အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၂)

အဲဒီကာလအတွင်းမှာ ဆလင်း နဲ ့ကျွန်တော် ဒီ မသန်မစွမ်း ကျောင်းက ချာတိတ်တစ်ချို့ နဲ့ မျက်မှန်းတန်းမိလာတယ်။

ဒီ ချာတိတ်တွေနဲ့ ကျွန်တော်တို့ ပေါင်းခွင့် ရောခွင့် မရအောင် မူစတာဖာတို့နှစ်ယောက်က ပါးပါးနပ်နပ်နဲ့ တားမြစ်ထားပေမဲ့

လစ်ရင်လစ်သလို ကျွန်တော်တို့လည်း အဲဒီကောင်လေးတွေကို မေးမြန်း စူးစမ်းကြတာပဲ။ဒီက ကောင်လေးတွေလည်း

ကျွန်တော်တို့ ဒေလီ လူငယ်ဂေဟာက ကောင်လေးတွေရဲ့ ဘဝလိုပါပဲ။နောက်ခံ အကြောင်းတွေက အတူတူလိုပဲ။

ရက်စက်တဲ့ အမျိုးတွေကြောင့်၊ ရဲတွေကြောင့်..ဒါတွေပဲ။တစ်ခါတလေကျတော့လည်း ဒါတွေဟာ ဘယ်သူ့ကြောင့်ရယ်လို့

ပြောရတာ ပေါက်ပင်ဘာလို့ကိုင်းရတယ် ဆိုတာမျိုးလိုပဲ။သူတို့ အကြောင်း ပိုသိအောင် မေးမြန်းစူးစမ်းကြည့်ရင်း

နောက်ဆုံးတော့ မာမန် ဆိုတဲ့လူကြီးဘာလဲ ဘယ်လဲ ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်တော့တာ။

 

ပထမဆုံး အသောက ဆိုတဲ့ လက်တွေကောက်ကွေးနေတဲ့ ဆယ်သုံးနှစ်သား ကောင်လေးနဲ့ မိတ်ဆက်

မိကြတဲ့အခါ တုန်လှုပ်စရာအကြောင်းကို စပြီး ကြားရတာပဲ။သူပြောတာက –

“တို့က ကျောင်းသားတွေ မဟုတ်ဘူးကွ..သူတောင်းစားတွေ..သူတောင်းစားတွေပဲ..

   တို့တွေက ဒီက မြို့ပတ်ရထားတွေပေါ်မှာ တောင်း  စားကြတာ..တို့ထဲက တစ်ချို့ကတော့

   လစ်ရင်သုတ်ကြ နှိုက်ကြတာပဲ..”

            “မင်း တောင်းလို့ရတဲ့ ပိုက်ဆံတွေကရော..”

“မာမန် ကို အကုန်ပေးရတာပေါ့ဟ..သူက တို့ကို နေစရာ စားစရာ ပေးထားတယ်လေ..”

“ဒါဆို..မင်းပြောတာ မာမန်က ဂိုဏ်းခေါင်းဆောင်ပေါ့..”

အသောက က ကျွန်တော်တို့နှစ်ယောက်ကို သေချာတစ်ချက်မော့ကြည့်လိုက်ပြီး-

“မင်းတို့က ဘယ်လိုထင်နေလို့လဲ..ဒီလူကြီးက ကယ်တင်ရှင် နတ်ဒေဝတာ မဟုတ်တာတော့

   အသေအချာပဲ..အေး ဒါပေမဲ့.. တစ်နေ့ကို ထမင်းနှစ်နပ်တော့ ဝအောင်ကျွေးထားတာပဲ..”

သူပြောတာ နားထောင်ပြီးတော့ မာမန် အပေါ်ထားတဲ့ ကျွန်တော့် ယုံကြည်မှုဟာ ပြိုကွဲသွားတော့တာပဲ။

ဆလင်းကတော့ ကျွန်တော့်လောက် ချက်ချင်းကြီး စိတ်ကုန်သွားတော့မဟုတ်ဘူး။လူတစ်ယောက်မှာ ရှိတတ်တဲ့

ပင်ကိုယ် စိတ်ကောင်းလေး တစ်ခုတော့ဖြင့် မာမန် မှာ ရှိဦးမှာပါဆိုပြီးတော့လေ။

နောက် ရာဂျူး ဆိုတဲ့ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ တွေ့ပြန်တယ်။သူက ဆယ်နှစ်သားပဲရှိသေးတာ။

“ဘယ်လိုဖြစ်တာလဲ..ဒီနေ့ အပြစ်ပေးခံရတာ”

“ပိုက်ဆံ သိပ်မရလို့ကွာ”

“တစ်နေ့ ဘယ်လောက်ရအောင် ရှာရမှာလဲ”

“ရှာသမျှ အကုန်ပေါ့ကွာ..ဒါပေမဲ့ ရူးပီး ၁၀ဝထက်နည်းရင်တော့ အပြစ်ပေးခံရမှာ..”

“အပြစ်ပေးခံရတော့..ဘယ်လို..”

“ဟ..မင်းကို အစာမကျွေးဘဲ အငတ်ထားမှာပေါ့ကွ..ဗိုက်ဟောင်းလောင်းနဲ့ အိပ်..

    ကြွက်တွေက ကိုက်..ကွာ..စိတ်ညစ်စရာကြီး..”

            “ရော့..ဒီမှာ ချာပါတီတစ်ချပ် ယူထားလိုက်..တို့ မင်းအတွက် ဖယ်ထားတာ..”

 

*******************************

 

နောက်တစ်ယောက် ကျွန်တော်တို့နဲ့ ပြောဖြစ်တာက ရာဒေး။သူက ခြေထောက်တစ်ဖက်ပြတ်နေတာ။

အသက်ကတော့ ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်။

“မင်း တစ်ခါမှ အပြစ်ပေးတာ မခံရဘူးနော်..ဘယ်လိုလဲ..ပိုက်ဆံ တော်တော်ရလို့လား”

“ရှူး…ဒါ လျှို့ဝှက်ချက်ကွ..”

“စိတ်မပူ ပါနဲ့ကွာ.. တို့က နှုတ်လုံပါတယ်”

“အေးအေး တခြားကောင်တွေတော့ မသိပါစေနဲ့..ဒီလိုကွ..ဂျူဟူး ဘက်မှာ နေတဲ့ မင်းသမီးကြီး

   တစ်ယောက်ရှိတယ်။ ငါတောင်းလို့ရတဲ့ ငွေနည်းနေပြီဆို သူ့ဆီသွားတော့တာပဲ..။သူက

ငါ့ကို အစားအသောက်ကလေးတွေရော..လိုနေတဲ့ ပိုက်ဆံလေး ပြည့်အောင်ပါ ဖြည့်ပေးတာ..”

            “သူ့ နာမည်က ဘယ်သူလဲ”

“နီးလိမာ ကုမ္မာရီ တဲ့ကွ..တစ်ချိန်တုန်းကတော့ အတော့်ကို နာမည်ကြီးခဲ့တာတဲ့”

“သူ့ပုံစံကရော..”

“အင်း..ငယ်ငယ်တုန်းကတော့အတော် လှမှာပေါ့..အခုတော့ အိုနေပါပြီ..။အဲ..သူက ပြောသေးသကွ..။

   သူ့အိမ်မှာ အိမ်အလုပ်လေးတွေ ကူလုပ်ဖို့ တစ်ယောက်လောက်တော့ လိုနေတာပဲတဲ့။ငါသာ

   ခြေတစ်ဖက် ပြတ်မနေရင် ဒီကထွက်ပြေးပြီး သူ့အိမ်မှာ သွားအလုပ်လုပ်တယ်ကွာ..”

အဲဒီနေ ့ညပဲ ရာဒေးပြောတဲ့ ဂျူဟူးက အိမ်ကို ကျွန်တော်ရောက်သွားတယ်လို ့ အိပ်မက် မက်ပါရော။

အိမ်ရှေ့ကလူခေါ်ခေါင်းလောင်းလေးကို တစ်ချက်တီးပြီး ကျွန်တော် ရပ်စောင့်နေတာ။ခဏနေတော့ အရပ်

ရှည်ရှည်နဲ့ ဆာရီအဖြူဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် တံခါးလာဖွင့်တယ်။ချက်ချင်းလိုပဲ လေတွေက

တဝူးဝူးနဲ့ ထန်လာတာ။သူ့ ဆံပင်ရှည်နက်နက်တွေက လေထဲမှာ လွင့်ပျံလို့ မျက်နှာတောင် ကောင်းကောင်း

မမြင်ရဘူး။ကျွန်တော့် ပါးစပ်က တစ်ခုခု ထွက်သွားတဲ့အခါ သူက ကျွန်တော့်ကို သေချာငုံ့ကြည့်တာ တွေ ့

လိုက်တော့ ကျွန်တော်လည်း ကိုယ့်အောက်ကို ပြန်ကြည့်မိတယ်။လား..လား.. ကျွန်တော့် ခြေထောက်တွေ

မရှိတော့ပါလားဗျို့။အမလေး..။

ဗြုန်းခနဲ အိပ်မက်ကလန့်နိုးတော့ တစ်ကိုယ်လုံး ချွေးတွေနစ်နေတာပဲ။

 

*********************************************

နောက် မူးလေး ဆိုတဲ့ ဆယ့်သုံးနှစ်ပဲရှိသေးတဲ့ ကောင်လေးတစ်ယောက်နဲ့ မိတ်ဖွဲ့ မိကြပြန်တယ်။

သူက လက်တစ်ဖက်ပြတ်နေတာ။တမင်ပဲ အဖြတ်ခံရသလား။မတော်တဆပဲ ပြတ်သွားတာလားတော့ မသိဘူး။

“ခုလိုဖြစ်နေတဲ့ ငါ့ဘဝကို မုန်းလိုက်တာကွာ” လို့သူပြောတော့-

“မင်း ဘာလို့ထွက်မပြေးလဲ”

“ဘယ်ကို ပြေးရမှာလဲ..ဒါ မွမ်ဘိုင်းကွ..ငါ့ရွာမဟုတ်ဘူး..။ဒီလောက်မြို့ကြီးမှာတောင်

  မင်းခေါင်းကို လုံအောင်ပုန်းဖို့နေရာ မရှိဘူးကွ..သိလား။ အေး ..မင်းတို့ ရေးဆိုးမြောင်းကြီးဘေး

  အိပ်ချင်တာတောင် ဒီအတိုင်းအိပ်လို့မရဘူး ..သူ့အဆက်နဲ့သူ၊ သူ့

            အထာနဲ့သူရှိတယ်။တခြားဂိုဏ်းက အစောင့်အရှောက် အကာအကွယ်လည်း မင်းတို့လိုမှာ..။

  မဟုတ်လို့ကတော့ မင်းတို့ ဂိ မှာ

            ပဲ..နားလည်လား..။”

“တခြားဂိုဏ်းတွေ..ဟုတ်လား..”

“ဟုတ်တယ်…အရင်လတုန်းက ကောင်လေးနှစ်ယောက် ထွက်ပြေးဘူးတယ်..။ဘာကြာလဲ သုံးရက်နဲ့

  ငနဲလေးတွေ ပြန်ပါလာတာ။ဒီကောင်တွေ ဘာအလုပ်မှ ရှာလို့မရဘူးလေ။ ဘီကူ ဂိုဏ်းက

  ဒီနယ်မြေမှာ သူတို့ အလုပ်ရှာလို့မရအောင် လုပ်ထားလို့ပေါ့ကွ..။ အေး..ဒီမှာမှ စားစရာ နေစရာလေး

  ရနေသေးတယ်..။မာမန် အတွက် လုပ်ပေးနေတော့ တခြားဂိုဏ်းတွေကလည်း တို့ကို ကွိုင်

 သိပ်မရှာဘူးပေါ့ကွာ..ဟား……..”

            သက်ပြင်းတစ်ချက်ချပြီး သူ့စကားကို အဆုံးသတ်လိုက်တော့..ကျွန်တော့်စိတ်ထဲ မှုန်မှိုင်းသွားတာပဲ။

“တို့တော့ ဘယ်ဂိုဏ်းဂဏ ထဲမှာမှ မပါချင်ဘူးကွာ..” လို့ပြောပြီး ကဘီယာ ရဲ ့ဒိုဟာ တစ်ပိုဒ်ကို ရွတ်ပြလိုက်မိတယ်။

“ဈေးတန်းထဲမှာ ကဘီယာ   အားလုံးကောင်းဖို့ ဆုချွေရှာ

သူသူငါငါ လူတကာ  ရန်သူ မိတ်ဆွေ

မဖြစ်စေချင်တာ သူ့အာသာ”

 

***********************************

One comment

  • MaMa

    July 7, 2011 at 2:26 pm

    စာဖတ်ပြီး ကလေးတွေရဲ့ပုံကို မျက်စိထဲ မြင်ယောင်လာတယ်။ ဟင်္သာတ က နှိပ်စက်ခံရတဲ့ ကလေးနဲ့ ဘဝချင်း ဘယ်သူပိုဆိုးလဲ ပြိုင်ရမလို ဖြစ်နေပြီ။
    🙁

Leave a Reply