မင်းနေထိုင်တာ…ကြွယ်ဝတဲ ့ပတ်ဝန်းကျင်(Rich Environment) ထဲမှာလား ? ဒါမှမဟုတ်…….
WE MUST CULTIVATE OUR GARDEN.
ကျွန်တော်တို ့ဟာ… မိမိတို ့ ဥယျာဉ်ကို မိမိတို ့ ထွန်ယက်စိုက်ပျိုး ရမယ်။
*
။။ ။။ ။။ လူငယ်တွေမှာ ကြွယ်ဝတဲ ့ပတ်ဝန်းကျင်(Rich Environment ) တစ်ခု လိုအပ်တယ်။ အဲဒီမှာ ဘဝအောင်မြင်မှုအတွက် မရှိမဖြစ်အရေးကြီးတဲ ့အရာတွေ ရှိရမယ်။
စာအုပ်တွေလိုမယ်။ ခေတ်ကိုအမီလိုက်နိုင်ဖို ့ သင့်တင့်တဲ ့နည်းပညာတွေ လိုမယ်။ပညာကို ကိုယ် ့ကို လက်ဆင့်ကမ်းပေးနိုင်မယ် ့သူတွေ လိုမယ် ။ အဲဒီလို ပတ်ဝန်းကျင်မျိုး ဆိုတာက တချို ့အတွက် အလိုအလျောက်ရနေပေမယ် ့ တ့ချို့ ့အတွက်ကတော့ ကိုယ်တိုင်ကြိုးစားပြီး ဖန်တီးယူမှ ရနိုင်တာ…။ ။။ ။။
ဆရာမဂျူး ရေးတဲ့ စောင့်နေမယ်လို ့ မပြောလိုက်ဘူး ဆိုတဲ ့ စာအုပ်ထဲက စာသားလေး
တွေပါ။ ကျွန်တော် ့အသိဉာဏ်ထဲမှာ စွဲနေတယ်…..။ ကြွယ်ဝတဲ ့ပတ်ဝန်းကျင်….တဲ ့။
ဟုတ်တာပေါ ့။ လူငယ်တွေမှာ တကယ်လိုအပ်တာပေါ့။ ဒီနေ ့ လူငယ်တွေဟာ ကျွန်တော်တို ့တိုင်းပြည်ရဲ ့အနာဂတ်ကို လှပအောင် ဖန်တီးပေးခဲ ့ရမှာလေ။ဒီတော့ ဒီလူငယ်တွေ ကြွယ်ဝတဲ ့ပတ်ဝန်းကျင်ထဲမှာရှိနေ ခဲ ့ဖူးမှ အရည်အသွေးပြည် ့ဝတဲ ့ ၊
ထူးချွန် ထက်မြတ်တဲ ့ ကောင်းကျိုးပြုသူတွေ ဖြစ်လာမယ်။
စာအုပ်တွေများများ ဖတ်ရလေလေ..၊ နည်းပညာတွေနဲ ့များများ ရင်းနှီးလေလေ.၊
ပညာပေးနိုင်သူတွေနဲ ့ များများတွေ ့ကြုံရလေ လေ… ဒီလူငယ်တွေဟာ..ပိုပြီး ထူးချွန်
ထက်မြတ်လာလေလေ ပဲပေါ့။
ဒီလိုကြွယ်ဝတဲ့ ့ ပတ်ဝန်းကျင် ကို လိုအပ်တာတော့ လက်ခံပါပြီ။ လိုအပ်နေသလို
ရ နေသလား။ ဒီလိုမေးတော့ ဖြေရ ခက်သွားပါပြီ။ လက်ရှိ ကျွန်တော်တို့ရဲ ့ လူငယ်တွေ ကြွယ်ဝတဲ ့ ပတ်ဝန်းကျင်ထဲမှာ ရှိနေကြသလား။
ကြွယ်ဝတဲ ့ ဝန်းကျင်ကို ရနေတဲ ့ လူငယ်တွေက ဘယ်လောက်များများရှိနေလဲ။
ချို ့တဲ ့တဲ့ ပတ်ဝန်းကျင် (Poor Environment) ထဲမှာ နေထိုင်နေရတဲ ့လူငယ်တွေ က ရော ဘယ်လောက်များလဲ။
ကျွန်တော် ့အမြင် ပြောရရင်တော့ ကြွယ်ဝတဲ ့ပတ်ဝန်းကျင်ထဲမှာနေရတဲ ့ လူငယ် အရေအတွက်က အတော်ကို နည်းနေမယ် ထင်ပါတယ်။။ အခု ကျွန်တော်တို ့ ရဲ ့
နိုင်ငံကို ဖွံ ့ဖြိုးဆဲ…. လို ့ခေါ်ကြပါတယ်။ ဖွံဖြိုးဆဲ နိုင်ငံတစ်ခုအနေနဲ ့ ကြွယ်ဝတဲ့ ့ပတ်ဝန်းကျင်တွေ ကို အပြည့်အဝ မဖန်တီးနိုင်သေးတာ ပြစ်ချက်မဟုတ်ပါဘူး။
အလိုအလျောက်လည်း ရမနေတော့ ဒီလို ပတ်ဝန်းကျင်မျိုးကို လုပ်ယူဖို ့က
တစ်ယောက်ယောက်ကို တာဝန်ပုံချထားမှာလား။ ဟင့်အင်း…။
အဲဒီအတွက် ကျွန်တော်တို ့ အားလုံးမှာ တာဝန် ကိုယ်စီ ရှိတယ် လို ့ ယူဆမိပါတယ်။ ဒါဆို ဘယ်လို လုပ်ယူ ကြမလဲ……။
ချို ့တဲ ့နေတဲ ့ ပတ်ဝန်းကျင်တစ်ခုကို ကြွယ်ဝအောင် လုပ်ဖို ့ ဆိုတာ ခက်ခဲ
မှာသေချာပါတယ်။ ဒါပေမယ့် အပြည့်အဝကြွယ်ဝမှု ကို မလုပ်နိုင်ရင်တောင် ကျွန်တော်တို ့ တတ်နိုင်သလောက်ကလေးနဲ့ အခုထက်ပိုကောင်းလာမယ့် ပတ်ဝန်းကျင်လေးတစ်ခု ဖြစ်လာရင်တောင် မဆိုးဘူးလေ..။
ကျွန်တော်တို ့ နိုင်ငံမှာက တခြားနိုင်ငံကြီးတွေ ထက် နည်းပညာ အားနည်းနေမယ် ထင်တယ်။ ဒါဆို ဒီအပိုင်းကို မကိုင်နဲ ့ဦး။
ပညာက ကိုယ့်ဆီကို မလာရင် ပညာဆီကို ကိုယ်က မရောက် ရောက်အောင် သွားရမှာပဲ ။ ပညာဆီ ကို သွားဖို ့ မဖြစ်မနေ လိုအပ်တာက စာအုပ်တွေ ပဲ။
စာအုပ်တွေက ကြွယ်ဝတဲ ့ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် အတိုင်းအတာ တစ်ခုထိ လုပ်ပေးလိမ် ့မယ်။ ဒီတော့ စာတွေများများ ဖတ်ကြ ၊ရေးကြ ဖို ့ လိုမယ်။
ကျွန်တော်တို ့နိုင်ငံက လူငယ်တော်တော်များများက စာဖတ်ရမှာ အရမ်းပျင်း
နေကြတယ်။။ ဝါသနာ မပါလို ့ မဖတ်ဘူး ဆိုတာလည်းပြောနေကြတယ်။
စာဖတ်တယ် ဆိုတာ ဝါသနာအရ ဖတ်တာ မဟုတ်ပဲ…ဘဝအောင်မြင်မှု
အတွက် မဖတ်ရင် မဖြစ်လို ့ ဖတ်ကိုဖတ်ရမယ်။
ဒါကို သိအောင် ကျွန်တော်တို ့ရဲ ့ ညီ၊ညီမ ၊ တူ ၊တူမ လေးတွေကို ပြောပြမှ ဖြစ်မယ်။
စာအုပ်တွေထဲ ကနေ အသိ ပညာတွေ ယူတတ်အောင်…၊ယူချင်စိတ်
ရှိလာအောင် စည်းရုံး ၊လှုံ ့ဆော်ပေးရင် ကောင်းမယ်ထင်ပါတယ်။
စာကြည့်တိုက်တွေ များများရှိလာဖို ့ ၊ စာကြည့်တိုက်ဟာ….ဆိုင်းဘုတ်
ပဲ ရှိနေပြီး စာအုူပ်တွေ မရှိ ပဲ ဖြစ်မနေဖို ့ ၊ ကျွန်တော်တို ့နိုင်ငံက လူငယ်လေးတွေ စာကို
များများဖတ်လာစေဖို ့ (သိပ်အရေးကြီးနေလို ့) ကျွန်တော်တို ့တတွေ… ကူညီပေးကြရင်
ပိုကောင်းမယ် ထင်ပါတယ်။
ကြွယ်ဝတဲ ့ပတ်ဝန်းကျင်တစ်ခု တစ်ခုဆီကို စာအုပ်တွေနဲ့အရင်ဆုံး
သွားကြည့်ကြမယ်လေ…။ ( လမ်းတော့ မမှားလောက်ပါဘူး။)
ရေနစ်နေသူ တစ်ယောက်က ကောက်ရိုးတစ်မျှင်ကို အားကိုးမိသလိုမျိုး………………. ရနိုင်တဲ ့နည်းလမ်းးကလေးနဲ ့ ရသလောက် ကို ကြိုးစားကြည့် ကြမှာပေါ့။ ကဲ………
အခုပဲ စ လိုက်ကြရအောင်နော်။
* * *
( ဒီစာကို ဆရာကြီးလုပ်ချင်လို ့ ရေးတာ မဟုတ်ပါဘူး။ ကျွန်တော် စာဖတ်သူတွေကို ကျွန်တော် ဘယ်တော့မှလည်း ဆရာကြီး မလုပ်ပါဘူး။ ကျွန်တော်က ဆရာကြီးလည်းမဟုတ်ပါဘူး။
ကျွန်တော်တို ့နိုင်ငံ က လူငယ်တွေ စာဖတ် အား အရမ်းနည်းနေတာ ကို တွေ ့နေရ တဲ ့အခါ ဝမ်းနည်းစိတ်၊ အားမရ စိတ်တွေ ဖြစ်မိလို ့
ဒီစာကိုရေးမိတာပါ။ ။ အတွေးမှား ၊ အရေးမှား ပါနေရင် ကျွန်တော့် မသိနားမလည်မှု
ကို ခွင့်လွှတ်နားလည်ပေးပါ..လို ့ တောင်းပန်အပ်ပါတယ်။။)
လေးစားစွာ ဖြင့်
အလင်းဆက်
alinsett.art@gmail.com
2 comments
weRone
July 7, 2011 at 2:24 pm
“ပညာက ကိုယ့်ဆီကို မလာရင် ပညာဆီကို ကိုယ်က မရောက် ရောက်အောင် သွားရမှာပဲ ။ ”
” ပညာဆီ ကို သွားဖို ့ မဖြစ်မနေ လိုအပ်တာက စာအုပ်တွေ ပဲ။ ”
သိပ်ကောင်းတဲ့ စာသားတွေပါ။ တကယ့်လက်တွေမှာ ရော ပညာက ကိုယ့်ဆီကို မလာရင် ပညာဆီကို ရောက်အောင်သွားချင်တဲ့ လူဘယ်နှစ်ယောက်ရှိလိမ့်မလဲ။
သာမာန် အပေါးစာ ဝတ္ထူ တွေကို ဖတ်ပြီး ဘယ်နှစ်ယောက်များ ပညာဆီကိုရောက်သွားပြီလဲ။
gabar
July 7, 2011 at 5:31 pm
ကိုယ့်ရပ်ကွက် ပတ်ဝန်းကျင်ကစာကြည့်တိုက်လေးတွေကိုအသက်ဝင်လာအောင်လုပ်ပေးသင့်ပါတယ်။