(အေ)ကိုက်နာ……။။။
(အေ)ကိုက်နာ……။။။
ဗီရို အဟောင်းလေးကိုဆွဲဖွင့်လိုက်တော့ ပတ္တာတဖက်ပြုတ်သွားလို့ ဗီရို တံခါးက တစ်ဖက်စောင်ပြီး တွဲလောင်းကြီးဖြစ်သွားတယ်
“ဟာ..ဒီကောင်လေး သံပြန်ရိုက်ပေးထားပါဆိုတာ ခုချိန်ထိ မလုပ်သေးဘူး၊ဘယ်လောက်ကြာပြီလဲ ခိုင်းထားတာ တစ်ပတ်လောက်
ဖြစ်တော့မယ် ၊ မနက်ကျရင်သာ လက်ဝါးဖြန့်ပိုက်ဆံတောင်းတတ်တာ”။။။ သိပ်အကောင်းစားကြီးတွေမရှိပေမယ့် ခပ်လတ်လတ် အဝတ်
အစားတွေ လောက်သာ ထည့်ထားနိုင်တဲ့ ဗီရိုလေးထဲက လည်းပင်းနည်းနည်း ဟိုက်တဲ့ အင်္ကျီ တစ်ထည်ရွေးလိုက်တယ်.. ဘောင်းဘီ
ကတော့ ဂျင်းအပြာရောင်ကိုယ်ကျပ် ချက်ပေါ် လေးပဲကောက်စွပ်လိုက်တယ် ။။။ မမကြီး ဖုန်းထပ်လာနေတယ်တဲ့ ။။။အောင်မလေး ကိုယ်
တော်များကလဲ အခုဆို အခုချက်ခြင်း ။။။”အေး..ထွက်လာခဲ့မယ်လို့သွားပြောလိုက်. ခုံပေါ်မှာ ဖုန်းဖိုးယူသွားအုံး”။။။ဖုန်း ဖိုးကအကြွေးထားလို့
မရ ဖုန်းခေါ်ပေးတဲ့အိမ်က လက်ငင်းရှင်းမှ၊ တော်ကြာ ဖေါက်သည်တွေဖုန်းဆက်ရင် ခေါ်မပေးတော့မှ ဒုက္ခရောက်မှာ ၊ ဒီလုပ်ငန်းသာလုပ်နေတာ
ကဒ်ဖုန်းလေးတောင် ဝယ်မကိုင်နိုင်သေးဘူး။။။ဗီရီု တံခါးရွက်လေးကို အံကျအောင်သေချာပြန်ပိတ်လိုက်ပြီး အိမ်ရှေ့ထွက်လာတော့ ။။။။။။။။။။
အဖေက ကုလားထိုင် အဟောင်းလေးပေါ်ကနေ ကျွန်မကို ညိုးငယ်ရီဝေတဲ့မျက်လုံးတွေနဲ့ မမှိတ်မသုံကြည့်နေတာ ကိုတွေ့လိုက်ရတယ်
အော်.. အခုမှသတိရတယ် အပြန်အဖေ့ဆေး ဝင်ဝယ်ရအုံးမယ် ဆေးပြတ်သွားတာ နှစ်ရက်လောက်ရှိနေပြီ အိမ်သုံးဖို့ပိုက်ဆံပြတ်မှာစိုးတာနဲ့
ဆေးဝယ်မတိုက်ပဲထားရတာ..မြန်မြန်သွားမှ …အိမ်ပေါ်ကဆင်းတာနဲ့လမ်းပဲလေ ၊ လမ်းဆိုပေမယ့် လမ်းကျဉ်းလေးပါ လူနှစ်ယောက်တောင်
မနည်းရှောင်နေရတယ် အိမ်လေးတွေကလဲပြွတ်သိပ်နေတဲ့လမ်းထဲမှာ ကလေးရောခွေးရော လမ်းပေါ်မှာပဲဆော့နေကြတာ….
“ဟဲ့ဟဲ့ …အမသားလေးရော” ….အော်ဟိုမှာ ပြေးလာတဲ့သားကိုဆီးပွေ့လိုက်ပြီး သာကိုယ်ပေါ်က ဖုံတွေပေးမှာစိုးတာနဲပြန်ချထားလိုက်ရတယ်
“သားမေမေ အပြင်ခဏသွားအုံးမယ်ရန်မဖြစ်ရဘူးနော် အတူတူဆော့ ပြန်လာရင်မုန့်တွေအများကြီးဝယ်ခဲ့မယ်နော် “။။။။။သားလေးရဲ ပြန်ပြီးပြောတဲ့
စကားကိုနားမထောင်အား လက်တဖက်က တာ့တာ ပြပြီး လမ်းထိပ်ကို ခပ်သွက်သွက်ထွက်လာလိုက်မိတယ် တော်ကြာ ကြာတယ်ဆိုပြီပြန်သွားကြရင်ခက်ပြီ
လမ်းထိပ်ရောက်တော့ ။။။အောင်မလေး.ကောင်းလိုက်တဲ့ကားကြီး ၊ နာမည်သာ မသိတာ ဈေးတော်တော်ကြီးမယ် ကားတံခါးတစ်ချပ်ပွင့်လာတယ်..
“တက် တက်”။။ ခေါ်သံနှင့်အတူ ကျွန်မလဲ ကားထဲဝင်ထိုင်လိုက်တယ်၊ အောင်မလေး အေးစိမ့်နေအောင်ဖွင့်ထားတဲ့ ကားအဲယားကွန်းနဲ့ အမွေးရနံ့တွေ
ကောင်းလိုက်တဲ့ကားကြီး၊ ဒီတစ်သက်အပိုင်ဝယ်စီးနိုင်မှာတော့ မဟုတ်တော့ပါဘူး။။။။။
ကျွန်မကိုဆက်သွယ်ပေးတဲ့လူ ပါတနာ က ကားရှေ့ခန်းမှာထိုင်လို့ ကျွန်မဘေးက ကျွန်မရဲ့ ခန္ဓာကိုယ်ကို ခဏငှားမယ့် သူဌေးသား.. သူကတော့
လည်ဟိုက်ဝတ်ထားတဲ့ ကျွန်မ ရင်ညွန့် ကြားကို မျက်တောင်မခတ်တမ်းလိုက်ကြည့်နေလေရဲ့ ။။။။။အော်ဒုက္ခ ။။။။။။။။။။
ကျွန်မ ပါတနာက။။။ ” သူကဒီအလုပ်သိပ်လုပ်တာမဟုတ်ဘူး အကိုရ ၊ တစ်ခါတစ်လေမှ ….နောက်ပြီး လူသန့်မှ လိုက်တာ. အပေအတေတွေ ဆိုမလိုက်ဘူးလေ”
“ညီမ နင့် ဟိုစာရွက်လေးပြလိုက်လေ”……ဟယ် ဟိုစာရွက်ဆိုလို့ ပိုက်ဆံအိတ်လေးထဲဖြဲရှာကြည့်မိတယ် မေ့တော့ မကျန်ခဲ့လောက်ပါဘူး
ပါလာပါစေ ၊ တော်သေးတယ်တွေ့ပြီ ။။။။။”ရော့အကို”။။။။သူဌေးသားကိုလှမ်းပေးလိုက်တယ် ။။စာရွက်ထဲမှာရေးထားတဲ့စာတွေကို သူဌေးသား အသေအချာ
လိုက်ဖတ်နေတယ် ပြုုံးပြီးပြန်ပေးတော့မှ သက်ပြင်းချနိုင်တော့တယ်။။။တော်ပါသေးရဲ့ ရက်စွဲလေးကို သေချာမကြည်မိလို့။။။။
အော်..ဒီစာရွက်လေးလား။။။။ဘာမှမဟုတ်ပါဘူး ကျွန်မတို့လို လုပ်စားနေတဲ့မိန်းခလေးတွေအတွက် ဒီစာရွက်ကအရေးကြီးတယ်လေ အဲဒီစာရွက်လေးကတော့
နာမည်ကြီးဓါတ်ခွဲခန်းကြီး တစ်ခုရဲ့ သွေးစစ်ချက်အဖြေလွှာလေးပါပဲ……ဒါပေမယ်ကြာပါပြီ စစ်ထားတာတောင်(၆)လလောက်ရှိတော့မယ် တစ်ချို့က အဲလောက်
ရက်ကွာနေရင် သိပ်မဆက်ဆံခြင်ကြဘူးလေ….ဒီသူဌေးသားကတော့ ရက်စွဲမကြည်မိတာ ကံကောင်းတယ် ။။။။။။
အော်။။။ကျွန်မအကြောင်း…ပြောပြရမှာပေါ့။။။။။။။။။။။။။။။။။။
ကျွန်မတို့ မိသားစုကဆင်းရဲပါတယ်။။။။အဖေကတော့ အရင်က လက်သမားဆရာကြီးပေါ့ အလုပ်လုပ်ရင်း အိမ်တိုင်ထူရာက အိမ်တိုင်လဲသွားတာ လက်ပြင်ကို
ရိုက်မိသွားပြီးကထဲက ကောင်းကောင်းမထနိုင်မသွားနိုင်တာ ကြာပေါ့။။။။။အမေလား အငယ်မမွေးပြီးဆုံးသွားတာပဲ အငယ်မကိုကျွန်မပဲနို့ဘူးတိုက်မွေးခဲ့ရတာ
မောင်နှမသုံးယောက် အလတ်ကောင်ကယောကျားလေး သူကဆယ်တန်းလေ စာမကြိုးစားပါဘူး မနက်ဆိုလက်ဝါးဖြန့် မုန့်ဘိုးတောင်း ညဆိုဂစ်တာ တဒေါင်ဒေါင်နဲ့
ညဉ့်နက်မှအိမ်ပြန်တဲ့အကောင် ၊အငယ်မက (၄)တန်းလေ ကျွန်မကတော့အကြီးဆုံးပေါ့ အဖေ့ကအလုပ်မလုပ်နိုင် ဒီကြားထဲ ကျွန်မက(၉)တန်းမအောင်ခင်
ယောကျားယူလိုက်တော့ အိမ်မှာ ရှာကြွေးမယ်သူကမရှိလို့ အတူပြန်လာနေတာ။။။ယောက်ျားက ဆိုက်ကားနင်းတယ် ပထမတော့ သူလဲလုပ်ကြွေးရှာပါတယ်
ဒါပေမယ် သူနဲ ကိုယ်ဝန်ရပြီး သားလေးမွေးပြီးတောမှ အရက်တွေသောက်ဖဲရိုက်နဲ့ အိမ်တောင်မှန်မှန်ပြန်မလာဘူး နေ့စဉ်လိုလို သူနေတဲဆိုက်ကားဂိတ်လိုက်ပြီး
ပိုက်ဆံတောင်းနေရတယ် တောင်းတိုင်းလည်းစကားများ ရန်ဖြစ်နေရတာနေ့တိုင်းပေါ့ …ပိုက်ဆံလည်းရတဲ့အခါရ မရတဲ့အခါမရနဲ့ပေါ့ ယောက်ျားလုပ်စာတစ်ခုထဲနဲ့
အိမ်မိသားစု စားအိုးအတွက်မလောက်ငှနိုင်ဘူးလေ…ဒါနဲ့ပဲကျွန်မလဲနေတိုင်းစိတ်ညစ်နေရတဲ့ပိုက်ဆံမရှိတဲဒုက္ခကို မခံစားနိုင်တော့ဘူး…ပထမတော့အရဲစွန့်ပြီး
ကြံမိကြံရာ လုပ်လိုက်တာပဲ လွယ်လည်းလွယ်တယ်လေ ယောကျားနဲ့ တစ်ဂိတ်ထဲဆိုက်ကားနင်တဲ့ ကိုမောင်ဝင်း ရဲ့ မိန်းမက စပ်ပေးတာပဲ ကျွန်မယောကျား မသိအောင်
သူကိုလည်း မပြောဘိုနှုတ်ပိတ်ခပေးလိုက်ရသေးတယ် ဟိုဘက်ရပ်ကွက်က အဖိုးကြီးတစ်ယောက်နဲ့ပါ သုံးသောင်းလောက်ရလိုက်တယ် စားစရာမရှိလို့သာ အရဲစွန့်လုပ်
လိုက်တာ သူများတွေသိမှာယောက်ျားသိမှာတော့ ရင်တထိတ်ထိတ်နဲ့ပေါ့ အဲဒီပိုက်ဆံတွေကိုင်ပြီး အဖေကဘယ်ကရလဲမေးရင် မဖြေရဲလို့ မိသားစုအတွက်ပစ္စည်းလေးတွေ
ဝယ်ချင်တာတောင် မဝယ်ရဲဘူး မောင်လေးနဲ့ညီမလေးသိမှာလဲစိုးရိမ်တယ်လေ အဲဒီတုန်းကတော့ ငါများမှားနေပြီလား ဒီတစ်ခါပဲလုပ်မယ်လို့ စဉ်းစားခဲ့တာပါပဲ….
ဒါပေမယ့်။။။။။။တစ်ခြားစက်ရုံအလုပ်ရုံတွေမှာလုပ်ဖို့လား….အောင်မလေး အဲဒီမှာက တစ်လတစ်ခါလစာရမှာလေ လစာမရခင်စပ်ကြား ထမင်ချိုင့်ထည့်တဲ့စရိတ်နဲ့ ကားခပဲ
အရင်ရှာကြည့်လိုက် အိမ်မှာနေ့စဉ်သုံးဘို့ မပါသေးဘူနော် ကျောင်းစရိတ်စားစရိတ်တွေပေါ့ ။။။အခုရတဲ့ပိုက်ဆံလေးကုန်သွားမှာအရမ်းနှမျောနေမိတယ် ဘဝ ကိုမပြောတော့
ပါဘူး အရှက်သိက္ခာနဲ့ရင်းရမယ်အလုပ်ကြီး ထပ်မလုပ်ချင်တော့လို့လေ ဒါပေမယ် ကျွန်မဆုတောင်းမပြည့်ပါဘူး သုံးလေးရက်တော့ကြာတော့ လက်ထဲ ပိုက်ဆံဆိုလို့ ငါးထောင်
လောက်ပဲရှိတော့တယ် စိတ်ညစ်လိုက်တာလေး ဒါတောင်လင်တော်မောင် ကဘာစိတ်ကူးရတယ်မသိဘူးနှစ်ရက်ပြန်လာပြီး သူဆိုက်ကားနင်းလို့ရတာလေး လာပေးသွားလို့
သူ့ဆိုက်ကားဂိတ်ကိုလည်း လိုက်မသွားချင်တော့ဘူးလေ ဦးးမောင်ဝင်း ကြီးကိုမျက်နှာချင်မဆိုင်ရဲဘူးလေ။။
ဒီလိုနဲ နောက်ဆုံးလက်ကျန် ငွေလေးပြောင်သွားတဲ့နေမှာပဲ ဦးမောင်ဝင်းမိန်းမဆီပြန်သွားလိုက်တယ် ဒီတစ်ခါလဲဘာမှမဖြစ်လောက်ပါဘူးလို့ပေါ့
အဲဒီနေ့မှာပဲကျွန်မ ဒီဘဝကိုစရောက်တော့မယ်ဆိုတာ သိလိုက်ရတဲ့နေပေါ့။။
သူဆက်သွယ်ပေးတာနဲ့ နေလည်ပိုင်းလောက် သူနဲ့အတူလူတစ်ယောက်လာခေါ်လို့ လိုက်သွားလိုက်တယ် လူလတ်ပိုင်းဆိုတော့နည်းနည်းတော့ကြောက်မိသား
ဒီလူခေါ်သွားတဲ့အိမ်ရောက်မှသိလိုက်ရတာ သူတစ်ဦးထဲမှမဟုတ်ပဲ သူအဖေါ်နှစ်ယောက်ပါ ပါသေးတယ် သွားပြီ ကျွန်မလေကြောက်လိုက်တာ ပြီတော့သူတို့ကမူးနေကြတယ်
အိမ်လေးရဲ့အတွင်းခန်းထဲမှာ………………။။။။ ကျမ ……ပြီးတော့ သူတို့……..တစ်ယောက်ပြီးတစ်ယောက် ။။။။။။ငရဲတွင်းထဲကိုဆင်းနေရသလိုပဲခံစားလိုက်ရတယ်။။။
ညနေစောင်းတော့သူတို့ကားနဲ့ပြန်လိုက်ပို့ပေးကြတယ် …လူလည်းပင်ပန်းနေပြီ ကျွန်မလည်းရပ်ကွက်ထိပ်လေးမှာပဲ ရပ်ခိုင်းလိုက်တယ် တစ်ခြားသူတွေ မမြင်စေခြင်ဘူးလေ။။
ကျွန်မကားပေါ်က ခြေချလိုက်တယ်ဆိုရင်ပဲ ဆိုက်ကား ဘဲလ်သံနဲအတူ အနားကိုရောက်လာတာ ကျွန်မယောကျား။။။။
သွားပြီး တစ်ခဏချင်း ကမ္ဘာပျက်သွားတယ်လို့ထင်လိုက်တယ်
” ကောင်မ နင်နဲ့ငါအိမ်ကျမှတွေ့မယ်”။။။။။
အဲဒီလိုနဲ့ ယောက်ျားလုပ်သူနဲ ရန်တွေဖြစ် အော်ကြီးဟစ်ကျယ်တွေပြောဆိုကြရင်း .။။။အဲဒီတုန်းက ကျမပြောလိုက်မိတဲ့စကားတစ်ခွန်းကိုခုထိပြန်ကြားမိနေတုန်းပါ…..
” ဟုတ်တယ်ဘာဖြစ်လဲ ရှင့်လိုဆိုက်ကားသမားလုပ်စာနဲ့ လူမွှေးလူတောင်ေြ့ပာင်မှာမဟုတ်ဘူး ဟုတ်တယ်ဖာခံတယ်ဘာဖြစ်လဲ ကိုယ်ဟာနဲ့ ကိုယ်ခံတာ ကိုငတ်ရင်ဘယ်သူမှ
လာကြွေးတာမဟုတ်ဘူး ရှင်မကြေနပ်ရင်မပေါင်းနဲ့ ကျွန်မမိဘနဲ ကလေးတွေအငတ်တော့ မခံနိုင်ဘူး ဘယ်ပါတ်ဝန်းကျင်မှလဲ ဂရုမစိုက်ဘူး။။။။။။
အဲဒီညကပေါ့ ပါတ်ဝန်းကျင်လည်းသိကုန်ပြီ ကျွန်လေ ပထမတော့ တစ်ညလုံးရှက်ရှက်နဲ့ ငိုနေမိသေးတယ် နောက်တော့စိတ်ပိုင်းဖြတ်လိုက်မိတယ်။။။။။။
ဆက်လက်ဖေါ်ပြပါမည်။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
10 comments
AKKO
July 6, 2011 at 10:10 am
စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါပဲ စောင့်ဖတ်နေပါတယ် ဗျာ ။
bigcat
July 6, 2011 at 10:26 am
တယ်ညဏ်များတဲ့ ဘီလူကြီးပါလား… 🙄
ogre
July 6, 2011 at 10:28 am
ဒီလိုပဲ ..ကြံစည်ရတာပေါ့
Snowy
July 6, 2011 at 11:29 am
အွန် … ဘာဖြစ်မလဲလို့ စိတ်ဝင်တစ်စား ဖတ်လာတာအောက်ကြတော့
‘ဆက်လက်ဖေါ်ပြပါမည်။။။” တဲ့ ….မကြာမှီလာမည် … မျှော် ပေါ့
Yan Shin
July 6, 2011 at 12:05 pm
အော ဘီးလူးဆိုလို့ ယောကျားကြီးများလားမှတ်တယ်။
ခုမှ သူ့ ဘဝမှန်စာပေ ပေါ်လာတော့တယ်။
စောင့်ဖတ်မယ်……….
moethidasoe
July 6, 2011 at 2:29 pm
၁၉၉၂ လောက်က ထိုင်းကို အလည်တစ်ည ရောက်ခဲ့ဖူးတယ် .. အဖွဲ့နဲ့ ဆိုတော့ နာမည်ကြီးအရပ်ကို လေ့လာရေးသွားဖူးတယ် ..
သူတို့မှာ လုပ်စားတဲ့ မိန်းကလေးတွေအတွက် အဲဒီအချိန်ကတည်းက ကိုယ်ပိုင်လက်မှတ်မှာ ကာလသားရောဂါ ကင်းရှင်းကြောင်း၊ အိတ်ချ်အိုင်ဗီ ကင်းရှင်းကြောင်း မှတ်တမ်း ပါ ကိုင်ထားရတယ် ..
နိုင်ငံခြားသားတွေက ဟိုတယ်တွေမှာပဲ တည်းခိုကြတာဆိုတော့ လိုက်သွားမယ် ဆိုရင် lobby မှာ အဲဒီ လက်မှတ်ကို တင်ပြရတယ် .. အဲဒါမှ အပေါ်ထပ်ကို တက်ခွင့်ပေးတယ် ..
သူတို့မှာက ဒါကို နိုင်ငံတော်က စီးပွားရေးအတွက် ဆွဲဆောင်မှု တစ်ရပ်အနေနဲ့ တရားဝင် ခွင့်ပြုထားတာ ..
ကဲချင်တဲ့လူတွေအတွက်လည်း .. ကွန်ဒုံး သုံးရမယ် ဆိုတဲ့ သဘောတူညီချက် ရအောင် ဘယ်လို တောင်းရမလဲ ဆိုတာလဲ သင်ပေးထားကြတယ် .. ကွန်ဒုံးမသုံးရင် ဘယ်လို ငြင်းရမလဲ ဆိုတာလဲ သင်ထားပေးတယ် .. ဒါကြောင့် သူတို့လုပ်ငန်းတွေက အခုအချိန်အထိ ရှင်သန်နေဆဲ .. ရောဂါဖြစ်နှုန်းလဲ ကျဆင်းနေဆဲ .. (နယ်မြို့တွေမှာတော့ မသိဘူးပေါ့နော်) ..
pooch
July 6, 2011 at 3:18 pm
ဖတ်လို့ကောင်းတယ်.. ဆက်ရေးပါအုန်း..
windtalker
July 7, 2011 at 12:24 am
သူ ့ရဲ ့ရင်ခုန်သံလေး ကို ပါ အသေးစိတ် ဖော်ညွှန်းပေးပါလားလို ့
meengelay
July 7, 2011 at 8:50 am
ဘဝက ဆိုးပါ့နော်… အပြင်မှာ အလုပ်လုပ်လဲ ရတာပဲကို မိသားစုအတွက်ဆိုတော့လဲ ဘာပဲဖြစ်ဖြစ် မသင့်တော်ပါဘူး ……….. ကောင်းဘူး……………..
char too lan
July 7, 2011 at 11:13 am
ကြောက်စရာကြီး ဘဠူးရရ်…………..
ဇာတ်လမ်းဂိုကြောပါဒယ် …………. 🙂