ဒီဇယ်ဈေးနှုန်း အတက်အကျသည် ပို့ကုန်ရငွေတန်ဖိုးနှင့် ကမာ္ဘ့ရေနံဈေးနှုန်းပေါ်မူတည်

klnMay 6, 20101min541

အစိုးရစင်သုံးဆီဆိုင်းများကို လွှဲပြောင်းလုပ်ကိုင်သော ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဈေးနှုန်းအတက်အကျမှာ ပို့ကုန်ရငွေတန်ဖိုးနှင့် ကမာ္ဘ့စက်သုံးဆီပေါက်ဈေးနှုန်းပေါ်တွင်သာ တိုက်ရိုက်ဆက်နွယ်ပတ်သက်မည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်ဖွင့်လှစ်လုပ်ကိုင်မည့် လုပ်ငန်းရှင်တချို့ကပြောသည်။ အလားတူသ ပုဂ္ဂလိကဆီဆိုင်များတွင် ဓာတ်ဆီရောင်းချပါက ဓာတ်ဆီဈေးနှုန်းမှာ ပုဂ္ဂလိကမှ တင်သွင်းခွင့်မရှိခြင်းကြောင့် စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ပြန်ရောင်းချပေးသည့် ဈေးပေါ်တွင် မူတည်နေကြောင်း အစိုးရစက်သုံးဆီဆိုင်ကို လွှဲပြောင်းလုပ်ကိုင်ရန် ပြင်ဆင်နေသောလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ဓာတ်ဆီမှာ ပင်လယ်ရေကြောင်းမှ သယ်ယူရာတွင် လုပ်ငန်းခွင်အန္တရာယ် မကျရောက်စေရန် အထူးသတိပြုရ ပုဂ္ဂလိကကိုယ်ပိုင်အစီအစဉ်ဖြင့် သယ်ယူရန် မလွယ်ကူကြောင်း သိရသည်။ သက်ဆိုင်ရာအစိုးရ စက်သုံးဆီဆိုင်များကို လွှဲပြောင်းလုပ်ကိုင်ခွင့်ရသော ကုမ္ပဏီများအား မေလထဲတွင် စတင်ဖွင့်လှစ်ရောင်းချနိုင်ရန် မှာကြားထား၍ ဆိုင်အများစုမှာ မေလလယ် နောက်ပိုင်းတွင် ဖွင့်လှစ်ရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။ ထိုအချိန်တွင် ပို့ကုန်ရငွေတန်ဖိုးမှာ မာနေ၍ ဒီဇယ်ဈေးနှုန်းကို လက်ရှိဈေးနှုန်းများအောက် လျှော့ရောင်းရန် မလွယ်ကူကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ပို့ကုန်ရငွေတန်ဖိုးမာနေခြင်းမှာ ယခုလပိုင်းအတွင်း ဆန်နှင့်ပဲမျိုးစုံ တင်ပို့မှု လျော့ကျသွားခြင်းမှာ အဓိကအချက်ဖြစ်ပြီး မေလ ၁ရက်က ပို့ကုန်ရငွေတန်ဖိုး(ဝယ်ဈေး)မှာ တစ်ယူနစ်လျှင် ၁,၀၉၆ကျပ်ဖြစ်သည်။ ပို့ကုန်ရငွေတန်ဖိုးဈေးကအတက်အကျမှာ မတ်လက ပြုလုပ်ခဲ့သော ကျောက်မျက်ပြပွဲ၌ ရရှိခဲ့သော ပို့ကုန်ရငွေများကို ပိုင်ရှင်များက ရောင်း၊ မရောင်းပေါ်တွင် မူတည်ကြောင်းလည်း လုပ်ငန်းရှင်တစ်ဦးက သူ၏အမြင်ကိုပြောကြားခဲ့သည်၊

One comment

  • susunosuki

    May 6, 2010 at 5:44 am

    ဈေးသက်သာတော့ ကျွန်တော်တို့အားလုံးချောင်လဲတာပေါ့`
    ပို့ကုန်များများ ပို့နိုင်အောင်ကြိုးစားရမှာနော်

Leave a Reply