတဲ့ အတိုင်းဆို အဖွားလဲ သိပုံရပါတယ်
    တစ်ခါတစ်လေ အကြပ်အတည်းဖြစ်တော့ ဘာလုပ်ရမှန်းမသိပဲ ဒိလိုမျိုး လုပ်မိလုပ်ရာ
    လုပ်တယ်ထင်ပါတယ် … ဆေးခန်းမှာ မပြေလည်သွားဘူးဆိုတော့ လက်သည်ဆီသွားကြမလားပဲ…

  • meengelay

    July 5, 2011 at 10:56 am

    ့ ဗိုက်ထဲက ကလေးက အလကားနေရင်းအသက်ဆုံးရှုံးရလိမ့်မယ် မသနားဘူးလား မသိဘူးနော်..

  • ဆူး

    July 5, 2011 at 2:25 pm

    ဗဟုသုတ နည်းပါးတဲ့ ပြသနာပဲ။

  • naywoonni

    July 5, 2011 at 2:31 pm

    သူ့ အကြောင်းနဲ့ သူ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲလေ… ကိုယ်ဝမ်းနာတာ ကိုယ်သာသိတယ်ပေါ့..။ သတ္တဝါ တစ်ခု ကံတစ်ခုပေါ့လေ… ။။ ဗိုက်ထဲက ကလေး အလကားနေရင်း အသက်ဆုံးရှုံးရတာထက် တာန်မယူနိုင်တဲ့ သူကလေးတစ်ယောက်အငြိုငြင်ခံပြီးလူဖြစ်ရတာက ပိုဆိုနေမလားလို့ …..။

    • bigcat

      July 6, 2011 at 9:27 am

      ဆြာနီပြောသလို ကျင့်ဝတ်ရှုထောင့်နဲ့ လူမှုရေးရှုထောင့် ဘက်နှစ်ဖက်အမြင်တွေက မြန်မာပြည်လိုနိုင်ငံမျိုးအတွက် စဉ်းစားစရာပဲ။ အနောက်နိုင်ငံတွေလို လူမှုဖူလုံရေး အလုံအလောက် ပေးထားတာတောင်မှ ဒီလိုပြသနာတွေက ရှိနေဆဲလေ….အကောင်းဆုံးကတော့ ပြသနာမဖြစ်အောင် ကြိုတင်ကာကွယ်ကြဖို့၊ ပွဲမစခင် လေ့လာမှတ်သားကြဖို့ပါ။ စာသင်ခန်းတွေကနေပဲ စရမယ်ထင်တယ်။ အဲလိုကျပြန်တော့လည်း အားပေးအားမြောက်ပြုလိုက်သလို ဖြစ်ပြန်ရော။ အကောင်းဆုံးကတော့ အားလုံးကို ဖြတ်ပစ်လိုက်ဖို့ပါ….ရာဂတဏှာကို ပြောပါတယ်။ 😀

      • etone

        July 6, 2011 at 9:45 am

        ကိုကြောင်ကြီး က စပြီး အရင် ဖြတ်ပစ်လိုက်ပါ … ရာဂတဏှာကို ပြောပါတယ် 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 6, 2011 at 10:24 am

    ပျော်တုန်းကတော့ ပျော်ကြတာပေါ့
    အမှတ်မထင်လို့ပြောရမလား
    ကံမကောင်းစွာလို့ပြောရမလား
    ဖြစ်လာတဲ့အခါ
    ရှက်တတ်မှုဆိုတာက ကြီးထွားလာတဲ့အခါပါ
    အရှက်ကိုအသက်နဲ့လဲတတ်တဲ့သဘောရှိလာတယ်ပြောနိုင်မလား
    ကြည့်ရတာ သက်ဆိုင်သူက ဘတ်သွားတာလား ဘာလားဆိုတာကရှိသေးတယ်လေနော
    နောက်ပြီး တစ်ချို့ဆို အပတ်စဉ်တွေကများတော့
    ဘယ်သူနဲ့ငြိလို့ငြိမှန်းမသိတဲ့ဇာတ်ထုပ်တွေကရှိဘူးတယ်
    ဒီလိုလေ
    ကောင်မလေးတစ်ယောက် လူတော်တော်များများနဲ့တွဲတာ
    တွဲတဲ့အပြင် တိုက်ပွဲတွေဘာတွေလည်းဖြစ်တာပေါ့
    ဒီလိုနဲ့ဇီးကပ်ပါလေရော
    ဒီအခါ ရက်တွက်ပြီး နီးစပ်တဲ့ကောင်ကိုလက်ညိုးသွားထိုးတော့
    ဟိုကောင်ကလည်းသွေးအေးအေးနဲ့ပြောရှာပါတယ်
    အေး
    ငါနဲ့နင်နဲ့တိုက်ပွဲဖြစ်ဘူးတာတော့ဟုတ်တယ်
    နင်က ငါတစ်ယောက်တည်းနဲ့ တိုက်ပွဲတက်ထားတာမဟုတ်ဘူးဆိုတာ နင့်ကိုယ်နင်အသိဆုံးဘဲ
    နင်နဲ့ငါနဲ့တိုက်ပွဲဖြစ်တုန်းက ငါကကာဘာကောင်းကောင်းယူထားတာ
    ငါ့ကိုယ်ငါသိတယ်
    ဒီတော့ကာ ငါပါလို့စွတ်ပြောရင်လည်းပြီးတာဘဲ
    နင့်ဗိုက်ကိုနင်မွေးလိုက်
    ကလေးမွေးလာတဲ့အခါ သွေးစစ်လို့ ငါ့ကလေးမဟုတ်ဘူးဆိုရင်
    နင်ပိုပြီးအရှက်ကွဲမယ် လို့ပြောလိုက်တော့
    ကောင်မလေးခများ ကြံရာမရတဲ့အဆုံး
    ငွေကုန်ကြေားကြအကုန်ခံပြီး သွားဖျက်လိုက်တာပေါ့နော
    နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်က
    ဒီလိုဘဲ
    တွေ့မရှောင်တဲ့ကောင်မတစ်ယောက်
    သူလည်းရဘူး ငါလည်းရဘူး ( ငါလည်းရဘူး 😀 )
    ဖြစ်ပုံကဒီလို
    ကောင်မကလည်း တစ်လင်ကွာ ကလေးတစ်ယောက်နဲ့
    ပြည်ပရောက်တော့ လွပ်လပ်သူပေါ့
    လွပ်လပ်သူတို့ဘာသာဘာဝ ကမြင်းကျောထတာပေါ့
    အကောင်တစ်ကောင်နဲ့အတူနေတယ်
    တစ်နေ့အကောင်ကစိတ်ဆိုးပြီးရွာပြန်သွားတယ်
    အားနေတာပေါ့
    ဒီလိုနဲ့ကြုံတဲ့သူတွေက ကြုံသလို တန်းစီကြတာပေါ့
    ဒီလိုနဲ့ပါဘဲ
    ဟိုစိတ်ဆိုးပြီးပြန်သွားတဲ့အကောင်က ရွာမှာလယ်မထွန်နိုင်တာနဲ့ ပြန်ရောက်လာတယ်
    ပြန်ရောက်လာတော့
    ဟို…တစ်ခုလပ်တစ်လင်ကွာ ကလေးအမေကောင်မနဲ့အတူတော့မနေတော့ဘူးပေါ့
    ဒီကြားထည်းမှာ သူလည်းသူများနည်းတူ ကြုံရင်ကြုံသလို ဝင်ပြီးတန်းစီတာပေါ့
    အဲ့သည်မှာပြဿနာကတက်တာပေါ့
    ဗြဟ္မာ့ပြည်က ဗြဟ္မာသက်ကြွေလာတဲ့သတ္တဝါက ပေါက်ချလာရော
    အဲ့သည်မှာဘဲရွာလည်တော့တာဘဲဗျို့
    ဒါ့ကြောင့် အကောင်းဆုံးကတော့
    ဒီလိုမျိုးအကြောင်းတွေကို ပညာပေးစာစောင်တွေခပ်များများ ဖြန့်ဝေပေးသင့်ပါတယ်ခင်ဗျား

  • lusoegyikoko

    July 6, 2011 at 10:38 am

    ပို့စ် နဲ့တော့ မဆိုင်ပါဘူး akko ကဆရာဝန် မို့လို့ပါ။ မျက်ကြည်လွှာ တို့ေ ကျာက်ကပ်တို့ ဘယ်မှာလှူ ရလဲ ဘယ်လှူ ရမလဲသိချင်လို့ပါ။

    • AKKO

      July 6, 2011 at 11:04 am

      မျက်ကြည်လွှာကိုတော့ မျက်စိဆေးရုံကို ဆက်သွယ်ပြီး လှူဒါန်းလို့ ရပါတယ် ။
      ကျောက်ကပ်ကိုတော့ ရန်ကုန်ဆေးရုံကြီး ဆီးနဲ့ ကျောက်ကပ်ဌာနကို ဆက်သွယ်ပြီး လှူဒါန်းလို့ရပါတယ် ။ ဆေးရုံကြီး ဖုန်းနံပါတ်ကတော့ 256112 ပါ။ မျက်ကြည်လွှာပဲ လှူလှူ ၊ ကျောက်ကပ်ပဲ လှူလှူ ကြိုပြီးစာရင်းပေးထားရမှာပါ … ။
      မျက်ကြည်လွှာကတော့ အလှူရှင်သေဆုံးမှာသာ လှူရတာမျိုးဖြစ်လို့ သေဆုံးပြီလို့ အတည်ပြုပြီးတာနဲ့ မျက်စိဆေးရုံကို ချက်ချင်း ဆက်သွယ်ရပါမယ် ။ ကျောက်ကပ်ကတော့ အသက်ရှင်နေစဉ်အတွင်း လှူနိုင်တာမို့ ကြိုပြီးစာရင်းပေးထားတဲ့ အခါ လိုအပ်တဲ့ လူရှိလျှင် ၊ အချက်လက်တွေ စစ်ဆေးပြီး ပြန်အကြောင်းကြားပေးမှာပါ ။

  • လင်းဝေကျော်

    July 6, 2011 at 3:22 pm

    ဂျော်နီတို့ကတော့ အမှန်အတိုင်းတွေပြောနေပြီ။
    ကိုယ်ဝန်ဖျက်ချတာကို ယူအက်စ်မှာ လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့အကြောင်းပြောမယ့်သူများမရှိဘူးလား။

    ကျွန်တော့်အမြင်တော့ တာဝန်မယူနိုင်သေးချိန်မှာ မတော်တဆရမလာဖို့ ကာကွယ်ပေးကြပါ။
    မလိုချင်ပဲ ရမလာဖို့ ထိမ်းသိမ်း ကာကွယ်ကြပါ။

    • kai

      July 6, 2011 at 4:02 pm

      သေသေချာချာတော့ မသိဘူး..။
      ဒါပေမဲ့ ..သိတာက…ယူအက်စ်မှာ ကိုယ်ဝန်ကို တရားဝင်ဖျက်လို့ရပါတယ်..။
      ကိုယ်ဝန်အရင့်အမာပေါ်မူတည်ပြီး ဥပဒေတွေပြောင်းသွားတယ်လို့တော့ မှတ်မိတယ်..။

      ကိုယ်ဝန်ရှိတယ်ဆိုရင်… အထဲကကလေးကို.. အပြင်ကနေ မျိုးစုံစစ်ပါတယ်..။ ခေါင်းအရွယ်ရော.. ကျမ်းမာရေးကောင်းမကောင်းရော.. စစ်ပါတယ်..။ အခြေအနေမကောင်းရင်.. ဖျက်ချပစ်တယ်လို့ ထင်ပါတယ်..။ မွေးပြီးမှ ဒုက္ခမရောက်အောင်ပေါ့..။

      ဒါပေမဲ့.. ကိုယ်ဝန်ဖျက်ချတာနဲ့ပါတ်သက်ပြီး .. ဘာသာရေးအယူသည်းသူတွေက အပြင်းအထန်ကန့်ကွက်နေတုံးပါပဲ..။ လွန်ခဲ့တဲ့၂ နှစ် က ကန်းဆပ်ပြည်နယ်မှာ ၂၁ပါတ်ကြာကိုယ်ဝန်တွေကို ဖျက်ပေးတဲ့ဆရာဝန်ကိုတောင်.. အစွန်းရောက်တယောက်က သတ်ပစ်လိုက်သေးတယ်လေ…။

      မြန်မာပြည်က….. အဖေမပေါ်တဲ့သားသည်အမေတွေကို… .. ( ယဉ်ကျေးမှုမျက်နှာဖုံးတပ်ပြီး ) လူအချင်းချင်း နှိမ့်ချဆက်ဆံလွန်းတာမို ့.. အခုလို(နောက်ကွယ်ဇတ်လမ်း) ပိုကြမ်းနေတယ် ယူဆမိပါတယ်..။
      သေသေချာချာ ..ဆာဗေးလုပ်ပြီး. ကမ္ဘာနဲ့တန်းတူ.. .ဥပဒေတခုခုထုတ်ကြဖို့ကောင်းတယ်..။
      အောက်မှာ ယူအက်စ်ရဲ့ စစ်တမ်းတခု တင်ပေးထားတယ်..။ ဗဟုသုတ အတွက်ပါ..။

      Reasons for abortions

      In 2000, cases of rape or incest accounted for 1% of abortions.[26] Another study, in 1998, revealed that in 1987-1988 women reported the following reasons for choosing an abortion:[27]

      25.5% Want to postpone childbearing
      21.3% Cannot afford a baby
      14.1% Has relationship problem or partner does not want pregnancy
      12.2% Too young; parent(s) or other(s) object to pregnancy
      10.8% Having a child will disrupt education or job
      7.9% Want no (more) children
      3.3% Risk to fetal health
      2.8% Risk to maternal health
      2.1% Other

      According to a 1987 study that included specific data about late abortions (i.e. abortions “at 16 or more weeks’ gestation”),[28] women reported that various reasons contributed to their having a late abortion:

      71% Woman didn’t recognize she was pregnant or misjudged gestation
      48% Woman found it hard to make arrangements for abortion
      33% Woman was afraid to tell her partner or parents
      24% Woman took time to decide to have an abortion
      8% Woman waited for her relationship to change
      8% Someone pressured woman not to have abortion
      6% Something changed after woman became pregnant
      6% Woman didn’t know timing is important
      5% Woman didn’t know she could get an abortion
      2% A fetal problem was diagnosed late in pregnancy
      11% Other.

  • ဆူး

    July 6, 2011 at 8:29 pm

    စာထဲမှာ ရေးထားတယ် ရာသီ ပေါ်အောင် ဆေးထိုးပေးပါ ဆိုတာရယ်.. ကိုယ်ဝန်ရတာ သိလို့ တခုခု လုပ်ထားလို့ ကိုက်ခဲ နာကျင်နေတာများလား.. ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေ ဒီလို နာတာမျိုး ရှိလား။

    • AKKO

      July 7, 2011 at 11:02 am

      ဟုတ်ပါတယ် ဆူးတွေးသလိုပါပဲ … ကိုယ်ဝန်ရှိတာ သိပြီး တခုခုလုပ်ထားလို့ ကိုက်ခဲရာကနေရောက်လာပြီး ဆေးထိုးခိုင်းခဲ့တာပါ ။ တစ်ခုခုသာ လုပ်ထားခဲ့ပေမဲ့ သန္ဓေသားရှိနေသေးတဲ့ ပုံပါပဲ … ။ဒါကြောင့်လည်း ရာသီပေါ်အောင် ဆေးထိုးချင်တာပေါ့ ။ အကျယ်အကျယ် မဖြစ်ချင်တာနဲ့ … ဆေးရုံကို စာရေးပေးလိုက်တာပါ … သွားမှာ မဟုတ်ဘူးလို့တော့ ထင်တာပါပဲ ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ဒီလိုနာတာနဲ့ မတူပါဘူး ။ ဒါတောင် လရင့်မှပါ ။

  • char too lan

    July 7, 2011 at 1:24 pm

    ဆရာဝန်ကိုလာလိမ်တဲ့လူတွေ ဆေးထိုးပီးပီ ဆိုပီ သူတို့လိုပြန်လိမ်လိုက်
    နောက်မှ သူ ့ဟာသူ ဆက်ပူပလေ့စေ… 🙂

    • MaMa

      July 7, 2011 at 2:57 pm

      ဉာဏ်ကြီးရှင်နဲ့ လာတွေ့နေပြီ။
      🙂

Leave a Reply