အထုံပါရမီဆိုသည်မှာ
ကျနော်တို့ မြန်မာလူမျိုးဗုဓ္ဒဘာသာဝင် တိုင်းလက်ခံယုံကြည်ထားကြတာက သံသရာဆိုတာရှိတယ်။အတိတ်ဘဝဆိုတာတွေကိုလည်းလက်ခံထားကြတယ်။ဒီနေရာမှာ အငြင်းပွါးဖို့အတွက်မယူဆစေလိုပါ၊ကျနော်ရဲ့ ယူဆချက်ထင်မြင်ချက်များသာဖြစ်ပါတယ်။စာဖတ်သူတို့အနေနဲ့ လွတ်လတ်စွာတွေးခေါ်ယူဆနိုင်ကြပါတယ်။
အထုံဆိုတာဘာလဲ….အတိတ်ကမိမိပြုခဲ့သော စေတနာကုသိုလ်တွေကြောင့် ယခုဘဝမှာကောင်းသောအထုံပါခဲ့တယ်။ထို့ကြောင့် နောင်ဘဝထိ ကုသိုလ်ကံများကောင်းအောင်ယခုဘဝ၌ကုသိုလ်ကောင်းမူများ ပြုလုပ်ကြမယ်။အဲဒီမှာ ဥပုတ်သီလများဆောက်တည်တယ်၊ဒုလ္လဘရဟန်း သာမဏေတွေဝတ်ကြတယ် ဒါဆိုရင်နောင်ဘဝအတွက် အထုံပါပီလား၊ဘယ်လောက်ထိပါနိုင်သလဲ…
အထုံဆိုတဲ့သဘောက ပွါးများတာ၊ကျင့်ကြံအားထုတ်ခဲ့သည်များကို ထပ်ခါတလဲလဲ ပွါးများအားထုတ်သည်ဟုဆိုလိုတာပါ။မိမိပြုခဲ့သော ကုသိုလ်တွေကို ထပ်ခါထပ်ခါ ကြံသိ၊ပါွားများမှသာကောင်းသော အထုံဖြစ်နိုင်ပါတော့မည်။
မိမိတို့တစ်ကြိမ်တစ်ခါပြုခဲ့ဘူးသော ကောင်းမူကုလိုလ်ကို အကြိမ်ကြိမ်အဖန်ဖန်ပွါးများနေလျှင်လဲ ကောင်းသောအထုံပါမည်ဖြစ်ပါတယ်။
ဒါန၊သီလ၊ဘာဝနာ စတဲ့ကောင်းမူကုလိုလ်တွေကို တစ်ခါပင်ဖြစ်စေ။စိတ်စင်ကြယ်စွာ၊သီလစင်ကြယ်စွာ၊ဘာဝနာတရားများအားထုတ်ခဲ့ပီး၊ထိုပြုခဲ့သော ကောင်းမူအား အကြိမ်ကြိမ်သတိရအောင့်မေ့ ပွါးများနေမယ်ဆိုရင် အကြိမ်ကြိမ်ကုသိုလ်တရားများရရှိနေမှာပါပဲ။ကျနော်တို့သည်များသောအားဖြင့် ကောင်းမူကုသိုလ်များကိုအကြိမ်ကြိမ်ပြောဆိုသတိရနေခြင်းထက် မကောင်းမူတွေကိုသာ အကြိမ်ကြိမ်ပြောဆိုဂုဏ်ယူတတ်ကြပေသည်။
အသက်(၂၀)ဝင်းကျင်ရှိလူငယ်လေးတစ်ဦးသည် သူများတွေထက်အရက်ပိုသောက်နိုင်ကြောင်း၊ထစ်ခနဲဆိုရင် ရိုက်ပီးသားပဲ၊ဘယ်လိုမိုက်ခဲ့တာကွ။သူဘယ်လောက်မိုက်ကြောင်းကိုသာ အကြိမ်ကြိမ်ပြောဆို အောင့်မေ့သိရစွာနေမယ်ဆိုရင် မကောင်းသောအထုံတွေပဲသူ့ဆီမှာကိန်းကောင်းနေမှာပါ၊မကောင်းသောအထုံတွေပဲ ပွါးများနေသလိုပါပဲ။ကျနော်လည်းတစ်ချိန်က ယစ်မူးအပျော်ကြူးသူတစ်ပါပဲ၊အမှားနဲ့အမှန်ကိုခွဲခြားသိလာတဲ့ အချိန်ကစပြီး မိမိပြုခဲ့ဘူးသောအမှားတွေနောင်တတွေကို ညီငယ်ညီမငယ်များအားပြန်လည်၍မျှဝေ အသိပေးခြင်းသာဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ သမ္မပ္ပဓာန် တရား (၄)ပါးမှာ..
၁။မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွါးအောင် လုံ့လ ပြုခြင်း၊
မလုပ်ရသေးတဲ့ ကုသိုလ် တရားတွေကို မဖြစ်ဖြစ်အောင်လုပ်ပါတဲ့၊
၂။ဖြစ်ပီးသော ကုသိုလ်တရားတို့ကို ပွါးများစည်ပင်သောဌာ လွန်စွာ လုံ့လပြုခြင်း၊မိမိပြုပီးတဲ့ ကုသိုလ်တရားတို့ကို ကြိမ်ဖန်များစွာ အဖန်ဖန်ပွါးများ သတိရခြင်း။
ဒီလိုသာပြုလုပ်နိုင်ခဲ့မယ်ဆိုရင် ရာနူန်းပြည့် ကောင်းသောအထုံပါမှာ ဧကန်မလွဲပါပဲ။
One comment
ကြောင်ကြီး
July 16, 2011 at 10:08 am
အထုံ၊ ပါရမီဆိုတဲ့ စကားလုံးကို သံသရာစက်ဝန်းအနေနဲ့ သုံးတာများတယ် ထင်ပါတယ်။ အထုံဆိုတာ တခုနဲ့တခု စပ်ဆက်သွားတာ ဥပမာ- ကိုဇော်မင်း စာထဲကလို ကုသိုလ် အကုသိုလ်တွေ သံသရာမှာ ဆက်သွားတာမျိုး။ ပါရမီကျတော့ အထုံကနေ ထူးထူးခြားခြား ကျေးဇူးပြုရင် သုံးတယ်ထင်ပါတယ်။ ဥပမာ – ငယ်ငယ်လေးနဲ့ စာဖတ်တတ်၊ ဘာသာစကားမျိုးစုံပြောတတ်၊ မြင်လွယ်တတ်လွယ်သိလွယ်။
အမှန်သစ္စာနှင့်ပတ်သက်၍မူ ဆရာကြီးရွှေဥဒေါင်းရေးက “အကြင်သူသည် လောကကြီးတွင် ကာမဂုဏ်ငါးပါးခံစားခြင်းအားဖြင့် ပျော်ပျော်ပါးပါးနေခြင်းထက် ငြိမ်းချမ်းကြည်လင် ဖြူစင်သိမ်မွေ ့သော စိတ်နှလုံးရှိခြင်းတည်းဟူသော အဖြစ်သည် မြတ်နိုးဖွယ်ကောင်းပေသည် တကားဟု မျှော်မှန်းရမ်းရော်တတ်သည့် အနုမာနာဉာဏ်မျိုး ရှိသည်ဆိုလျှင် ပါရမီရင့်သော သူပေတည်းဟု” ဒိဋ္ဌေဒိဋ္ဌမတ္တံ စာအုပ်တွင် ရေးသားမှတ်ချက်ပြုခဲ့ပါသည်။ (သဂျီး စဉ်းစားဆင်ခြင်မိစေရန်ပါ) 🙂