အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၈)

ရာမူးက သဘောကျစရာကောင်းတဲ့လူဗျ။လွန်ခဲ့တဲ့ လေးလလောက်က ဒီအိမ်ကိုရောက်လာတာ။

အချက်အပြုတ်ကတော့ တကယ်တော်တဲ့သူ။အဲ.. ထူးထူးခြားခြား သူက ပြင်သစ်အစားအစာတွေဘာတွေ

ကောင်းကောင်းချက်တတ်တာပဲ။အရင်က ပြင်သစ်မိသားစု အိမ်မှာ လုပ်ခဲ့တာတဲ့။သူ ချက်တတ်တဲ့ ပြင်သစ်

ဟင်းလျာတစ်ချို့ဆို နာမည်တောင်ကျွန်တော်သေချာမထွက်တတ်ဘူး။ ဂါတ်ထိုဒီ ဆော့မွန်[1]တို့၊ ခရိပ်

ဆူဇတ်[2] တို့ ၊ဆားဗတ် အော် ဂါတင်[3] တို့ လေ။အဲဒီ ဟင်းကတော့ ကျွန်တော့် အကြိုက်ဆုံးဟင်းပဲ။

သီးရွက်စုံ ပုစွန်ကြော်ပေါ့။ရာမူးက မျက်နှာကလည်း ပုံပန်းကျနတယ်။အဲ..မျက်နှာပေါ်က ကျောက်ပေါက်

မာလေးတွေကိုသာ မေ့ထားရင် လူချောတစ်ယောက်ပဲဗျ။သူက ဟိန္ဒူရုပ်ရှင်တွေလည်း တော်တော်ကြိုက်

တယ်။သူ အကြိုက်ဆုံးက ချမ်းသာတဲ့ ဇာတ်လိုက်မင်းသမီးက ဆင်းရဲတဲ့ မင်းသားနဲ့ လိုက်ပြေးတယ်

ဆိုတဲ့ ဇာတ်လမ်းမျိုး။ ကျွန်တော်ထင်တာကတော့ ရှန်တီ က ရာမူးကိုကြိတ်ပြီးကြွေနေ သလားလို့။

သူ ရာမူးကို ကြည့်ပုံ ရှုပုံက တယ်မဟန်ဘူးလေ။အောင်မယ် တစ်ခါတလေ မျက်စပစ်ရတာနဲ့၊မျက်စိ

မှိတ်ပြရတာနဲ့..သူက။အထာတွေပေးနေတာလေ။ဒါပေမဲ့ မောင်ရာမူးက ဂရုမစိုက်ပါဘူး။သူက

တခြားတစ်ယောက်ကို သဘောကျနေတာကိုး။ဘယ်တခြားတစ်ယောက်လဲ..ဟုတ်လား ..

ကျွန်တော်သိတာပေါ့။သူက သူများကို လျှောက်မပြောရဘူးဆိုပြီး ကျွန်တော့်ကို ကျိန်ခိုင်းထားလို့ ။

နာမည်တော့ မပြောပြနိုင်ဘူးဗျ။အဲ..ပုံပန်းသဏ္ဌာန်လောက်တော့ ပြောလို့ဖြစ်ပါတယ်။ကောင်မလေးက

လှလှလေး၊မျက်လုံးလေးက ပြာပြာ၊ဆံပင်လေးက ရွှေရောင်နဲ့ဗျာ..။ကိုင်း..ဒါလောက်ပဲ ကျွန်တော်ပြောနိုင်မယ်။

ကျွန်တော် အစေခံတန်းလျားမှာ နေပေမဲ့ တေလာမိသားစုကတော့ သူတို့မိသားစုဝင်လိုပဲ သဘောထား

တာ။မက်ဒေါ်နယ် တို့ဘာတို့ သူတို့သွားပြီးပြန်လာရင် ကျွန်တော်စားဖို့ တစ်ခုခုတော့ အမြဲဝယ်လာတတ်တယ်။

ရွိုင်းနဲ့မက်ဂီ စခရပ်ဘဲလ် ဆော့ရင်လည်း ကျွန်တော်အမြဲပါရတယ်။ရွိုင်းကတီဗွီမှာ ခရစ်ကတ်ပွဲစဉ်တွေကောင်းပြီ

ဆို ကျွန်တော့်ကို သူနဲ ့လာကြည့်ဖို့ အမြဲခေါ်တယ်။(ဩစတေးလျတွေ ရှုံးတဲ့ပွဲဆိုရင်တော့ သူက အော်ဟစ်ဆူညံ

နေတာနဲ့ အာရုံတော့နောက်တာပေါ့)ရုံးပိတ်ရက်ရှည်တွေဆို သူတို့မိသားစု ဩစတေးလျကို ပြန်တတ်တယ်။ပြန်

လာတဲ့အခါကျရင် ကျွန်တော့်အတွက်လက်ဆောင်ပစ္စည်းလေးတွေ ပါလာတတ်တယ်ဗျ။သော့ချိတ်လေးတွေ –

ဥပမာဗျာ..ဆစ်ဒနေ ကိုချစ်တယ် ဆိုတဲ့ စာလုံးလေးတွေပါတဲ့ သော့ချိတ်မျိုး၊ရီစရာ စာကြောင်းတွေပါတဲ့

တီရှပ်လေးတွေ။တစ်ခါတလေကျတော့လည်း သူတို့ရဲ ့ကြင်နာမှုကြောင့် ကျွန်တော်ဝမ်းနည်းမိတယ်။ ကျွန်တော်

အီဒင်ဒိန်ခဲတွေ စားနေရတဲ့အချိန်မျိုး၊ဘီယာအချိုပျော့ပျော့လေးတွေ သောက်ရတဲ့အခါမျိုး။အဲ့ဒီလိုအချိန်မျိုးတွေ

ဆို အရင်က မိဘမဲ့ဂေဟာမှာ မဲတူးချစ်နေတဲ့ ချာပါတီထူပိန်းပိန်းကြီးတွေနဲ့ ချာတူးအလန်ဆုံးဟင်းတွေကို စားနေ

ရတာရယ်၊ပြွတ်သိပ်ကျပ်ညပ်နေတဲ့ မိဘမဲ့ဂေဟာ(ခုနေတဲ့နေရာနဲ့တောင် သိပ်မဝေးလှဘူးဗျ) ထဲမှာ တိုးဝှေ့နေရ

တာရယ် ကို ဆက်စပ်လို့တောင် မရဘူးဖြစ်နေတယ်။ဟယ်..အရင်က ငါ ဒီလိုနေခဲ့ရပါလားဆိုတာတောင် ကိုယ့်ဖာ

သာမယုံနိုင်ဘူးဖြစ်နေတာ။အဲဒီတော့ ကိုယ့်ကိုယ်ကို ဒီမိသားစုရဲ့ မိသားစုဝင်တစ်ယောက်လို့ စိတ်ကူးထဲ ထင်မြင်

မိလာတာပေါ့။အမယ်..နာမည်တောင်ပြောင်းမလို့..ရမ်မိုဟာမက်တေလာ လို့လေ။ဒါပေမဲ့ဗျာ..အစေခံတွေ အလုပ်

ထုတ်ခံရတာ ၊အဆဲအဆိုခံရတာ၊ နောက် ကာနယ်ကြီးက လက်ညှိုးငေါက်ငေါက်ထိုးပြီး –

မင်းတို့ သောက်ကုလားတွေကွာ လို့ပြောတာ မျိုးတွေ ကြုံတဲ့အခါမှာ ကျွန်တော့်စိတ်ကူးအိပ်မက်လေးဟာ

တစ်ခါတည်း ပြိုကွဲသွားတော့တာပဲ။စိတ်ထဲမှာ နာနာကျင်ကျင်တွေးမိလာတာရှိတယ်။ လမ်းပေါ်က

ဘာခွေးမျိုးရယ်လို့မသတ်မှတ်နိုင်တဲ့ ရောကျော်ခွေးလေးတစ်ကောင်က သံတိုင်တွေစိုက်ထားတဲ့

ပြတင်းပေါက်နောက်ကနေ သူနဲ့ဘယ်လိုမှ မပတ်သက်တဲ့ အံ့ဖွယ်ဆန်းပြားတဲ့လောကတစ်ခုကို ချောင်းကြည့်

မိသလိုမျိုး ကိုယ့်ကိုယ်ကို ထင်လာတယ်။( ကဗျာဆန်တယ်မထင်ပါနဲ့ဗျာ..ရိုးရိုးပြောရရင် ဆင့် ဟိုဒင်း ခွေးမျှော်

ဆိုတဲ့ စကားပုံလိုပေါ့..။မဖြစ်နိုင်တာကို မျှော်နေတာမျိုးလေ။)

အဲ..ကျွန်တော်နဲ့ဆိုင်တာ တစ်ခုတော့ရှိသဗျ။အဲဒါ ကျွန်တော့်လစာငွေလေးတွေ စုထားတဲ့ ကိစ္စပေါ့။

အဲဒါလေးကတော့ ကျွန်တော် မထိရ၊မမြင်ရသေးဘူး။ဪ..ဒီလိုဗျ..အရင် အစေခံတွေ တသီကြီးနဲ့

ပြဿနာပေါင်းစုံတက်ပြီးကတည်းက ကာနယ်ကြီးက လစာကို တစ်လချင်း ကျွန်တော့်ကိုမပေးဖို့ ဆုံးဖြတ်ထား

တာပဲ။ဒီအိမ်မှာလည်း ကျွန်တော်လုပ်ရတာ အသေးအမွှားလောက်ပဲဆိုတော့လေ။အိတ်ဆောင်ခေါ်ခေါ်

မုန့်ဖိုးခေါ်ခေါ် တစ်လရူးပီးငါးဆယ်လောက်ပဲ ကျွန်တော့်ကိုပေးတာ။ကျန်တဲ့လစာကတော့ ကျွန်တော်အလုပ်

ထွက်တဲ့အချိန်ကျမှ ရမယ်ပေါ့။ဒါပေမဲ့ ကောင်းကောင်းမွန်မွန်နဲ့ထွက်မှနော်။ရာဂျူး တို့ အဂျေးတို့လိုဆိုရင်တော့

တာ့တာပဲ။ရာမူးကတော့ ကျွန်တော့်လိုမဟုတ်ဘူးဗျ။သူ့လစာ တစ်လရူးပီးနှစ်ထောင်အပြည့်ရတယ်။သူ့မွေ့

ယာအောက်မှာ သူရတဲ့လခလေးတွေသိမ်းထားသဗျ။ခုဆို ရှစ်ထောင်လောက်ရှိရောပေါ့။ကျွန်တော့်အိတ်ထဲတော့

ရူးပီးတစ်ရာပဲရှိတယ်။ဒါပေမဲ့ကျွန်တော့် ဒိုင်ယာယီ စာအုပ်နီလေးထဲမှာတော့ ကျွန်တော်ရစရာရှိတဲ့ လစာလေးတွေ

ကို စာရင်းမှတ်ထားတယ်။အဲ..ဒီနေ့ထိဆို သူတို့ကျွန်တော့်ကိုပေးရမှာက ရူးပီး နှစ်သောင်းနှစ်ထောင့်ငါးရာ

ဗျ။အဟား..နှစ်သောင်းကျော်ကြီးတောင်ဗျ..။ကိုယ်ရမဲ့ ပိုက်ဆံလေးတွေကိုတွေးရင် ဝမ်းသာလုံးတောင်

ဆို့တယ်။ညညဆို အိပ်မက်ထဲမှာ ဟို ဩစတေးလျ ပထဝီဝင် မဂ္ဂဇင်းထဲက နေရာတွေကိုလျှောက်လည်နေရတာ

မောနေတာပဲ။ရာမူးလား..သူ့ရည်မှန်းချက်က ကျွန်တော့်ထက်ကြီးတာပေါ့။သူက လူဖြူမလှလှလေးကို လက်ထပ်လို့

ဆစ်ဒနေကို ဟန်းနီးမွန်းထွက်မယ်။ပြီးရင် ပြင်သစ် စားသောက်ဆိုင်တွေမှာ အမဲသားငါးဟင်းလျာအဖုံဖုံ နဲ့ အချိုပွဲ

အဖြစ် ခရင်မ်နဲ့ကြက်ဥအနှစ် ရောမွှေပြီး မီးအေးအေးနဲ့ဖုတ်ထားတဲ့ ပူတင်း(ခရိမ် ဘရူလီ crème brûlée)

ကို တည်ခင်းမယ် ဆိုတာမျိုးတွေ။

(ကျွန်တော့်ကျ ဆင့်ဟိုဒင်းခွေးမျှော် ဆို..မောင်ရာမူးကိုတော့ ဘယ့်နှယ်ပြောပါ့..အမဲရိုးနဲ ့ဟင်းအိုးလား..)

 

****************************

ဒီအရပ်ထဲမှာ နေပြီး ပစ္စည်းအဟောင်းတွေလိုက်ဝယ်တဲ့ ကဘရီဝါးလား တစ်ယောက် အိမ်ရှေ့မှာ ရောက်နေတယ်။

မစ္စစ်တေလာက ဒီအိမ်မှာ အရင်ခြောက်လ လောက်က ဝယ်ထားတဲ့ ဂျာနယ်တွေ မဂ္ဂဇင်းတွေ သတင်းစာတွေကို ရောင်းနေ

တာ။အဲဒါတွေ ဝယ်တုန်းက စုစုပေါင်း ရူးပီးတစ်သောင်းလောက်ကုန်မှာ။ခု ပြန်ရောင်းတော့ တစ်ကီလိုကို ဆယ့်ငါးရူးပီး ပဲ

ရတာ။ကျွန်တော်နဲ ့ရာမူး က အဲဒီစာစောင်တွေ အပြင်သယ်ထုတ်၊ကဘရီဝါးလားက ချိန်၊မစ္စစ်တေလာက ဈေးညှိ။

အဲဒီအချိန်မှာ ရွိုင်း က ရုတ်တရက် ပေါက်ချလာပြီး –

“ဘာလုပ်နေကြတာလဲ မာမီ”

“ဪ..မာမီတို့ အိမ်မှာရှိတဲ့ စာစောင်အဟောင်းတွေကို ရှင်းထုတ်ပြီး ရောင်းမလို့လေ..”

“အိုး..ဟုတ်လား..” ဆိုပြီး အိမ်ထဲပြန်ဝင်သွားတယ်။ငါးမိနစ်လောက်ကြာတော့ သူ့လက်ထဲမှာ ဩစတေးလျ ပထဝီဝင်

မဂ္ဂဇင်း အစောင်သုံးဆယ်ပိုက်လို ့ ပြန်ထွက်လာတယ်။ ဟိုက် ..ကျွန်တော့် မေးရိုးပြုတ်ပြီး တွဲလောင်းကြီးဖြစ်သွားတယ်။

ဒီကောင်ကွာ..ဒီမဂ္ဂဇင်းတွေ ဘာလို့ရောင်းစား ချင်ရတာလဲ မသိဘူး။

ကျွန်တော်လည်း အံအားသင့်နေတာနဲ့ ဘာမှတောင်ပြောမထွက်မိဘူး။ဟိုမှာ ကဘရီဝါးလားက စာအုပ်တွေကိုတောင်

ချိန်နေပြီ။

“ခြောက်ကီလို ရှိတယ်..ရူးပီး ကိုးဆယ်ရမယ်..”

အောင်မယ် သူက ခေါင်းလေးတညိတ်ညိတ်နဲ့။အရောင်းအဝယ်တော့ ပြီးပြီ။ချက်ချင်း ကျွန်တော့် အခန်းကိုပြန်ပြေးတယ်။

ကဘရီဝါးလား အိမ်ကနေခွာတော့ သူ့နောက်ကျွန်တော်လိုက်ပြီး ကပ်တိုးလေးနဲ့ –

“ဒီမယ် ဆရာကြီး..ဟို ဆောရီးဗျာ..အဲဒီမဂ္ဂဇင်းတွေပြန်လိုချင်လို့..”

“ဪ..ဆိုးလိုက်တာကွာ..ငါခုပဲ ဝယ်လိုက်တာလေကွာ..စာရွက်အကောင်းစားတွေကွ ပြန်သွင်းရင်တော့

ဈေးကောင်းရမှာ..”

နောက်ဆုံးမတော့ သူ ဘယ်လိုပြောပြော ကျွန်တော့်လက်ထဲ ရူးပီးတစ်ရာပဲရှိတာ။ဒါနဲ့ပဲ အဲဒီမဂ္ဂဇင်းတွေ ပြန်ရလာရော

ဆိုပါတော့။ဒါတွေအားလုံး ကျွန်တော့်အပိုင်ဖြစ်သွားပြီ။အဲဒီ ညနေမှာ အဲဒီမဂ္ဂဇင်းတွေကို ကျွန်တော့်အခန်းကျဉ်းလေးထဲမှာ

အကုန် ဖြန့်ကြည့်မိတယ်။ဘယ်လိုဖြစ်ဖြစ်လေ..ဒီအံ့ဖွယ်ဆန်းကြယ်နေရာတွေ၊ အကောင်ဗလောင်တွေက ကျွန်တော်နဲ ့

အလှမ်းဝေးလှတယ်ဆိုပေမဲ့ ဒီမဂ္ဂဇင်းလေးတွေရှိတော့ကြိုက်တဲ့အချိန် ရုပ်ပုံလေးတွေတော့ ပြန်ကြည့်လို့ရတာပဲ။

အဲဒီပုံလေးတွေက ကျွန်တော့် ဦးနှောက်ထဲ အသဲထဲမှာ စွဲနေတော့တာပဲဗျာ။

                                                               ********************************


[1] အဲဒါက ဆော်လမွန်ငါးရယ်၊ပေါင်မုန့်ရယ်၊ကြက်ဥရယ်၊နွားနို့ရယ် ရောမွှေပြီး လုပ်ထားတဲ့ ပြင်သစ်ကိတ်မုန့်။(gateau de saumon)

[2] ဒါလည်း ပြင်သစ်ပန်ကိတ်ပဲ..။လိမ္မော် အချဉ်ရည်တစ်မျိုးနဲ့ တို့စားရတာ။(crepes suzette)

[3] ဒါကျတော့ အသီးရွက်အစုံနဲ့ ပုစွန်ကျော့လေးတွေကို ကျော်ထားတာ။(cervettes au gratin)

One comment

  • MaMa

    July 16, 2011 at 6:53 pm

    မိဘမဲ့ဂေဟာမှာ နေရတာထက် အစေခံ ဖြစ်ရတာကတောင် ပိုကောင်းနေသေး။ (ဆူပူဆဲဆို ခံရတာကို ဖယ်ထားလိုက်ရင်ပေ့ါ။) ဒါပေမယ့် လစာတွေ မရသေးတာကတော့ စိုးရိမ်စရာပဲ နော်။

Leave a Reply