Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တစ်ပါတ်စာ…အမောပြေဟာသ။။

တင်ပြီးသားရှိပါက ခွင်လွတ်ကြပါ။။။။

 

စာကျက်ချိန်

စာမေးပွဲကျတဲ့ သူငယ်ချင်း တစ်ယောက်က သူစာမေးပွဲကျရတာ စာကျက်ချိန်မရလို့ပါတဲ့။ တစ်နှစ်မှာ ၃၆၅ ရက်ပဲရှိတော့
ဘယ်လိုလုပ်ပြီး စာကျက်ချိန်ရတော့မလဲလို့ပြောပြီး သူကသေသေချာချာ တွက်ပြပါတယ်။
“”တစ်နှစ်မှာ တနင်္ဂနွေနေ့ပေါင်း ၅၂ နေ့ရှိတယ်လေ။ တနင်္ဂနွေဆိုတာက နားရက်လေ၊ ဘယ်လိုလုပ်ပြီး စာကျက်မလဲ၊
ကဲ- တစ်နှစ်မှာ ၃၆၅ ရက်ရှိတော့ ၅၂ ရက်ကို နုတ်၊ ၃၁၃ ရက် ကျန်သေးတယ်ထား””
“”လူတစ်ယောက်ဟာ တစ်နေ့မှာ ၈ နာရီတော့ အိပ်ပေးဖို့ လိုတယ်လေ၊ အဲဒီ့တော့ တစ်နှစ်မှာ
ရက်ပေါင်း ၁၇၂ က အိပ်တာနဲ့ပဲ ပြီးသွားရော၊ ဒီတော့ ၁၄၁ ရက်ပဲ ကျန်တော့တယ်””
“”ကျန်းမာရေးအတွက် ကစားခုန်စားလုပ်ဖို့ကလဲ လိုအပ်တော့ တစ်နေ့မှာ တစ်နာရီ ကစားတယ်ဆိုရင်
တစ်နှစ်မှာ ၁၅ ရက်က ကစားဖို့၊ ဒီတော့ ၁၂၆ ရက်ပဲ ကျန်တော့တယ်””
“”ထမင်းစားချိန်ပေးရတာနဲ့၊ ကော်ဖီသောက်ချိန်ပေးရတာနဲ့၊ Chewing gum ဝါးရတဲ့အချိန်တွေကိုပါ ပေါင်းလိုက်ရင်
တစ်နေ့မှာ ၂ နာရီလောက် အချိန်ပေးနေရတော့ တစ်နှစ်လုံးဆိုရင် ရက်ပေါင်း ၃ဝ က စားဖို့သောက်ဖို့ အချိန်ပေးလိုက်ရပြန်ရော၊
ကဲ- ဘယ်နှစ်ရက်ပဲ ကျန်တော့လဲ၊ ၉၆ ရက်ပဲ ကျန်တော့တယ်””
“”လူဆိုတာက လူ့အဖွဲ့အစည်းနဲ့ နေတာဆိုတော့ တစ်နေ့ကို တစ်နာရီလောက်က စကားစမြည်ပြောရသေးတယ်၊
ဒီတော့ တစ်နှစ်မှာ ၁၅ ရက်က စကားပြောဖို့အချိန်ပေးရတယ်၊ ၈၁ ရက်ပဲကျန်တော့တယ်နော်””
“”လပတ်စာမေးပွဲတွေ၊ ပထမ၊ ဒုတိယအစမ်းစာမေးပွဲတွေ၊ အစစ်ကြီးတွေနဲ့ တစ်နှစ်မှာ ၃၅ ရက်လောက်က
စာမေးပွဲချည့် ဖိဖြေနေရတော့ ၄၆ ရက်ပဲ ကျန်တော့တယ်””
“”နေ့ထူးနေ့မြတ်တွေကလဲ တစ်နှစ်မှာ ရက် ၄ဝ လောက်ဖြစ်နေတော့ သွားပြီပေါ့၊ ၆ ရက်ပဲ ကျန်တော့တယ်””
“”အအေးမိလို့ နှာစေးလို့ နားနေရတာက တစ်နှစ်လုံးမှာ ၃ ရက်ပဲ ရှိတယ်ထားဦး၊ ၃ ရက်ပဲ ကျန်တော့တယ်””
“”တစ်နှစ်မှာ ၂ ရက်ပဲ ရုပ်ရှင်သွားကြည့်တယ်ထားပါ၊ ၁ ရက် ပဲကျန်တော့တယ်””
“”အဲဒီတစ်ရက်ကျတော့လဲ ကျွန်တော့်မွေးနေ့ ဖြစ်နေရော၊ ကဲ- ဘယ်လိုလုပ်ပြီး စာကျက်တော့မလဲ””

***************************************************************************************************

ဧည့်သည်

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။
ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။
ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။

“ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်”

ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။

“မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။”

***************************************************************************************************
ကံကောင်းတဲ့သူ

လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၎င်း ကံကောင်းကြောင်း ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။

“ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ”

ထီပေါက်သူက ဖြေသည်။
“ဟင့်အင်း … ဝမ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး”

သူငယ်ချင်းက ပြောသည်။
“ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား”

****************************************************************************************************

လျှော့မပြောနဲ့

လူနာအမျိုးသမီးကြီးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။

“အင်း ခေါင်းက နောက်နေတယ်၊ အစာအိမ်လည်း သိပ်မကောင်းဘူး၊ ဒီကြားထဲ
ခင်ဗျားရဲ့ သွေးတိုးနှုန်းက အတော်လေး မြင့်နေပြန်တယ်။ ဒါနဲ့ ခင်ဗျား
အသက်ဘယ်လောက် ရှိပြီလဲ”

အမျိုးသမီးက မပွင့်တပွင့် ဖြေသည်။

“၂၈ နှစ်ပါ”

“ဪ မှတ်ဉာဏ်လည်း မကောင်းဘူးကိုး”

*****************************************************************************************************
သိသားနဲ ့…

တနေ ့သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို ့ပြန်ရာ လမ်းခုလပ်တွင်
အိမ်မွေး တိရစာ္ဆန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို ့
ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား
။။။။။အင်မတန်ရုပ်ဆိုးလိုက်တာဗျာ။။။။

မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ
့ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည်
ထုံးစံအတိုင်းပင် ကြက်တူရေးသည်
။။။။။။ရုပ်ဆိုးလိုက်တဲ ့မိန်းမကြီးဗျာ…။။။။

ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည်
ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ
ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည်
ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး
ဆိုင်မှထွက်ခွာသွားလေသည်။

နောက်နေ ့ တွင် ထိုမိန်းမကြီးဆိုင်ရှေ ့မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိူးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ…..ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ
ခင်ဗျားသိပြီးသားပါ…..

********************************************************************************************************

ဘုရားရှင် ပြုံးတော်မူခြင်း

ရပ်ကွက်ထဲမှ တရားပွဲတစ်ခုတွင် ဖြစ်သည်။
တရားဟောဘုန်းကြီးသည် ဘုရားရှင်ဧ။် ဓမ္မစကြာတရားတော်အကြောင်း ဟောကြားတော်မူရင်း တရားနာပရိတ်သတ်အား
ဤသို့ မေးခွန်းထုတ်လိုက်ဧ။်။

မြတ်စွာဘုရားရှင်ဟာ ပဉ္စဝဂ္ဂီငါးပါးအား ဓမ္မစကြာတရားတော် ဟောကြားတော်မူအပြီးမှာ ရုတ်တရက် တချက် ပြုံးတော်မူတယ်။
ကဲ.. ဒကာ ဒကာမတို့… ဘာကြောင့် ငါတို့ဘုရားရှင် ပြုံးတော်မူတာလဲ။

တရားနာပရိတ်သတ်ဆီမှ မည်သည့်တုန့်ပြန်ချက်မှ မလာ။
ခဏစောင့်ကြည့်သည်။ မထူးခြား။
ထို့နောက် ရှေ့ဆုံးမှ စိတ်ပါလက်ပါ နာကြားနေသော ဒကာတစ်ယောက်အား….

ကဲ ဒီက ဒကာကော ဘုရားရှင် ဘာကြောင်ပြုံးတယ်လို့ ထင်လဲ။

ရယ် (ရီ) ချင်လို့ပါဘုရား။
********************************************************************************************************
ကိုယ်စောင့်နတ်

လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ
ကြားလိုက်ရပါတယ်။
“မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို
အုတ်ခဲတစ်လုံးပြုတ်ကျပြီး မင်းသေလိမ့်မယ်”။ အသံကြောင့် လူလည်း
လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ
အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။

အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ
ထွက်လာပြန်ပါတယ်။ “ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း
လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။”
လူလည်း
အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက်
ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။ လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား
ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။
အသံက “ငါက မင်းရဲ့
ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့
မေးလိုက်ပါတယ်… “ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက
ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ…..”

*********************************************************************************************************
ပါးစပ်သေနက်

မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ
သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ —
တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင်
ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင်
ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် )

ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် လုပ်တက်ခြင်း

အဲဒီ လက်နက်ကလည်း ကြောက်စရာ်တော်တော် ကောင်းတယ် ။ အရှက်ဟက်တတ်ကွဲစေမဲ့
လက်နက် ( နျူးက – လီးယားလက်နက်ထက်ပြင်းတယ် )

***********************************************************************************************************
သိပြီလား

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။
ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။
“37…………37…………37”
“ဘာလို ့ 37 လို ့အော်နေရတာလဲ”
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ ့ဆရာဝန်လည်း အပေါ်ထပ်ကို
တက်သွားသည်။ အပေါ်ထပ်တွင်လည်း
“37…………37…………37”
“ဘာလိုအဲဒီလိုအော်နေကြတာလဲ”
လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ ့ဆရာဝန်လည်း အပေါ်ထပ်ကို
တက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
“ငါကိုပြောကြစမ်းပါအုံး….ဘာလို ့37 လို ့အော်နေတာလဲ..”
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည်
့လိုက်တယ်။
အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။
ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
“38………….38………….38″
**************************************************************************************************************
ကောင်းလာပါပြီ

ဆရာဝန်ကလူနာကိုမေးသည်။

“ဘယ့်နှယ့်လဲ၊ ခင်ဗျားရဲ့ မှတ်ဉာဏ်ပြန်ကောင်းလာပြီလား”

“အင်းကောင်းလာပါပြီ၊ ဒါနဲ့ ခင်ဗျားကဘယ်သူလဲဗျ၊ ကျွန်တော့်ကိုသိလို့လား”

****************************************************************************************************************

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇)ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့
ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။
ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။
တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။
လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။
ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
ခြောက်ယောက်မြောက်က ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။
ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ…သမီးမှာ ရည်းစား ရှိနေပြီတဲ့။
သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း
ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။
မင်းက ဘယ်နယ်ကလဲကွ ဆိုတော့ သားမက်လောင်း ပြောလိုက်တာက
ကျွန်တော်က ” သုံးဆယ် ” ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က
‘ဟေ’………………..
ဒီစာကိုဖတ်ပြီး သကာလ သမီးလေးများ၊ ညီမလေးများ၊ အမကြီးများကို စိုးရိမ်မိပါသဖြင့် ဤသို့သတိပေးအပ်ပါသည်။

သတိ ။ ။ အောက်ပါမြို့နှင့် ရပ်ကွက်သားများကို ရှောင်ရန်

၁။ ဝါးတစ်ရာသား
၂။ ဗိုလ်တစ်ထောင်သား

********************************************************************************************************
မဖွင့်ဘူးဗျာ

“တံခါးဖွင့်ပါ”

“အိမ်မှာ ဘယ်သူမှာ မရှိဘူး”

“အခု ဘယ်သူပြောနေတာလဲ”

“ဘယ်သူမှ မပြောဘူး၊ ခင်ဗျားနားကြားမှားလို့”

*************************************************************************************************************

ဂျပန်တစ်ယောက်က ထိုင်ဝမ်ရောက်လာပြီး တရုတ်စာတွေ သင်ခဲ့တယ်။

နှစ်အတော်ကြာသင်ယူပြီးနောက် တရုတ်စကားကို သူပီပီသသပြောနိုင်ခဲ့တယ်။ ဒီအတွက် သူအရမ်းဂုဏ်ယူခဲ့တယ်။
တစ်နေ့မှာ ကမ်းစပ်တစ်နေရာကို သူရောက်လာခဲ့တယ်။ ငါးကလေးတွေ ပိုက်ချဖမ်းနေတဲ့ အဘိုးအိုတစ်ဦးကို တွေ့တာနဲ့
သူ့ကိုနိုင်ငံခြားသားမှန်း  ခွဲနိုင်၊ မခွဲနိုင် သိရအောင် စကားစပြောခဲ့တယ်။

“အဘိုး.. အဘိုး.. ကျွန်တော်ဘယ်ကလဲ သိလား”
“အင်း… လေသံနားထောင်ကြည့်တော့ ဘယ်ကလေသံမှန်း သေသေချာချာ ခွဲလို့မရဘူး”
အဘိုးအိုပြောတာကို နားထောင်ပြီး ဂျပန်လူမျိုးဟာ ကိုယ့်တရုတ်သံထွက် ပီသတာကို ကြိတ်ပြီး ဝမ်းသာနေခဲ့တယ်။
အဘိုးအိုက ဆက်ပြီး “အင်း.. အဘိုးမျှားထားတဲ့ ငါးကလေးတွေ ဘယ်နှစ်ကောင်ရှိလဲ ရေကြည့်.. ဒီလိုဆိုရင်
မင်းဘယ်ကလဲလို့ မှန်းလို့ရနိုင်တယ်”
ဂျပန်လူမျိုးက ငါးတွေကို အသံထွက်ပြီး စရေတော့တယ်။ တအောင့်ကြာတော့… “အဘိုး.. အဘိုး.. ငါးတွေ ၉၇၈ရ ကောင်ရှိတယ်။
ကျွန်တော်ဘယ်ကလဲဆိုတာ အဘိုး မမှန်းနိုင်ဘူး မဟုတ်လား”

“မင်း.. ဒီနိုင်ငံသားမဟုတ်ဘူး။ ဒီနိုင်ငံသားတွေ ဒီလောက်မအကြဘူးကွဲ့

************************************************************************************************************

ကင်မရာဝယ်ပါ

ကန်ပေါင်တွင်ထို်င်ကာ ပန်ချီဆရာတစ်ဦး ရှုမျော်ခင်းပုံဆွဲနေသည်၊ ကင်မရာတစ်လုံးနှင့် သားအဖနှစ်ယောက်
ပန်းချီဆရာအနားရောက်လာကြသည်၊ အဖေကသားကိုပြောသည်။

“တွေ့တယ်မဟုတ်လား၊ ကင်မရာမရှိုတဲ့လူဟာ အင်မတန်ပင်ပန်းတယ်”

************************************************************************************************************

ငွေရတု

ပြင်သစ်ကုမ္မဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ဝန်းထမ်းများအားလုုံးကို စုရုံးစေကာ အောက်ပါအတိုင်း ပြောသည်။

“လာမယ့် ရက်အနည်းငယ်တွင်းမှာ ကျွန်တော်တို့ရဲ့ကုမ္မဏီ ဟာ၂၅-နှစ်ပြည့်တော့မယ်၊ ဒီနှစ်ပတ်လည်နေ့ကို
ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာဖြစ်တယ်၊
ဒါကြောင့် ဘယ်လို ကျင်းပရင်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီး

အကြံဉာဥဏ်ပေးကြစေချပါ်တယ်၊ ဒါပေမယ့် ဒီငွေရတုပွဲဟာ ပိုက်ဆံအကုန်ကျများလို့ မဖြစ်ဘူး၊ တစ်နိုင်ငံလုံးကလဲ
ကုမ္မဏီအကြောင်းကို ပြောစမှတ်ဖြစ်ရမယ်၊
ဝန်ထမ်းအားလုံးလည်း ကျေနပ်အားရဖြစ်စေရမယ်၊ ကိုင်း…အကြံဉာဏ်ပေးကြပါ”

မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့် တစ်နေရာမှ ဝန်ထမ်းတစ်ဦးနေရာ မှထသည်။

“ကျွန်တော့်ဆီမှာ အကြံတစ်ခုပေါ်လာတယ”်

“ပြောပါ”

“အီဖယ်မျှော်စင်ကနေ
အုပ်ချုပ်ရေးမှုးကြီး ခုန်ချပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲ ကုန်ပါမယ်၊
ပြင်သစ်တစ်နိုင်ငံလုံးကလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္မဏီ အကြောင်းပြောကြမှာသေချာတယ်၊
အဲဝန်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှ မဖော်ပြတတ်အောင်ပါပဲ”

**********************************************************************************************************
လာကြတော့မည်

ညနှစ်နာရီအချိန်တွင်ဖြစ်သည်၊ အပေါ်ထပ်က

အိမ်နီးချင်းကို ဂျွန်ကဖုန်းဆက်သည်။

“ေဟေ့လူ၊ ခင်ဗျားရဲ့ ကက်ဆက်ကို ပိတ်လိုက်ပါ၊ ကျွန်တော့်အိမ်မှာ ဧည့်သည့်တွေရောက်နေတယ်”

အပေါ်ထက်ကလူက ရွဲ့ပြီးပြောသည်။

“ဘာလဲ၊ ခင်ဗျားတို့အိပ်တော့မလို့လား

အရူး။။။။။။။၊ ကဖို့ဆိုပြီး ခင်ဗျားဆီတက်လာကြမလို့တဲ့”

************************************************************************************************************
ဘာမှထူးမှာမဟုတ်ဘူး။

ဆင်းရဲသားတစ်ဦး၏အိမ်သို့ ညအချိန်မတော် သူခိုးဝင်သည်။ အိမ်ရှင်အဖိုးကြီး နိုးသွားသည်။ မွေနှောက်ရှာဖေနေသော
သူခိုးဘက် လှမ်းအော်ပြောသည်။ “အမှောင်ထဲမှာ
မောင်ရင်တို့ ဘာတွေ ရှာတွေ့မလဲ မပြောတတ်ဘူး။ ငါကတော့
နေခင်းကြောင်တောင်တောင်
အဖိုးတန်တာဆိုလို့ ဘာမှရှာမတွေ့ဘူး”

*************************************************************************************************************
မစပ်စုပါနဲ့

ရထားဘူတာ၏ လက်မှတ်အရောင်းဌာနသို့ လူတစ်ယောက် အူယားဖားယား ပြေးလာပြီး လက်မှတ်ရောင်းသူကိုပြောသည်။

“လက်မှတ်တစ်စောင်ပေးပါ”

“ဘယ်သွားမှာလဲ”

“ဘယ်သွားသွားပေါ့၊လက်မှတ်သာမြန်မြန်ပေးစမ်းပါ၊ဟိုမှာထားထွက်တော့မယ်”

*********************************************************************************************************

မခံနိုင်တော့ဘူး

ညည့်နက်အချိန်တွင် တယ်လီဖုန်းသံ မြည်လာသည်။

“ခင်ဗျားရဲ့ ကက်ဆက်ကို အခုချက်ချင်း မပိတ်ပစ်ရင်

ကျုပ်ရဲကို တိုင်ရလိမ့်မယ်”

“သီချင်းသံကို နားမခံနိုင်ရင်လည်း တခြားလမ်းကိုပြောင်းနေပေါ့”

“ကျုပ် ဘယ်ကဆက်နေတယ်ထင်လို့လဲ၊
တစ်လမ်းကျော်ကဗျ”

**************************************************************************************************************
လက်မအားလို့ပါ

“တပ်သားမောင်မြ၊ မင်းဆီမှာ လက်နက်အပြည့်အစုံရှိနေရဲ့နဲ့ ဘာဖြစ်လို့ တိုက်ပွဲဖြစ်တဲ့နေရာက ထွက်ပြေးရတာလဲ”

“လက်တစ်ဖက်မှာ ရိုင်ဖယ်ရှိတယ်၊ နောက်တစ်ဖက်မှာ လက်ပစ်ဗုံးကို ကိုင်ထားရတယ်၊ ဒါကြောင့် လက်နှစ်ဖက်စလုံး မအားဘူး၊
ဘာလဲ ရန်သုူကို ကျွန်တော် သွားနဲ့ ကိုက်ရမှာလား”

*********************************************************************************************************
ပွဲစား

“ပွဲစားဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် ဖွင့်ပြပါ.”

“ဥပဒေဘောင်ထဲက ခေါင်ပုံဖြတ်သမား”

**********************************************************************************************************
မြစ်နဲ့ပင်လယ်

ကမ်းတစ်ဖက်ပဲ ရှိရင် ပင်လယ်၊ ကမ်းနှစ်ဖက် ရှိရင် မြစ်
ခက်အောင် မလုပ်ပါနဲ့..။

***********************************************************************************************************

စိတ်ရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိတ်ထားသော စာတန်း
“ဆရာဝန်နှင့် တွေ့ရန် စောင့်စားနေကြသော လူနာများခင်ဗျား။ မိမိတို့
ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင့်။
ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။”

************************************************************************************************************
ကလေးကြီးလည်း လိုတာကိုး

“ကလေးတွေရဲ့ စဉ်းစားဉာဏ် အားကောင်းလာစေတဲ့ ဗိုက်တာမင်ဆေး ရှိပါသလားရှင်”

“ရှိပါတယ် ကလေးရဲ့အသက်က ဘယ်လောက်ပါလဲ”

“၁ဝ နှစ်၊ ၁၂ နှစ်နဲ့ ၄၅ နှစ်….”

***********************************************************************************************************
နားမထိုင်းဘူး

“ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ…”

“ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်းလား”

“ကိုင်း…..ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော”

*************************************************************************************************************
ကူညီချင်ပါတယ်

ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။

“ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား”

“မပါဘူး…အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်”

*************************************************************************************************************

2 comments

  • zawmyothu

    July 16, 2011 at 2:17 pm

    တစ်ပါတ်စာ အမောပြေဟာသ ဖတ်ရင်း
    တစ်ပါတ်စာ ရီသွားပါတယ်ဗျာ ဟီးးးးးးးး
    ကျေးဇူးပါ။

  • windtalker

    July 16, 2011 at 2:57 pm

    ကောင်းပဗျာ ။ တစ်ချို ့ဟာတွေ က ဖတ်ပြီးသား ဆိုပေမယ့် လည်း ပြန်ဖတ်တော့ ပြန်ရယ်ရတာပေါ့ ။
    ကျေးဇူးပါပဲ

Leave a Reply