သူနှင့်ဆိုင်လားဆိုတော့
ရယ်တော့ရယ်ရ၏။ဘာကြောင့်မှန်းမသိ။ သူ့ကို ကိုယ်က နားမလည်။ သူက ကိုယ့်ကိုနားမလည်။ ခက်တော့ခက်ချေပြီ။ဘာလုပ်ရမှန်းမသိသော သူနဲ့ကိုယ် ဘာတွေလွဲနေပါလိမ့်။ ဆူညံပေါက်ကွဲနေသော ပတ်ဝန်းကျင်မှာ သူက ဘာတွေပြောမှန်း ကိုယ်မသိသလို ကိုယ်ကလည်း အတွေးတွေလွင့်မြော်ချင်တိုင်းလွင့်မြောလို့စိတ်တွေက ဦးတည်ရာမဲ့နေပြန်ရော။
သူသည်လူတွေ ဘာတွေပြောနေသည်။ဘာတွေလုပ်နေကြသည်ကိုသာ စိတ်ဝင်စားစွာနှင့် လေ့လာမိနေသည်။ တကယ်တော့ လူတွေက ကိုယ့်အကြောင်းနှင့်ကိုယ် အလုပ်ရှုပ်နေသည်သာ။ သူကသာ နေမထိထိုင်မသာ အားနေသော အချိန်တွေကြောင့် တွေးမိတွေးရာတွေးနေမိတာဖြစ်သည်။ စားဝတ်နေရေးကြောင့် တိုးတက်လို တိုးတက်ညား ရန်ကုန်မြို့ကြီးကို ခြေဆန့်ခဲ့မိသည်။ သူက ရန်ကုန်ကိုလာပြီး တိုးတက်ရေးရှာသည်။ ရန်ကုန်က လူတွေက နယ်တွေကို ဆင်းပြီး စားဝတ်နေရေး ပြဿနာကိုဖြေရှင်းကြသည်။ အံ့ဩဖို့ကောင်းလေစွ။
ရန်ကုန်ဆိုတာ တိုးတက်စည်ကားသည့်နေရာ။ သို့ပါသော်လည်း ရန်ကုန်ကနေ နယ်မြို့တွေကိုဆင်းပြီး အလုပ်ရှာနေကြသည် လူတွေကိုကြည့်မိတော့ ရန်ကုန်က အလုပ်ရှားသလား။ အလုပ်ပေါသလားလို့မေးကြည့်ပြန်တော့ နေ့စဉ် အလုပ်ခေါ်စာတွေကိုသတင်းတွေ၊ဂျာနယ်တွေမှာ တွေ့နေရပေမယ့် ထင်သလောက် အလုပ်မလွယ်မှန်း သိသာလှသည်က သေချာနေသည်။ ရန်ကုန်ကနေ နယ်ကိုဆင်းလာကြသည့် လူတွေကိုမေးကြည့်တော့ ရန်ကုန်မှာ အလုပ်ရှာရတာ ခက်တယ်တဲ့။ရပြန်တော့လည်းဘတ်စ်ကားခ ၊ထမင်းဘူးထည့်ရနှင့် မကိုက်ပြန်ဘူး ဟုဆိုသည်။ နယ်မြို့တွေမှာ အလုပ်ရှိသည်ဆိုတာကလည်း ရန်ကုန်ကနေ လာရုံးဆိုက်ပြီး ထောင်ထားသော Co..,များဖြစ်သည်။
ထိုအလုပ်များက အလုပ်ခေါ်ကြ။ အလုပ်လိုသည့်သူတွေက အလုပ်လျှောက်ကြနှင့် နယ်ကိုရောက်လာကြသည်။ နယ်ကို သွားလျှင် စားစရိတ်ငြိမ်းဆိုသောကြောင့် လက်ခံဖြစ်ကြသည်ဟုဆိုကြသည်။ သို့ဆိုလျှင်အလုပ်လက်ခံသူဘက်မှ အပိုကုန်စရာအကြောင်းမရှိ၍ လက်ထဲတွင် စုမိဆောင်းမိရှိတတ်ကြသည်။
နယ်က သူတက်လာသည်။ရန်ကုန်ကိုရောက်သည်။ သင်တန်းတက်သည်။ ကုန်လိုက်သည်မှာ တောက်တောက်လဲ။ အလုပ်ကတော့ရှာမရသေး။ နေ့စဉ်နှင့်အမျှ ထွက်လိုက်သည့်ငွေ