Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေညို ယင် ရွှေဘို ကိုလွမ်းတယ်

Khon YenaungJuly 14, 20111min55923

နေညို ယင် ရွှေဘို ကိုလွမ်းတယ်
မဲဇာတောင်ခြေ စီးထွေထွေတည့် တော့ မဟုတ်ဘူး ပေါ့နော်။ ဇာတိမြေအကြောင်း နဲနဲ ပြောချင် လို့ပါ။ ဇာတိမြေကို ခင်တွယ်စိတ်ဆိုတာလူတိုင်း အဲ တိရိစာ္ဆန် တိုင်းလို့တောင် ပြောလို့ရပါတယ်။ကိုယ့်မွေးရပ်မြေကိုတော့ ခင်တွယ်တတ်ကြပါတယ်။
ကိုယ့်အရပ် ကိုယ့်ဒေသမှာ ရာသီဥတု အေးလွန်းလို့ နေစရာ၊စားစရာ မရှိတဲ့ အချိန် ကမာ္ဘ ့ မြောက်ဖျားက တောင်ပိုင်းဒေသကို ခဏရွှေ ့ လာကြရတဲ့ ဆောင်းခိုငှက်ကလေးတွေ အချိန်တန် ယင် အိမ်ပြန်ကြတာ ပါဘဲ။ ကိုခင်မောင်တိုး ရဲ ့ သိပ်နံမည်ကြီးတဲ့ သီချင်း ဆော်လမွန်ငါးတို့ အပြန် ဆိုတာ နားဆင်ဘူးတယ် မဟုတ်လား။
ဇာတိမြေ ခင်တွယ်စိတ် ဆိုတာ သိပ်အရေးကြီးမှန်း သိသာတာတစ်ခုကတော့ နှစ်ပေါင်းများစွာ နိုင်ငံပျောက်ခဲ့ကြတဲ့ ကမာ္ဘအရပ်ရပ်က ဂျူးတွေ အာရပ်နိုင်ငံတွေရဲ ့ အလယ်မှာပြန်လည်အခြေချပြီး နိုင်ငံတော်သစ်တစ်ခု ထူထောင်ကြတာကိုဘဲကြည့်။ ရင်းခဲ့ရတဲ့ အသက်ပေါင်း မနည်းပါဘူး။
ကျွန်တော်တို့တစ်တွေကော ကိုယ့်မြေကိုလာအုပ်ချုပ်နေတဲ့ နယ်ချဲ ့ အင်္ဂလိပ်တွေကို ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့မြေ ဆိုပြီး ဇာတိမြေကို အမျိုးသားသီချင်းအဖြစ် ဖွဲ့ဆို ကြွေးကြော် စည်းရုံးရှေးဝင် တိုက်ပွဲဆင်ခဲ့ကြတာပေါ့။
ပြောရအုံးမယ်။ကျွန်တော်တို့ရဲ ့ ရွှေဘိုဆိုတာ ရန်ကြီးအောင် ကုန်းဘောင်ခပါတဲ့ ငါးမည်ရ ပြည်ရွှေဘို လေ။ ဦးအောင်ဇေယျ ရဲ့ အောင်မြေနေရာ၊ ဒီအောင်မြေ မှာ ရှေးဘုရင်တွေ အောင်မြေနင်း သစ္စာဆို တိုက်ပွဲဝင်ယင် တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရကြတယ်တဲ့ ။
ဦးအောင်ဇေယျ က အစပြုပြီး သားတော်ကြီး ဆင်ဖြူရှင်၊ အဲဒီနောက် သာယာဝတီမင်း ကို ပုဂံမင်း ပုန်ကန်စဉ် ၊ ပုဂံမင်း ကို မင်းတုန်း၊ကနောင် ညီနောင် နှစ်ပါး တော်လှန်စဉ် အချိန်တွေက ရွှေဘို မှာ အောင်မြေနင်းလို့ အောင်မြင်ခဲ့ ကြတယ်တဲ့။
ဗမာတို့ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းကို မဟုတ်တဲ့ အကြောင်းပြချက်တွေနဲ့ စစ်ဖြစ် အောင် ရန်စယင်း စစ်ခင်းခဲ့ကြတဲ့ အင်္ဂလိပ်တို့ အထက်ဗမာပြည်ကိုချီလာပြီ ကြားရချိန်မှာ ရွှေနန်းတော်အတွင်း ဆွေးနွေးငြင်းခုံ ကြတယ်တဲ့လေ။ ခုခံ ဟန့်တားစစ်ဆင်ခဲ့တဲ့ ဂွေးချောင်း မင်းလှ ခံတပ်တွေ ကျဆုံးလို့ အမြောက်လက်နက်အားကိုးနဲ့ ရေကြောင်းစစ်ချီလာတဲ့ ဒဏ် မင်းနှစ်ပါးတို့ ခံနိုင်မှာ မဟုတ်လို့ ရွှေဘိုကိုခွာ၊အောင်မြေနင်း လူသူအင်အားဖြည့်ဆီးပြီး တောတွင်းစစ်ဆင်ကြဘို့ စဉ်းစားကြသေးဆိုဘဲ။
တစ်ချို့ကလဲ နေပြည်တော် မန္တလေး ကပဲ မြို့ တံခါးအလုံပိတ်၊ သပြေတန်း၊ အစေခံ ခံတပ် တွေ ကဟန့်တား လို့ အပြင်းအထန် တန်ပြန် တိုက်ခိုက်ဘို့ပေါ့လေ။
သိကြတဲ့အတိုင်းပါပဲ ။ နောက်ဆုံးတော့လဲ စေ့စပ်ဆွေးနွေးလိုက်ယင် စည်းမျဉ်းခံ ဘုရင်၊ သစ္စာခံ ပဏ္ဍာဆက် ဘုရင်တစ်ပါးအဖြစ် အသိအမှတ် ပြုမယ်၊ ညောင်ရမ်း၊ညောင်အုပ်တို့နဲ့ တိုင်ပင် ဆွေးနွေး ခွင့်ရမယ်၊ ဥယျာဉ်တော် အတွင်း ခဏ အဖူးမြော်ခံ စကားပြောခွင့်ပြုပါ၊ ဆိုတဲ့ ပရိယာယ် မာယာစကားတွေ၊လှည့်စားမှုတွေ ရဲ့ နောက် ရတနာဂီရိ ရောက်မှ မှားပါပေါ့လား ဆိုပြီး ငိုငြီးခဲ့ ကြတယ်တဲ့။
အဲဒါ ပြောတာပေါ့ ဗျာ။ နေညိုယင် ရွှေဘို ကိုလွမ်းပါတယ် လို့။ ရန်အပေါင်းအောင် တဲ့ ရန်ကြီးအောင် အောင်မြေ ကိုသာနင်းခဲ့ယင် ဘုရင်သီပေါတို့ မင်းနှစ်ပါးနဲ့ ဗမာရာဇဝင် ပါ တစ်မျိုး ပြောင်းသွား နိုင်ပါတယ် ။ ရွှေဘို ကိုလွမ်းမိပါရဲ့ ။အခုတော့လဲ နေရစ်ခဲ့ တော့ ရာဇဝင်ထဲ မှာ။ ။

23 comments

  • fatty

    July 14, 2011 at 3:03 pm

    ရွှေဘို ကိုရာဇဝင်ထဲမှာမနေရစ်ခဲ့ရအောင် ဒီတခါ အာစရိယ ပူဇော်ပွဲ ပြန်ရောက်ဖြစ်ခဲ့ရင်
    အလွမ်းပြေ တင်ပေးပါ့မယ် ခင်ဗျား ….။

  • fatty

    July 14, 2011 at 3:06 pm

    မေ့လို့ဗျာ … ဦးအောင်ဇေယျ အောင်မြေနင်းတဲ့ အောင်မြေက ကျောက်မြောင်းမှာပါ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 15, 2011 at 8:58 pm

      အောင်မြေ အောင်မြေ ဆိုပြီးလာယူကြတာ
      ဂေါပကတွေခမျာ ရရာနေရာက မြေကြီးတွေ ပြန်ပြန်ဖို့ပြီး
      အလှူခံနေရတာနဲ့ အလုပ်တွေကို ဖြစ်လို့
      ဟုတ်နေတာဘဲ 😀 😀 😀

  • MaMa

    July 14, 2011 at 3:39 pm

    ဖတ်ရတာ ဖီးလ်ကွေးနေလို့ ခေါင်းစဉ်ကို (နေညို ယင်) အစား (နေညို ရင် ) လို့ ပြောင်းရေးလိုက်ရင် ပိုကောင်းသွားလိမ့်မယ်။

  • လင်းဝေကျော်

    July 14, 2011 at 3:49 pm

    မမ လွမ်းမနေနဲ့
    ညံ့လို့ပျက်ခဲ့တာ ပျက်ပါစေတော့
    အသစ်တွေ ကောင်းလာဖြစ်လာဖို့သာ အရေးကြီးတာ

  • manawphyulay

    July 14, 2011 at 3:58 pm

    သူက နေညိုရင် ရွှေဘိုလွမ်းတယ်တဲ့။ မနောကတော့ ဖတ်ပြီးမှ တစ်ခါမှမရောက်ဖူးသေးတော့ ရွှေဘိုကိုသွားချင်မိတယ်။

  • ရွှေဘိုသား

    July 14, 2011 at 6:45 pm

    ပို.စ်တင်ထဲလူက တကယ်ရွှေဘိုကမို. လွမ်းတာလား
    သမိုင်းဝင်မြို.တစ်မြို.ရဲ.နာမည် ရာဇဝင်ထဲမှာကျန်နေရစ်လို.လွမ်းတာလား
    ကျွန်တော်လည်း ရွှေဘိုကပဲဗျ တစ်နယ်ထဲသားတွေ ဒီရွာထဲလာဆုံနေတာကတော. ရှေးရေစက်ကြောင်.ပေါ.နော်
    ကြိုဆိုပါတယ်ဗျာ

    လေးဖက်တီးက အာစရိယ ပူဇော်ပွဲပြန်ရင် တကယ်တင်ပေးနော် ကျွန်တော်က တန်ခူးလ သင်္ကြန်မှ ပြန်မှာမို.
    လေးဖက်ပဲ အရင်တင်လိုက်ပါဗျာ ကျွန်တော်လည်း တန်ခူးလမှ ဆိုင်ကယ်နဲ. ရေပတ်ထွက်ရင်း ရိုက်လာခဲ.မယ် နန်တော်ကြီးနဲ.
    အောင်မြေကို

    မမ မနောဖြူလေးက တကယ်ရောက်ဖူးချင်လို.လား ရောက်ချင်ရင် ကျွန်တော်ပြန်ရင်လိုက်ခဲ.လေ
    လမ်းစရိတ်ကတော. အသွားအပြန် 50000 လောက်ကုန်တယ်
    စားစရိတ်ကတော. မပူနဲ. ကျွန်တော် တာဝန်ယူတယ် တကယ်လည်း အစားအသောက်ကတော. ရန်ကုန်လို မရှားပါးဘူး
    အေးဆေး ပြန်ရင် သနပ်ခါးတောင် ကြိုက်သလောက် ယူသွားလို.ရသေးတယ်ဗျာ

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 14, 2011 at 7:49 pm

      အဟမ်း..အဟမ်း

    • ကြောင်ကြီး

      July 15, 2011 at 6:14 am

      အဟွတ် အဟွတ်….

      • etone

        July 16, 2011 at 10:28 am

        အဘပုနဲ့ အမောင်ကြောင် ချောင်းဆိုးတာ သုံးပတ်ပြည့်ပြီလား …
        TB စစ်ကြည့်တော့ 😛 😛 😛

    • MaMa

      July 15, 2011 at 6:49 am

      အင်းးးးးးးးးးးးးး ချောင်းဆိုးရောဂါတွေ အဖြစ်များနေပြီ ထင်တယ်။ ကော်နီဒင်း ဝင်ကြေငြာမှပဲ။
      😀

    • Foreign Resident

      July 15, 2011 at 8:45 am

      Dear ရွှေဘိုသား,
      Please make it clear, I have some questions.
      လမ်းစရိတ်ကတော. အသွားအပြန် 50000, —– OK
      စားစရိတ်ကတော. မပူနဲ. ကျွန်တော် တာဝန်ယူတယ်, —– OK
      နေစရိတ် & where she (မမ မနောဖြူလေး) has to stay —– ???
      Only invite to မမ မနောဖြူလေး ???
      How about other villagers ???
      ( Just kidding naw 🙂 )

      • ရွှေဘိုသား

        July 15, 2011 at 9:24 am

        Foreign Resident
        နေစရိတ်က ကလည်းရွာမှာက အလကားပါဗျ လခမပေးရပါဘူး
        အိမ်မှာ အစ်မတွေလည်းရှိတာပဲဟာ
        အစ်ကိုလည်း လိုက်ချင်လိုက်လို.ရတယ်
        ယောကျင်္ားလေးအေဖော်လည်း ရှိတယ်လေကျွန်တော်ပေါ.ဗျာ

        • Foreign Resident

          July 16, 2011 at 1:39 am

          Thanks ရွှေဘိုသား,
          If I have a chance to return to Myanmar,
          I wish I can.

    • pan pan

      July 18, 2011 at 11:42 am

      ရွှေဘိုဘက်ကလူတွေက စကားတတ်သတဲ့

  • nature

    July 14, 2011 at 8:29 pm

    အရက်သမားတွေကတော့ နေညိုရင် လေပြိုတယ်တဲ့။ မိုးရွာရင်ကော….။

  • naywoonni

    July 14, 2011 at 9:55 pm

    အဲဒါတွေတော့ တို့မသိဘူးလေ… ကျောင်းတုန်းက အဆောင်မှာ ဖဲ ရိုက်ကြတော့ ဒိုင်လုပ်တဲ့ ကျောင်းသား ကြုံးဝါးတာ ပြန်သတိရတယ်..။ ဘာတဲ့ …..။ သူ့ရှေ့က ပိုက်ဆံကို ဖွလိုက်ပြီးတော့ ပြောတာ…။ ” လာနော် ….ကိုယ့်ပိုက်ဆံကို မနှမြောရင် ထိုးထား ..။ ငွေလိုလို့ ကိုင်တာ ရွှေဘိုဒိုင် ” တဲ့ အဲဒိတော့ တစ်ယောက်က ဘယ်လိုစတယ်မှတ်သလဲ ” ထိုးထား ထိုးထား ဒါကုန်ရင် ဖျာပုံ ပြန်အိပ်မှာ ” တဲ့ ဘာကိုပြောချင်တာလဲ တော့ မသိဘူး.. ကာရံနဘေ လေးနဲ့ ဆိုတော့ ပြောလို့ တော့ ကောင်းသား…………

  • banana shu

    July 15, 2011 at 3:36 pm

    ဆော်လမွန်ငါးတို့အပြန် သီချင်းက ခင်ဝမ်း ဆိုထားတာ ဟုတ်ဘူးလား

    • kai

      July 15, 2011 at 3:57 pm

      ခင်မောင်တိုးက ပြန်ဆိုထားပုံရပါတယ်..။

      သိချင်တာလေးက… မြန်မာပြည်မှာ ဆော်လမွန်ငါးဆိုတာ ရှိလို့လား…။
      ခင်ဝမ်းက ဂျပန်ကနေ အင်ပို ့လုပ်…သီချင်းစပ်.. ဆိုလိုက်တာလားလို့…။

      • Foreign Resident

        July 16, 2011 at 1:47 am

        Dear Kai,
        I am very bad in music, but I heard
        “concerning ဆော်လမွန်ငါး”
        the author directly translated the foreign song/melody
        he said he don’t want to change the beautiful idea of original song.

  • ဆယ်လမွန်ငါးတို့အပြန် မူရင်းက ခင်ဝမ်းပါ။
    နောက်တော့ ခင်မောင်တိုးက ခင်ဝမ်းအမှတ်တရအဖြစ်ပြန်ဆိုုပါတယ်။
    ဆယ်လမွန်ငါးကတော့မြန်မာပြည်မှာ မရှိပါ။
    ခင်ဝမ်းက ပြင်သစ်မှာ နေခဲ့ဘူးသူမို့ သတိတရနဲ့ရေးတာဖြစ်နိုင်ပါတယ်။
    ဆယ်လမွန်ငါး=ငါးသလောက်ယောက်ဖ ငါး လို့ အဘိဓါန်တစ်အုပ်ထဲမှာ ဖတ်ဘူးပါတယ်။

  • Khon Yenaung

    July 18, 2011 at 4:55 pm

    စကား တတ်တာက ချီပါသား နဲ့ ပခန်းသား။
    လှတောသား က ချဲ့ ကားပြီး စကားအလင်္ကာ ကြွယ်တာ။
    ဦးအောင်ဇေထျ ရဲ့ အောင်မြေ လို့ သာဆိုလိုက်ပါတယ် ၊သူ့ ခြေရာ မတွေ့ လိုက်လို့ ဘယ်နား နင်းသွားသလဲ မသိလိုက်ပေါင်။
    ဆော်လမွန် ငါး ကတော့ ကြားကြား နေရလို့ ထည့်ရေး လိုက်ပါတယ်။ သူ့ဇာတိကို မသိတာ အမှန်ပါ ဗျာ။
    ဘယ်ချောင်း ကြားက ငါးပါလိမ့်။
    ကိုယ့် ဇာတိ ကိုယ်ပြန်မရောက်တာ ကတော့ နှစ်(၃၀) ကျော်သွားပြီ။ ချစ်ကိုကို ( မွတ်တား ) ဆရာပူဇော်ပွဲ လုပ်နေတာတော့ ဒီနှစ် (၂၅) နှစ် ပြည့်ပြီပြောတယ်။ ရွှေဘို၊အထက(၁) ကိုတော့ တစ်ကယ် သတိရတာပါဗျာ ။ ဒါပေမဲ့ တာဝန်ပေါင်း မြောက်များ စွာ ကြောင့် စိတ်သာရောက်ပြီး လူကပြန်မရောက် နိုင်တာ နှစ်ပေါင်း များစွာ ပါဘဲ ။ ရွာကြီး ထဲက မန်ဘာများ အားပေးတာကို အထူးကျေးဇူး တင်ပါတယ်။

  • ရွှေဘိုသား

    July 18, 2011 at 8:12 pm

    အစ်ကိုလွမ်းရင် တူတူပြန်မယ်လေဗျာ
    ကျွန်တော်လည်း ရန်ကုန်ပြန်လာလို. ကား အောင်မြေနားကဖြတ်မောင်းရရင်
    တော်တော် ဝမ်းနည်းတယ်ဗျ

Leave a Reply